← Chapters

အခန်း (၁၂၈၇)

Vol. 92 Ch. 1287

အခန်း (၁၂၈၇)

Vol. 92 Ch. 1287

နောက်တွင်ရှိသော သင်္ဘောပျံ၏ ကျွမ်းကျင်သူများက ထိတ်လန့်နေကြသည်။

‘ဘာဖြစ်သွားတာလဲ’

သူတို့က တွေးမိကြသည်။

‘သူက တစ်ချက်တည်းနဲ့ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်ကို ဖျက်ဆီးပစ်လိုက်တာလား’

‘သူက ဘယ်လောက်တောင် အားကောင်းနေတာလဲ’

“အဲဒါက စကြဝဠာအဆင့် လက်နက်ပဲ”

သင်္ဘောပျံတွင်ရှိသော လူတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။

စကြဝဠာအဆင့် လက်နက် ....

ထိုလက်နက်များသည် မြို့ကြီးများ၏ အစောင့်အရှောက်ဖြစ်သည်။

‘အဲဒီလိုလက်နက်မျိုးကို လူတစ်ယောက်တည်းက အသက်သွင်းနိုင်တာလား’

“အစွမ်းကုန်ထုတ်သုံးကြ။ မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်”

သင်္ဘောပျံသုံးစင်းတွင်ရှိသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက သွေးအန်ထုတ်လိုက်ရပြီး ဖြူဖျော့သွားသည်။ ရှေ့တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် ကျွမ်းကျင်သူက ဟိန်းဟောက်လိုက်သည်။

ကျန်ရှိနေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက ခုခံရန် မကြိုးစားတော့ဘဲ ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော လှံကို ဝှေ့ယမ်းလိုက်ပြီး လေဟာနယ်ကို ထိုးခွဲ၍ ပျောက်ကွယ်သွားသည်။

သူက ရုပ်သေးရုပ်တစ်ရုပ်၏ နောက်ကျောဘက်တွင် ပြန်ပေါ်လာသည်။

လေဟာနယ်တွင် တည်နေရာ ရွှေ့ပြောင်းရန်အတွက် တည်နေရာစည်းမျဉ်းကို ကောင်းမွန်စွာ နားလည်ထားရမည်။

တည်နေရာကို အပြည့်အဝ မထိန်းချုပ်နိုင်လျှင် လေဟာနယ်တွင် လမ်းပျောက်သွားလိမ့်မည်။

“သူ့ကို ချုပ်ထား”

လူတစ်ယောက်က ဟိန်းဟောက်သည်။ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က ထူးဆန်းစွာ တွန့်လိမ်သွားပြီး ဟန်မူယဲ့ကို ခုန်အုပ်သည်။

ရုပ်သေးရုပ်က တောက်ပသောအလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်သည်။

ဟန်မူယဲ့က နောက်တစ်ကြိမ် တည်နေရာရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။

ရုပ်သေးရုပ်က ထိန်းချုပ်ထားသောလူများ၏ ဝိညာဉ်စွမ်းအားကို အများအပြား အသုံးချပြီး လေဟာနယ်ကို ချုပ်နှောင်ခဲ့သည်။

ထိုလှုပ်ရှားမှုကြောင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဒဏ်ရာရသွားနိုင်သည်။ ထို့အပြင် သူတို့၏ ကျင့်ကြံဆင့်က သူတော်စင်အဆင့်သို့ လျော့ကျပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ရန် ခက်ခဲသွားလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူတို့က ပြတ်သားနေသည်။

သူတို့က ရုပ်သေးရုပ်နှင့် ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဟန်မူယဲ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

ဟန်မူယဲ့က ဝိုင်းရံခံထားရသောကြောင့် ကုန်သည်သင်္ဘောပေါ်တွင်ရှိသော လူများက အသက်မရှူနိုင်တော့ပေ။

သူတို့က ထိုတိုက်ပွဲမျိုးတွင် ဝင်မပါနိုင်ပေ။

‘ငါ့ကို ဝိုင်းသတ်ချင်တာလား’

ဟန်မူယဲ့က ပြုံးသည်။

သူက ဝိုင်းရံခံရမည်ကို မကြောက်ပေ။

သူ၏ ချပ်ဝတ်ဖြစ်စေ၊ နည်းစနစ်ဖြစ်စေ၊ သွေးမျိုးဆက်စွမ်းအားဖြစ်စေ အားလုံးသည် အုပ်စုလိုက်တိုက်ပွဲကို လွှမ်းမိုးနိုင်သည်။

