နတ်မီးလောက်နဲ့
Vol. 60 Ch. 1182
နတ်မီးလောက်နဲ့ဟုတ်လား။ ထိုစကားလုံးလေးခုကို ပေထင်းဟွမ်ကြား သောအခါ မျက်လုံးထောင့်များသည် တွန့်ကွေးသွားကာ တခြားမေးခွန်းကိုပင် မမေးရဲတော့ပေ။
ချက်ချင်းပင် နှင်းပြာရောင်မီးတောက်အစုမှာစတင် ပျံ့နှံ့လာပြီး ကျူလင်း ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်ကာ အိပ်မက်ကမ္ဘာသို့ရောက်သွားသည့် အလား ရေခဲပြာအလွှာနှင့် ရစ်ပတ်သလိုထင်ရသည်။ နဂိုကတည်းက ချောမော မှုသည် ထိုအချိန်တွင် သူ့မျက်နှာမှာ ပိုပိုပြီးကြည်လင်လာပြီး စူးရှသည့် မျက်လုံး အစွန်မှလည်း ရေခဲပြာအရောင်ကို ပြသလေသည်။ မီးတောက်များသည် လေ နှင့်အတူ လွင့်ပါကာ ရေခဲပြာငွေ့သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် နူးညံ့စွာ စီးဆင်းနေသည့်အလား ဝင်ရိုးစွန်း၏ အပူချိန်သည်လည်း ရင်ပြင်တွင် ပျံ့နှံ့သွား ၏။
ပွဲကြည့်စင်မှလူများသည် အအေးဓာတ်ကြောင့် စတင်ချမ်းစိမ့်လာကာ တစ်ယောက်ပြီးတစ်ယောက်ပင် အအေးဓာတ်ကို နှင်ထုတ်ရန် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ရတော့သည်။ မသန်မာသူများသည် အံရိုက်နေကြ ပြီး မသက်မသာခံစားရကာ သက်ပြင်းချနေကြသည်။ ဤအရာသည် နတ်မီး ပင်။ ကောင်းကင်မီးနှင့် မြေကြီးမီးကပင် မယှဉ်နိုင်ပေ။
“ပေထင်းဟွမ် ငါ့မီးတောက်က နတ်မီးတွေထဲမှာ အဆင့် ၁၃ ရှိတဲ့ ဟိုင်ရှင်းပင်းယန်ပဲ၊ ဒီမီးတောက်ကိုသုံးပြီး ဆေးသန့်စင်မယ်ဆိုရင် အဂ္ဂိရတ် နှုန်းက တခြားမီးတောက်တွေထက် ၁၀ ရာခိုင်နှုန်းမြင့်တယ်” ကျူလင်းသည် သူ၏မီးတောက်ထွက်လာသည်နှင့် ပွဲကြည့်ပရိသတ် ထိတ်လန့်သွားသည်ကို မြင်သည်နှင့် မျက်လုံးထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားလေသည်။
နတ်မီးစာရင်း၏ အဆင့် ၁၃ မီးတောက်သည် အမှန်တကယ်ပင် ထူးခြား သည်။ ပေထင်းဟွမ်၏ မျက်လုံးသည် ထိတ်လန့်သည့်အမူအရကာကို မပြဘဲ မနေနိုင်တော့ဘဲ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် ဒီနေ့ ကျွန်တော့်ဗဟုသု တတွေ ရလိုက်ပါတယ် ဒါပေမဲ့ သန့်စင်တဲ့ နှုန်းအတိုင်းဆိုရင် ကျွန်တော် ပထမ ဆုံးဆေးသန့်စင်တုန်းကလွဲပြီး နည်းနည်းလောက်ရှုံးနိမ့်ပြီး တစ်ခါမှ ဆေးဖို မဖောက်ခွဲဖူးဘူး၊ ခင်ဗျားပြောတဲ့ ဆေးသန့်စင်နှုန်း ၁၀ ရာခိုင်နှုန်းမြင့်တယ်ဆို တာကို နားမလည်ဘူး”
“အဟွတ် အဟွတ် အဟွတ်”
ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် ဟိုင်ရှင်းပင်းယန်ကြောင့် ထိတ်လန့်နေသူများသည် တံတွေးများပင် သီးသွားကြလေသည်။ ပေထင်းဟွမ် ပြောသည့်အတိုင်း ဟိုင်ရှင်းပင်းယန်၏အတားအဆီးစွမ်းအားထက်ပင် ပို၍ အားကောင်းသည်။
