← Chapters

ထိုက်တန်ပါတယ်

Vol. 60 Ch. 1181

ထိုက်တန်ပါတယ်

Vol. 60 Ch. 1181

ပေထင်းဟွမ်သည် ထိုင်ခုံပေါ်မှ ရှီမန်ပိုင်ကိုတစ်ချက်ကြည့်ကာ မိုလိပေါ် သို့ အကြည့်ပြန်ရောက်သွားလေသည်။ သူမသည် မိုလိနှင့်ရှီမန်ပိုင်တို့ကို ပြော လိုက်လေသည် “ကျွန်တော်တို့ မဟာမိတ်အင်ပါယာက အကင်းပဲရှိပါသေး တယ်၊ အားလုံးထင်ကြသလို မကြီးပါဘူး၊ ဒါပေမဲ့ သူ့ကိုအလိုရှိတဲ့သူတွေ အတွက်က အိမ်ပါပဲ၊ သူ့ကိုကာကွယ်ချင်တဲ့သူတိုင်းက သူနဲ့ထိုက်တန်ပါတယ်”

အဂ္ဂိရတ်အစည်းအဝေးတွင် ပြည်မကြီးမှ စွမ်းအားရှိသူအများအပြားလာ ရောက်ကြသည်။ ထိုစကားသည် အားလုံး၏နားထဲဝင်သွားပြီး ရင်ထဲထိ ကြီးမားသောလှိုင်းကြီးတစ်ခု ရိုက်ခတ်သွားလေသည်။ အရင်ကဆိုလျှင် သူတို့ သည် မဟာမိတ်အင်ပါယာ၏တိုးတက်မှုသည် မြန်ဆန်လွန်းသည်ဟု ထင်ခဲ့ကြ သည်။ ဤဖြစ်ရပ်သည် မယုံနိုင်စရာဖြစ်ခဲ့သည်။ သို့သော် ပေထင်းဟွမ်ကဲ့သို့ အားကောင်းပြီး ခမ်းနားသည့်အုပ်ချုပ်သူနှင့်ဆိုလျှင် မဟာမိတ်အင်ပါယာကို နတ်ဘုရားများပင် တားနိုင်မည်မဟုတ်သည်ကို နားလည်လာကြသည်။

ရင်ပြင်အတင်းအပြင်မှ အဂ္ဂိရတ်ပညာရှင်များသည် ပေထင်းဟွမ်၏ စကားများကိုကြားပြီးနောက် ထိုအခိုက်အတန့်တွင် မျက်လုံးထဲ၌ မျှော်လင့် ချက်များ လင်းလက်လာလေသည်။ သူတို့ မျှော်လင့်ချက်ကို မြင်လိုက်ရသည်။ ထိုသို့ဆိုလျှင် သူတို့လည်း မဟာမိတ်အင်ပါယာသို့ ဝင်ရန်မဖြစ်နိုင်ဟူ၍ မရှိပေ။

ဆရာနန်လင်းနှင့် ဆရာလန်ချန်းမိုတို့သည် အဂ္ဂိရတ်ပညာရှင်များ သတင်းပို့လာသည်နှင့် စိုးရိမ်မှုကြောင့်ခေါင်းမွေးများဖြူသွားသည်ကိုတော့ အတန်ကြာသည်အထိ ပေထင်းဟွမ်သိမည်မဟုတ်ပေ။

ဆေးသခင်ကြီးလေးဦးဆိုသည့်ကိစ္စသည် မြေကြီးလက်ခတ်မလွဲ နိဂုံးဖြစ် သွားလေ၏။ ချောင်ရှန့်မည်မျှပင် မလိုမလားဖြစ်စေကာမူ ပေထင်းဟွမ်အား ဖျောင်းဖျရန် သတ္တိမရှိပေ။ ထို့အပြင် ထိုအချိန်တွင် နောက်ဆုံးပြိုင်ပွဲစတော့ မည်ဖြစ်ရာ ဆေးတောင်ကြားကို အနိုင်ရပြီး အဂ္ဂိရတ်အစည်းအရုံး၏ ဂုဏ်သရေကိုဆယ်ရန် ပေထင်းဟွမ်အပေါ် မှီခိုဆဲပင်ဖြစ်သည်။

မိုလိနှင့်ယှဉ်ပြိုင်သော တခြားကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်များသည် ဆေးများသန့်စင်ပြီးဖြစ်လေသည်။ ဆုန်းမိသားစုမှ လူငယ်သည် အဆင့် ၄ ဟွီယွမ်ဆေးကိုသန့်စင်ပြီး တခြားကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်သည် ဆေးတစ်လုံးပို့လာလေသည်။ အနည်းငယ်မပြီးမြောက်သော အဆင့် ၄ ဆေး သည် မိုလိ၏အဆင့် ၅ ဆေးနှင့်မယှဉ်နိုင်ပေ။

