ဝိညာဉ်ပြန်ခေါ်ဆေးပင် လက်ထဲရောက်လာပြီ
Vol. 60 Ch. 1194
သို့သော် ပေထင်းဟွမ်သည် ပဟေဠိဆန်စွာ ပြုံးလိုက်သည်။ သူမသည် ခေါင်းလှည့်ပြီး ပွဲကြည့်စင်မှ ရှီမန်ပိုင်နှင့်သားဖြစ်သူတို့ကို ကြည့်ပြီးနောက် ကျူလင်းဘက်သို့လှည့်ကာ ပြောလိုက်သည် “အဲအကြောင်းကို အခုပြောဖို့ စောလွန်းသေးတယ်၊ ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်ပြီးမှ ဒီအကြောင်းပြော ကြတာပေါ့”
လက်ထဲတွင် ဝိညာဉ်ပြန်ခေါ်ဆေးရှိမှ လက်ရှိ အပိုပြောသည်ထက်စာ လျှင် ပို၍အသုံးဝင်မည်ဖြစ်သည်။
ကျူလင်းသည် အရှုံးကိုဝန်ခံလိုက်သဖြင့် ပေထင်းဟွမ်သည် ဝိညာဉ်ပြန် ခေါ်ဆေးပင်ကို အနိုင်ရသွားပြီဖြစ်သည်။ လက်ရှိတွင် ထိုဝိညာဉ်ပြန်ခေါ်ဆေး ပင်ကို ပေထင်းဟွမ် ရသွားပြီဆို ပြောနိုင်ပြီဖြစ်သည်။
သေချာပေါက်ပင် အဂ္ဂိရတ်အစည်းအရုံးသည် ပျော်ရွှင်စွာနှင့် ထောက်ခံ ပေးသည်။ ပေထင်းဟွမ် အဂ္ဂိပညာမစခင်မှာပင် ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို ပေးလိုက်ပြီဖြစ်ပြီး ဝိညာဉ်ပြန်ခေါ်ဆေးကို ထိုနေရာတွင် သန့်စင်သည်ကို မြင် ရန်မျှော်လင့်နေကြသည်။
ဝိညာဉ်ပြန်ခေါ်ဆေးကို ကြားသာကြားဖူးကြကာ မည်သူမှ မမြင်ဖူးကြ ပေ။
ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို သယ်လာချိန်တွင် ပေထင်းဟွမ်သည် ထူးခြား သော သေတ္တာကိုဖွင့်လိုက်ရာ အထဲတွင် ငွေရောင်ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို မြင်လိုက်ရလေသည်။ နေရောင်အောက်တွင် ငွေရောင်အလင်းခပ်ဖျော့ဖျော့ ထွက်နေကာ ထူးဆန်းသောရနံ့ထွက်နေလေသည်။ အနံ့ထွက်လာသည်နှင့် ပေထင်းဟွမ်သည် ရှူသွင်းလိုက်သည်။ ထိုအချိန်တွင် သူမ၏ ခံစားချက်သည် ဝိညာည်ပြန်ခေါ်ဆေးပင်ကို စမ်းသပ်သည့် ကျူလင်းထက်မလျော့ပေ။
“ဟုတ်တယ် ဒါက ဝိညာဉ်ပြန်ခေါ်ဆေးပင်ပဲ” ကျူလင်းပြောပြီးနောက် တွင် စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ပေထင်းဟွမ်အား ကြည့်လေသည် “အဲလိုဆိုရင် ငါ မင်းရဲ့ ဝိညာဉ်ပြန်ခေါ်ဆေးကို စောင့်လိုက်ပါ မယ်”
ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို လက်ထဲတွင်ကိုင်ပြီး ဆံပင်ရှည်ကြီးသည် လေနှင့်အတူလွင့်ပါနေသည်။ ပေထင်းဟွမ်သည် စင်ပေါ်တွင် တစ်ယောက် တည်း ရပ်ပြီး အားပေးသံများ၊ အော်ဟစ်သံများသည် ဒီရေအလား ဝန်းရံလေ သည်။ အသံသည် ကျယ်လောင်လွန်းကာ ဤသို့အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
ပေထင်းဟွမ်သည် ရယ်မောမိတော့သည်။ မူလက သူမသည် ဝိညာဉ် ပြန်ခေါ်ဆေးပင်ကိုသာ လိုချင်ခဲ့သည်။ မည်သို့မည်ပုံရစေကာမူ သူ့အတွက် မထူးခြားပေ။
