တစ်ယောက်ကို ဒင်္ဂါးပြားတစ်ပြား
Vol. 60 Ch. 1200
သို့သော် မိုးကြိုးနှင့်လျှပ်စီးများသည် အညှာတာကင်းစွာနှင့်ကျလာပြီး ရှေးဟောင်းသင်္ကေတများနှင့် တောက်ပသောစက်ဝန်းနှင့်အတူ ကြမ်းတမ်းစွာ ပေါက်ကွဲလေသည်။ ကြီးမားသောစွမ်းအင်လှိုင်းလုံးသည် အဘက်ဘက်မှ ရောက်လာပြီး ပွဲကြည့်စင်မှလူအုပ်ဆီသို့ တိုက်ရိုက်ထိမှန်လေသည်။ ဤကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်နှင့် မည်သူမှ ဖက်မပြိုင်ရဲ ကြပေ။
“မြန်မြန် ကာကွယ်ရေးအလွှာကို အသက်သွင်းလိုက်” ချောင်ရှန့်၏ အမိန့် နောက်တွင် သူ့ဘေးတွင်ထိုင်နေသော မြို့စားသည် စားပွဲကိုလက်ဖဝါးဖြင့်ရိုက် လိုက်သည်။ ထိုးဖောက်မြင်နိုင်သောစွမ်းအင်အလွှာသည် တဖြည်းဖြည်း မြင့်တက်လာသည်။ ၎င်းသည်မြင့်တက်လာပြီး ကောင်းကင်ဆီသို့ ပန်းလုံးလုံး ပုံစံအတိုင်း ပြန့်ကားသွားကာ စွမ်းအင်လှိုင်းရောက်မလာခင်တွင် ပွဲကြည့်စင် တစ်ခုလုံးကို ကာကွယ်လေသည်။
ရင်ပြင်တစ်ခုလုံးသည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ် သွား၏။ အတန်ကြာသည်အထိ အားလုံးသည် အသက်ရှူရန် မေ့လျော့နေလေ သည်။ သူတို့သည် အသက်အောင့်ထားကာ ကာကွယ်ရေးဒိုင်းကာကို စွမ်းအင် လှိုင်းရိုက်မိသွား၍ ကြောက်မက်ဖွယ် လှိုင်းဂယက်များထလာသည်ကို ကြည့် နေကြလေသည်။
ကွမ်ယန်းနှင့်လုကျီပင်လျှင် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချမိလေ သည်။ ဤစွမ်းအင်လှိုင်းသာ ယခုကဲ့သို့ရိုက်ခတ်သွားပါက ပွဲကြည့်စင်တစ်ခုလုံး တွင် လူမည်မျှအသက်ရှင်နိုင်မည်ကို မည်သူမှ တွေးမရတော့ပေ။
“မိုးနတ်မင်းရေ ဒါ ဆိုးလိုက်တာ ဝူး ဝူး ဝူး လန့်လွန်းလို့သေတော့မယ်” နူးညံ့သောမိန်းကလေးများသည် ကြောက်လန့်တကြားအော်ငိုကြလေသည်။
“မိုးနတ်မင်းရေ စိတ်လှုပ်ရှားစရာကိုကြည့်ရင်းနဲ့ အသက်ဆုံးရှုံးသွားရင် ဝမ်းနည်းဖွယ်ရာ အောက်မေ့ပွဲဖြစ်သွားမယ်” မသန်မာသော တချို့အဂ္ဂိရတ် ပညာရှင်များသည် စိတ်လှုပ်ရှားစရာကို ကြည့်ရသည်ကို နောင်တရမိလေ သည်။
“စကားမပြောနဲ့”
မည်သူမည်ဝါတော့ မသိလိုက်ပေ။ သို့သော် ကျယ်လောင်စွာအော်ဟစ် လိုက်သည်။ ထို့နောက် သူသည် စင်ပေါ်သို့ အာရုံကို ပြန်ဆွဲခေါ်သွားလေသည်။ ထို့နောက် ဝိညာဉ်ပျောက်ကွယ်လုမတတ် ကြောက်လန့်နေကြသူများသည် ပေထင်းဟွမ် စင်ပေါ်တွင် ဆေးသန့်စင်ဆဲဖြစ်သည်ကို သတိထားမိလိုက်ကြ သည်။
ရှောင်တင်းပေါ်တွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် စာလုံးအကြားမှ အကြိတ်အနယ်ပွဲတွင် သူ နောက်ဆုံးတွင်ရှုံးသွားခဲ့သည်။ လျှပ်စီးစွမ်းအား သေးငယ်သောပမာဏသည် ဆေးထဲသို့စိမ့်ဝင်ရာ ထိုဆေးနှစ်လုံး၏ စွမ်းအားကို တစ်ဆင့်မြင့်စေရုံသာမကဘဲ ပျက်စီးမှုကို ကာကွယ်ပေးလေသည်။