ပေထင်းဟွမ်နှင့် ကျူလင်းတို့အကြားမှ ပြိုင်ပွဲစတော့မည်ဖြစ်ရာ မိုလိ သည် စင်ပေါ်မှဆင်းကာ ချောင်ရှန့်အား အရိုအသေပြုပြီးနောက် ရှီမန်ပိုင်ရှိရာ သို့သွားရပ်ကာ ရှီမန်ပိုင်၏ဘေးသို့သွားထိုင်ကား ပေထင်းဟွမ်၏ပြိုင်ပွဲကို ကြည့်လေသည်။

ယခုအချိန်မှစပြီး သူသည် မဟာမိတ်အင်ပါယာ၏အဖွဲ့ဝင်ဖြစ်ပြီး မဟာမိတ်အင်ပါယာ၏ ဆေးသခင်ကြီးရာထူးကို ပိုင်ဆိုင်ထားရာ ချောင်ရှန့်ကို ပင် ခြေလှမ်းမှီလာပြီဖြစ်သည်။ မိုလိ၏ လက်ရှိခွန်အားသည် ပြည်မကြီးတွင် တတိယတန်းစားကျွမ်းကျင်သူဖြစ်သည်။ သို့သော် အနောက်တွင် မဟာမိတ် အင်ပါယာရှိပါက သူသည် သခင်ကြီးဖြစ်သူဟု သတ်မှတ်နိုင်သည်။

များပြားသောလူများသည် သူ့ကို အားကျသောမျက်လုံးများဖြင့် ကြည့် ကြလေသည်။

ပဉ္စမအထပ်တွင် ပေထင်းဟွမ်နှင့်ကျူလင်းတို့အကြားတွင် တင်းမာသည့် အဟုန်ရှိနေပြီဖြစ်သည်။ ကျူလင်း ပေထင်းဟွမ်ကို မည်မျှပင် ဂရုစိုက်နေစေ ကာမူ ပေထင်းဟွမ်ကဲ့သို့လူမျိုးသည် ခွန်အားထက် မေတ္တာကို တန်ဖိုးထား သည်ကို သူသိသည်။ သူနှင့်ပေထင်းဟွမ်သည် အစကတည်းကပင် ရန်လိုစိတ် များရှိကာ ဆက်ဆံရေးမကောင်းခဲ့ပေ။ သူသည် ပေထင်းဟွမ်တန်ဖိုထားသည့် ခွန်အားကိုမပြသနိုင်လျှင် မနက်ဖြန် နေထွက်သည်နှင့်ပေထင်းဟွမ်သည် သူ့ကို မှတ်မိတော့မည်မဟုတ်ပေ။

ကျူလင်း၏မျက်လုံးများသည် ခက်ထန်သောတိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေပြီး သူ၏ ပါးလွှားသောနှုတ်ခမ်းများကို ခပ်တင်းတင်းစေ့လိုက်၏။ သူသည် ဘာမှမပြောပေ။ သို့သော် ပေထင်းဟွမ်အား စိုက်ကြည့်ပြီးနောက် လက်ချောင်းထိပ်ဆီသို့ အကြည့်ရောက်သွားလေသည်။ ရေခဲပြာမီးတောက် သည် စင်ပေါ်တွင်ပေါ်လာပြီဖြစ်သည်။ လက်ချောင်းထိပ်မှာ ကခုန်နေပြီဖြစ် ၏။ ၇ လပိုင်း၏ရာသီဥတုတွင် မီးတောက်ထွက်လာသောအခါ တစ်ကမ္ဘာလုံး သည် မြူခိုးများနှင့် ဖုံးလွှမ်းသွားသည်ဟုထင်ရသည်။

မီးတောက်သေးလေးတစ်ခုဖြစ်သော်လည်း တစ်ကမ္ဘာလုံးအား ထိုအမြင် ကိုဖြစ်ပေါစေသည်။ ဤမီးသည် မယုံကြည်နိုင်လောက်ဟု ပေထင်းဟွမ် ထင်မိ သော်လည်း ၎င်း၏ခွန်အားသည် အမှန်တကယ်ပင် သန်မာလွန်းသည်။

အမှန်အတိုင်းပြောရလျှင် ပေထင်းဟွမ်၏ ကိုးရောင်နိဗ္ဗာန်မိးသည် နတ်မီး အမျိုးအစားမဟုတ်ပေ။ ကိုးရောင်နိဗ္ဗာန်၏ မီးတောက်အဆင့်သည် မည်သည့်မီးဖြစ်သည်ကို ပေထင်းဟွမ် မင်အားတစ်ခါမေးဖူးသည်။ ထိုလူသည် မောက်မာစွာနှင့်ပြန်ဖြေဖူးသည် “ကိုးရောင်နိဗ္ဗာန်မီးကို နတ်မီးလောက်နဲ့ ဘယ်လိုတောင် လာယှဉ်ရတာလဲ”

All Chapters