မင်းကအတော်ဆုံးပဲ မင်းတို့မိသားစုတစ်ခုလုံးက အတော်ဆုံးပဲ
Vol. 60 Ch. 1190
“ဒါ ဒါက ဒါကဘာလဲ...” ရန်ကျူလင်းသည် နီးကပ်လွန်းရာ ရှောင်တင်း ဆီသို့လျှောက်သွားပြီး နှစ်ပတ်ပတ်လိုက်သော်လည်း ထိုအရာမှာ မည်သည့် အရာဖြစ်သည်ကိုမသိသေးပေ။
ပေထင်းဟွမ်သည် ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ ဒါ အရှက်ခွဲ တာမဟုတ်ဘူးလား။ သူမသည် လက်မြှောက်ပြီး နဖူးကိုရိုက်လိုက်သည်။ သူမ သည် ပွဲကြည့်စင်မှ ဆွေးနွေးချက်များကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ သူမ၏ စွမ်းအားကြောင့်သာမဟုတ်လျှင် ထိုလူများသည် ကျယ်လောင်စွာ ရယ်မောကြမည်ဖြစ်သည်။
ရှောင်တင်းသည် ကလေးဆန်သည်။ သူ့ကို နောက်ကျမှထုတ်လိုက် သဖြင့် ထိုသို့လုပ်ခြင်းပင်။ သူ ဘာလို့ အဲလောက်စိတ်တိုတတ်ရတာလဲ။
ထိုအချိန်တွင် ရှောင်တင်းသည် အသိစိတ်ပင်လယ်ထဲမှ ကျူလင်းကို အော်ပြောနေလေသည် “ရှောင်မြန့် ရှောင်ယဲ့ကဘာလဲဆိုတာကို ဘယ်လို တောင်ပြောရဲတာလဲ မင်းက အကောင်းဆုံးပါ မင်းတို့တစ်မိသားစုလုံးက အကောင်းဆုံးပဲ”
ပေထင်းဟွမ်သည် တကယ်ပင် ပြောချင်မိသည်။ မင်းဘာသာမင်း ဒီလို သံတုံးဖြစ်အောင်လုပ်ထားတာ၊ ဒယ်စောက်ပုံစံတောင်မရှိဘဲနဲ့ မင်းက အကောင်းဆုံးပါဆိုတာကို ဘယ်လိုမြင်အောင်ပြမလဲ။ သို့သော် ပေထင်းဟွမ် သည် သူ သေအောင်ရိုက်လျှင်တောင် ထိုစကားကိုမပြောရဲပေ။ ဤကောင်လေး ဒေါသထွက်လျှင် ငိုယိုပြီး ပြဿနာရှာကာ ပြိုင်ပွဲရှုံးအောင်လုပ်ပစ်လိုက်နိုင် သည်။ သူ့ကို ရန်သွားမစရဲပေ။
ထိုအရာကို မည်သူမှ မမှတ်မိကြပေ။ အတန်ကြာအောင်ကြည့်ပြီးနောက် ကျူလင်းပင် မသိတော့ပေ။ သို့သော် ပွဲကြည့်စင်တွင် အားလုံးသည် သံတုံး ကြောင့် ထိတ်လန့်နေပြီးမှ နာမည်ကိုမြင်သောအခါ အနည်းငယ် စိတ်မရှည်ဖြစ် ကာ လေသံဖြင့် ပြောကြလေသည်။ ထိုလေသံများသည် ပိုပို၍ကျယ်လောင်လာ သည်။
လူအများအပြားသည် အနည်းငယ် မကျေမနပ်ဖြစ်နေကာ သူတို့ လှည့်စားခံရသလို ခံစားလာရသည်။
“သခင်ပေထင်းဟွမ်မှာ ဆေးဖိုလည်းမရှိဘူး၊ ဒီဟာက ရယ်လည်းမရယ်ရ ဘူး”
“မနေ့က ဆေးဖိုက ကျို့ရှင်းတင်းလောက် မကောင်းပေမဲ့ အနည်းဆုံး တော့ ဒီသံတုံးထက် သန်မာပါသေးတယ်”
“ဟုတ်တယ် အနည်းဆုံးတော့ ဒီသံတုံးထက် သန်မာသေးတယ်”
