← Chapters

အခန်း (၁၂၈၈)

Vol. 92 Ch. 1288

အခန်း (၁၂၈၈)

Vol. 92 Ch. 1288

“နတ်ဘုရားအဆင့် ပန်းပဲနည်းစနစ်ပဲ”

“မဟုတ်ဘူး။ အဲဒါက နတ်ဘုရားအဆင့်ထက် ကျော်လွန်နေတယ်”

ရှေ့တွင် စုစည်းနေသော နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ကျွမ်းကျင်သူများက ထိတ်လန့်သွားပြီး ရေရွတ်နေကြသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက တစ်ပိုင်းတစ်စစီ အဖြုတ်ခံရမည်ဟု မည်သူက ထင်ထားမည်နည်း။

“ကောင်လေးဟန်၊ အခု မင်းအပေါ်မှာပဲ မူတည်တယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ ပင်ပန်းနေသောအသံက မျှော်လင့်ချက်ကို သယ်ဆောင်ထားသည်။

သူက ခေးအော့၊ ရွှေကျီးကန်း၏ အကူအညီဖြင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်လေးရုပ်ကို အစွမ်းကုန်ကြိုးစားပြီး တစ်ပိုင်းတစ်စစီ ဖြုတ်ပစ်ခဲ့သည်။

သို့သော် မလုံလောက်သေးပေ။

ကမ္ဘာဦးရုပ်သေးရုပ်များက တစ်ပိုင်းတစ်စစီ ဖြစ်သွားလျှင်ပင် မှတ်ဉာဏ်ကို သယ်ဆောင်ထားသည်။

ကမ္ဘာဦးအဆင့်၏ စွမ်းအား ဖြစ်သည်။

ဥပမာအနေဖြင့် ယုထောင်မြို့ပျက်တွင် ရှိနေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ လက်မောင်းက အမြဲတမ်း ဖိနှိပ်ခံထားရသည်။ ထိုသို့မဟုတ်လျှင် မင်ဝူမြို၏ ကျွမ်းကျင်သူများက ပြန်ယူသွားကြလိမ့်မည်။

“ကောင်းပြီ”

ဟန်မူယဲ့က ရေရွတ်လိုက်ပြီး သူ့ရှေ့တွင် ရှိနေသော ကမ္ဘာဦးအဆင့် ချပ်ဝတ်ကို ကန်ထုတ်သည်။

သူက ဓားကို သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်သည်။

မရေမတွက်နိုင်သော အစိတ်အပိုင်းများအားလုံးက ပျံသန်းလာကြသည်။

သူ့ရှေ့တွင် ရုပ်သေးရုပ်လေးရုပ်၏ ပုံရိပ်ကို မြင်ရသည်။

အစိတ်အပိုင်းများက ရုပ်သေးရုပ်လေးရုပ်၏ ပုံရိပ်တွင် ပေါင်းစပ်သွားကြသည်။

ထိုအစိတ်အပိုင်းများတွင် ပါဝင်သော မှတ်ဉာဏ်များက စတင်ရုန်းကန်လာသည်။

“ဝီ”

မူလဝိညာဉ်ဓား သုံးလက်သည် ဟန်မူယဲ့၏ဘေးတွင် လွင့်မျောနေပြီး မှတ်ဉာဏ်များကို ဖိနှိပ်လိုက်သည်။

အစိတ်အပိုင်းများက လျင်မြန်စွာ ပျံသန်းလာပြီး ရုပ်သေးရုပ်လေးရုပ်အဖြစ် ပြန်လည်ပေါင်းစပ်သွားသည်။

“ရုပ်သေးရုပ်တွေကို တပ်ဆင်လိုက်တာလား”

“ဒါက ရူးနေတာပဲ။ ဒီလိုကျွမ်းကျင်သူမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”

“သူ့ကိုသတ်၊ တားကြ”

“ထွက်ပြေးတော့။ ငါတို့က သူ့ကို မတားဆီးနိုင်ဘူး”

သင်္ဘောပျံသုံးစင်းတွင်ရှိသော နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ကျွမ်းကျင်သူများက သဘောတူညီမှု မရနိုင်တော့ပေ။

တချို့က ထွက်ပြေးသွားပြီး တချို့က တိုက်ခိုက်ရန် ကြိုးစားသည်။

“သူတို့ကို တားကြ”

