နတ်ဘုရားက မိုးကြိုးပစ်လို့သေတော့မယ်
Vol. 60 Ch. 1199
ထိုမြင်ကွင်းအားကြည့်ပြီး ကွမ်ယန်းနှင့်လုကျီတို့သည် လေးလံစွာ အသက်ရှူထုတ်ကာ အားမလျော့စွာနှင့် ထိုင်ချလိုက်သည်။ သူတို့သည် ပေထင်းဟွမ် သေခြင်းမသေခြင်းကို စိတ်မပူပေ။ သူတို့သာ ယခုအတိုင်း အသက်ရှင်နိုင်လျှင် ပေထင်းဟွမ်သည် ဖန်ဆင်းရေးနတ်ဘုရား ပြန်လည် မွေးဖွားလာခြင်းဟုသာ ဆိုနိုင်တော့မည်။
“အာ...”
အော်သံတစ်ခုသည် ကောင်းကင်ကိုဖြတ်ကာရောက်လာရာ အားလုံး၏ အာရုံကြောများသည် ထိုအခိုက်တွင် အလွန်ပင်တင်းမာသွားလေသည်။ သူတို့ ၏ မျက်လုံးများသည် အသံလာရာနောက်သို့ကြည့်ရာ လက်ချောင်းအရွယ် အစားရှိသော မိုးကြိုးသည် ကျိမင်၏ခန္ဓာကိုယ်အား မထင်မှတ်စွာ ထိမှန်လေ သည်။ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ရှန့်ကျွင်းသည် ထိုအချိန်တွင် မည်းနက်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ မီးခိုးမှာလှိမ့်တက်နေပြီး တူးနံ့ထွက် လာသည်။
ဘယ်လိုတွေဖြစ်သွားတာလဲ။ အဲဒီလျှပ်စီးက တကယ်ပဲ ကျိမင်ကို တိုက်ခိုက်လိုက်တာလား။
မဟုတ်ဘူး မဖြစ်နိုင်တာ။ ဤနိယာမကို မည်သူမှ မယုံနိုင်ကြပေ။
သို့သော် နတ်ဘုရားတစ်ပါးဖြစ်သည့် ကျိမင်သည် မထင်မှတ်စွာပင် ထိုအတိုင်းကျဆုံးတော့မည်။ မိုးကြိုးဘေးဒုက္ခကို ကြုံတွေ့သည့် ဆေးကြောင့် ပင် သူသည် မိုးကြိုးအပစ်ခံရပြီး သေသည့်အဖြစ်မှာ မယုံနိုင်လောက်စရာပင်။ သူတို့၏ကိုယ်ပိုင်မျက်လုံးနှင့်သာမတွေ့ရလျှင် နှစ်ပေါင်းရာချီရှိလာသော စီရင်ချက်ဗိမာန်၏ တာဝန်ခံဖြစ်လာသည့် စွမ်းအားရှင်မျိုးဆက်သည် ယခု အတိုင်းပင် သေဆုံးသွားလိမ့်မည်ကို မည်သူမှ ယုံကြမည်မဟုတ်ပေ။
“ဟေး သခင်ပေထင်းဟွမ်ကိုတိုက်ခိုက်တာ တကယ် ကိုယ့်သေလမ်း ကိုယ်ရှာတာပဲ” အားလုံး၏စိတ်ထဲတွင် အတွေးတစ်ချက်ပေါ်လာပြီး မည်သူက မှ သူ့ကို အာရုံမစိုက်ကြတော့ပေ။
ကျိမင်၏သေဆုံးခြင်းသည် သက်ပြင်းချရုံနှင့်တင် မပြီးပေ။ ထိုအချိန်တွင် သေသွားသူမှာ ပေထင်းဟွမ်ဆိုပါက အားလုံး၏မျက်လုံးနှင့်အာရုံသည် ပေထင်းဟွမ်ပေါ်သို့ ကျရောက်မည်ဖြစ်သည်။
ကွမ်ယန်းနှင့်လုကျီတို့သည် ထိုင်နေရာမှ ထခုန်မိလေသည်။ သူတို့သည် ရှေ့နှစ်လှမ်းတိုးပြီး ကြည့်ချင်သော်လည်း မိုးပေါ်မှနောက်မိုးကြိုးတစ်လုံးကျ ရောက်လာကာ ကျိမင်၏ မီးကျွမ်းထားသောခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်လေ သည်။ မီးသွေးခဲဖြစ်နေသောအလောင်းသည် အမှုန့်ဖြစ်ကာ ပေါက်ကွဲပြီး ပြန့်ကျဲထွက်သွားလေသည်။ သို့သော် ၎င်းတို့သည် ဆေးသန့်စင်ခြင်းကို အာရုံစိုက်နေသူရှိသည့် စင် ပေါ်သို့မကျပေ။
