← Chapters

ကမ္ဘာ့နံပါတ် ၁ ဒယ်စောက်

Vol. 60 Ch. 1189

ကမ္ဘာ့နံပါတ် ၁ ဒယ်စောက်

Vol. 60 Ch. 1189

“ဒါ ဒါ.. ဒါက ဒဏ္ဍာရီဝင် ကြယ် ၉ ပွင့်ဒယ်စောက်လား” ပွဲကြည့်စင်တွင် ပင်မတိုက်ကြီးအဂ္ဂိရတ်အစည်းအရုံး၏ ဥက္ကဌချောင်ရှန့်တစ်ယောက်သာ မှတ်မိ လေသည်။ ၎င်းကို 'ဂူတန့်လု' တွင်မှတ်တမ်းတင်ထားသည်။ ကြယ် ၉ ပွင့် ဒယ်စောက်သည် ဒဏ္ဍာရီဟု မူလကတွေးထင်ထားသော်လည်း မြင်တွေ့ရ လောက်အောင် ကံကောင်းလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

“မိုးနတ်မင်းရေ တကယ်ပဲ ကျို့ရှင်းတင်းပဲ”

ပွဲကြည့်စင်တစ်ခုလုံး ဆူပွက်သွားသည်။ ထင်ရှားစွာပင် ထိုလူများသည် သုံးချောင်းထောက်ပေါ်မှ ကြယ် ၉ ပွင့်ကိုလည်းမြင်နေရသည်။ ရှေးခေတ်များ စီက ကြယ် ၉ ပွင့်ဒယ်စောက်ကို ဝိညာဉ်နတ်ဘုရား၏ပုလ္လင်အောက်တွင် ပထမ ဆုံးအဂ္ဂိရတ်ပညာရှင်မှ အသုံးပြုခဲ့သည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် မနေနိုင်တော့ဘဲ ရှေ့တစ်လှမ်းတိုး ကြည့်ကာ သုံးချောင်းထောင့်ကိုပတ်ကာ သေချာဂရုစိုက်ကြည့်လေသည်။ သူမ ၏ အပြုအမူသည် ကျူလင်းကို အလွန်ကျေနပ်စေသည်။ သူသည် အနည်းငယ် ထောင်လွှားမိသလိုပင်။ ထောင်လွှားမှုသည် သူ၏အကျင့်စရိုက်တစ်စိတ်တစ် ပိုင်းဖြစ်သည်ကို သူ၏လှုပ်ရှားမှုတိုင်း သူ၏မျက်လုံးထဲမှအကြည့်ထဲတွင် မြင် နိုင်လေသည်။

“တောင်းပန်ပါတယ် ဒီကြယ် ၉ ပွင့် ဒယ်စောက် မင်းကို ကျော်သွားတော့ မှာ” ကျူလင်း၏ ချောမောသောမျက်နှာမှာ ဖုံးဖိမရသော ဂုဏ်ယူမှုကိုပြသနေ သည်။

ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်မှာ ပေါက်ကွဲ ထွက်မတတ်ဖြစ်တော့မည်ကို သူ မသိပေ။ အမြဲတမ်းထောင်လွှားနေတတ် သော ရှောင်တင်းသည် ထိုအချိန်တွင် စိတ်ထဲမှအားရပါးရ အော်ဟစ်နေလေ သည် “ငါ့ကိုထွက်ခွင့်ပေး သခင်၊ ငါ့ကိုထုတ်ပေး၊ ဟင်း ကျို့ရှင်းတင်း ဒီနတ် ဘုရားရှေ့မှာ လာအော်ရဲနေသေးတယ်၊ ဘယ်ဟာကမ္ဘာ့အကောင်းဆုံး ဒယ်စောက်လဲဆိုတာကို သိအောင်ပြပေးလိုက်ဦးမယ်”

ကဲ ကြည့်ကြဦး ဒီမှော်သားရဲနဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တွေက တစ်ကောင်ပြီးတစ်ကောင် ပိုပိုပြီး မောက်မာလာပြီ။ သူတို့တွေ ဒါကို ဘယ်က သင်လာတာလဲ။ ကျောင်းအုပ်နဲ့ သခင်လေးလို့ပြောတော့ သူက သခင့်ရဲ့ မြေး မို့လို့လား။

