၃၃ ကောင်းကင်ဘုံအတွက် ဆေးပစ္စည်းမရှိဘူး
Vol. 60 Ch. 1186
ကျွတ် ကျွတ်
ရင်ပြင်တစ်ခုလုံးတွင် ပင့်သက်ရှိုက်သံများ အဆက်မပြတ်ထွက်လာပြီး သွားရည်များစီးကျလာသဖြင့် ပြန်စုပ်ယူသည့်အသံများပင်ထွက်နေ၏။ ထင်ရှားစွာပင် အားလုံးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်နေခြင်းပင်။ သူတို့ သည် ထိုနတ်ပင်ဝိညာဉ်အသီးများကို အမည်မဖော်တတ်သော်လည်း ၎င်းတို့ တွင်ပါဝင်သည့် အရောင်၊ အနံ့၊ စွမ်းအင်များသည် နတ်ပင်ဝိညာဉ်အသီးများဖြစ် သည်ကို ပြသနေသည်။ အသီး၏တန်ဖိုးမှာ အဖိုးမဖြတ်နိုင်လောက်အောင်ပင်။ ၎င်းတို့သည် ကံပါမှရတတ်သည့်အရာများပင်။ ထိုအရာကိုရရန် ကံမပါ ပါက ဘေးတွင်ရပ်နေရမည်ဖြစ်သည်။
ဆေးပစ္စည်းများကို ကျူလင်းမှ ဂရုစိုက်ပြင်ဆင်ထားခြင်းဖြစ်သည်။ အဂ္ဂိရတ်အစည်းအဝေးတွင် တိုက်ခိုက်ရေးမီးနှင့် ဆေးပစ္စည်းများသည် မလွဲဧကန်တည်ရှိသည့်အရာများပင်။ သူ ထိုအရာများပင်ဆင်ထားသည်မှာ အားလုံး၏အာရုံကို အနိုင်ရရန်မဟုတ်ပေ။ သူသည် မာနကြီးပြီး ပင်မတိုက်ကြီး မှ လူအားလုံး၏မျက်လုံးများကို ဂရုမစိုက်လောက်အောင် ထောင်လွှားသည်။ သူ လိုချင်သည်မှာ ပေထင်းဟွမ်၏ သဘောထားကိုပင်ဖြစ်သည်။
ပေထင်းဟွမ်၏မျက်လုံးထဲမှ မသိသာသောအံ့အားသင့်မှုကိုကြည့်ပြီး ကျူလင်းသည် ဂုဏ်မယူဘဲမနေနိုင်ပေ။ သူသည် မျက်ခုံးများကို ပင့်မြှောက် လိုက်သည်။ ထိုဆေးပစ္စည်းများသည် သူ့အတွက် နတ်အဆင့်ဆေးသန့်စင်ရန် အတွက် အလွယ်တကူ လုံလောက်သည်။ ပေထင်းဟွမ်၏ မီးတောက်သည် ကိုးရောင်နိဗ္ဗာန်မီးဆိုလျှင်တောင် ကျွမ်းကျင်သည့်အိမ်ထောင်ရှင်မပင်လျှင် ဆန်မရှိဘဲ ထမင်းချက်ရန် ခက်ခဲပေမည်။ နတ်အဆင့်ဆေးကို သန့်စင်ရန် လေ ကိုသုံးလိမ့်မည်ဟု ကျူလင်းမယုံကြည်ပေ။
ကျူလင်း၏ အားရကျေနပ်မှုကို လက်လွှတ်မခံဘဲ ပေထင်းဟွမ်၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးတက်သွားသည်။ သူသည် စင်ပေါ်မှ အလွန် အဖိုးတန်သောဆေးပင်များကိုတစ်ချက်ကြည့်ပြီးနောက် ပြုံးပြီးပြောလိုက် သည် “ဒီဆေးပင်တွေက တကယ်ကောင်းပါတယ်၊ ဒီလောက်များတဲ့ ပါဝင် ဆေးပစ္စည်းတွေယူလာရင် မင်းကံတရားကို လက်ခံရလိမ့်မယ်”
မင်း ကံတရားကိုလက်ခံလိုက်။ အဂ္ဂိရတ်ပြိုင်ပွဲမှာ ငါ့ကိုအရှုံးပေးလိုက်။
ပေထင်းဟွမ်သည် ပြီးခဲ့သည့်နှစ်ရက်က ပြင်ဆင်ထားသည့် ဆေးပစ္စည်း များအားလုံးကို ထုတ်လိုက်သည်။ သူသည် လူများ သွားရည်ကျသည့်အဖြစ်ကို လိုချင်၍ တစ်ခုချင်းစီထုတ်နေသည်။ ပင်မတိုက်ကြီးမှ အဂ္ဂိရတ်ပညာရှင်များ အားလုံးသည် သူမပြောသည့်စကားကိုကြားသောအခါ ပေထင်းဟွမ်၏ ဆေးပစ္စည်းများ၏ ထုတ်လုပ်သည့်နေရာကို မသိတော့ပေ။
