← Chapters

လက်မလျှော့နိုင်ဘူး

Vol. 60 Ch. 1197

လက်မလျှော့နိုင်ဘူး

Vol. 60 Ch. 1197

ကွမ်ယန်းနှင့်လုကျီတို့နှစ်ယောက်လုံးသည် ထိုပုံရိပ်ကြောင့် လန့်ဖျတ် သွားကြလေသည်။ လုကျီသည် သူမ၏ခန္ဓာကိုယ်နှင့် ကာပြီးတားလိုက်ချင် သော်လည်း ကွမ်ယန်းသည် သူမကိုတားလေသည်။ သူသည် တခြားသူများ အား ကယ်တင်ရန် ခုန်သွားသည့် ကျူလင်းအား အထင်သေးစွာကြည့်လေသည် “ဓား ၂ လက်အဆင့်နတ်ဘုရားကို အာရုံစိုက်ဖို့မလိုဘူး”

သူသာ ထွက်ပေါ်လာသည်မှာ လိုချင်သည့်အရာများနေ၍ဖြစ်သည်။ ထို့အပြင် သူလှုပ်ရှားလိုက်သည်နှင့် ပေထင်းဟွမ် ထိခိုက်သွားသည်ဖြစ်စေ၊ သေသည်ဖြုစ်စေ သူသည် ပင်မတိုက်ကြီးတွင် နေနိုင်တော့မည်မဟုတ်ပေ။ ယန်းမြို့မှလူသည် ထိုလူ့ကို အလွတ်ပေးမည်မဟုတ်ပေ။

သူတို့ ပင်မတိုက်ကြီးသို့လာပြီးနောက် အမှောင်နတ်မိစ္ဆာဘုံကို သွားရန် လိုသေးသည်။ သူတို့ မှော်စွမ်းအင်နှင့် ပေထင်းဟွ်၏ မှော်အရင်းအမြစ် ကျောက်တုံးကိုစုပ်ယူရန် အမှောင်နတ်မိစ္ဆာဘုံသို့သွားမည့် အခွင့်အရေးလွဲချော် သွားပါက အရှုံးပေါ်မည်ဖြစ်သည်။

ပေထင်းဟွမ်အား တစ်စုံတစ်ယောက်မှ ကူသတ်ပေးခြင်းသည် ကောင်းသည့်ရလဒ်ပင်ဖြစ်သည်။

၉ လှည့် ဝိညာဉ်ပြန်ခေါ်ဆေးသည် ဒယ်စောက်ထဲတွင် လိမ့်နေသည်။ ၉ လှည့်ဟုဆိုရသည်မှာ ဒယ်စောက်ထဲတွင် ၉-၉-၈-၁ လှည့် သန့်စင်ရန် စွမ်းအင် ကို သုံးရခြင်းကြောင့်ဖြစ်သည်။ ယခုအခါ ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်သည် ပင်ပန်းနေပြီဖြစ်ရာ တစ်ကိုယ်လုံး၏ သွေးကြောများ သည် စွမ်းအားလိုသည်ထက်ပိုထုတ်ရသဖြင့် နာကျင်မှုမှာ ပိုပြင်းထန်လာသည်။

“မဖြစ်ဘူး ငါ လက်မလျှော့နိုင်ဘူး၊ ငါ နန်ကုန်းချန်းမိုရဲ့အသက်ကို ပြန်ရှင် အောင်လုပ်ဖို့ ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်နိုင်ရမယ်၊ အသက်တစ်ခုအတွက် အသက်ကိုမရင်းနိုင်ဘူး” ပေထင်းဟွမ်သည် ရင်ထဲတွင် ခိုင်မာစွာဆုံးဖြတ်ထား ပြီး သူမကိုယ်သူမ ထပ်ခါထပ်ခါ သတိပေးနေသည်။ ထိုမှသာ ရှင်းလင်းလာမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်စွမ်းအင်အလင်းတန်းသည် ဝိညာဉ်စွမ်းအင်ဘီးပေါ်တွင် ပေါ်လာပြီး သွေးကြောထဲတွင် ဘီးလုံးတစ်ခုလို လည်ပတ်ကာ စွမ်းအင်အနည်းငယ်သည် ခန္ဓာကိုယ်၏ခြေလက်များ၊ ကိုယ် တွင်းအင်္ဂါများနှင့် တခြားအင်္ဂါများဆီသို့ စီးဆင်းသွားလေသည်။ သွေးကြော များ ယိုစိမ့်ထွက်လာပြီး ပေထင်းဟွမ်မှာ တစ်ကိုယ်လုံးနာကျင်မှုကိုခံစားရပြီး ရုတ်တရက် မိုးပေါ်မှရောက်လာသော နတ်ဘုရားဆီမှ ဖိအားကို လွှတ်လိုက်ချင် မိလေသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင် မည်သည့်အသွင်ပြောင်းမှုမျိုး နေရာယူထားသည်ကို သူမ မသိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏ခန္ဓာကိုယ် ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် မင်အစရှိသည့် ရှားပါးသောရတနာ နှစ်မျိုးရှိနေသည်။ ထိုနှစ်ခုသာ သူမ၏ခန္ဓာကိုယ်ထဲတွင် နေချင်သေးပါက သူမကို အသေခံကြမည်မဟုတ်ပေ။

