ဘယ်လိုနတ်သုဒ္ဓါဘဲဥမွှေကြော်လဲ? အတော်ဆုံးအိုးမည်းသူရဲကောင်း! ၂
Vol. 28 Ch. 406
''ကောင်းပြီ!'' လီရှင်းကခေါင်းညိမ့်ပြီး စားဖိုဆောင်အပြင်ထွက်လာသည်။ ခန်းမထဲရောက်လျှင် ကျောက်မိုချင်းက လင်းလျို၊ထန်ရှိုးဝမ်တို့နှင့်အတူ လျှောက်လာသည်ကိုတွေ့ရ၏။
ထိုအမျိုးသမီးသုံးဦးကိုနှုတ်ဆက်ပြီး သူ့ဦးလေးကိုဖုန်းဆက်လိုက်သည်။
ဖုန်းချပြီးမကြာမီ လီခိုင်နှင့်ပါမောက္ခရန်ရောက်လာသည်။
လီခိုင်က တစ်ချက်ကြည့်ရုံနှင့် ထန်ရှိုးဝမ်ကိုမြင်သွားပြီး သူ့မျက်လုံးများအရောင်တောက်လာကာ_ ''ရှိုးဝမ်... မင်းလည်းရောက်နေတယ်''
ထန်ရှိုးဝမ်ကအသာအယာခေါင်းညိမ့်ပြပြီး_
''သူဌေးကတော်ကခေါ်လာတာ... ဒီနေ့သူဌေးကိုယ်တိုင်ချက်မယ်လို့တောင်ပြောတယ်''
လီခိုင်ကပြုံး၍_ ''ဒါဆိုရင် မင်းကံကောင်းတာပဲ... စီရင်စုတစ်ခုလုံးမှာ မင်းသူဌေးရဲ့လက်ရာကိုယှဉ်နိုင်တဲ့သူမရှိဘူး... သူချက်တာစားရင် မင်းလျှာကိုက်မိမတတ်ဖြစ်မှာ ကိုယ်အာမခံတယ်''
''စီနီယာအစ်ကိုလီ... ပိုနေပြီမလား?''
ထန်ရှိုးဝမ်က အပြုံးနှင့်ပြောလိုက်သည်။
တခြားစားကောင်းသောက်ဖွယ်မစားဖူးသော်လည်း တချို့တလေတော့စားခဲ့ဖူးသည်။ လျှာကိုက်မိရလောက်အောင်မဖြစ်ခဲ့ပေ။
''ခင်ဗျားက ပိုပိုပြီးပိုလာတယ်''
လီရှင်းက သူ့ဦးလေးကိုခေါင်းခါရင်း စားဖိုဆောင်ထဲဝင်သွားသည်။ အရမ်းမွှေးတဲ့အနံ့ထွက်လာတာ သူရနေပြီ။
သူအံ့ဩသွား၏။
ရှန်းရွှေလက်ဆောင်ဆန်ရဲ့နူးနူးညံ့ညံ့အမွှေးနံ့ကို တစ်ကြိမ်မကသူရှူခဲ့ဖူးသည်။ သူ့ရှေ့ကဟာနဲ့ လုံးဝမယှဉ်နိုင်။
ဒါသာမန်ရှန်းရွှေလက်ဆောင်ဆန်မဟုတ်တာ အသေအချာပင်။
လောင်ချန်နဲ့လောင်မာပြောဖူးသလို ချင်လင်မှာပစ္စည်းကောင်းတွေဘယ်လောက်များရှိမလဲ ဘယ်သူမှမသိနိုင်။ သူကတချို့အံ့ဩစရာတွေကို အမှတ်တမဲ့ထုတ်ယူလာတတ်သည်။
ဒါချင်လင်လုပ်နေကျထမင်းကြော်များဖြစ်မလားစဉ်းစားရင်း သူကဘာရယ်မဟုတ်မျှော်နေမိသည်။

ထမင်းကြော်ရောင်းတဲ့ပျံကျစျေးသည်တွေ နေရာတကာရှိတယ်ဆိုပေမဲ့ ဘယ်စျေးသည်က ဒီလိုရှန်းရွှေလက်ဆောင်ဆန်မျိုးသုံးလို့လဲ?
