တူ့ဆေးပစ္စည်းများ
Vol. 60 Ch. 1185
ပေထင်းဟွမ်သည် သူ့အား လျစ်လျူရှုသလိုနှင့် စိုက်ကြည့်ပြီး ခေါင်းညိတ် သဘောတူလိုက်သည် “ဟုတ်တယ် ဆေးသန့်စင်ရတာက ကြီးကျယ်ပြီး သိမ်မွေ့တယ်လို့ ကျွန်တော့်ကို ဆေးသန့်စင်နည်းသင်ပေးတဲ့သူက ပြောခဲ့တယ် မီးတောက်တွေ၊ ဆေးဖိုနဲ့ ဆေးပစ္စည်းတွေအကုန်အရေးကြီးတယ်၊ အရေးအကြီးဆုံးက အခြေခံတွေရှိတယ်၊ အဂ္ဂိရတ်ပညာရှင်ရဲ့ ခွန်အားနဲ့ အရည်အချင်းတွေကလည်း အဓိကကျတယ်၊ ခင်ဗျားကြောင့်သာမဟုတ်ရင် ဆေးသန့်စင်ဖူးမှာတောင်မဟုတ်ဘူး..”
ပေထင်းဟွမ်သည် ထိုစကားပြောရင်းနှင့် အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ သူမသည် အနည်းငယ်လွန်သွားသည်ဟုထင်မိသော်လည်း သူမ၏စကားများ ကိုကြားပြီးနောက် ကျူလင်း၏မျက်နှာနီရဲသွားသည်ကိုမြင်လိုက်ရသည်။
ကျူလင်း၏မျက်လုံးများသည် ပေထင်းဟွမ်ကို မကြည့်ရဲတော့သဖြင့် အကြည့်လွှဲသွားလေသည်။ ပေထင်းဟွမ်စကားများ၏ ရည်ရွယ်ချက်ကို သူ စိတ်ထဲမှသိနေသည်။ ဤပြိုင်ပွဲအတွက် ပင်မတိုက်ကြီးအဂ္ဂိရတ်အစည်းအရုံး သည် အသက် ၃၀ အောက်အဂ္ဂိရတ်ပညာရှင်များကို လိုအပ်သည်။ ကျူလင်း သည် အသက် ၃၀ မပြည့်သေးသော်လည်း အသက် ၃၀၀ ရှိသည့်လူများထက် ပင် ဆေးသန့်စင်နိုင်နေလေသည်။ သူသည် ဆင်းသက်သည့်ခန္ဓာကိုယ်ဖြစ် သဖြင့် အသက်စမ်းသလင်းကျောက်သည် သူ၏အသက်ကို မစမ်းသပ်နိုင်ပေ။
အသက်အရွယ်အရ တခြားဆိုရလျှင် သူ့တွင် အဆက်အသွယ်နှင့် အတွေ့အကြုံတွင် အားအသာဆုံးဖြစ်သည်။
ပေထင်းဟွမ်သည် ၁၅ နှစ်ပင်မပြည့်သေးပေ။
သို့သော် ပေထင်းဟွမ်သာ သူ့ကို ဖော်ကောင်လုပ်နိုင်သော်လည်း မလုပ် သည့်ပုံပင်။ သူမသည် ပြောရုံသာပြောလာသည်။ ထိုအကြောင်းကိုတွေးပြီး နောက် ကျူလင်းသည် အလွန်တည်ငြိမ်သွားသည်။ သူ ပြုံးပြီး ပြောလိုက်သည် “သက်သေပြဖို့ရှိရင် ကျုပ်လည်း ဘာမှပြောစရာမရှိတော့ပါဘူး၊ အဂ္ဂိရတ် အစည်းအရုံးက ကျုပ်အသက်ကို မစမ်းသပ်နိုင်တာတော့ ထင်ရှားနေတာပဲ၊ ဒီမှာလာ ရပ်ကြည့်လို့ရပါတယ်”
ပေထင်းဟွမ်သည် ဤကဲ့သို့ မောက်မာသောသူ၏ စကားများကို လေးစားမိသည်။ သူ၏မိခင်အတွက်၊ မိခင်ကိုကယ်ရန်အတွက် ပင်မတိုက်ကြီး သို့ ဝိညာဉ်ပြန်ခေါ်ဆေးကိုအရယူရန် လာခဲ့သည်။ အနာဂတ်တွင် ပေထင်းဟွမ် ကိုယ်တိုင်လည်း တခြားဘုံသို့သွားကာ မိဘများကိုရှာမည်ဖြစ်ပြီး သူ၏ဂုဏ်ကို အကြောင်းအရင်းတချို့ကြောင့် ပစ်ချင်လည်းပစ်ရနိုင်သည်။