ကုန်သည်အဖွဲ့၏ နတ်ဘုရားအဆင့် ရုပ်သေးသခင်တစ်ယောက်က ရှေ့တက်လာပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။

အမှန်အတိုင်းပြောရလျှင် ဟန်မူယဲ့က တခြားလူများ၏ အကာအကွယ်ကို မလိုအပ်ပေ။

မဟာနေမင်းရွှေကျီးကန်း၊ ခေးအော့၊ ဓာတ်စင်ငါးပါးမီးပြင်းဖိုနှင့် စကြဝဠာအဆင့် လက်နက်နှစ်ခုက တိုက်ခိုက်နိုင်ကြသည်။

သို့သော် သူက ကုန်သည်အဖွဲ့၏ အကူအညီကို မငြင်းခဲ့ပေ။

သူက လက်မြှောက်ပြီး ရိုက်ချသည်။

“ဘုန်း”

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်လေးရုပ်က မျက်လုံးဖွင့်လိုက်သည်။

သူက ရုပ်သေးရုပ်လေးရုပ်၏ မှတ်ဉာဏ်များကို ဖယ်ထုတ်ပြီး ပြန်လည်တပ်ဆင်ခဲ့သည်။

ထိုရုပ်သေးရုပ်လေးရုပ်က အသစ်ပြန်ဖြစ်လာသည်။ သူတို့က ယခင်နှင့် မတူတော့ပေ။

“ထွက်ပြေးကြ”

သိမ်းငှက်စိမ်းမြို့၏ ကျွမ်းကျင်သူများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်မြှောက်သည်။

“လိုက်ဖမ်းမယ်”

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် လေးရုပ်က တုန်ခါနေပြီး ပြေးထွက်သွားသည်။

သူတို့က ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။

ပြန်လည်ဖြစ်တည်လာသော ရုပ်သေးရုပ်လေးရုပ်က အလွန်အားကောင်းသော တည်နေရာစွမ်းအင်ကို ပိုင်ဆိုင်သည်။

သူတို့က ပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်သည်။

“အညံ့ခံမှာလား သေမှာလား”

သူတို့အတွက် ထွက်ပြေးရန် လမ်းမရှိပေ။

ဟန်မူယဲ့က သူတို့ကို ဖိနှိပ်ထားနိုင်သည်။ ယခုအချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် လေးရုပ်ကလည်း အရပ်လေးမျက်နှာတွင် စောင့်ကြပ်နေသည်။

သူတို့က ဟန်မူယဲ့၏လက်မှ မလွတ်မြောက်နိုင်ပေ။

“ဘုန်း”

ဟန်မူယဲ့က ဓားချက်ကို ဖော်ထုတ်သည်။ ဓားအလင်းက တောက်ပနေပြီး လေဟာနယ်ကို ထိုးဖောက်သွားသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအားလုံးက ဖြူဖျော့သွားကြသည်။

“ငါ .... ငါက အညံ့ခံဖို့ ဆန္ဒရှိပါတယ်”

ပထမဆုံး စကားပြောလိုက်သောလူက နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တစ်ယောက် ဖြစ်သည်။ ဟန်မူယဲ့၏ ဓားချက်က သူ၏ စိတ်ဓာတ်ကို ရိုက်ချိုးသွားသည်။

သူက သိမ်းငှက်စိမ်းမြို့၏ ကျွမ်းကျင်သူများထဲတွင် အသန်မာဆုံးဖြစ်သည်။

ထို့ကြောင့် ဟန်မူယဲ့၏ ခွန်အားကို ရှင်းလင်းစွာ နားလည်သည်။

သူက မလွတ်မြောက်နိုင်ပေ။

ထိုဓားချက်သည် သူ၏ နှလုံးသားကို ထိုးစိုက်ပြီး ထွက်ပြေးမည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်သည်။

ယခုအချိန်တွင် သူက ခေါင်းငုံ့လိုက်ရသည်။

ကျန်လူများကလည်း ခုခံမနေတော့ဘဲ အညံ့ခံလိုက်ကြသည်။

ဟန်မူယဲ့၏ ဘေးတွင်ရှိသော ကောင်းကင်ခွဲလှံ၊ ရွှေကျီးကန်းနှင့် တခြားလူများက စိတ်ပျက်သွားကြသည်။

