← Chapters

ကိုးရောင်အမြင့်ဆုံးမီးက ဘယ်လိုလုပ် သူ့ကို သခင် အဖြစ်ရွေးချယ်လိုက်တာလဲ

Vol. 60 Ch. 1184

ကိုးရောင်အမြင့်ဆုံးမီးက ဘယ်လိုလုပ် သူ့ကို သခင် အဖြစ်ရွေးချယ်လိုက်တာလဲ

Vol. 60 Ch. 1184

“ကိုးရောင်နိဗ္ဗာန်မီးတောက်က ငါ့အဖေရဲ့ ရွှေရောင်မီးတောက်တောင်မှ ဦးညွှတ်ရတဲ့မီးတောက်ပဲ” ကျူလင်းသည် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ကို ရပ်ပတ်ထားသော ရေခဲပြာမီးတောက်သည် တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်မှ ကွာကျကာ အရောင်သည် မှိုင်းကျသွားကာ ကိုးရောင်နိဗ္ဗာန်မီးအား ဦးညွှတ်သည့်အသွင်အပြင်ကဲ့သို့ စီးဆင်းလေသည်။

ကောင်းကင်မီးသည် ဝိညာဉ်အသိစိတ်စတင်ဝင်နေပြီဟုဆိုရလျှင် နတ်မီး သည် ဝိညာဉ်အသိဉာဏ်ပမာဏတစ်ခုပိုင်ဆိုင်ပြီး တချို့သောပုံစံသို့ ပြောင်းလဲ နိုင်ပြီဖြစ်သည်။ မီးတောက်အဆင့်မြင့်လေလေ အသိဉာဏ်မြင့်လေဖြစ်ကာ မီး မျိုးစေ့များအကြားတွင် ဤကဲ့သို့စွမ်းအင်ဖိနှိပ်မှုများကို အတွေ့ရအများဆုံးဖြစ် သည်။

သာမန်မီး သို့မဟုတ် ဝိညာဉ်မီးဆိုလျှင် ကိုးရောင်နိဗ္ဗာန်မီးတောက် မပေါက်ကွဲလျှင် ထိုမီးတောက်များသည် မည်သို့တုံ့ပြန်ရမည်ကိုမသိကြပေ။ သို့သော် ကျူလင်း၏ ဟိုင်ရှင်းပင်ယန်းသည် ကွဲပြားသည်။ နတ်မီးအဆင့် ၁၃ ရှိ သည့်မီးတောက်သည် ပြောင်းလဲသည့်အခြေခံစနစ်ကို အခြေခံလျှင် အရွယ် ရောက်သည့်အဆင့်သို့ ပြောင်းလဲနိုင်သည်။ သူသည်လည်း ကိုးရောင်နိဗ္ဗာန်မီး ၏ စွမ်းအားကို သေချာပေါက်သိသည်။ သူသည် ဦးညွှတ်ပြီး ကျွန်အဖြစ် ကြေညာသည့်အဓိပ္ပာယ်ကို သိသည်။

ကိုးရောင်မီးတောက်နိဗ္ဗာန်မီး၏ ဖိအားမရှိဘဲနှင့်တောင် ၎င်းသည် ကိုင်းရှိုင်းသည့်အသွင်အပြင်ကို ပြသပြီးဖြစ်လေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ပြင်တစ်ခုလုံးသည် အားပေးသံများညံသွား သည်။ သည်တစ်ခေါက် ဆေးတောင်ကြားမှဆင်းသက်သူများနှင့်ယှဉ်ပြိုင်ရန် ရောက်လာသူများသည် ထိုအခိုက်တွင် စိတ်အေးသွားရကာ ပေထင်းဟွမ်ကို လည်း သူတို့၏ရင်ထဲတွင် ပို၍အမြင့်တစ်နေရာတွင်ထားလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျူလင်းရဲ့ ဟိုင်ရှင်းပင်ယန်းက ဘယ်လိုလုပ် ပေထင်းဟွမ်ကိုရှုံးမှာလဲ၊ မဖြစ်နိုင်လိုက်တာ” လုကျီသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်ပေါ်မှ ကိုးရောင်ကြာပန်းခုံကို စိုက်ကြည့်နေသည်။ ထင်ရှားစွာပင် ထိုအခိုက်အတန့်တွင် သူမ သတိပြန်မဝင်သေးပေ။