ယခု ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို လက်ထဲတွင်ကိုင်ထားရချေပြီ။ အဂူး ပြောသလိုပင် သူမတွင် အစမရှိနွယ်ပင်၏သစ်ရွက်ရှိသရွေ့ ဝိညာဉ်ပြန်ခေါ် ဆေးကို သန့်စင်နိုင်မည်ဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် အလွန်ပင် စိတ် လှုပ်ရှားလျက်ရှိနေတုန်းပင်။ အစမရှိနွယ်ပင်၏သစ်ရွက်နှစ်ခုရှိနေသေးသည်မှာ ထင်ရှားလှသည်။ သို့သော် ဝိညာဉ်ပြန်ခေါ်ဆေးပင်မှာ တစ်ခုသာရှိသည်။ တစ်ခုခုလွဲချော်သွားလျှင် မည်သည့်အချိန်မှ ပြန်ရတော့မည်ကိုမသိတော့ပေ။
သူသာ ဝိညာဉ်ပြန်ခေါ်ဆေးကို မသန့်စင်နိုင်လျှင် အမှောင်နတ်မိစ္ဆာဘုံသို့ သွားချိန်တွင် စိတ်မအေးနိုင်ပေ။
တုန်ယင်နေသောလက်များဖြင့် ဘရိုကိတ်သေတ္တာထဲမှ ဝိညာဉ်ပြန်ခေါ် ဆေးပင်ကို ထုတ်လိုက်သည်။ ပေထင်းဟွမ်တွင် ဇာမဏီအမြီးပန်းတစ်ခုသာ ကျန်တော့ကာ နေရာထဲမှ တခြားဆေးပင်များအားလုံးကို ထုတ်လိုက်သည်။ ထိုအရာကိုကြည့်ပြီး အားလုံးသည် မအံ့ဩဘဲမနေနိုင်တော့ပေ။ ဝိညာဉ်ပြန်ခေါ် ဆေးကို မည်သူမှ မသန့်စင်ဖူးသော်လည်း ပုံသေနည်းကိုတော့သိကြသည်။ ဝိညာဉ်ပြန်ခေါ်ဆေးပင်နှင့် တခြားနတ်ဆေးပင်နှစ်ခုရှိလျှင် သန့်စင်နိုင်သည်။
သခင်ပေထင်းဟွမ်သည် ဝိညာဉ်ပြန်ခေါ်ဆေးကို ဇာမဏီပန်း၊ ဝိညာဉ် ပြန်ခေါ်ဆေးပင် နှစ်ခုတည်းနှင့် သန့်စင်ရန် ထူးခြားသည့်နည်းလမ်းကို ရှာချင် နေသည်လား။
လက်ချောင်းအရွယ်အစားရှိပြီး ကြည်လင်နေကာ ကောင်းကင်နှင့် မြေကြီး၏ အာကောင်းသောလေရှိသည့် အစမရှိနွယ်ပင် အပိုင်းအစကိုထုတ် လိုက်သည်နှင့် ပွဲကြည့်စင်မှလူအားလုံး ခံစားမိကြလေသည်။ နဂါးဝိညာဉ် ဆေး ပင်သည် အရေးမဟုတ်တော့သလို ဇာမဏီပန်းသည်လည်း ဘာမှမဟုတ်တော့ သလိုပင်။ လက်ချောင်းအရွယ်အစားရှိသည့် အစမရှိနွယ်သစ်ရွက်သည် ထူးခြား သည့် အရာတစ်ခုပင်။
“ဒါ ဒါ.. ဒါက ဘာလဲ” ကျူလင်းသည် ဤသစ်ရွက်ကို တစ်နေရာရာတွင် မြင်ဖူးသလိုရှိကာ သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များပေါ်လာ တော့သည်။ သူ၏ဖခင်စုဆောင်းထားသော ပုံရိပ်ကိုပြန်တွေးလိုက်ချိန်တွင် ရပ်တန့်သွးသည်။ သူသည် အစမရှိနွယ်ပင်၏သစ်ရွက်ကို မြင်ဖူးသည်ကိုသိ၏။ သို့သော် သူ ပြောမရပေ။
အစမရှိနွယ်ပင်၏သစ်ရွက်ကိုကြည့်ပြီး ကျူလင်းသည် စိတ်အေးသွား၏။ သူသည်လည်း စိတ်ထဲတွင်သက်ပြင်းချလိုက်သည်။ ပေထင်းဟွမ်တွင် ကောင်းကင်နှင့်မြေကြီးရတနာရှိနေသေးသည်။
တခြားသူများသည် ပေထင်းဟွမ်၏ ကြီးမားသော ဆေးပစ္စည်းစုဆောင်း မှုကို မြင်ကြလိမ့်မည်။ ထိုအချိန်တွင် ပေထင်းဟွမ် မည်သည့်အရာကို ထုတ်လာ စေကာမူ မအံ့ဩစေတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ည် ပေထင်းဟွမ် ထုတ်လာသည့် ဆေးပင်ကို မမြင်ဖူးကြပေ။ ယခုအခါ လက်ချောင်း အရွယ်အစားရှိသည့် သစ်ရွက်တစ်ခုကိုထုတ်လာပြန်သည်။ ထူးဆန်းစရာ မည်သို့ရှိတော့မည်နည်း။