သူတို့က တိုက်ပွဲကြီးတစ်ခုကို မျှော်လင့်ထားခဲ့သည်။

နေ့တစ်ဝက်အကြာတွင် ဟန်မူယဲ့က ချူခုံးကုန်သွယ်ရေးအဖွဲ့၏ သင်္ဘောပျံနှင့် သိမ်းငှက်စိမ်းမြို့၏ သင်္ဘောပျံသုံးစင်းအပြင် ကျွမ်းကျင်သူများအားလုံးကို စုစည်းခဲ့သည်။

နတ်ဘုရားအဆင့်ကျွမ်းကျင်သူ ၉၅ယောက်၊ သူတော်စင်အဆင့် ကျွမ်းကျင်သူ ၁၈၆ယောက်နှင့် ရာချီသော အဆင့်ကိုး၊ အဆင့်ရှစ် ကျွမ်းကျင်သူများ ရှိနေကြသည်။

ထိုအရာသည် လေဟာနယ်မြို့၏ ခွန်အား ဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ ကွာခြားချက်ကို နားလည်လိုက်သည်။

ဥပမာအနေဖြင့် သူ့ရှေ့တွင်ရှိသော စွန်းထျန်ချန်းကို နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကြားတွင် အလယ်အလတ်အဆင်ဟု ပြောနိုင်သည်။ သူက ကမ္ဘာဦးအဆင့်သို့ ရောက်သွားလျှင် ကမ္ဘာဦးအဆင့် ချပ်ဝတ်ကို တစ်ယောက်တည်း ထိန်းချုပ်နိုင်လိမ့်မည်။

နတ်ဘုရားအဆင့် ကျင့်ကြံသူများကို အဓိကအားဖြင့် ကောင်းကင်အဆင့်နှင့် ကမ္ဘာဦးအဆင့်ဟု ခွဲခြားထားသည်။

သူတို့၏ ကွာခြားချက်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို သီးသန့် ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

ကောင်းကင်အဆင့် ကျွမ်းကျင်သူများက ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပူးပေါင်းထိန်းချုပ်ရုံသာ တတ်နိုင်ကြသည်။ ကမ္ဘာဦးအဆင့်ကတော့ တစ်ယောက်တည်း ထိန်းချုပ်နိုင်သည်။

ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် ကမ္ဘာဦးအဆင့်နှင့် မယှဉ်နိုင်ကြပေ။

ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများသည် အမျိုးမျိုးသော မြို့ကြီးများတွင် အဓိကအင်အားစု ဖြစ်သည်။

ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို မပိုင်ဆိုင်သော မြို့များ၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူကို နတ်ဘုရားတစ်ဝက်အဆင့်ဟု သတ်မှတ်ပြီး ကောင်းကင်အဆင့်နှင့် ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများက အသိအမှတ် မပြုကြပေ။

“မြို့သခင် သိမ်းငှက်စိမ်းမြို့မှာ ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူ ၁၈ယောက် ရှိပါတယ်။ အခုတော့ ၁၇ယောက်ပေါ့”

“ကောင်းကင်အဆင့် ကျွမ်းကျင်သူ ၃၉၆ယောက်နဲ့ နတ်ဘုရားတစ်ဝက်အဆင့် ကျွမ်းကျင်သူ တစ်ထောင်ကျော် ရှိပါတယ်”

“သိမ်းငှက်စိမ်းမြို့က လေဟာနယ်ရဲ့ အလယ်အလတ်တန်းစားမြို့ပါ”

“စကြဝဠာအဆင့်နဲ့ ကမ္ဘာဦးအဆင့် ချပ်ဝတ်နဲ့ရုပ်သေးရုပ်တွေရဲ့ အ‌ရေအတွက်ကိုလိုက်ပြီး မြို့ကြီးတွေရဲ့ ခွန်အားက ကွဲပြားသွားပါတယ်”

စွန်းထျန်ချန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“ပြီးတော့ စကြဝဠာနယ်မြေရဲ့ အဆက်အသွယ်နဲ့လည်း သက်ဆိုင်ပါတယ်”

အစစ်အမှန်မြို့ကြီးများကို စကြဝဠာအဆင့်လက်နက် သို့မဟုတ် ရုပ်သေးရုပ်များက စောင့်ကြပ်ထားသည်။