ထို့အပြင် သူတို့သည် တူညီသောလူများဖြစ်ကြသည်။
ပေထင်းဟွမ်သည် သူ့ကို မည်းနက်သောမျက်လုံးများဖြင့် အတန်ကြာ သည်အထိ စိုက်ကြည့်ကာ ပြောလေသည် “ကျူလင်း အရင်ကမမေးရသေးဘူး မလား၊ ကျွန်တော်နိုင်ရင် ဘာလုပ်မှာလဲ”
“ဟင်” ပေထင်းဟွမ်သည် ဤကိစ္စကို ရုတ်တရက်ပြောလာလိမ့်မည်ဟု ကျူလင်းထင်မထားပေ။ သူသည် အပြုံးသဲ့သဲ့နှင့် မျက်ခုံးများကို ပင့်လိုက်သည် “ပေထင်းဟွမ် ငါ ရှုံးလိမ့်မယ်လို့ အဲလောက်သေချာနေတာလား၊ မင်းက ငါ့ ထက်အဆင့်မြင့်ပြီး၊ မီးတောက်အဆင့်ဘယ်လောက်ရှိမှန်းမသိရင်တောင်၊ မင်း မှာ ဆေးပစ္စည်းကောင်းကောင်းမရှိရင် ဘယ်လိုလုပ်မှာလဲ”
သူပြောပြီးနောက်တွင် လက်မြှောက်ကာ ဆန့်ထုတ်လိုက်သည်။ စင်ပေါ် တွင် ဆေးပင်များစွာရှိနေသည်။ ဆေးပင်အမျိုးမျိုးမှာ တောက်ပလျက်ရှိသည်။ အားကောင်းသောဆေးရနံ့များသည် စင်ပေါ်မှ ပျံ့လွင့်လာလေသည်။ ထိုဆေး ပင်များကိုမသိလျှင်တောင် ပေါများသောရောင်ဝါမှတစ်ဆင့် ထိုဆေးပစ္စည်းများ သည် အဆင့်မြင့်ပြီး တန်ဖိုးကြီးရှားပါးသည်ကို သိနိုင်သည်။
အားလုံး၏မျက်လုံးအရောင်များလက်လာပြီး သွားရည်တများများကျနေ ကြ၏။
ထိုဆေးပစ္စည်းများကို ပင်မတိုက်ကြီးတွင် မြင်ဖူးကြသော်လည်း ၎င်းဆေးပင်များကိုတော့ မမြင်ဖူးကြပေ။ ၎င်းတို့တွင်ပါဝင်သည့် စွမ်းအင်သည် ပါးစပ်အဟောင်းသားဖြစ်လောက်စရာပင်။ ဆေးပစ္စည်းအများစုမှာ အသက်ကြီးပြီး အတွေ့အကြုံရင့် အဂ္ဂိရတ်ပညာရှင်များပင် မမြင်ဖူးကြပေ။ ထို ဆေးပစ္စည်းများနှင့်ယှဉ်လျှင် မိုလိပြသခဲ့သော ဆေးပစ္စည်းများပင် မလုံလောက်ပေ။
“သလင်းကျောက်အသီး ဝိညာဉ်ငှက်ပျောသီး နဂါးသွေး...” ပေထင်းဟွမ် သည် ဘာမှမရှိသည့်မေးစေ့ကိုပွတ်ကာ မိုလိ၏စားပွဲပေါ်မှ ရတနာများကို ကြည့်နေသည်။ ကံကောင်းစွာပင် သူမသည် ယန်ယဲ့ပေးဖူးသည့် စာတိုကို သေချာလေ့လာခဲ့ဖူးသည်။ ထို့အပြင် နတ်ဆေးပင်ဝိညာဉ်အသီးအကြောင်းကို ထိုစာအုပ်ထဲတွင် အသေးစိတ်မှတ်တမ်းတင်ထားည်ကို မည်သူမှမမြင်ဖူးကြ ပေ။ မဟုတ်လျှင် သူမသည်လည်း မြင်လျှင်တောင် သိမည်မဟုတ်ပေ။