မိုးကြိုးဘေးဒုက္ခ၊ ရတနာဆေးပေါ်လာခြင်း
Vol. 60 Ch. 1198
တဖြည်းဖြည်းနှင့် လက်မအရွယ်အစားရှိသည့် ပိုးအိမ်ပုံပေါ်လာသည်။ ၎င်းသည် ရွှေဆေးနှင့်တူသော်လည်း ရွှေဆေးနှင့် ကွဲပြားပြန်သည်။ ထို့ကြောင့် တစ်ခါတရံတွင် ရွှေဆေးဟုခေါ်နိုင်သည်။ ဝိညာဉ်စွမ်းအင်မှ ကျင်တန့်သို့ အသွင်ပြောင်းမှုသည် ပေထင်းဟွမ်၏ခွန်အားမှာ နတ်ဘုရားအဆင့်သို့ တရား ဝင် ဝင်ရောက်လာသည်ကို ဆိုလိုသည်။ သူမသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေချိန်ဖြစ်သည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ ခမ်းနားသောရောင်ဝါ ဖြည်းဖြည်းချင်းတက် လာသည်။ ထိုအရာသည် ၉ လှည့်ဝိညာဉ်ပြန်ခေါ်ဆေးကို ပိုမြန်ဆန်ပြီးလွယ်ကူ စွာ သန့်စင်နိုင်ရန် ပြုလုပ်ပေးလေသည်။
ဦးခေါင်းအထက်တွင် လာနေသည့်သူကို ပေထင်းဟွမ် သိပြီးသားဖြစ် သည်။ စီရင်ချက်ဗိမာန်၏ နတ်ဘုရားကျိမင်ဖြစ်ကာ ဤအခွင့်အရေးကို စောင့် ပြီးပေထင်းဟွမ်အား တိုက်ခိုက်လိမ့်မည်ဟု ထင်မထားပေ။ ယခုအချိန်သည် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ဤအခွင့်အရေးကိုလက်လွှတ်လိုက်ရပါက ယခုအချိန်မှစပြီး ကျိမင်သည် သူ့ကို နောက်တစ်ခါတိုက်ခိုက်ရန် အခွင့်အရေး ရတော့မည်မဟုတ်ပေ။
၉ လှည့်ဝိညာဉ်ပြန်ခေါ်ဆေး၊ နယ်ရှင်အဆင့်ဆေး သန့်စင်သည့်အဆင့်ကို ခုန်တက်သည်မှာ ပင်မတိုက်ကြီးတွင် မည်သူမှမလုပ်ဖူးသည့်အရာဖြစ်သည်။
ခက်ထန်သောရောင်ဝါနှင့်အတူ ရွှေရောင်အလင်းသည် ပေထင်းဟွမ် အား ကောင်းကင်ခွဲသည့်စွမ်းအားနှင့် ကြမ်းတမ်းစွာရိုက်မိလေသည်။ လေကို ထိုးဖောက်လာသည့် စူးရှသည့်အသံသည် ပိုပို၍နီးလာပြီး ကျည်ဆန်များပျံလာ သည့်အတိုင်း မြေကြီးမှ အက်ကွဲကြောင်းလည်း ပိုပိုကြီးလာသည်။ စင်မြင့်သည် ပြိုလဲတော့မည့်အတိုင်း ဖုန်မှုန့်များသည် မိုးပေါ်သို့ လွင့်သွားကာ အားလုံး၏ မြင်ကွင်းကို ကွယ်သွားလေသည်။
ထိုအခိုက်အတန့် ကောင်းကင်အထက်တွင် ရဲရဲနီသောနေကို တလိပ်လိပ် ရွေ့လျားနေသော အမှောင်တိမ်တိုက်များမှ ကွယ်သွားလေသည်။ ၇ လပိုင်း၏ နွေရာသီအလယ်မှာ နေမထွက်နိုင်ဘဲ ကောင်းကင်တစ်ခုလုံး မည်းနက်သွား လေသည်။ မှင်ရောင်တိမ်တိုက်များသည် အဘက်ဘက်မှ တိုးဝင်လာသည်။ တိမ်တိုက်ထဲတွင် လက်ချောင်းအရွယ်အစားလျှပ်စီးများသည် အားလုံး၏ ကြောက်လန့်နေသော မျက်လုံးထဲသို့ တိုးဝင်လာသည်။ ထို့နောက် မိုးကြိုးသွား တစ်ခုသည် မြေကြီးပေါ်သို့ ပစ်ချလေသည်။
ကောင်းကင်နှင့်မြေကြီး၏မြင်ကွင်းသည် အားလုံးကို ထိတ်လန့်သွားစေ သည်။ ကွမ်ယန်းနှင့်လုကျီတို့သည် မတ်တတ်ထရပ်ကာ မိုးပေါ်သို့ကြည့်လိုက် ရာ မိုးကြိုးသည် ပေထင်းဟွမ်၏ရှေ့ရှိ ဒယ်စောက်ဆီသို့ တည့်တည့်ပစ်ချလိုက် လေသည်။