သူတို့၏ နောက်ကွယ်တွင် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများ ရှိနိုင်သည်။

စကြဝဠာနယ်မြေ၏ အထောက်အပံ့ကို ရမှသာ မြို့ကြီးများ၏ ကျွမ်းကျင်သူများက ကြယ်စင်စုစကြဝဠာ၏ အစစ်အမှန်ကျွမ်းကျင်သူ ဖြစ်လာနိုင်သည်။

စွန်းထျန်ချန်း၏ ရှင်းပြချက်ကြောင့် ဟန်မူယဲ့က လေဟာနယ်လောကကို ပိုမိုနားလည်လာသည်။

အင်အားစုများ၏ အခြေအနေကိုလည်း သိလာခဲ့သည်။

အစပိုင်းတွင် ဟန်မူယဲ့က သင်္ဘောပျံသုံးစင်းကို အသုံးချပြီး သိမ်းငှက်စိမ်းမြို့ကို တိုက်ခိုက်ရန် ကြံစည်နေခဲ့သည်။

သူက ရုပ်သေးရုပ်များ၏ မှတ်ဉာဏ်မှတစ်ဆင့် သိမ်းငှက်စိမ်းမြို့၏ လျှို့ဝှက်ချက်များကို သိခဲ့ရသည်။

ထို့အပြင် သူက သိမ်းငှက်စိမ်းမြို့ကို တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။

သို့သော် စွန်းထျန်ချန်း၏စကားကို နားထောင်လိုက်ပြီး သိမ်းငှက်စိမ်းမြိုသို့သွားရန် စိတ်မပါတော့ပေ။

သူက သိမ်းငှက်စိမ်းမြို့၏ စကြဝဠာအဆင့် ရုပ်သေးရုပ်ဗဟိုချက်ကို လိုချင်သော်လည်း ယခုအချိန်တွင် မယူနိုင်သေး‌ပေ။

ထိုရုပ်သေးရုပ်၏ ဗဟိုချက်ကို စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတစ်ယောက်က ဆုပ်ကိုင်ထားသည်။

သိမ်းငှက်စိမ်းမြို့က ထိုဗဟိုချက်ကို အားဖြည့်ပေးပြီး တစ်ဖက်လူ၏ ထောက်ပံ့မှုကို ရခဲ့သည်။

ထိုဗဟိုချက်ကို လွယ်ကူစွာ ယူနိုင်မည်မဟုတ်ပေ။

လောကတွင် ပုန်းကွယ်နေသော ‌ကောင်းကင်ခွဲလှံကဲ့သို့ စကြဝဠာအဆင့်လက်နက်များ သိပ်မရှိပေ။

သင်္ဘောပျံလေးစင်းက ရေခဲလမြို့သို့ ပြန်‌ရောက်လာသည်။ ချူခုံးကုန်သွယ်ရေးအဖွဲ့နှင့် သိမ်းငှက်စိမ်းမြို့၏လူများက ရေခဲလမြို့သို့ ဝင်ရောက်ရန်သာ တတ်နိုင်ခဲ့သည်။

ရေခဲလမြို့တွင် လူသိပ်မရှိပေ။ သူတို့ ‌ရောက်လာသောကြောင့် မြို့၏ ခွန်အားက သိသိသာသာ တိုးတက်သွားသည်။

ကျင်းဟွေနှင့် တခြားလူများက အံ့အားသင့်နေကြသည်။ သူတို့၏ မြို့သခင်က သင်္ဘောပျံသုံးစင်းကို တစ်ယောက်တည်း လိုက်ဖမ်းခဲ့သည်။

ထိုခွန်အားနှင့် ဆုံးဖြတ်ချက်မျိုးသည် လေးစားဖွယ်ကောင်းသည်။

အထူးသဖြင့် စွန်းထျန်ချန်းနှင့် တခြားလူများက မြို့သခင်တွင် စကြဝဠာအဆင့် လက်နက်နှစ်ခုရှိကြောင်း ကျင်းဟွေတို့ကို ပြောပြခဲ့သည်။