ကောင်းကင်အထက်တွင် မှင်ရောင်တိမ်တိုက်များသည် လျင်မြန်စွာပင် ယုန်လျော့သွားပြီး အားလုံး၏ဦးခေါင်းအထက်တွင် အနီရဲရဲနေရောင် ထပ်မံ ထွက်လာသည်။ ထိုအခိုက်အတန့်တွင် အားလုံး၏ခံစားချက်သည် ရုတ်တရက် ပိုလင်းလက်လာပြီး ရနံ့ပြင်းပြင်းသည်လည်း စင်ပတ်ဝန်းကျင်ဆီသို့ ဖြန့်လွှတ် လေသည်။
ဒယ်စောက်ထဲတွင် အက်ကွဲသံပေါ်လာပြီး ဒယ်စောက်၏ အံ့ဖွယ်ဖြစ်ရပ် အဖြစ် ဆေးထွက်ပေါ်လာလေသည်။ အားလုံးသည် မတ်တတ်ရပ်ပြီး ရှေ့သို့ ကိုင်းကြည့်ကြသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်ကို မည်သူမှ လက်လွှတ်မခံချင်ကြပေ။
ရတနာဆေးထွက်လာသည်နှင့် အခြေအနေပြောင်းလဲခဲ့သည်။ မိုးကြိုး ဘေးဒုက္ခရောက်လာပြီးနောက်တွင် တောက်ပမှုပေါ်ပေါက်လာခဲ့သည်။
တောက်ပမှုထဲမှ တောက်ပမှုထဲတွင် လူအများအပြားအနေနှင့် ဤဘဝ တွင် ယခုအချိန်ကိုသာ လက်လွှတ်လိုက်ရပါက ဒုတိယအကြိမ်ဆိုသည်မှာ ရှိ လာတော့မည်မဟုတ်ပေ။
ပွဲကြည့်စင်တွင် ကလေးလေးရှီမန်ရုန်ူပင်လျှင် ပေထင်းဟွမ်၏ရှေ့မှ ဒယ်စောက်ကိုကြည့်ကာ အစ်ကိုကြီးမှ အဖုံးကိုဖွင့်ပြီး ရတနာဆေးကိုထုတ်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။
ကွမ်ယန်းနှင့် လုကျီတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြ ပြီး သူတို့၏မျက်လုံးများထဲတွင် လောဘအလင်းများလက်လာလေသည်။ ၉ လှည့် ဝိညာဉ်ပြန်ခေါ်ဆေးကဲ့သို့ သခင်ကြီးအဆင့်ရတနာဆေးမျိုးကို ရလိုက် သည်နှင့် ၃၃ ကောင်းကင်ဘုံသို့ ပြန်နိုင်မည်ဖြစ်သည်။
“တစ်ယောက်ကို ဒင်္ဂါး ၁ ပြား”
“တစ်ယောက်ကို ဒင်္ဂါး ၁ ပြား”
အကြည့်ချင်းဆုံပြီးနောက် သူတို့လုပ်နိုင်သည်မှာ ပေထင်းဟွမ် ဆေးကို မြှောက်သည့်အချိန်ကို စောင့်ရန်ဖြစ်သည်။ သခင်ကြီးအဆင့်ရတနာဆေးတွင် ဝိညာဉ်အသိဉာဏ်ရှိပြီး အလွယ်တကူ ဆွဲဆောင်ခြင်းမပြုနိုင်ပေ။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ပင်ပန်းနေပြီဖြစ်၏။ ရင်ပြင်တစ်ခုလုံးတွင် သူတို့နှစ်ယောက် တည်းသာ သန်မာသည်။ သူတို့ဘေးတွင် တတိယလူဆိုသည်မှာမရှိနိုင်ပေ။
ကျူလင်းပင်လျှင် အရည်အချင်းမပြည့်မီပေ။ နတ်ဘုရား ဓား ၂ လက် အဆင့်လောက်နှင့် သူတို့ကိုတိုက်ခိုက်ရန် အရည်အချင်းမမှီပေ။
အက်ကွဲသံသည် ပိုပိုပြီးကျယ်လောင်လာပြီး အလွန်ပင် တင်းမာလေ သည်။ ဒယ်စောက်၏ သေးငယ်သောအပေါက် ၁၈ ပေါက်မှ တောက်ပသော အလင်းထွက်လာသည်။ ပေထင်းဟွမ်သည် အဂ္ဂိရတ်ဒယ်စောက်ထဲမှ ကိုးရောင် နိဗ္ဗာန်မီးကို ပြန်ဆွဲယူလိုက်သည်။ သူမ၏လက်သည် အဂ္ဂိရတ်ဒယ်စောက်၏ ထိပ်တွင်သာရှိသေးသည်။ အားလုံးသည် သူမ ဒယ်စောက်ကိုမြှောက်မည့်အချိန် ကိုစောင့်ဆိုင်းနေကြသည်။ သူမသည် ရုတ်တရက် ခေါင်းမော့ပြီး ကွမ်ယန်းတို့ ရှိသည့်ပွဲကြည့်စင်ဘက်သို့ ကြည့်ကာ ပြုံးလိုက်သည်။