ချောင်းမြောင်းတိုက်ခိုက်ခြင်း ရွှေလှံတံ
Vol. 60 Ch. 1196
ပေထင်းဟွမ် အထဲသို့ကြည့်လိုက်လျှင် ထိုပိုးအိမ်မှာ ရွှေရောင်ခပ်ဖျော့ ဖျော့ရှိသည်ကို တွေ့မည်ဖြစ်၏။ ရွှေရောင်အလင်းသည် နတ်အဆင့်မှသာ တွေ့ နိုင်ခြင်းဖြစ်သည်။ သူမ၏ခန္ဓာကိုယ်ထဲမှစွမ်းအင်သည် ဤကဲ့သို့အခြေအနေမှာ ပင် နတ်အဆင့်ကျွမ်းကျင်သူများ၌သာရှိနိုင်သည့် ရွှေရောင်ဆေးကို ပြုလုပ်နိုင် သည်အထိ ပြောင်းလဲနေသည်။
ပေထင်းဟွမ်၏ နဖူးတွင် ချွေးများသီနေပြီး မျက်နှာသည် ဖြူဖျော့နေ သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး သည်တစ်ကြိမ်တွင်တော့ ပေထင်းဟွမ်သည် ခွန်အား အကုန်သုံးနေသည်ကို အားလုံး နားလည်လိုက်ကြသည်။ နတ်ဘုရား အဆင့်သို့မရောက်သေးသည့် ကောင်းကင်ဘုံအဆင့်သည် မထင်မှတ်စွာပင် ဝိညာဉ်အဆင့် နယ်ရှင်အဆင့်ရတနာဆေးကို သန့်စင်ချင်နေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အားလုံသည် မည်သည့်ခံစားချက်ဝင်ရမည်ကို မသိတော့ပေ။ လူတချို့၏မျက်လုံးထဲမှ စိတ်အားထက်သန်မှုသည် တဖြည်း ဖြည်း မှေးမှိန်သွားပြီး ပေထင်းဟွမ်သည် သောင်းကျန်းပြီး နှစ်လိုဖွယ်ရှိသည်ဟု ခံစားမိလာသည်။
ဒယ်စောက်ထဲမှဆေးသည် ရှေ့နောက်လှိမ့်နေပြီး ထပ်ခါထပ်ခါ အခဲ အဖြစ်ပြောင်းလဲနေသည်။ ၎င်းသည်လုံးဝန်းသည့်အဆင့်သို့သွားနေသော်လည်း ခွန်အားသည် မလုံလောက်သေးသည်မှာ ထင်ရှားနေသည်။
ဆေးပုံမပေါ်ခင်တွင် ပေထင်းဟွမ်၌ စွမ်းအားအပိုမရှိတော့ပါက ဒယ်စောက်နှင့် ဆေးနှစ်လုံးတို့မှာ တစ်ဝက်တစ်ပြတ်နှင့် လွှင့်ပစ်လိုက်ရနိုင် သည်။
ထိုအခိုက်အတန့်တွင် ကျူလင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူသည် ပေထင်းဟွမ်အား သူ၏ခွန်အား အားလုံးကိုပေးလိုက် ချင်သော်လည်း ထင်ရှားစွာပင် လက်တွေ့မဆန်လှပေ။
ပွဲကြည့်စင်တွင် လူအားလုံးနီးပါးသည် ပေထင်းဟွမ်အတွက် ချွေးပြန်နေ ကြပြီး မည်သည့်အသံမှမထွက်ကြပေ။ သူတို့သည် အသက်ရှူသံမှာ တိုသော် လည်း အားလုံးသည် တတ်နိုင်သလောက် ညင်သာစွာရှူရန် ကြိုးစားနေကြ သည်။
ထိုအခိုက်အတန့်တွင် ကွမ်ယန်းနှင့် လုကျီတို့သည် တစ်ယောက်နှင့် တစ် ယောက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်အတွက် ပေထင်းဟွမ်ကို သတ် ရန်ကောင်းသည့်အချိန်မှာ ဤမျှကောင်းသည့်အချိန်မရှိတော့ပေ။ သူတို့နှစ် ယောက်သည် စားပွဲပေါ်သို့ လက်ဖြင့်ရိုက်ပြီး ထိုစွမ်းအားနှင့် ပေထင်းဟွမ်အား လျှပ်စီးအရှိန်နှင့် တိုက်ခိုက်လေသည်။ တစ်ချက်တည်းနှင့်တိုက်ခိုက်ခြင်း ကျရှုံးသွားလျှင် အခွင့်အရေးကို ဆုံးရှုံးလိုက်ရမည်ကို နှစ်ယောက်လုံးသိကြ သည်။