ထိုခွန်အားမျိုးသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

ဟန်မူယဲ့က ရေခဲလမြို့၏ အရေးကိစ္စများကို ဂရုမစိုက်တော့ဘဲ ခန်းဆောင်ထဲတွင် သီးသန့်ရှိနေသည်။

သူက ယခုအချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆယ်ရုပ်ကို ပိုင်ဆိုင်ထားသည်။

သူဝတ်ထားသော ကမ္ဘာဦးအဆင့် ချပ်ဝတ်လည်း ရှိသေးသည်။

ထို့အပြင် တိုက်ပွဲမှတစ်ဆင့် ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူများအကြောင်းကိုလည်း နားလည်လာသည်။

အစစ်အမှန်ကျွမ်းကျင်သူများသည် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကိုသာ အားမကိုးကြပေ။

သူတို့အတွက် အထောက်အကူတစ်ခုသာ ဖြစ်သည်။

ဥပမာအနေဖြင့် တိုက်ပွဲတွင် သူ၏ ဓားနည်းစနစ်ကို တစ်ဖက်လူများက မကျော်လွှားနိုင်ခဲ့ကြပေ။

စကြဝဠာနယ်မြေတွင် ထိုသို့ သန်မာသော ကျွမ်းကျင်သူများ ရှိနေလိမ့်မည်။

ထို့ကြောင့် ကျောင်းတော်များက ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လေ့လာနေကြသည်။

သူတို့က အဆင့်နိမ့်ကျင့်ကြံသူများကို နတ်ဘုရားအဆင့်စွမ်းအား ပေးအပ်ချင်သည်။

လူသားများက နတ်ဘုရားများ၏စွမ်းအားကို ထိန်းချုပ်နိုင်ရမည်။

ဟန်မူယဲ့ကလည်း ထိုလမ်းစဉ်ကိုသာ ဆောင်ရွက်နေခဲ့သည်။

သူက အချိန်အတော်ကြာအောင် ထိုသို့ လုပ်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အတားအဆီးကို ချိုးဖောက်ခဲ့သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးကိုလည်း ဘုံသုံးပါးအဖြစ် စုစည်းသွားစေသည်။

အင်မော်တယ်လောက၏ အတားအဆီးကို ချိုးဖောက်ပြီး နတ်ဘုရားလောကနှင့် ပေါင်းစပ်စေသည်။

တစ်နေ့တွင် သူက လူသားများ၏ စွမ်းအားဖြင့် ကောင်းကင်နှင့်မြေကြီးကို ကျော်လွှားမည်။

ကြယ်စင်စုစကြဝဠာဖြစ်စေ၊ မူလစကြဝဠာ ဖြစ်စေ သူနှင့်ပတ်သတ်သော ဒဏ္ဍာရီများ ရှိနေသည်။

ရေခဲလမြို့က တစ်လအတွင်း ဒါဇင်ချီသော မြို့များနှင့် ကုန်သွယ်နိုင်ခဲ့သည်။

မြို့အများစုသည် ဆရာဟန်၏နာမည်ကို ကြားဖူးကြသည်။

ပေါင်းစပ်ရုပ်သေးရုပ်များ၏ အလုပ်ရုံကိုလည်း စတင်တည်ဆောက်ခဲ့သည်။

ဟန်မူယဲ့က တစ်နှစ်လျှင် အဆင့်ငါး ပေါင်းစပ်ရုပ်သေးရုပ် ဆယ်သန်းကို ထုတ်လုပ်ရန်အတွက် ပန်းပဲပညာရှင် တစ်သိန်းကို အလုပ်ခန့်ရန် စီစဉ်ထားသည်။

ထိုပေါင်းစပ်ရုပ်သေးရုပ်များသည် သူတော်စင်အထွတ်အထိပ်အဆင့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။

သို့သော် ချက်ချင်းဖြစ်လာမည်မဟုတ်ပေ။ နှစ်ပေါင်းများစွာ အချိန်ယူရမည်။

ရေခဲလမြို့၏ ကုန်သွယ်ခွင့်အဆင့်အတန်းက နိမ့်ကျနေသေးသည်။ ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်များကို ရောင်းဝယ်နိုင်ရန်အတွက် အချိန်ကြာလိမ့်မည်။

တခြားမြို့ကြီးများနှင့် ကုန်သွယ်၍ ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ပစ္စည်းများကို မရနိုင်ပေ။

All Chapters