“ဒါ ဒါ.. ဒါက နယ်ရှယ်ရဲ့ရတနာဆေးလား” ကွမ်ယန်းသည် မယုံနိုင်ပေ။ ဒီတစ်ခါမှ ဘာလို့ ရတနာဆေးဖြစ်ရတာလဲ။
“နယ်ရှင်ရဲ့ ရတနာဆေးက ကောင်းကင်နဲ့မြေကြီး အမြင်ကိုဆွဲယူလိုက် တာပဲ၊ ဟား ဟား ငါ အဂ္ဂိရတ်အစည်းအရုံးမှာရှိနေတုန်းကို တစ်ယောက် ယောက်ကတော့ နယ်ရှင်ရဲ့ရတနာဆေးကို သန့်စင်လိုက်ပြီ” ချောင်ရှန့်သည် ထိုင်နေရာမှ အရူးတစ်ယောက်ကဲ့သို့ ထရပ်လိုက်ပြီး အဖြူရောင်ဝတ်ရုံဝတ် ထားသည့်လူမှ လက်ထဲတွင်ရွှေလှံတံကို ကိုင်ထားပြီး ပေထင်းဟွမ်၏ ဦးခေါင်း ထိပ်သို့ တည့်တည့်ထိုးလိုက်သည်ကိုမြင်သောအခါ ပြေးလာတော့မည်ပြု၏။
အထိတ်တလန့်ဖြစ်ရသည့် အချိန်ခဏကြာအပြီးတွင် အားလုံး၏မျက်လုံး များသည် ထိုလူဆီသို့ကျရောက်သွားကာ မိုးပေါ်မှကျလာပြီး ပေထင်းဟွမ်၏ အသက်ကိုယူသည့်လူသည် စီရင်ချက်ဗိမာန်၏ နတ်ဘုရားကျိမင်ဖြစ်သည်ကို မြင်လိုက်ရလေသည်။
“ကျိမင် မင်းက တော်တော်ရဲတင်းနေပါလား” ရှီမန်ပိုင်သည် ဒေါသ တကြီး မာန်ဟိန်းလိုက်သည်။ သူသည် ပျံတက်သွားပြီဖြစ်ကာ ပေထင်းဟွမ်ဆီ သို့ ပြေးသွားလိုက်သည်။
“ရှောင်ကျို့” မိုလိ၏ခွန်အားသည် ပိုပို၍အားနည်းနေသည်။ သို့သော် ပေထင်းဟွမ်အား ပေးရန်အသက်တစ်ချောင်းရှိသေးသည်။
လနောက်ကိုလိုက်နေသည့် ကြွေသွားသည့် ကြယ်များကဲ့သို့ ပုံရိပ်သုံးခု သည် ကျိမင်ကဲ့သို့ နတ်ဘုရားကို သတ်ရန်လောက်သည်အထိ မတော်လှပေ။ အားလုံးသည် အလန့်တကြားထရပ်ကြသည်။ သူတို့၏မျက်လုံးများသည် ကြောက်လန့်မှုနှင့် ထိတ်လန့်မှုများ၊ မယုံနိုင်မှုများဖြင့် ပြည့်နေသည်။ သူတို့ သည် ပင်မတိုက်ကြီးရှိ တော်ပြီးအံ့ဩလောက်စရာပါရမီရှင်မှာ ထိုအတိုင်း ကျရှုံးသွားမည့်အဖြစ်ကို စိတ်မကောင်းဖြစ်နေသည်။
ဘုန်း...
ကောင်းကင်သည် ထပ်မံ တောင့်မခံနိုင်တော့သည့်ပုံပင်။ ကောင်းကင် အထက်တွင် အတန်ကြာမှကျလာသော မိုးကြိုးသည် ယခုအချိန်တွင် ကြမ်းတမ်းစွာကျလာလေသည်။ မိုးကြိုးသည်လည်း ဖြစ်နေကျပင်။ ဤကဲ့သို့ ပြင်းထန်သည့်အရာမျိုးကို ပင်မတိုက်ကြီးရှိ မည်သူမှမမြင်ဖူးခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် မိုးကြိုးဘေးဒုက္ခကိုမြင်ပြီးနောက် သူတို့သည် အလွန်တုန်ယင်နေ ကြသည်။
လေ့ကျဲနှင့် ကျိမင်၏တိုက်ခိုက်မှုသည် ထိုလူငယ်ဆီ၌ ပေါက်ကွဲလေ၏။ ကျိမင်သည်အရှေ့၊ လေ့ကျဲသည် အနောက်၊ လူငယ်သည် ထိုအခိုက်တွင် ပြန် တိုက်ခိုက်ရန်ခွန်အားမရှိတော့ပေ။ ထိုမြင်ကွင်းကိုမြင်သောအခါ လူအများ သည် မျက်ရည်ဝိုင်းသွားကြလေသည်။ နယ်ရှင်အဆင့်ဆေးသန့်စင်နိုင်သည့် လူငယ်သည် သူတို့၏မျက်စိရှေ့တွင် သေသွားလိမ့်မည်ဟု မည်သူမှ ထင်မထား ကြပေ။