← Chapters

ယိတင်းကျန့်ရှန်းဟယ် လား

Vol. 60 Ch. 1192

ယိတင်းကျန့်ရှန်းဟယ် လား

Vol. 60 Ch. 1192

မိုလိသည် ထိုသို့မထင်ပေ။ ရှောင်ကျို့သည် ဤမျှတုံးအသည့်သူမဟုတ် ပေ။ ရှောင်ကျို့သည် ဒယ်စောက်ကိုအဆိုပြုသဖြင့် သူခေါင်းခါမိသည် “နှစ်ပေါင်းတစ်သောင်းမှာ အမြင့်ဆုံးသားရဲထိန်းဆိုတာမရှိခဲ့ဘူ ဒါပေမဲ့ ရှောင်ကျို့ လုပ်နိုင်ခဲ့တယ်၊ ဖြစ်နိုင်တာက ဒီဒယ်စောက်က တခြားသူတွေ မဆွဲဆောင်နိုင်ပေမဲ့ ရှောင်ကျို့ ဆွဲဆောင်နိုင်ခဲ့တာပဲ”

ထိုအခိုက်အတန့်တွင် မြေကြီးကို လှုပ်ခါစေနိုင်သည့် ထောင်လွှားသော ရယ်သံတစ်ခုသည် စင်ပေါ်၌လွင့်ပျံလပြီး ကျူလင်း၏အသံသည် အားလုံး၏ နားထဲသို့ ရောက်သွားလေသည် “ပေထင်းဟွမ် ဒီတစ်ပွဲမှာ မင်း ရှုံးမှာကို စိုးရိမ် နေပြီ၊ မင်း ဒီဒယ်စောက်ကို မထိန်းချုပ်နိုင်တာ သိသာနေတာပဲ အဖြိုက်နက် ရွှေသားရဲလေးကောင် ဒယ်စောက်က ကမ္ဘာပေါ်မှာ နံပါတ် ၁၊ ကမ္ဘာမြေကြီး မိခင်ရဲ့ ဒယ်စောက်ပဲ၊ နှစ်ပေါင်းသောင်းချီမှာ နတ်မိစ္ဆာဧကရာဇ်ရဲ့ ဇနီးတစ် ယောက်ပဲ ပိုင်ရှင်လို့ကြားဖူးတယ်၊ သူက မင်းကို သုံးခိုင်းတယ်ဆိုတာ မဖြစ်နိုင် ဘူး”

ပေထင်းဟွမ်သည် လက်ပိုက်ရပ်နေသည်။ သူမသည် ပခုံးတွန့်ပြီး မျက်ခုံး များကို ပင့်လိုက်သည် “ဘာလို့ အဲလိုမြင်တာလဲ၊ ကျွန်တော်က သူ့ကို မဆွဲဆောင်နိုင်ဘူးလို့ ဘာလို့ထင်တာလဲ”

သူမ မဆွဲဆောင်နိုင်လျှင်တောင် ရှောင်တင်သည် သူမအား သခင်အဖြစ် အသိအမှတ်ပြုပြီးသားဖြစ်သည်။ ပေထင်းဟွမ်သာ ရှောင်တင်းကို ထိန်းချုပ်ရ မည်ဆိုပါက ရှောင်တင်းသည် နာခံမည်ဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် ထိုအရာများကို စိတ်ရှုပ်ခံပြီးမလုပ်ပေ။

ထိုအချိန်တွင် သူမသည် ရှောင်တင်းနှင့် စိတ်ထဲမှ ဆက်သွယ်မိသည် “ကြည့်လေ ဒါက မင်းလိုချင်တဲ့သက်ရောက်မှုမလား၊ တိုက်ကြီးတစ်ခုလုံးကို မင်းက ငါ့အမိန့်ကို မနာခံပါဘူးလို့ သိစေချင်တာလေ”

ရှောင်တင်းသည် ဒေါသထွက်လွန်းသဖြင့် ထခုန်မတတ်ပင် “ဘယ်သူ ပြောတာလဲ၊ ဘယ်သူပြောတာလဲ၊ သခင် မင်းကို ပြောမယ် တကယ်တော့ အဂ္ဂိရတ်ပညာအပြင် တိုက်ခိုက်ဖို့ လက်နက်အဖြစ်သုံးဖို့ ငါ့မှာအရည်အချင်းရှိပါ သေးတယ်၊ ယိတင်းမြို့တောင်နှင့်မြစ်တွေဆိုတာကို မင်း ကြားဖူးရဲ့လား”