ကျူလင်းသည် အဆင့် ၂ ဓားသခင်နတ်ဘုရားသာရှိသေးသည်ကို မှတ် ထားရမည်။ အဂ္ဂိရတ်ပညာရှင်၏လက်ထဲမှ ပစ္စည်းများကို မထုတ်ဘဲ အသတ်ခံ လိုက်ရလျှင် မည်သူမှ သတိမထားဘဲမနေနိုင်ပေ။
“ပေထင်းဟွမ် ငရဲကိုသွားလိုက်တော့”
နတ်စွမ်းအားဝန်းရံသည် အသံတစ်သံသည် မိုးကြိုးသွားအလား အားလုံး ၏ ခေါင်းအထက်တွင်ထွက်ပေါ်လာကာ အဖြူရောင်ပုံရိပ်တစ်ခုသည် မိုးပေါ်မှ ကျလာသည်။ ရွှေရောင်အလင်းထွက်နေသည့် ရွှေရောင်လှံတံသည် ကောင်းကင်အား ထိုးဖောက်နိုင်သည့် အသံစူးခနဲထွက်လာသည်။ အလယ်တွင် သူသည် ဒယ်စောက်ရှေ့မှပေထင်းဟွမ်ဆီသို့ တဟုန်ထိုးပြေးသွားလေသည်။
ထိုမြင်ကွင်းသည် ရုတ်ချည်းဆန်လွန်းကာ လှုပ်ရှားရန်ဟန်ပြင်နေသည့် ကွမ်ယန်းနှင့် လုကျီတို့ပင် မှင်တက်သွားကြလေသည်။ ပေထင်းဟွမ်၏အသက် ကို သူတို့ထက်လိုချင်နေသည့် နတ်ဘုရားအဆင့်ရှိသည့်လူသည် မည်သူနည်း။
ထိုလူငုပ်လျှိုးနေသည့်နေရာသည် သူတို့ထဲတွင်ရှိနေပြီး ဤအချိန်မှ လှုပ်ရှားလိမ့်မည်ဟု မည်သူမှထင်မှတ်မထားပေ။
သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် လက်ကိုပြန်ရုတ်သိမ်း လိုက်ကြသည်။ သူ၏မျက်နှာတွင် ကျေနပ်သောအပြုံးရှိနေသည်။ ထိုအချိန် တွင် ပေထင်းဟွမ်၏ ဝိညာဉ်စွမ်းအားသည် ပင်ပန်းနေပြီဖြစ်ရာ နတ်ဘုရား အဆင့်မဆိုထားနှင့် ဝိညာဉ်ကြီးအဆင့်ဆိုလျှင်တောင် သတ်နိုင်မည်ဖြစ်သည်။
နတ်ဘုရားအဆင့်၏ တရစက်ထိုးနှက်မှုအောက်တွင် သူမ ရှင်သန်နိုင်ပါ က ပေထင်းဟွမ်သည် အသက်ပြင်းလွန်းသည်ဆို ဆိုရမည်။
ပိုက်ကွန်တစ်ခုလိုဖြစ်နေသည့် ရွှေရောင်အလင်းသည် ပေထင်းဟွမ်အား ကာဆီးလေသည်။ နတ်ဘုရား၏စွမ်းအားသည် ပွဲကြည့်စင်မှလူအားလုံးကို လေးလံသောတောင်ကြီးတစ်ခုကဲ့သို့ ကြောက်ရွံ့မှုကိုဖြစ်စေသည်။ ဤခက်ထန်သောသက်ရောက်မှုအောက်တွင် လေထုသည် တုန်ခါလာသည်။ လှိုင်းတွန့်များကို မျက်လုံးနှင့်ပင်မြင်နိုင်လေသည်။ လေဟာနယ်ထဲတွင် အက်ကွဲမှုများပေါ်လာပြီး အားလုံး၏မျက်လုံးထဲတွင် ပျံ့နှံ့လာသည်။ ပေထင်းဟွမ်ရှိနေသည့် စင်ပေါ်ရှိ ကြမ်းခင်းသည် ပြိုကျတော့လုမတတ်ပင်။
“မဖြစ်ဘူး” ဒေါသစွက်သောဟိန်းဟောက်သံသည် ကောင်းကင်ကို ဖြတ် ပြီး အဖြူရောင်အဂ္ဂိရတ်ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ပေထင်းဟွမ်ဆီသို့ အမြန်ပြေးလာသည်။ နတ်ဘုရားအဆင့်၏ ရွေ့လျားမှုသည် အားလုံး၏မျက်လုံးထဲတွင် ပုံရိပ်ယောင်များသာကျန်ခဲ့စေသည်။ သို့သော် ပေထင်းဟွမ်၏ ဦးခေါင်းပေါ်မှ ရွှေလှံတံကိုတော့ မတားနိုင်ပေ။