“ဟား ဟား ငါ ဒီနေ့ ဗဟုသုတတွေရလိုက်ပြီ၊ ပင်မတိုက်ကြီးက အထင်ကရဆေးဖိုက ဒီလိုပုံစံဖြစ်နေတာကိုး” ကွမ်ယန်းသည် နောက်ဆုံးတွင် အခဲမကျေမှုများ မှုတ်ထုတ်လိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒီဆေးဖိုက သူ့ဘာသာ အသွင်ပြောင်းနိုင်တယ်လို့တော့မပြောနဲ့နော်၊ အဲလိုဆိုရင် မှော်လက်နက်ဖြစ်သွားပြီ” လုကျီသည်လည်း သံတုံးမှ သူမကို ကူညီနေသဖြင့် အသံပြောင်းသည်အထိ ရယ်မောလေသည်။
ပေထင်းဟွမ်သည် ရှက်လာသဖြင့် ရှောင်တင်းကို ဝိညာဉ်အသိစိတ် ပင်လယ်မှပြောလိုက်လေသည် “မင်းက ကမ္ဘာပေါ်မှာအကောင်းဆုံးဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပါးစပ်နဲ့ပြောလို့မရဘူး မင်းရဲ့ခွန်အားကို မှီခိုရမယ်၊ အချိန်က လူတွေ ငါ့ကိုအထင်သေးတာကို ပြသွားလိမ့်မယ် ငါလည်း မတတ်နိုင် ဘူး”
ကလေးသည် ကလေးပီသသည်။ ပေထင်းဟွမ်၏ စကားများကိုကြား ပြီးနောက် သူ နှာမှုတ်လေသည် “ငါ့ရဲ့ စစ်မှန်တဲ့အရည်အချင်းတွေကို သူတို့ကို ပြောပြလိုက်”
ထိုအချိန်တွင် အားလုံး၏မျက်လုံးထဲရှိ တန်ဖိုးမရှိသောသံတုံးသည် ရုတ်တရက် ရိုးရှင်းသော ရောင်ဝါထုတ်လွှတ်လေသည်။ ကျို့ရှင်းတင်းနှင့်ယှဉ် လျှင် ထိုရောင်ဝါသည် အဆပေါင်းများစွာ သန်မာလေသည်။ ထိုမှထွက်လာ သည့်ရောင်ဝါသည် ရုတ်တရက် ရပ်တန့်သွားပြီး အသံများရပ်တန့်သွားကာ ဒယ်စောက်လေးကိုကြည့်နေကြသည့်မျက်လုံးများသည် ထွက်ကျလာမတတ် ပင်။
ကျူလင်းသည် ထိုရောင်ဝါကြောင့် ထိတ်လန့်သွားရပြီး နောက်ဆုတ်မိ လေသည်။ သူ့မျက်လုံးထဲတွင် ကြောက်လန့်သောအကြည့်တစ်ခုပေါ်လာပြီး မျက်စိရှေ့မှ သံတုံး တဖြည်းဖြည်းပုံစံပြောင်းလာသည်ကို မယုံနိုင်စွာဖြင့် စောင့်ကြည့်နေလေသည်။
သုံးချောင်းထောက်သည် မည်းနက်ပြီး သစ်စေးစွဲနေသည်။ ကိုယ်ထည်ကို ရိုးရှင်းသော်လည်း ရှုပ်ထွေးသောပုံစံများဖြင့် ထွင်းထုထားသည်။ သုံးချောင်း ထောက်၏ကိုယ်ထည်အောက်တွင် ထူထဲသောထောက်လေးထောက်ရှိပြီး ၎င်း တို့အပေါ်တွင် ရှေးဟောင်းဒဏ္ဍာရီလာသားရဲပုံစံထွင်းထုထားသည်။
“အ..အဖြိုက်နက်ရွှေသားရဲလေးကောင်” သူသည် ထိုစကားအနည်းငယ် ကိုသာ ပြောနိုင်လေသည်။ သူ၏ကိုယ်တိုင်မျက်လုံးနှင့်သာ မတွေ့ရလျှင် ကျူလင်းသည် ယုံကြည်မည်မဟုတ်ပေ။ အဖြိုက်နက်ရွှေသားရဲလေးကောင် ဆိုသည်မှာ မမှားနိုင်ပေ။ ကျူလင်းသည် သက်ပြင်းကြီးချလိုက်သည်။ သူသည် ဤဖိအားကို ခံနိုင်ရည်မရှိတော့သလို ခံစားရလေသည်။