သူက လှံရှည်ဖြင့် ခုန်ဝင်လာသော ရုပ်သေးရုပ်ကို ထိုးချသည်။

ရုပ်သေးရုပ်က လက်မြှောက်ပြီး လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ ပြုံးလိုက်သည်။

ထိုရုပ်သေးရုပ်က စကြဝဠာအဆင့်လှံရှည်ကို ချုပ်နှောင်ထားရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့သည်။

သူက ဟန်မူယဲ့ကို အားနည်းသွားစေချင်သည်။

ထို့ကြောင့် ဟန်မူယဲ့က ဆက်လက်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ပတ်ဝန်းကျင်တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက နီးကပ်လာကြသည်။

သူတို့လက်ထဲတွင်ရှိသော စွမ်းအင်အလင်းနှင့် လက်နက်များက ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

ထိုအချိန်တွင် ဟန်မူယဲ့က လက်ထဲတွင်ရှိသော လှံရှည်ကို လွှတ်လိုက်ပြီး လွင့်မျောနေစေသည်။

သူက အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူသည်။

အစစ်အမှန်ဝိညာဉ်ဓား ဖြစ်သည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုးမှ ဖြစ်ပေါ်လာသည်။

နတ်ဘုရားအင်းကွက်များသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

ထိုဓားကလည်း စကြဝဠာအဆင့် ဖြစ်သည်။

ဒုတိယမြောက် စကြဝဠာအဆင့်လက်နက် ....

‘လောကမှာ စကြဝဠာအဆင့်လက်နက်နှစ်ခုကို ထိန်းချုပ်ထားတဲ့လူ ရှိနေတာလား’

လူတိုင်းက ကြောင်အသွားသည်။

“ဒါက မဖြစ်နိုင်ဘူး”

သိမ်းငှက်စိမ်းမြို့၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဆွံ့အနေကြသည်။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူ အများစုကပင် စကြဝဠာအဆင့် လက်နက်နှစ်ခုကို မပိုင်ဆိုင်ကြပေ။

စကြဝဠာအဆင့် လက်နက်များသည် မာနကြီးသည်။

လက်နက်နှစ်ခုက လူတစ်ယောက်တည်းကို ခစားရန် မလွယ်ပေ။

ထို့အပြင် နတ်ဘုရားအဆင့်ကို ကျော်လွန်နေသော ‌ရှေးခေတ်ကျွမ်းကျင်သူများကသာ စကြဝဠာအဆင့်လက်နက်ကို ထိန်းချုပ်နိုင်ကြသည်။

တခြားလူများက မထိန်းချုပ်နိုင်ကြပေ။

‘သူက ဘယ်လိုလုပ်ပြီး စကြဝဠာအဆင့်လက်နက်တွေကို အသက်သွင်းနိုင်တာလဲ’

“သူ .... သူက စကြဝဠာနယ်မြေကပဲ ....”

သင်္ဘောပျံသုံးစင်းတွင်ရှိသော လူတစ်ယောက်က‌ မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားက တောက်ပသော အလင်းနှင့်အတူ လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်သည်။

လျှပ်စီး ....

ထိုစွမ်းအားသည် ကြယ်စင်စုစကြဝဠာတွင် ရှားပါးသည်။

ဤနေရာတွင် ကောင်းကင်တာအို မရှိသောကြောင့် မိုးကြိုးကပ်ဘေးလည်း မရှိပေ။

ယခုအချိန်တွင် လျှပစ်ီးကြောင်းများက ပတ်ဝန်းကျင်တွင်ရှိသော ရုပ်သေးရုပ်များကို ဝါးမြိုခဲ့သည်။

ရုပ်သေးရုပ်များက ထိန်းချုပ်မှုလွတ်သွားသည်။

ထိုအရာသည် ရုပ်သေးရုပ်များ၏ အားနည်းချက် ဖြစ်သည်။ စွမ်းအားကွာခြားမှု များနေလျှင် သူတို့က မခုခံနိုင်ကြပေ။

ထို့အပြင် သူတို့ကို နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက ထိန်းချုပ်ထားသောကြောင့် အပြည့်အဝ မလှုပ်ရှားနိုင်ပေ။

ထို့ကြောင့် အနည်းငယ် နှေးကွေးနေသည်။

အစစ်အမှန် ကျွမ်းကျင်သူများက ထိုအချက်ကို အခွင့်ကောင်းယူပြီး အများအပြား ဆောင်ရွက်နိုင်သည်။

ယခုအချိန်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် အဆက်အသွယ်ပြတ်သွားသော ရုပ်သေးရုပ်များက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန်သာ တတ်နိုင်ကြသည်။