“အဲဒီမှာ ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကွမ်ယန်း သည် မျက်လုံးရှေ့မှမြင်ကွင်းကို ကြောက်လန့်နေသောမျက်လုံးများဖြင့် စိုက် ကြည့်နေသည်။ လွန်ခဲ့သည့်စက္ကန့်ပိုင်းက ပေထင်းဟွမ်အသက်ရှင်နေသေး သည်ကို ဖန်ဆင်းရေးနတ်ဘုရား ပြန်လည်မွေးဖွားသည်ဟု တွေးခဲ့သော်လည်း ယခုအခါ မျက်လုံးနှင့်အတပ်မြင်ရသဖြင့် မယုံနိုင်သေးပေ။
“ဒါက သူ့ကိုမသတ်နိုင်ဘူးလား” လုကျီပင်လျှင် လက်မခံနိုင်ဖြစ်လေ၏။ သူမ၏ကိုယ်ပိုင်မျက်လုံးများနှင့် မြင်လျှင်တောင် ဤလူငယ်ကို သတ်မရနိုင်ဖြစ် နေသည်ကို လက်ခံရန် ဖျောင်းဖျနိုင်မည်မဟုတ်ပေ။ “သူက ကံကောင်းလွန်း တာမဟုတ်ဘူးလား”
“မဟုတ်ဘူး ဒီအရူးကျိမင်က တော်တော်တုံးတာလို့ပဲပြောနိုင်တော့တယ်” ကွမ်ယန်းသည် မည်းနက်နေသောဖုန်မှုန့်များကို အထင်သေးစွာကြည့်လေ၏။ ၎င်းတို့သည် ကျိမင်၏ပြာမှုန့်များဖြစ်သည်။ ကျိမင်သည် အမှုန့်ဖြစ်အောင် လောင်ကျွမ်းခံလိုက်ရသော်လည်း သူ့အတွက် နှမြောစရာဖြစ်နေပြန်သည်။ သူ့ ကို အထင်သေးစွာနှင့် “ရတနာဆေးထွက်လာရင် အခြေအနေပြောင်းလဲသွား မှာ၊ မိုးကြိုးဘေးဒုက္ခရောက်လာပြီး တောက်ပမှုပေါ်လာတော့မှာ၊ ဒီတစ်ခါ သူ့ ကို ဗုံးချဲသွားတာက မိုးကြိုးပစ်သွားတာမဟုတ်ဘူးလား”
ထိုမိုးကြိုးသွားနှစ်ခုလုံး ရတနာဆေးပေါ်သို့မကျပေ။ ကောင်းကင်ပင် လျှင် ဒေါသထွက်ပုံမရပေ။ လက်မအရွယ်အစားရှိသည့် နောက်ဆုံးမိုးကြိုးသည် ဒယ်စောက်ဆီသို့ ကြမ်းတမ်းစွာပစ်ချလေသည်။
ထိုအခိုက်အတန့်တွင် မူလကမည်းနက်ပြီး ထိုင်းမှိုင်းနေသော အဖြိုက် နက်ရွှေသားရဲလေးကောင်ဒယ်စောက်သည် ရုတ်တရက်တောက်ပလာပြီး မျက်လုံးနှင့်မြင်နိုင်သော အနက်ရောင်အလင်းတန်းသည် ဒယ်စောက်လေး၏ ထိပ်ပိုင်းကို ကာထားလေသည်။ နှစ်ပေါင်းများစွာရှေးကျပြီး ထူးခြားသော သင်္ကေတများသည် အလင်းထဲတွင် လင်းလက်လာသည်။ တဖြည်းဖြည်း လှည့် ရင်းနှင့် ဒယ်စောက်လေးနှင့် ပေထင်းဟွမ်အား လွှမ်းခြုံလေသည်။
“ကျွတ်...”
အံ့အားသင့်ခြင်းမှလွဲပြီး လူအုပ်သည် မည်သို့ပြောရမည်ကိုမသိတော့ပေ။ ဤအရာသည် ကမ္ဘာ့နံပါတ် ၁ ဒယ်စောက်ဖြစ်သည်။ ၎င်းသည် အဖြိုက်နက်ရွှေ သားရဲလေးကောင်ဒယ်စောက်ဖြစ်သည်။ ပင်မတိုက်ကြီးမှ အဂ္ဂိရတ်ပညာရှင် များစွာကို နှစ်ပေါင်းထောင်ချီ လျစ်လျူရှုခဲ့သောဒယ်စောက်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် ၎င်းသည် မိုးကြိုးနှင့်အတူရောက်လာသည်။