သူရှုံးပြီးသား
Vol. 60 Ch. 1187
“နဂါးဝိညာဉ်ဆေးပင်... သူ့မှာ တကယ်ပဲ နဂါးဝိညာဉ်ဆေးပင်ရှိနေတာပဲ နဂါးဝိညာဉ်ဆေးပင်က ၃၃ ကောင်းကင်ဘုံမှာတောင် မျိုးသုဉ်းသွားပြီ မဟုတ် ဘူးလား” ပွဲကြည့်စင်တွင်ထိုင်နေရင်းနှင့် ဗဟုသုတကြွယ်ဝသည့် လုကျီသည် အလွန်အံ့အားသင့်နေသည်။ နဂါးဝိညာဉ်ဆေးပင်သည် ရောင်ဝါအလွန်ပေါများ သည့် ပတ်ဝန်းကျင်တွင်သာ ကြီးထွားပြီး ၃၃ ကောင်းကင်ဘုံတွင်ပင် မျိုးသုဉ်း သွားပြီဖြစ်ရာ ပင်မတိုက်ကြီးတွင် ပေါက်ရောက်ရန် မဖြစ်နိုင်တော့ပေ။
ပင်မတိုက်ကြီးမှလူများသည် နဂါးဝိညာဉ်ဆေးပင်ကို လုံးဝမသိပေ။ မသိ ရသည့်အဓိပ္ပာယ်မှာလည်း ဤဝိညာဉ်ဆေးပင်၏ အဖိုးတန်မှုကို ပေါ်လွင်စေ သည်မဟုတ်ပါလား။ နဂါးဝိညာဉ်ဆေးပင်တွင် စုစည်းနေသော အားကောင်း သည့် ဝိညာဉ်စွမ်းအင်ကိုကြည့်ပြီး ထိုအဂ္ဂိရတ်ဆေးဆရာများ သိနိုင်လေသည်။ သူတို့သည် အားကျပြီး ရင်ခုန်လာကြသည်။ ဤကဲ့သို့ ဝိညာဉ်ဆေးပင်နှင့် ကျူလင်းဆေးသန့်စင်မည်ဆိုပါက ဆေးအာနိသင်သည် သေချာပေါက် ကောင်း မည်ဖြစ်သည်။
သို့သော် ရှားပါးသည့်ဝိညာဉ်ဆေးပင်ကို ဝိညာဉ်စုဆေးကို သန့်စင်ရာတွင် သုံးလျှင် အလဟဿဖြစ်သည်။
“မထင်ထားဘူး ဒီလူ့မှာ တကယ်ပဲ နဂါးဝိညာဉ်ဆေးပင်ရှိနေတာပဲ၊ ဒီဆေးပင်ရဲ့တန်ဖိုးက နဂါးသွေး၊ သလင်းကျောက်သစ်သီးနဲ့ ဝိညာဉ်ငှက်ပျော သွးတို့ထက်တောင် မြင့်သေးတယ်၊ သူ နောက်ကျဘာထုတ်လာဦးမလဲမသိဘူး၊ ဒီလောက်ကောင်းတဲ့ပစ္စည်းတွေထုတ်လာတာ” သည်တစ်ပွဲတွင် ရှုံးသွားပြီဖြစ် ကြောင်းကို ကျူလင်းသည် ရင်ထဲမှသိနေသည်။
မကြာခင်တွင် ပေထ်းဟွမ်၏ ကျောက်စိမ်းနှင့်တူသည့် လက်ဖဝါးပေါ် တွင် ဇာမဏီအမြီးကဲ့သို့ ခုနစ်ရောင်ဝတ်ဆံဖိုနှင့် ပန်းကိုရစ်ပတ်ထားသော ငှက်မွေးပုံစံ သစ်ရွက်ပါသော ပန်းပုံစံဖြစ်ပေါ်လာသည်။ ၎င်းကို သရုပ်ဖော်ပြ ရန် မလိုအပ်လောက်အောင်ပင် အရင်ကမမြင်ဖူးသည့် ဖန်းပင်ဖြစ်ကြောင်းကို ကျူလင်း သေချာနေသည်။
ဇာမဏီပန်းကို လောဘတကြီးစိုက်ကြည့်ကာ ကျူလင်း၏နှုတ်ခမ်းသည် တုန်ယင်လာကာ တစ်စုံတစ်ရာကို ပြောချင်သော်လည်း စကားပင်မထွက်နိုင် လောက်အောင်ဖြစ်စေလေသည် “ဇာမဏီ... ဇာမဏီ... ဘယ်လိုလုပ်ဖြစ်နိုင်မှာ လဲ”