ထိုသို့ ပြောင်းလဲရန်အတွက် အချိန်အနည်းငယ် လိုအပ်သည်။

ထိုအချိန်က အလွန်တိုတောင်းသော်လည်း ဟန်မူယဲ့အတွက် လုံလောက်သည်။

“လူအိုကြီးတွေ အလုပ်လုပ်ဖို့ အချိန်ကျပြီ”

ခေးအော့က စိတ်လှုပ်ရှားစွာ ပြောသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ဧရာမမီးပြင်းဖိုအဖြစ် ပြောင်းလဲပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသည်။

ခေးအော့နှင့် ရွှေရောင်ငှက်က မီးပြင်းဖိုထဲသို့ လိုက်သွားသည်။ လှံချက်ကြောင့် ပျက်စီးသွားသော ရုပ်သေးရုပ်နှင့် အကောင်းအတိုင်းရှိနေသော ရုပ်သေးရုပ်သုံးရုပ်က မီးပြင်းဖိုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ကြောင်အနေ‌သော ကောင်းကင်ခွဲလှံကလည်း မီးပြင်းဖိုထဲသို့ ရောက်သွားသည်။

သို့သော် အကောင်းအတိုင်းရှိနေသော ရုပ်သေးရုပ်လေးရုပ်က အသက်ရှူကြိမ်တစ်ခါအတွင်း အသိစိတ်ပြန်ရလာသည်။

မီးပြင်းဖို၏ အပြင်ဘက်တွင်ရှိသော ကျွမ်းကျင်သူများကလည်း သတိဝင်လာကြသည်။

“သူက ရုပ်သေးရုပ်တွေကို တစ်ခါတည်း ဖိနှိပ်နိုင်မှာမဟုတ်ဘူး”

လူအိုကြီးတစ်ယောက်က ပြောသည်။

သူ့နောက်တွင် ဒါဇင်ချီသော နတ်ဘုရားအဆင့် ရုပ်သေးရုပ်များက ပျံသန်းထွက်လာပြီး ဟန်မူယဲ့ဆီသို့ ဦးတည်လိုက်ကြသည်။

သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သောကြောင့် လူတိုင်းက ကြိုးစားတိုက်ခိုက်နေသည်။

ထိုအချိန်တွင် ကုန်သည်အဖွဲ့၏ လူအိုကြီးကလည်း လှုပ်ရှားလိုက်သည်။

“အဲဒီရုပ်သေးရုပ်နဲ့ ချပ်ဝတ်သခင်တွေအားလုံးကို တားလိုက်”

အစပိုင်းတွင် သူတို့က လက်လျော့ထားသော်လည်း ယခုအချိန်တွင် မဟုတ်တော့ပေ။

မျှော်လင့်ချက်ကို မြင်နေရသည်။

ပြိုင်ဘက်ကင်းကျွမ်းကျင်သူက သူတို့ဘက်တွင် ရှိနေသည်။

သူတို့က ထိုကျွမ်းကျင်သူနှင့် ပူးပေါင်းပြီး ရန်သူများကို အနိုင်ရခဲ့လျှင် မဖော်ပြနိုင်သော အတွေ့အကြုံကို ခံစားရလိမ့်မည်။

ကုန်သည်အဖွဲ့က နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထုတ်လွှတ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ လာနေသော ရန်သူများကို တားဆီးသည်။

ဧရာမမီးပြင်းဖိုတစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ရှိနေသည်။ ဟန်မူယဲ့က သွေးနှင့်ချီကို ထည့်သွင်းပေးလိုက်သည်။ လျှပ်စီးကြောင်းများကလည်း မီးပြင်းဖိုကို ရစ်ပတ်ထားသည်။

ပေတစ်ထောင်ကြီးမားသော ရွှေရောင်ချပ်ဝတ် စစ်သူကြီးပုံရိပ်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာပြီး ဓားဖြင့် ခုတ်ချသည်။

ထိုပုံရိပ်က ကမ္ဘာဦးအဆင့် ချပ်ဝတ် ဖြစ်သည်။

ချပ်ဝတ်ထဲတွင် ချပ်ဝတ်သခင်တစ်ယောက် ရှိနေသော်လည်း သူတစ်ယောက်တည်း ထိန်းချုပ်ထားခြင်း မဟုတ်ပေ။ သင်္ဘောပျံတွင်ရှိသော ဒါဇင်ချီနေသည့် ကျွမ်းကျင်သူများနှင့် ပူးပေါင်းထားသည်။

ဟန်မူယဲ့က ခေါင်းမော့မကြည့်ဘဲ အစစ်အမှန်ဝိညာဉ်ဓားဖြင့် ခုခံသည်။

“ခလွမ်”