ထိုအချိန်တွင် ချင်လင်လည်းခြင်းတောင်းမပြီး အဖုံးဖွင့်လိုက်သည်။
ဖွင့်ဖွင့်ချင်း အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်၏အမွှေးနံ့ +၂ က တထောင်းထောင်းထွက်လာ၏။
ဒါအရင်ကသူစားဖူးတဲ့ရှန်းရွှေလက်ဆောင်ဆန်နဲ့မတူကြောင်း လီရှင်းပိုသေချာသွားသည်။
ချင်လင်က အထဲမှထမင်းထုတ်ပြီး ဇလုံအကြီးကြီးထဲထည့်လိုက်၏။ သူ့အမေနဲ့မိုချင်းပါပေါင်းရင် ဘဲဥထမင်းကြော်အများကြီးလုပ်ရမည်။
ချင်လင်က ဘေးမှအရည်အသွေး ၂ အလှအပဥနှင့်ပန်းကန်လုံးကိုယူလိုက်သည်။ ဒီလောက်ကြီးတဲ့အလှအပဥကို လက်တစ်ဖက်တည်းနှင့်ခွဲချလိုက်၏။
စားဖိုမှူးအများစုကဒီလိုမလုပ်နိုင်ရင်တောင် ဘဲဥထမင်းကြော်ကလည်း ထမင်းကြော်တွေထဲကတစ်မျိုးပင်။ ဒီဥခွဲနည်းကလည်း စနစ်ကပေးတဲ့ကြွက်သားမှတ်ဉာဏ်ဖြစ်သည်။
နောက်ခဏတွင် ချင်လင်ကဥခွံများကိုအမှိုက်ပုံးထဲပစ်ပြီး တူယူကာ အလှအပဥ၏အနှစ်နဲ့အကာကိုရောမွှေလိုက်သည်။ တစ်ချိန်တည်းမှာ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကို အိုးထဲသွန်ထည့်လိုက်၏။
နှံ့အောင်သေချာခေါက်ထားသောဥများကိုပါ အိုးထဲတစ်ခါတည်းထည့်လိုက်သည်။
ဥတွေတမင်းတွေအများကြီးနဲ့ ဘဲဥထမင်းကြော်ကို တစ်ကြိမ်တည်းလုပ်လို့မဖြစ်။ အရသာနှံ့ဖို့မလွယ်ချေ။
ထမင်းနဲ့ဥကိုနှစ်ကြိမ်ခွဲကြော်ရမည်။
နောက်ခဏတွင် ချင်လင်မှာ ရုပ်ရှင်ထဲမှစားဖိုမှူးနတ်ဘုရားဝင်ပူးသလိုဖြစ်သွား၏။ ယောင်းမကိုင်ပြီး အဆင်ချောစွာလုပ်နေပုံကြောင့် လီရှင်းမှာမျက်စိခွာမရအောင်ဖြစ်နေသည်။
စနစ်ကပေးတဲ့ကြွက်သားမှတ်ဉာဏ်က အံ့ဩစရာကောင်းသည်ဟုသာ ဆိုနိုင်တော့သည်။
ဒီလှုပ်ရှားပုံက စိတ်ကူးယဉ်ဆန်ဆန်လှပပြီး အနုပညာလည်းဆန်နေသည်။
အစားတစ်လိုင်းအစီအစဉ်ရိုက်ကူးမယ်ဆိုရင် တည်းဖြတ်စရာလိုမည်မဟုတ်ချေ။
မကြာခင် သုံးလေးမိနစ်မကြာမီ ချင်လင်၏အပြည့်အဝလုပ်ဆောင်ချက်အောက်တွင် ဘဲဥထမင်းကြော်အိုးကြီးအသင့်ရလာသည်။ ဘဲဥထမင်းကြော်၏ထမင်းစေ့များအားလုံးရောပေါင်းပြီး ရွှေစများလိုဖြစ်နေ၏။ ဒဏ္ဍာရီလာရွှေထမင်းလိုအလွန်လှပသည်။
အိမ်ကဘဲဥထမင်းကြော်လို ရွှေရောင်မထိုးထားသော်လည်း တစ်ချက်ကြည့်ရုံနဲ့လုံးဝစားချင်စရာ။
နောက်ပြီး ထပ်တိုးဟင်းချက်လက်ရာအရည်အသွေးနှင့် ပါဝင်ပစ္စည်းများ၏အရည်အသွေးကို ပြည့်ပြည့်ဝဝထိန်းထားနိုင်ခြင်းကြောင့် စားကောင်းခြင်း +၃၊ အရသာ +၃၊ လျှာပေါ်စွဲခြင်း +၁၊ အနံ့ +၁၊ နူးညံ့မှု +၂၊ နှုတ်မြိန်ခြင်း +၁၊ အဆုတ်ယင်ဓာတ်ဖြည့်ပေးခြင်း +၂၊ သွေးယင်ဓာတ်ဖြည့်ပေးခြင်း +၂၊ အသားအရေလှပစေခြင်း +၂၊ အာဟာရကြွယ်ဝခြင်း +၂၊ ရုပ်ပျိုကိုယ်နုဗိုက်တာမင် VPP +၂ ရှိသောဘဲဥထမင်းကြော်ဖြစ်လာသည်။


ဒါဘယ်လိုနတ်သုဒ္ဓါဘဲဥထမင်းကြော်မျိုးလဲ?