သောင်မီ ကုန်သွယ်ရေးရုံး၏ပိုင်ရှင် မီဖန်းသာလျှင် ဝမ်းမြောက်အံ့ဩ လက်ရှိသည်။ သူ ပေထင်းဟွမ်ကိုပေးလိုက်သည့် ဆေးပစ္စည်းများကို အထူး တလည်တွေးပေးသည်ကို မြင်သည်နှင့် အလွန်စိတ်လှုပ်ရှားမိလေသည်။ ထိုဆေးပစ္စည်းများသည် သခင်ပေထင်းဟွမ်အတွက် ဂုဏ်ကိုသယ်ဆောင်လာ ပေးမည်ဆိုပါက သောင်မီကုန်သွယ်ရေးရုံးသည် သခင်ပေထင်းဟွမ်၏ စိတ်ထဲ တွင် မတူညီသော ထင်မြင်ချက်ကို ချန်နိုင်ခဲ့မည်ဖြစ်သည်။
သူမ ကျူလင်းကဲ့သို့ ထုတ်လိုက်သည့် ဆေးပစ္စည်းများသည် ဤတိုက် ကြီးတွင် မမြင်ဖူးသည့်အရာဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ ထိုဆေး ပင်များသည် ပေထင်းဟွမ် ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းဝင်ပေါက် သန့်စင်သောရွှံ့နွံမှ နှုတ်ယူလာခြင်းပင်ဖြစ်သည်။
နဂါးပုံစံရှိပြီး နူးညံ့လတ်ဆတ်သည့်ဆေးပင်မှာ နေရောင်အောက်တွင် မြစိမ်းရောင်စီးဆင်းနေပြီး ၎င်း၏ဝိညာဉ်ဆေးပင်ကို ထုတ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်စွမ်းအားသည် ထိုဆေးပင်ဆီသို့ မျက်စိ နှင့်အတိုင်းသားကြည့်လျှင်တောင် မြင်ရသည့်အရှိန်နှင့် ရွေ့လျားသွားနေလေ ၏။ ၎င်းတွင်ပါဝင်သောစွမ်းအင်နှင့် အဖိုးတန်မှုကို တွေးကြည့်၍ရနေသည်။
“နဂါးဝိညာဉ်ဆေးပင်လား၊ ဒဏ္ဍာရီလာနဂါးဝိညာဉ်ဆေးပင်ပဲ ဘယ်လို လုပ် မင်းမှာရှိနေတာလဲ” အမြဲတစေဂုဏ်မောက်ပြီး တည်ငြိမ်လေ့ရှိသည့် ကျူလင်းသည် ထခုန်မတတ် ထိတ်လန့်သွားကာ နဂါးဆေးပင်အား မယုံနိုင်စွာ ဖြင့် တုန်ယင်သောလက်ချောင်းများနှင့် ညွှန်ပြလေသည်။ ပေထင်းဟွမ်ရှေ့မှ ဆေးပင်ကိုစိုက်ကြည့်ပြီး ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများနှင့် ကြည့်လေသည်။ ရှေးအခါများကတည်းကတည်ရှိလာသည့် ဤကဲ့သို့ ဝိညာဉ်ဆေးပင်သည် ဆေးပင်များ၏ဘုရင် ရတနာဟုပင် ဆိုရမည်။ ပေထင်းဟွမ် မည်သို့ရခဲ့သနည်း။
၃၃ ကောင်းကင်ဘုံ၌ပင်လျှင် နတ်မိစ္ဆာဝိညာဉ်ခန်းမရှိသည့် နတ်မိစ္ဆာ ဝိညာဉ်ထိပ်ဆုံးသည် ပျောက်ကွယ်သွားခဲ့သည်။
ပေထင်းဟွမ်သည် လက်များကိုရပ်တန့်ကာ ခေါင်းကိုအနည်းငယ် ညိတ်ပြီး ကျူလင်းအား ရန်စသည့်အပြုံးပြုံးပြလေသည် “ဟုတ်တယ် ခင်ဗျား အမြင်ကလုံးဝတိကျတယ်၊ ဆေးမိသားစုက လာထိုက်ပါတယ်၊ ဒါကနဂါး ဝိညာဉ်ဆေးပင် ဆေးတွေရဲ့ဘုရင်ပဲ၊ ဒါသာရှိရင် ဝိညာဉ်စွမ်းအင်ရှိတဲ့ နတ်ဆေးဝိညာဉ်အသီးကို လူတိုင်းက လိုချင်တိုင်းရတာမဟုတ်ဘူး”
ထိုစကားလုံးများသည် ရွဲ့ပြောခြင်းဖြစ်သော်လည်း ကျူလင်းသည် ဒေါသ မထွက်မိပေ။ အဂ္ဂိရတ်ပညာရှင်အနေနှင့် ပေထင်းဟွမ် အမှန်ပြောနေသည်ကို သူသိသည်။