“အရူး ကိုးရောင်နိဗ္ဗာန်မီးလေ... ကိုးရောင်နိဗ္ဗာန်မီးက ဘယ်လောက် အားကောင်းလဲဆိုတာ မသိဘူးလား၊ အဲဒါက ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးကို လောင်ကျွမ်းစေနိုင်တဲ့မီးတောက်ပဲ တစ်ကမ္ဘာလုံးကို ဖျက်ဆီးနိုင်တဲ့စွမ်အားရှိ တဲ့မီးတောက်ပဲ” သူသည် လက်သီးနှင့်ခုံကိုထိုးလိုက်၏ “သေလိုက်စမ်း သောက်သုံးမကျတဲ့ကောင် ကိုးရောင်နိဗ္ဗာန်မီးက ဘယ်လိုလုပ် အဲလိုလူကို သခင်အဖြစ်ရွေးလိုက်တာလဲ၊ ပင်းဖုန်းလိုမျိုး အမှိုက်သရိုက်တွေက ဒီကောင်ကို အရှင်ထားလိမ့်မယ်လို့ထင်မထားဘူး”

“အဲဒါကြောင့် ပေထင်းဟွမ်က စီရင်ချက်ဗိမာန်ရဲ့ ရန်သူဖြစ်လာတာကိုး၊ သူက ကိုးရောင်နိဗ္ဗာန်မီးရဲ့ စာချုပ်ရှင်ဖြစ်နေတာ၊ အခု ငါတို့သိပြီ သူ့ကို အရှင် ထားလို့မဖြစ်ဘူး၊ မဖြစ်နိုင်ဘူဆိုရင်တောင် သူ့ကို ပင်မတိုက်ကြီးမှာသတ်မယ်၊ သူ အမှောင်နတ်မိစ္ဆာဘုံကို သွားရင် ဘယ်လိုကံမျိုးနဲ့တွေ့ရမလဲဆိုတာ ဘယ်သူ သိမှာလဲ” လုကျီသည် မုန်းတီးစွာနှင့် အံကိုတင်းတင်းကြိတ်လိုက်သည်။

ကွမ်ယန်း၏မျက်နှာသည် မျက်နှာပေါ်သို့ရေစက်ကျလာသည့်အလား ထိုင်းမှိုင်းသွားလေသည်။ သူ၏မျက်လုံးသာ လူသတ်နိုင်ပါက ပေထင်းဟွမ် သည် အပိုင်းပိုင်းဖြစ်သွားနိုင်သည်။ သူ၏အသံသည် အဆိပ်ပါသည် “အင်း တကယ်မဖြစ်ရင်တော့ သူ့ကိုသတ်ပြီး ၃၃ ကောင်းကင်ဘုံကို ပြန်ကြတာပေါ့၊ မှော်အရင်းအမြစ်ကျောက်တုံးကိုမရနိုင်ရင်တောင် ဒီကောင့်ကို ကြီးထွားခွင့် မပေးနိုင်ဘူး”

သူတို့နှစ်ယောက် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် စင်ပေါ်သို့ အာရုံပြန်စိုက်လေ သည်။

ပေထင်းဟွမ်စုစည်းလိုက်သော ကိုးရောင်နိဗ္ဗာန်မီးသည် မီးအစုလေး အဖြစ်သာကျန်ရှိပြီး လက်ချောင်းထိပ်တွင် ကခုန်ကာ ကိုးရောင်ကြာပန်းကဲ့သို့ ပွင့်ဖူးလေသည်။

ထိုအချိန်တွင် ကျူလင်းသည်လည်း ငြိမ်ကျသွားပြီဖြစ်သည်။ သူသည် ပေထင်းဟွမ်၏လက်ချောင်းထိပ်မှ ပန်းများကို အလေးအနက်ကြည့်ကာ ဆွ သလိုနှင့်ပြောလေသည် “အဲဒါက အဆင့်မြင့်ဆေးကို သန့်စင်နိုင်လိမ့်မယ်၊ အပူထိန်းချုပ်မှု၊ စိတ်စွမ်းအင်ထိန်းချုပ်မှုနဲ့ ဆေးပစ္စည်းတွေ အစရှိသဖြင့်က ဆေးရဲ့လက္ခဏာနဲ့ ဆက်စပ်နေတယ်၊ ငါ တစ်ပွဲရှုံးရင်တောင် နိုင်မလား ရှုံးမလားက အဓိကသော့ချက်ပဲ”

ကျူလင်းသည် အရှက်ရမှုကြောင့် ဒေါသမထွက်သဖြင့် ပေထင်းဟွမ်ပင် အံ့ဩယူရသည်။ သို့သော် ဤလူသည် ကစားပွဲအစ၌ပင် သဘောတူညီချက်ယူ ရန် ရွေးချယ်ခဲ့သည်မှာ သူ့အပေါ် ပေထင်းဟွမ်၏အမြင်မှာ မဆိုးလှပေ။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် သူ့ကို မီးတိုက်ခိုက်သည့်လုပ်ငန်းစဉ်တွင် အရှက်မခဲခြင်းဖြစ်သည်။

All Chapters