ပေထင်းဟွမ်သည် သုံးချောင်းထောင့်၏ တည်ဆောက်ပုံနှင့် ဒီဇိုင်းကို သေချာကြည့်ကာ မေးစေ့ကိုထိုင်ပြီး ကျေနပ်စွာနှင့် မတ်တတ်ရပ်နေသည်။ သူမ၏ ဆောင်းတွင်းညရှိ ကြယ်များကဲ့သို့လင်းနေသည့် မည်းနက်သော မျက်လုံးများသည် အလွန်ထူးဆန်းသောအလင်းနှင့်အတူ တောက်ပနေသည်။ အကြောင်းအရင်းတချို့ကြောင့် ကျူလင်းပင်လျှင် သူမကို ထိုအတိုင်းမြင်ရချိန် တွင် ပေထင်းဟွမ် ဘာမှမလုပ်သည့်တိုင်အောင် ကြောက်လန့်သွားစေသည်။

သူ ဘာလုပ်ချင်သေးလဲ။ သူ့မှာ ကမ္ဘာ့နံပါတ် ၁ ရွှေရောင် သားရဲ လေးကောင် သုံးချောင်းထောက်ရှိနေလို့လား။ ဟာသတစ်ခုပင်။ ရွှေရောင် သားရြလေးကောင်ဒယ်စောက်သည် နတ်မိစ္ဆာဧကရီ ကျဆုံးသည့်အချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။ သူ ရွှေရောင်သားရဲလေးကောင်ဒယ်စောက်ကို ရှာ တွေ့လျှင်တောင် ဤကဲ့သို့ရတနာမျိုးသည် ဝိညာဉ်အသိဉာဏ်ကို ဖွင့်နိုင်ပြီဖြစ် ရာ စာချုပ်တည်ထောင်ချင်သူတိုင်း လုပ်နိုင်သည့်အရာမဟုတ်ပေ။

ပေထင်းဟွမ် မထုတ်လျှင် အကောင်းဆုံးဖြုစ်သည်။ မဟုတ်လျှင် ဤဆေးပင်များကို သန့်စင်ရန် ရွှေရောင်သားရဲလေးကောင်ဒယ်စောက်ကို အသုံးပြုလျှင် ဖြုန်းတီးခြင်းပင်ဖြစ်သည်။ မီးရှိသည်မရှိသည်က အသေးအဖွဲ့ ကိစ္စပင်ဖြစ်သည်။ အဆုံးသတ်တွင် ရွှေရောင်သားရဲလေးကောင်ဒယ်စောက် ဒေါသကြောင့် ပေါက်ကွဲလျှင် သူမပါ ပါဝင်ပတ်သက်တော့မည်ဖြစ်သည်။

ပေထင်းဟွမ်သည် ကြယ် ၉ ပွင့်ဒယ်စောက်ဆီမှထွက်လာကာ သူမ၏ နေရာသို့ပြန်လာလိုက်သည်။ အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ် နောက်လိုက်လာကြ ဤပွဲတွင် ပေထင်းဟွမ် အနိုင်ပိုင်းနိုင်မည်လားဆိုသည်ကို ကြည့်ချင်နေကြသည်။

လေထဲတွင်လွင့်နေသော အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ် ၏ ဝတ်ရုံရှိ နှင်းပင့်ကူပန်း ၉ လွှာသည် တောက်ပနေပြီး ဆံပင်ရှည်သည် လေနှင့်အတူလွင့်ပါနေသည်။ အားလုံးသည် သူ၏မျက်လုံးထဲမှ တောက်ပမှု၊ ရွှေရောင်အလင်းဖျော့ကိုမြင်နေရသည်။ သူ့လက်မြှောက်သည်နှင့် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည့်လက်သည် စာမေးပွဲ စားပွဲကိုထိလိုက်သည်နှင့် ထူးခြားသောသုံးချောင်းထောက်သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။

၎င်းသည် ကျို့ရှင်းတင်းကဲ့သို့ ရွှေရောင်အလင်းမရှိဘဲ ငွေရောင်အခဲလိုက် ဖြစ်သော်လည်း မိုလိတို့ထုတ်ထားသော သုံးချောင်းထောက်ထက် အဆင့်မြင့် လေသည်။ ၎င်းတွင် မီးတောက်ထွက်ရာအပိုင်းမရှိ၊ အဖုံးမရှိပေ။ သံတုံးကြီးနှင့် ကွဲပြားသည့်တစ်ခုတည်းသောအချက်မှာ ခြေထောက်လေးချောင်းရှိပြီး မြေပေါ်တွင် ရပ်နိုင်ခြင်းဖြစ်သည်။

ပေထင်းဟွမ်ကိုယ်တိုင်ပင် အံ့ဩသွားလေသည်။ ဒီရွှေရောင်သားရဲ လေးကောင်သုံးချောင်းထောက်က ဘာလို့ ဒီလောက်ရုပ်ဆိုးသွားတာလဲ။ တစ်ခု တည်းသော ရှင်းပြချက်မှာ ဤကောင် ရှောင်တင်းသည် ပြန်၍ထပ်မံမောက်မာ နေခြင်းပင်။

All Chapters