အဖြိုက်နက်ရွှေသားရဲလေးကောင် သုံချောင်းထောက် ဆေးဖိုကို ဘယ်သူမှ မဆွဲဆောင်နိုင်ဘူး
Vol. 60 Ch. 1191
အဖြိုက်နက်ရွှေ၊ ၎င်းသည် ကောင်းကင်ပေါ်မှ ဥက္ကာခဲဟုဆိုကြသည်။ ကြယ်ရောင်စကြာဝဠာတွင် အကြိမ်ပေါင်းမည်မျှ လှည့်ပတ်နေခဲ့သည်ကို မသိ တော့ပေ။ နောက်ဆုံးတွင် ဖန်ဆင်းရေးနတ်ဘုရား ကမ္ဘာမြေကြီး၏မိခင်ရသွား ကာ ဒယ်စောက်အဖြစ် သွန်းလောင်းရန် ဖန်ဆင်းရေးစွမ်းအားကို အသုံးပြုခဲ့ သည်။ ရှေးဟောင်းသားရဲလေးကောင်သည် နတ်မိစ္ဆာဝိညာဉ်ခန်းမ၏ အစောင့် အရှောက်လေးဦးဟုဆိုကြသည်။ ဤအချိန်တွင် ကျူလင်း၏မျက်လုံးထဲတွင် ချင်းလုံ၊ ပိုင်ဟူ၊ စုဇကူနှင့်ရွှမ်ဝူအစရှိသည့် အစောင့်အရှောက်နတ်ဘုရား လေးဦးကိုမြင်လိုက်ရ၏။
၎င်းသည် အဖြိုက်နက်ရွှေသားရဲလေးကောင် သုံးချောင်းထောက်ဖြစ်၏။ ဟုတ်သည် အဖြိုက်နက်ရွှေသားရဲလေးကောင် သုံးချောင်းထောက်ပင်။
အဖြိုက်နက်ရွှေသားရဲလေးကောင်သည် ကမ္ဘာမြေကြီး၏မိခင်သုံးခဲ့သော ဆေးဖိုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးသုံးချောင်းထောက်ဖြစ်သည်။ ဤ ဆေးဖိုသည် ကမ္ဘာမြေကြီး၏မိခင် ထွင်းထုထားသော အမြင့်ဆုံးဖွဲ့စည်းမှုဟု ဆိုကြသည်။ ဒယ်စောက်မှပိုင်ရှင်ကို အသိအမှတ်ပြုလိုက်ပါက ပိုင်ရှင်မှ ၎င်းကို သန့်စင်ချိန်တွင် ဆေးပစ္စည်းများ အရည်အသွေးပြည့်မှီသည်နှင့် ဆေးအဆင့် သည် တစ်ဆင့်ပိုမြင့်သွားနိုင်သည်။ ပြောရမည်ဆိုလျှင် ပေထင်းဟွမ်သည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး အဆင့် ၆ ဆေးပစ္စည်းများကိုသုံးပြီး အဆင့် ၆ ဆေးသန့်စင်မည်ဆိုပါက သူမ၏မီးတောက်မှာ သာမန်ကောင်းကင်မီးဆိုလျှင် တောင်ဖြစ်နိုင်သည်။
ထို့အပြင် ပေထင်းဟွမ်၏မီးတောက်သည် ကောင်းကင်နှင့်မြေကြီး၏ မီး ကိုးရောင်နိဗ္ဗာန်မီးဖြစ်သည်။ သူမသည် လက်ရှိတွင် ကောင်းကင်အဆင့်သာ ဖြစ်သော်လည်း နတ်ဘုရားအဆင့်ဆေး၊ နယ်ရှင်အဆင့်ဆေးကိုပင် အလွယ်တကူ သန့်စင်နိုင်လေသည်။
အဖြိုက်နက်ရွှေဟုကြားသည်နှင့် ပွဲကြည့်စင်မှလူများအားလုံး မတ်တတ် ထရပ်ကြလေသည်။ အဖြိုက်နက်ရွှေသးရဲလေးကောင်ဒယ်စောက်သည် ပင်မ တိုက်ကြီးတစ်ခုလုံးတွင် လျှို့ဝှက်ချက်တော့မဟုတ်ပေ။ နှစ်ပေါင်းထောင်ချီ တွင် လက်ပေါင်းမည်မျှပြောင်းခဲ့သည်တော့မသိပေ၊ သို့သော် မည်သည့် အဂ္ဂိရတ်ပညာရှင်မှ မဆွဲဆောင်နိုင်ပေ။ အခြေခံကျကျပြောရလျှင် အားလုံး သည် ၎င်းကိုစိတ်မဝင်စားကြပေ။ သို့သော် သူသည် ဒဏ္ဍာရီဝင်ဒယ်စောက် မဟုတ်ဟု မဆိုလိုပေ။
ကွမ်ယန်းသည် ထိုင်နေရာမှ ထခုန်မိကာ တွေဝေခြင်းမရှိပြောလေသည် “အဖြိုက်နက်ရွှေသားရဲလေးကောင် ဒယ်စေက်လာ၊ ကမ္ဘာမြေကြီးမိခင်သုံးခဲ့တဲ့ ဒယ်စောက်လေ”