ကစဥ့်ကလျားနတ်အရင်းအမြစ်မှ လှုပ်ရှားမှုပြုလုပ်သည်ဟု သူမ တွေးလိုက်သည်။

ရွှေရောင်နတ်စွမ်းအင်မှ ဝိညာဉ်ပြန်ခေါ်ဆေးကို စတင်သန့်စင်ချိန်တွင် ပေထင်းဟွမ်သည် များစွာသက်သာရာရလေ၏။ သူမသည် ရွှေရောင်ဖျော့ စွမ်းအင်ကို ဂရုတစိုက်စုပ်ယူရာ တခြားသူ၏နတ်စွမ်းအားနှင့်မတူညီသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်ဖျော့အရောင်ထဲတွင် ပုလဲဖြူရောင်ရှိနေလေ၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကြောင့်မဟုတ်သည်မှာ ထင်ရှားသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမ ဂရုမစိုက်နိုင်တော့ပေ။

“ဒီလိုအရေးကြီးတဲ့အချိန်မှာ သူတို့နှစ်ယောက်က တကယ်အားကောင်း တာပဲ” ပေထင်းဟွမ်သည် ရင်ထဲမှ တွေးနေမိသည်။ ၎င်းသည် ဖန်ဆင်းရေး နတ်ဘုရား၏အစွဲအလမ်းကြီးမှုပင်ဖြစ်သည်။ ထိုအရာနှစ်ခုပိုင်ဆိုင်ရခြင်းသည် တခြားသူများထက် အသက်နှစ်သက်ပိုရခြင်းဖြစ်ကာ အလွယ်တကူသေရန် မဖြစ်နိုင်တော့ပေ။

သူမ မသေနိုင်တော့ဟု ပေထင်းဟွမ်တွေးလိုက်ချိန်တွင် မိုးပေါ်မှ အသက် ခြိမ်းခြောက်သည့်အဆောင်ကျလာသည်။ ပေထင်းဟွမ်သည် မော့မကြည့်ပေ။ သို့သော် အသိစိတ်အလင်းတန်းခွဲလိုက်ရာ ကြီးမားသောစွမ်းအင်သည် သူမဆီ သို့ရွေ့လျားလာသည်ကို ခံစားမိလိုက်သည်။ သူမကိုယ်သူမ တိုက်ခိုက်ချိန်တွင် သေဆုံးခြင်းအရိပ်သည် သူမအား ပိတ်ကာထားလေသည်။ ထိုအခိုက်အတန့် တွင် သူမ သေရန်ကြောက်သည်ကို ဝန်ခံရတော့ပေမည်။

မင်သည် ခန္ဓာကိုယ်အား ဝါးမျိုထားတုန်းပင်။ ထိုအချိန်တွင် ပေထင်းဟွမ် အထဲသို့ကြည့်လိုက်ပါက သူသည် ကလေးတစ်ယောက်လိုဖြစ်နေမည်ကို တွေ့ ရလိမ့်မည်။ သူမ စွမ်းအင်များစွာထုတ်လိုက်ချိန်တွင် သူသည် ဝိညာဉ်စွမ်းအင် ဘီးကို သိမ်းပိုက်ချင်ခဲ့သည်။ အခု သူ ဘယ်မှာလဲ။

သူမ နားမလည်နိုင်ဖြစ်နေသော်လည်း ဝိညာဉ်စွမ်းအင်လုံးရှိခဲ့သည့်နေရာ ကို သိမ်းပိုက်ရန် အကောင်းဆုံးဖြစ်သည်ကို မင်သိသည်။ လစ်လပ်နေသော နေရာတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူ့ကိုဂရုမစိုက်တော့ပေ။ ပေထင်းဟွမ် တခြားကိစ္စများနှင့်အလုပ်ရှုပ်နေချိန်တွင် သူသည် ဤနေရာကို ကိုယ်ပိုင်ဖြစ်အောင် သိမ်းပိုက်ရမည်။

မဟုတ်ပေ။ သူသည် ဝိညာဉ်စွမ်းအင်ဟုခေါ်သည့် စိတ်တိုစရာကောင်း သည့်အရာကို နှင်ထုတ်မည်။ ယခုကစပြီး ပေထင်းဟွမ် စွမ်းအင်သုံးချင် တိုင်း သူမ သူ့ကို တွေးမိတော့မည်ဖြစ်သည်။

All Chapters