ဒယ်စောက်ချင်းပြိုင်မယ်ဆိုလည်း မနိုင်ပါဘူး
Vol. 60 Ch. 1188
အမှန်တရားသည် သူတို့ရှေ့တွင်ရှိနေသည်။ မိုလိပြောသလိုပင် ပွဲကြည့် စင်မှလူများအားလုံး စဉ်းစားကြည့်ကြသည်။ ထိုအခိုက်အတန့်တွင် ပြိုင်ပွဲရလဒ် သည် အရေးမကြီးတော့သလိုပင်။ အားလုံးသည် ပေထင်းဟွမ်ရှေ့မှ တောက်ပ သည့်ဆေးပင်များကိုကြည့်ပြီး သွားယူချင်နေမိကြသည်။
“မိုးနတ်မင်းရေ သခင်ကြီးပေထင်းဟွမ်က ဘယ်ကနေလာခဲ့တာလဲ၊ သူက ဒီလောက်ကောင်းတဲ့ပစ္စည်းတွေကို ဘယ်လိုရထားတာလဲ”
“ဟုတ်တယ် သူက ဖန်ဆင်းရေးနတ်ဘုရား ဝင်စားတာမဟုတ်ဘူးလား”
“ပင်မတိုက်ကြီးက ကံကောင်းမှုတွေအကုန် သူယူသွားတာပဲ မဟုတ်ဘူး ပတ္တမြားကမ္ဘာက ကံကောင်းမှုလို့ပြောရမယ်”
စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည့် ပွဲကြည့်စင်မှထိုလူများ၏ စကား များကိုကြားပြီးနောက် ကျူလင်းသည် လုံးဝမတုံ့ပြန်ပေ။ သို့သော် ကွမ်ယန်းနှင့် လုကျီတို့သည် ဒေါသကြောင့် အစိမ်းရောင်ပြောင်းနေပြီဖြစ်သည်။ ဆေးတောင် ကြားမှလာသည့် ကျူလင်းသည် ဆေးပင်ကိုပင် မယှဉ်နိုင်ဘဲနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပေထင်းဟွမ်ကို လုံးဝမနိုင်ပေ။
ကျူလင်း၏မျက်လုံးများသည် ဆေးပင်များဆီမှ ပေထင်းဟွမ်၏မျက်နှာ ဆီသို့ရောက်သွားကာ သူမ၏တည်ငြိမ်သောအသွင်အပြင်ကိုကြည့်နေမိ၏။ မျက်နှာဖုံးသည် မျက်နှာအများစုကို ဖုံးအုပ်ထားသော်လည်း ချောမွေသော မေးစေ့ကို ပြထားဆဲဖြစ်ကာ မည်းနက်သောမျက်လုံးတစ်စုံသည် ခိုင်မာခြင်းကို ပြသနေသည်။ ထို့ကြောင့်ပင် နတ်ဘုရားသည် ဤလူငယ်အား များစွာမေတ္တာ ထားကာ သူ့ကိုနေရာတိုင်းတွင် ဂရုစိုက်နေခြင်းပင်။
သူမ၏ မျက်လုံးထောင့်များ စွေကြည့်နေပြီး နီရဲသောနှုတ်ခမ်းများသည် အနည်းငယ်ကွေးတက်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခုရှိနေ သည်ကိုသာ ကျူလင်းမြင်ရလေသည်။ ကျူလင်း၏စိတ်ထဲတွင် မကောင်းသော ခံစားချက်ရောက်လာပြီး ထင်ထားသည့်အတိုင်းပင် သူမ ပြုံးပြီးပြောလိုက်သည် ကို ကြားလိုက်ရသည် “ဒါက ပိုကောင်းတာမဟုတ်ဘူးလား အိုး ဟုတ်တယ် ကျွန်တော်မှတ်မိပြီ အဂ္ဂိရတ်ပညာမှာ ဒယ်စောက်မရှိလို့မဖြစ်ဘူးလေ”
ပေထင်းဟွမ်သည် ကောက်ကျစ်စဉ်းလဲစွာပြုံးလိုက်သည်။ ထို့ကြောင့် သူသည် ထိတ်လန့်လွန်း၍ မိုးပေါ်သို့ ထခုန်မတတ်ပင်။ ပေထင်းဟွမ် ထိုသို့ ဖြစ်သည်ကိုကြည့်ပြီး ကျူလင်းသည် သဘောတွေ့လာသည်။ သူ၏ မူလပုံစံ အတိုင်း အေးစက်ပြီး ထောင်လွှားသည့်အမူအရာသည် သူ၏မျက်လုံးဆီသို့ ပြန် ရောက်လာသည်။ ဒယ်စောက်အကြောင်းပြောရလျှင် အဆင့် ၄ ဒယ်စောက် သည် ပေထင်းဟွမ်နှင့်မယှဉ်နိုင်ပေ။ ထို့နောက် သူ့ကို တို့ဟူးပေးပြီး ချေခိုင်း လိုက်သလိုဖြစ်သွားပေမည်။