“မိုးနတ်မင်းရေ တစ်ခုခုများလွဲနေသလား၊ အဖြိုက်နက်ရွှေသားရဲလေး ကောင် ဒယ်စောက်က တကယ်ကြီး ပင်မတိုက်ကြီးမှာရှိနေတာလား” လုကျီ သည်လည်း အံ့ဩနေသည်။ သူမ၏သခင် အနောက်တောရိုင်း၏ မင်းသမီး ရှီဖုန်းသည် ၃၃ ကောင်းကင်ဘုံတွင် ရှာတွေ့ခဲ့ဖူးသည်။ နှစ်အနည်းငယ်အတွင်း တွင် နတ်မိစ္ဆာဧကရာဇ်သည် ပတ္တမြားကမ္ဘာကို ဖျက်ဆီးခဲ့ပြီး ၎င်းကို ပင်မတိုက် ကြီးတွင် ကျန်ထားခဲ့လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
“ငါ အဲကောင်ကို သတ်နိုင်ရင် အဖြိုက်နက်ရွှေသားရဲလေးကောင် ဒယ်စောက်ကိုယူမယ်၊ ပြန်သွားတဲ့အချိန်ကျရင် ကြင်ယာတော်မင်းသမီးက ငါ့ကို နောက်ခံကောင်းကောင်းပေးပြီး မိန်းမ လေးယောက်ထဲက တစ်ယောက် ဖြစ်အောင် ကူညီပေးမှာပဲ” လုကျီသည် တွေးနေလေ၏။
ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသား မင်ရှို့သည် နဂိုကတည်းကပင် နတ်မိစ္ဆာဧကရာဇ်၏ဇနီးသည် အနောက်တောရိုင်း၏ မင်းသမီးလေးဟွမ်ကျို့ နှင့် သွေးစာချုပ်ရှိထားခဲ့သည်။ သို့သော် မင်းသမီးလေးဟွမ်ကျို့ကို နတ်မိစ္ဆာ ဧကရာဇ်မှ ဖမ်းသွားခဲ့ပြီး အဆုံးတွင် နတ်မိစ္ဆာဧကရာဇ်ကို ဖိအားကြောင့် ထိမ်းမြားခဲ့ရသည်။
အနောက်တောရိုင်းမြေသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် ကတိကို မချိုးဖောက်ချင်ပေ။ ထို့ကြောင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏မင်းသားနှင့် အကြီးဆုံးမင်းသမီးရှီဖုန်းတို့ကို ကြင်ယာတော်အဖြစ် ထိမ်းမြားပေးခဲ့သည်။
“အရှင်က ဇနီးမယားလေးယာက် လက်ခံတယ်၊ စတုတ္ထမြောက်ဇနီးက မင်းသားကို အခွင့်မရှိဘဲဆွဲဆောင်ခဲ့လို့ ကြင်ယာတော်က ကွပ်မျက်ခဲ့တယ်၊ အဲတော့ နေရာတစ်ခုကျန်နေတယ်၊ မင်းသားက ဇနီးမယားလေးယောက်ယူရ လောက်အောင် ကံရှိတာပဲ၊ ငါက စတုတ္ထမြောက်ဇနီးဖြစ်လာရမယ်” လုကျီ သည် သူမဘာသာ တွေးနေလေသည် “အဖြိုက်နက်ရွှေသားရဲလေးကောင် ဒယ်စောက်က မင်းသမီးဟွမ်ကျို့ဟာပဲ၊ မင်းသမီးဟွမ်ကျို့ ကျဆုံးသွားတော့ နောက်ပိုင်ရှင်က မင်းသမီးရှီဖုန်းဖြစ်သင့်တယ်၊ ဒီငပိန်ကောင်က သူ့ရဲ့ မူလ ပိုင်ရှင်ကိုပြန်ပေးသင့်တယ်”
မင်ယန်တင်းသည် အဆင့် ၂၊ ဖူရှီတင်းသည် အဆင့် ၃ ဆိုလျှင် ကျူလင်း သည် ရင်ထုမိမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ပေထင်းဟွမ်မှ အဖြိုက်နက် ရွှေသားရဲလေးကောင်ဒယ်စောက်ကို ထုတ်လာရာ ကျူလင်းသည် အံ့ဩလွန်း သဖြင့် ရယ်ချင်မိတော့သည်။
စင်ပေါ်မှလူများသည် အဖြိုက်နက်ရွှေသားရဲလေးကောင် ဒယ်စောက်ကို မြင်သောအခါ သက်ပြင်းချကြသည်။ ထို့အပြင် အဖြိုက်နက်ရွှေသားရဲလေး ကောင်ဒယ်စောက်ကို မည်သူမှ မဆွဲဆောင်နိုင်သည်ကို ပင်မတိုက်ကြီးတစ်ခု လုံးမှ အဂ္ဂိရတ်ပညာရှင်များသိကြသည်။
ရှီမန်ပိုင်သည်လည်း သက်ပြင်းချလိုက်သည် “ငါ စောစောကသာသိရင် ငါ့ထျန်ကျီဒယ်စောက်ကို ရှောင်ကျို့အတွက် သုံးခဲ့ပါတယ်၊ ကျို့ရှင်းဒယ်စောက် လောက်မကောင်းပေမဲ့ ဒီအဖြိုက်နက်ရွှေသားရဲဒယ်စောက်ထက်တော့ သာ သေးတယ်”