“မဖြစ်နိုင်တာ ဘာမှမရှိဘူး” ပေထင်းဟွမ်၏အသံသည် အေးစက်ပြီး အနည်းငယ် ထေ့ငေါ့သံပါနေသည် “ကျွန်တော်ပြောပါတယ် ကျွန်တော် သေချာ ပေါက်နိုင်မှာပါလို့၊ ကျွန်တော်ပြောတာကို မေးခွန်းထုတ်ဖို့မလိုဘူး၊ ခင်ဗျားက ကျွန်တော့်ပြိုင်ဘက်မဟုတ်ဘူး၊ ကိုးရောင်နိဗ္ဗာန်မီးက ကောင်းကင်နဲ့မြေကြီးနဲ့ အမြစ်တူတယ်၊ ခင်ဗျားရဲ့ နတ်မီးလောက်က ယှဉ်နိုင်မှာတောင်မဟုတ်ဘး၊ ဝိညာဉ်သစ်သီးနဲ့ နတ်ဆေးပင်ရှိရင်တောင်၊ ခင်ဗျားမှာ ဝိညာဉ်ငှက်ပျောသီး၊ သလင်းကျောက်သစ်သီးနဲ့ နဂါးသွေးရှိရင်လည်း ဘာလုပ်ရမှာလဲ၊ အဲဒါတွေက နတ်အဆင့်ထက်ပိုသာတယ်လို့ထင်နေတာလား၊ ဆေးဖက်ဝင်အသီး အဲဒါက ကျွန်တော့်ရဲ့နဂါးဝိညာဉ်ဆေးပင်နဲ့ ဇာမဏီပန်းနဲ့ယှဉ်နိုင်မယ်လို့ထင်နေတာ လား”
နဂါးဝိညာဉ်ဆေးပင်နှင့် ဇာမဏီအမြီးပန်းတို့သည် ၃၃ ကောင်းကင်ဘုံ တွင်ပင် မမြင်ရသည့်အရာများဖြစ်ပြီး မိသားစုများ၏ ရှေးဟောင်းစာအုပ်များ တွင်သာ မြင်ရသည်။ ထိုဆေးပင်များတွင် အားကောင်းသောစွမ်းအင်ပါဝင်ပြီး အသက်ကိုပင် ပြန်သါင်းနိုင်သည်။ ရှေးခေတ်များကပင် ချောင်ရှီရှန့်အသက်ရှိ စဉ်က တစ်စုံတစ်ယောက်မှယူသွားခဲ့သည်။
ထိုဆေးပင်ကိုယူသွားခဲ့သူသည် သူတို့၏ခန္ဓာကိုယ်ထဲမှ အကြောနှင့် သွေးများအားလုံး နတ်ဘုရားတစ်ပါးကဲ့သို့ ပြန်လည်မွေးဖွားသည့်အဆင့်သို့ ရောက်ခဲ့သည်။
သူမကို အမှန်တကယ်ပင် အရှုံးပေးလိုက်ရတော့မည်လား။ ကျူလင်းသည် စိတ်မလျှော့သေးပေ။ သူသည် ဝိညာဉ်ပြန်ခေါ်ဆေးပင်အရယူ ရန် ပင်မတိုက်ကြီးသို့ အကောင်းဆုံးကြိုးစားပြီးလာခဲ့သည်။ သူ့အတွက် မှော် အရင်းအမြစ်ကျောက်တုံးသည် စိတ်ကြိုက်လုပ်ငန်းတာဝန်ဖြစ်သည်။ ပေထင်းဟွမ်နှင့်တွေ့ပြီး သူ့ရင်ထဲတွင် ပုံရိပ်ကြီးတစ်ခုထားခဲ့လိမ့်မည်ဟု ထင် မထားပေ။ ကျင့်ဝတ်မရှိလျှင်တောင် သူသည် သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ ပေ။
ကျူလင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပေထင်းဟွမ်အား နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူမသည် သူထုတ်ခဲ့သည့် နတ်ဆေးပင်နှင့် ဝိညာဉ်သစ်သီးတို့လောက်ကောင်းမွန်သည့် ဆေးပင်များကို တစ်ခုပြီးတစ်ခုထုတ်နေသည်မှာ မီးတောက်ဖြစ်စေ ဆေးပင်ဖြစ်စေ သူရှုံးနှင့် နေပြီဟု ပြသနေသည်။
“ကောင်းတယ် ရှောင်ကျို့က တကယ်မိုက်တယ်” ပွဲကြည့်စင်တွင်ထိုင် နေသည့် မိုလိသည် လက်သီးကိုဆုပ်ကာ မြှောက်လိုက်သည် “ရှောင်ကျို့ရဲ့ အဂ္ဂိရတ်ပညာက တကယ်ကိုကောင်းတာပဲ၊ အရမ်းရှားတယ်၊ အဲဒါက သူ့ရဲ့ ဆေးသန့်စင်မှုကိုလွှမ်းမိုးနိုင်မှာပဲ၊ မီးတောက်၊ ဆေးပင် ဒါမှမဟုတ် အဂ္ဂိရတ် ပညာသာ မတော်တဆမဖြစ်ရင် ရှောင်ကျို့နိုင်မှာပဲ”