“မကြားဖူးဘူး” ပေထင်းဟွမ်တွင် ရှေးပစ္စည်းနှင့် ကိုးရောင်နိဗ္ဗာန်မီးရှိနေ ပြီဖြစ်သည်။ သူမသည် ဆေးသန့်စင်သည့်ဒယ်စောက်ကို လက်နက်အဖြစ် သုံး ရန်အတွက် စိတ်မဝင်စားခဲ့ပေ။ သို့သော်ရှောင်တင်းသည် ထိုအရာကိုခွင့်မပြု ပေ။ “သခင် မင်း ငါ့ကိုစိတ်နဲ့ထိန်းချုပ်လိုက်၊ ငါ့ကို အဲလူရဲ့ခေါင်းပေါ်တင်လိုက် သူလက်ခံမလားလို့ကြည့်တာပေါ့”

အဲလိုရှိသေးတာလား

ပေထင်းဟွမ်သည် အမှန်တကယ်ပင် ရှောင်တင်းအား ဝိညာဉ်ခွန်အားနှင့် ရစ်ပတ်ကာ သူ့ကိုမြှောက်ပြီး ကျူလင်း၏ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ ထို လှုပ်ရှားမှုသည် ချက်ချင်းပင် ရင်ပြင်အတွင်းအပြင်မှ လူအားလုံးကို မှင်တက်သွားစေသည်။

ကျူလင်းသည် ပေထင်းဟွမ်အား ပြူးကျယ်သောမျက်လုံးများဖြင့် ကြည့် နေသည်။ အဖြိုက်နက်ရွှေသားရဲလေးကောင်ဒယ်စောက်သည် သူ့ကို အုပ်မိ တော့လုမတတ်ပင်။ တောင်တစ်လုံးစာ အလေးချိန်ရှိသောခံစားချက်သည် သူ့ ကို ဖိထားပြီး သူ၏မျက်နှာကိုပါ ပြောင်းသွားစေသည်။ ပေထင်းဟွမ်သည် ဤ ဒယ်စောက်ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။ မဟုတ်လျှင် သူသည် သေးငယ်သော ဒယ်စောက်ကို စိတ်နှင့်ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ဤဒယ်စောက်သည် သာမန်ဝိညာဉ်လက်နက်မဟုတ်ဘဲ လူသား အသွင် သို့ပြောင်းနိုင်သည့် ဝိညာဉ်အသိစိတ်ရှိသည့် အမြင့်ဆုံးလက်နက်ဖြစ်ကြောင်း ကို သိထားရမည်။ သခင်သာ မကျဆုံးပါက သူသည် ဝိညာဉ်အသိစိတ်ကို ပိတ် ပစ်ပြီး ပြန်နိုးထလာတော့မဟုတ်ပေ။

၎င်း၏မီးတောက်၊ ဆေးပစ္ဏည်းများဖြစ်စေ အဂ္ဂိရတ်ပညာရပ်ဖြစ်စေ ကျူလင်းသည် အပြီးအပိုင်ရှုံးနိမ့်သွားပြီဖြစ်သည်။ သူ့တွင် အနိုင်ရနိုင်ချေ အနည်းငယ်ရှိပါက ၎င်း၏ကျွမ်းကျင်မှုပင်ဖြစ်လိမ့်မည်။ သူမသည် စစ်မှန်သော နတ်ဘုရားဖြစ်ပြီး ဆေးပစ္စည်းများကို သန့်စင်ရန် နတ်စွမ်းအားကိုသုံးနိုင်သည်။ ပေထင်းဟွမ်သည် နတ်ဘုရားတစ်ပိုင်းရောက်နေပြီဖြစ်က သူမတွင် ဝိညာဉ် စွမ်းအင်သာရှိသည်။ ပေထင်းဟွမ်ရှုံးအောင် ဤနည်းလမ်းကို သုံးနိုင်သော် လည်း အနိုင်မရနိုင်ပေ။ အကယ်၍အနိုင်ရလျှင်တောင် ဤမျှအရှက်ကွဲမည် မဟုတ်ပေ။

ကျူလင်းသည် ပေထင်းဟွမ်ဆီသို့ ဦးညွှတ်ပြီးပြောလိုက်ရ၏ “သခင်ကြီး ပေထင်းဟွမ် ငါ ဒီပြိုင်ပွဲမှာရှုံးပါတယ်”

ထိုသို့ပြောပြီးနောက် ကျူလင်းသည် အနည်းငယ် သက်သာရာရသွားလေ သည်။ မည်သို့ပင်ဖြစ်စေကာမူ ရှုံးသွားသည်။ ပေထင်းဟွမ်၏ရင်ထဲတွင် မည်သို့ ပုံစံနှင့်ကျန်ရှိနေပါစေ သူသည် မထိန်းချုပ်နိုင်တော့ပေ။ ဝိညာဉ်ပြန်ခေါ်ဆေး ပင်ကိုတော့ အနာဂတ် အခွင့်အရေးရှိလျှင် တစ်နေရာရာတွင်ရှာသွားတော့ မည်။ မိခင်ဆုံးပါးသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ နောက်ထပ် နှစ် တစ်ရာစောင့်လိုက်လျှင်လည်း ပြဿနာမဟုတ်တော့ပေ။

All Chapters