ဓားနှစ်လက်က ထိတွေ့သွားပြီး မီးပွားများကို ထုတ်‌ပေးသည်။

ယခုအချိန်တွင် ဟန်မူယဲ့က မီးပြင်းဖိုကို အာရုံစိုက်ထားသည်။ သူ၏ ဓားချက်က အလိုလျောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဓားနှစ်လက် ထိတွေ့သွားသောအခါတွင် သူက ဓားကို ပေါ့ပါးစွာ လှည့်လိုက်ပြီး ထိုးသွင်းသည်။

ဓားအလင်းသည် ချပ်ဝတ်၏ လက်မောင်းတွင် ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။

ချပ်ဝတ်က တုန်ခါနေပြီး နောက်ဆုတ်သွားသည်။ သို့သော် ဟန်မူယဲ့၏ဓားက လည်ပင်းပေါ်သို့ ရောက်လာသည်။

ချပ်ဝတ်သခင်က ခုခံရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် ခုတ်ချလိုက်သော ဓားချက်က လမ်းတစ်ဝက်တွင် ထိုးသွင်းလိုက်သော ဓားချက်အဖြစ် ပြောင်းလဲသွားသည်။

“ခလွပ်”

ဓားသွားက ချပ်ဝတ်ကို ထိုး‌ဖောက်ပြီး အကာအကွယ် အစိတ်အပိုင်းတစ်ခုကို ပျက်စီးသွားစေသည်။

ထိုတိုက်ခိုက်မှုကြောင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော ကျွမ်းကျင်သူများက ဖြူဖျော့သွားကြသည်။

ခွန်အားကွာခြားချက်က ကြီးမားသည်။

“သူ .... သူ့ရဲ့ ဓားနည်းစနစ်က စိတ်ကူးမယဉ်နိုင်တဲ့အဆင့်ကို ရောက်နေပြီ”

သင်္ဘောပျံတွင်ရှိသော ကျွမ်းကျင်သူများက ထိတ်လန့်စွာ ပြောလိုက်ကြသည်။

သူတို့က မခုခံနိုင်ကြပေ။

ထိခိုက်သွားသော ချပ်ဝတ်နှင့် အထဲတွင်ရှိသော ချပ်ဝတ်သခင်က နောက်ဆုတ်ရန် ကြိုးစားသည်။

သို့သော် ဟန်မူယဲ့၏ဓားက အခွင့်အရေး မပေးခဲ့ပေ။

ဓားက လှုပ်ရှားလိုက်ပြီး လျှပ်စီးကြောင်းကို ထုတ်လွှတ်သည်။

လျှပ်စီးကြောင်းက ချပ်ဝတ်ထဲသို့ ဝင်ရောက်ပြီး အထဲတွင်ရှိသော ချပ်ဝတ်သခင်ကို လဲကျသွားစေသည်။ ကမ္ဘာဦးအဆင့် ချပ်ဝတ်ကလည်း ဟန်မူယဲ့၏ရှေ့တွင် ပြိုကျသွားသည်။

ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

လူတိုင်းက ထိတ်လန့်သွားကြသည်။

ကုန်သည်အဖွဲ့၏ အတားအဆီးကို ချိုးဖောက်ပြီး ပြေးဝင်လာသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်သခင်များက ထိုမြင်ကွင်းကြောင့် လမ်းပျောက်နေကြသည်။

“သူက တောင့်ခံနိုင်မှာမဟုတ် ....”

သိမ်းငှက်စိမ်းမြို့၏ နတ်ဘုရားအဆင့် ချပ်ဝတ်သခင်က ဒေါသတကြီး ဟိန်းဟောက်တော့မည့်အချိန်တွင် မီးပြင်းဖိုက အဆုံးမရှိသော နတ်ဘုရားအလင်းကို ထုတ်လွှတ်သည်။

“ပြီးသွားပြီ”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက စိတ်လှုပ်ရှားစွာ ပြောသည်။

‘ဘာက ပြီးသွားတာလဲ’

လူတိုင်း၏ရှေ့တွင် မီးပြင်းဖိုက မရေမတွက်နိုင်သော အစိတ်အပိုင်းများကို ထုတ်ပေးလိုက်သည်။

မီးပြင်းဖိုထဲသို့ ရောက်သွားသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် လေးရုပ်က တစ်စစီ အဖြုတ်ခံလိုက်ရသည်။

‘ပြီးသွားတာက ဒါကို ပြောချင်တာလား’

အမှန်ပင်ဖြစ်သည်။

All Chapters