မောက်မာမှုနှင့်အတူမွေးဖွားလာခဲ့သော ကျူလင်းသည် ခေါင်းကို ဖြည်းဖြည်းချင်းခါလိုက်သည်။ သို့သော် သူသည် လူများကို အထင်သေးခွင့် မပေးပေ။ သူ၏နက်ရှိုင်းပြီး အားပါသောအသံနှင့်ပြောလိုက်သည် “ပေထင်းဟွမ် မင်းတကယ်တိုက်ခိုက်ချင်ရင် ငါ့ကိုမနိုင်ပါဘူး”
ကျူလင်းပြောလိုက်သည့်စကားကိုကြားပြီးနောက် တစ်ချိန်လုံး ပူပန်နေ သည့် ကွမ်ယန်းနှင့် လုကျီတို့သည် သူ ကျို့ရှင်းတင်း ယူလာသည်ကို သတိရသွားသဖြင့် စိတ်အေးသွားသည်။ ကျို့ရှင်းတင်းသည် အဂ္ဂိတ်ဆေးဖိုတွင် အဆင့် ၄ စာရင်းတွင်ရှိသည်။ ဆေးတောင်ကြားသည် ဤကျို့ရှင်းဆေးဖိုနှင့် စတင်ခဲ့သည်ဟု ဆိုကြသည်။ ၎င်းသည် ဝိညာဉ်ဆေးဖိုဖြစ်သည်။ ဆေးဖိုပေါ် တွင် ကြယ် ၉ ပွင့်ရှိပြီး အဂ္ဂိရတ်ပညာရှင်များ ဆေးသန့်စင်မှု အလားအလာကို စမ်းသပ်ရာတွင်အသုံးပြုသည်။ ၎င်းကို ဝိညာဉ်နတ်ဘုရား၏ လက်အောက်တွင် ပထမဆုံးအဂ္ဂိရတ်ပညာရှင်က အသုံးပြုခဲ့သည်ဟု ပြောကြသည်။
ထိုအချိန်တွင် ရင်ပြင်ရှိအဂ္ဂိရတ်ပညာရှင်များအားလုံးသည် ပင့်သက်ရှိုက် မိကြလေသည်။ မီးတောက်နှင့် ဆေးပစ္စည်းမှစပြီး အဂ္ဂိရတ်ပညာထိ လက်တွေ့ မြင်ရသော စားပွဲကြီးပင်ဖြစ်သည်။ ဇာတ်ရှိန်သည် တစ်ခုပြီးတစ်ခုတက်လာ ကာ ပင်မတိုက်ကြီးတစ်ခုလုံးရှိ အဂ္ဂိရတ်ပညာရှင်များအားလုံးအတွက် မိုးကုတ် စက်ဝိုင်းကို ဖွင့်ပေးလိုက်ခြင်းပင်။
ကျူလင်း၏လက်သည် ဆေးဖိုဘောင်ကို အသာခေါက်လိုက်ရာ လုံးဝန်း သော ရိုးရှင်းသောပုံစံရှိသည့် ဆေးဒယ်စောက်သည် အားလုံးရှေ့တွင်ပေါ်လာ လေသည်။ ကြယ် ၉ ပွင့်နှင့်ဝန်းရံထားသော ရွှေရောင်အဂ္ဂိရတ်ဒယ်စောက်ကို ရွှေရောင်အလွှာနှင့် ဖုံးအုပ်ထားသည်။ ကောင်းကင်နှင့်မြေကြီး စွမ်းအင်တို့ ရောနှောထားသည့် ထူထဲသောမြူခိုးကို လေပွေဖြင့်ဝေ့နေရာ ဤအဂ္ဂိရတ် ပညာသည် အလွန်ထူးခြားသည်ဟု ပြသရန်လုံလောက်လေသည်။
ဒါ ဘယ်လိုဒယ်စောက်မျိုးပါလိမ့်။ ပထမတစ်ချက်ကြည့်လိုက်သည်နှင့် အားလုံးသည် ဒယ်စောက်၏ ထူးခြားသည့်အသွင်အပြင်ကို မမြင်ရပေ။ မြေကြီး ပေါ်တွင် ခြေထေက်သုံးချောင်းထောက်နေသည်ကိုသာ မြင်ရပြီး မီးလည်းမရှိ နေသည့်ပုံပင်။ ဆေးဖို၏ ဘယ်ဘက်နှင့် ညာဘက်တွင် (H) ပုံစံ လက်ကိုင်ရှိ သည်။ မဟုတ်ပေ။ လက်ကိုင်ပေါ်တွင် ညာဘက်တွင် စက်ဝိုင်းပုံစံရှိပြီး ညာဘက်တွင် လကွေးတစ်ခြမ်းရှိကာ နေနှင့်လကို အသီးသီးကိုယ်စားပြုထား သည်။
နေနှင့်လ၊ ကြယ် ၉ ပွင့်၊ သုံးချောင်းထောက်ဒယ်စောက်၏ ကိုယ်ထည် သည် ထိပ်နှင့်အောက်ခြေတွင် လုံးဝန်းနေသည်။ ဤကဲ့သို့ဒီဇိုင်းသည် ကောင်းကင်နှင့်မြေကြီးဥပဒေကို ပုံဖော်ထားပြီး ကောင်းကင်နှင့်မြေကြီး သက်ရောက်မှုကို အာရုံစိုက်ထားကာ ခွန်အားကို လျှော့ချရန် ဆေးသန့်စင်သည့် လုပ်ငန်းစဉ်တွင် ဤသုံးချောင်းထောက်ကို မှီခိုရန်လုံလောက်သည်။