ဒီဘဲဥထမင်းကြော်နဲ့ဆို ယွမ် ၁၀၀၀၀၀ ကျော်တဲ့ဆေးဖက်ဝင်အစားအစာတွေကို အနိုင်ယူနိုင်ပြီ။
နောက်ပြီး ထမင်းကြော်ရဲ့အနံ့ +၁ အရည်အသွေးနဲ့ နူးနူးညံ့ညံ့မွှေးရနံ့က ပိုတောင်ဆွဲဆောင်နိုင်သေး၏။ လီရှင်းကမနေနိုင်ဘဲ တံတွေးမြိုချကာ_
''မြည်းကြည့်ရအောင်''
သည်လိုနှင့် ဇွန်းလေးတစ်ဇွန်းယူပြီး ဘဲဥထမင်းကြော်နည်းနည်းခပ်ကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
စားစားချင်း လီရှင်းအံ့ဩသွားပြီး သူ့မျက်လုံးများပြူးကျယ်သွားသည်။
ဒီလိုအရသာရှိပုံနဲ့အထိအတွေ့က ဘဲဥထမင်းကြော်မှာရှိနိုင်တာလား?
သူ့ပါးစပ်ထဲကဟာ ဘဲဥထမင်းကြော်လို့ကိုမယုံနိုင်။
ရိုးရိုးဘဲဥထမင်းကြော်က ဒီလောက်အရသာကောင်းမယ်လို့ ဘယ်သူတွေးမိမှာလဲ?
ဒီရိုးရိုးဘဲဥထမင်းကြော်က အရင်ချင်လင်လုပ်ဖုးတဲ့ငါးဟင်းထက်တောင် ပိုအရသာရှိသည်ဟုပင် ခံစားလိုက်ရသည်။
အစက အရသာရှိတဲ့အစားအစာကိုလုပ်ဖို့ အရိုးရှင်းဆုံးပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်နည်းတွေပဲလိုတယ်လို့ TV မှာပြောကြတာ အနည်းနဲ့အများတော့ အပိုပြောတာဟုထင်ခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့ အပိုပြောတာမဟုတ်မှန်းသိပြီ။ အမှန်ပဲ။
ဟင်းချက်လက်ရာထိပ်တန်းဖြစ်နေသရွေ့ ရိုးရိုးဘဲဥထမင်းကြော်ကို ဒီလောက်အရသာရှိအောင်လုပ်နိုင်သည်။
တစ်ဇွန်းစားပြီးမနေနိုင်ဘဲ လီရှင်းကနောက်တစ်ဇွန်းထပ်နှိုက်သည်။ ဇလုံလိုက်ချပြီးတောင် စားချင်သည်။
နောက်ဆုံး မြင်မကောင်းမည်စိုး၍ ငြိမ်လိုက်ရ၏။
ချင်လင်မှာ ယောင်းမထပ်ကိုင်ပြီး ရေတသွင်သွင်စီးသလိုမွှေနေလေပြီ။ သူ့ဘယ်လက်နှင့် အိုးလက်ကိုင်ကိုကိုင်ပြီး လှုပ်ခါသည်။ ခဏအကြာ နောက်ထပ်ဘဲဥထမင်းကြော်တစ်အိုးထွက်လာ၏။
''အရင်ဆုံး သူတို့စားရအောင် ဘဲဥထမင်းကြော်ယူသွားလိုက်ပါ... ကျွန်တော် ငါးခေါင်းစွပ်ပြုတ်လုပ်လိုက်ဦးမယ်''
ချင်လင်က ထမင်းကြော်ကိုလတ်စသတ်ကာ လီရှင်းကိုမှာပြီးနောက် အရည်အသွေး ၂ ငါးခေါင်းကိုကိုင်လိုက်ပြန်သည်။
''ဟုတ်ပြီ!'' လီရှင်းကခေါင်းညိမ့်ပြီး ဘဲဥထမင်းကြော်နှစ်အိုးကိုအပြင်သယ်သွားလိုက်၏။
သူလည်း စားချင်လှပြီ။
ခန်းမထဲတွင်_
လင်းဖန်လည်းရောက်နေပြီ။
သူမဘေးတွင် ခွေးနဲ့ရှဉ့်က အပြန်အလှန်အော်နေကြ၏။ တစ်ကောင်က ကောင်တာအောက်မှာ၊ နောက်တစ်ကောင်က ကောင်တာပေါ်မှာနေရာယူထားသည်။