အဂ္ဂိရတ်ပညာရှင်အတွက် ဆေးဖိုကို ဖောက်ခွဲသည်မှာ မဆန်းတော့သော ဖြစ်ရပ်ဖြစ်ကာ ဆေးကျရှုံးလျှင် ဆေးပစ္စည်းများပျက်စီးမည်မှာလည်း သဘာဝ ပင်။ ဤဆေးသန့်စင်သည့် လုပ်ငန်းစဉ်သည် စိတ်စွမ်းအား၊ အပူ၊ သို့မဟုတ် ဆေးပစ္စည်းများ၏ပမာဏဖြစ်စေ ထိုဆေးပင်များကို ထည့်သည့်အချိန်ဖြစ်စေ အရာအားလုံးကို ပြီးပြည့်စုံအောင် ထိန်းချုပ်ပြီး ကျိုချက်ရမည်။
သခင်ပေထင်းဟွမ်သည် သူ အဂ္ဂိရတ်သင်ကတည်းကပင် ဆေးဖိုကို မဖောက်ခွဲဖူးဟု ပြောနေသည်။ နတ်ဘုရားသည် ဤကဲ့သို့မကောင်းဆိုးဝါးမျိုး ကို ဘာကြောင့် ပို့လိုက်သနည်း။ သူမပြောလိုက်သည့်စကားများကို ကြားလိုက် ချိန်တိုင်း ဘာကြောင့်များ ရိုက်ချင်စိတ်ဖြစ်စေသနည်း။
ပွဲကြည့်စင်အထက်တွင် ချောင်းဟန့်သံများဖြစ်ပေါ်နေပြီး အရာအားလုံး သည် ပေထင်းဟွမ်ကြောင့် ထိတ်လန့်နေကြသည်။ ပေထင်းဟွမ်သည် ထိုကဲ့သို့ စကားများပြောလိမ့်မည်ဟု စင်ပေါ်ရှိ ကျူလင်းထင်မထားပေ။ ပေထင်းဟွမ် သည် နတ်ဆိုးဆန်လှသည်ဟု သူဝန်ခံရပေမည်။ သို့သော် လူသားတစ်ယောက် အနေနှင့် နှိမ့်ချမနေလျှင်တောင် ထောင်လွှားမနေသင့်ပေ။
မထင်မှတ်စွာပင် ပေထင်းဟွမ်သည် မပြင်မဆင်နှင့် ဤမျှမြင့်မားသာ ဂုဏ်ထူးကို ပေါ်တင်ကြေညာခဲ့သည်။ သူသည် ခေါင်းမော့ထားပြီး ကျူလင်း အနားတွင် စီးဆင်းနေသော ရေခဲမီးတောက်ပင်လယ်ကိုကြည့်ပြီး ကြည်လင် သောအသံ၊ မောက်မာမှုအပြည့်နှင့်ပြောလေသည် “မင်းရဲ့မီးတောက်က သန်မာပါတယ် ဒါပေမဲ့ နတ်မီးလောက်က ကျွန်တော့်ကို အနိုင်ယူချင်ရင်တော့ အရည်အချင်းပြည့်ဖို့လိုသေးတယ်”
နတ်မီးလောက်ဟုတ်လား။
ကျူလင်းသည် ပေထင်းဟွမ်အား ဒေါသထွက်လွန်း၍ ရယ်မိတော့မလို ဖြစ်ကာ သူ့ခန္ဓာကိုယ်မှ မီးတောကသည်လည်း ရောင်ဝါနှင့်အတူ မြောက်တက် သွားသည်။ ရင်ပြင်တစ်ခုလုံးတွင် ဝိညာဉ်ဂိုဏ်းကျွမ်းကျင်သူများပင် အေးစက်မှု ကြောင့် အေးစိမ့်သွားလေ၏ “ဒါဆို မင်းရဲ့မီးတောက်ကို ကြည့်ပါရစေဦး ဘယ်လိုမီးတောက်မျိုးမို့လို့လဲ”
ပွဲကြည့်စင်တွင် အားလုံးသည် မိမိခန္ဓာကိုယ်ကို တင်းကြပ်စွာ ပွေ့ဖက် ထားသည်။ တချို့လူများသည် လက်စွပ်ထဲမှ အဝတ်များပင် ထုတ်ဝတ်နေကြ သည်။ သို့သော် သူတို့သည် ပေထင်းဟွမ်အား စိုက်ကြည့်ရန်မမေ့ကြပေ။ အားလုံးသည် ကြည့်လိုက်ချိန်တွင် သခင်ပေထင်းဟွမ်၏မီးတောက်သည် မည်သို့မီးတောက်မျိုးမို့ နတ်မီးစာရင်းတွင် အဆင့် ၁၃ ရှိသည့် ဟိုင်ရှင်းပင်းယန် ကိုပင် အထင်သေးလောက်အောင် ဖြစ်စေသလဲဆိုသည်ကို သိချင်နေကြသည်။