← Chapters

ဖရဲမျိုးအသစ်တိုးမြှင့်တော့မည်! ရှဉ့်လေးကအကူအညီတောင်းတယ်!

Vol. 28 Ch. 408

ဖရဲမျိုးအသစ်တိုးမြှင့်တော့မည်! ရှဉ့်လေးကအကူအညီတောင်းတယ်!

Vol. 28 Ch. 408

အချိန်ကအမှတ်တမဲ့ကုန်ဆုံးတတ်စမြဲ။ လှမ်းကိုင်ဖမ်းဆုပ်ထား၍မရချေ။ မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လကမြန်မြန်ဆန်ဆန်ကုန်ဆုံးသွားသည်။

ဧပရယ်လရောက်သွား၏။ နွေဦး၏ဒုတိယမြောက်လဖြစ်သည်။

အခန်းထဲ၌_

ချင်လင်ကမနက်စောစောနိုးလာပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ဂိမ်းထဲမှသီးနှံအမှည့်များကို တစ်မျိုးချင်းရိတ်သိမ်းပြီး သူ့ဂိမ်းဇာတ်ကောင်အား သိုလှောင်ခန်းထဲပို့စေလိုက်၏။ ထို့နောက် သူ့နံဘေးတွင်အိပ်နေဆဲဖြစ်သောကျောက်မိုချင်းနားအသာလေးကပ်ပြီး သူမနှုတ်ခမ်းကိုလှမ်းနမ်းလိုက်သည်။

ကျောက်မိုချင်းမှာ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်အလှအပဥများကိုကြာရှည်စားထားသောကြောင့် သူမအသားအရေကပိုကောင်း၊ ပိုစိုပြေပြီး ပိုလှနေသည်။

အသားအရေကမိန်းကလေးငယ်လေးလိုလှသော်လည်း အမျိုးသမီးတစ်ယောက်၏ဆွဲဆောင်မှုမျိုးရှိသည်။

ချင်လင်က နမ်းလိုက်နိုင်သည်။ သူထမည်အပြုတွင် ကျောက်မိုချင်း၏လက်ဖြူဖြူများက သူ့လည်ပင်းကိုရစ်သိုင်းပြီး ရွှန်းလဲ့သောမျက်လုံးများနှင့်ကြည့်နေ၏။

ထိုပုံစံကြောင့် သူကလက်နှေးမနေဘဲ သူမကိုချီကာရေချိုးခန်းထဲလျှောက်သွားလိုက်သည်။

တံခါးနားမရောက်ခင် သူ့အဝတ်အစားများမပါတော့သလောက်ပင်။

...

မနက်ခင်းလေ့ကျင့်ခန်းပြီးနောက် ချင်လင်ကဂိုဒေါင်ဆီထွက်လာသည်။

ဂိမ်းထဲဝင်ပြီး ခါတိုင်းလိုပစ္စည်းများရွှေ့ဖို့သိုလှောင်ခန်းထဲမသွားဘဲ စိုက်ပျိုးမွေးမြူရေးခြံအိမ်ထဲဝင်လိုက်သည်။

အိမ်ထဲတွင်ပရိဘောဂအများကြီးတွေ့နိုင်သည်။ ထိုအထဲတွင် ပုံစံတူထိုင်ခုံတချို့ရှိသည်။ ပရိဘောဂနှင့်ထိုင်ခုံများအားလုံးကို သစ်သားနှင့်လုပ်ထားပြီးလှပသည်။



သစ်မွှေး ဒါမှမဟုတ် နံ့သာနီနှင့်လုပ်ထား၏။

လွန်ခဲ့သောလအတွင်း နိုထရီဒိန်းတောင်တွင် နောက်ထပ်သစ်မွှေးနှင့်နံ့သာနီနှစ်ပင်လည်းထပ်ပေါ်သဖြင့် ဒီပစ္စည်းများဖန်တီးထားခဲ့သည်။

ထိုထိုင်ခုံများမှာ သစ်မွှေးခုံ၊နံ့သာနီလက်ဖက်ရည်စားပွဲနှင့်လိုက်ဖက်အောင် ရုံးခန်းထဲယူမည့်ခုံများဖြစ်သည်။

ချင်လင်ကအကြီးဆုံးခုံဆီလျှောက်သွားသည်။

ထိုခုံကို အရည်အသွေး ၁ သစ်မွှေးနှင့်လုပ်ထား၏။ ကတ်တီ ၃၀၀ ကျော်လေးပြီး ချန်ရှန်းဖေအတွက်လုပ်ထားခြင်းပင်။

ချန်ရှန်းဖေကိုသစ်မွှေးအကြောင်းစုံစမ်းပေးမည်ဟု အရင်ကသူကတိပေးထားသည်။ ပိုပြီးသိုသိုသိပ်သိပ်ဖြစ်စေရန် ဒီခုံကိုသေချာလုပ်ပြီး ဂိမ်းထဲတွင် အချိန်တစ်ခုအထိထားထားသည်။

ဂိမ်းအချိန်အချိုးအစားအရ ဒီခုံက နှစ် ၂၀ ကျော်ပြီ။

ထိုအတွေးနှင့်သူ့ဖုန်းထုတ်ပြီး သစ်မွှေးခုံကိုဗီဒီယိုရိုက်လိုက်သည်။ တဆက်တည်း သူက_

''လောင်ချန်... သစ်မွှေးကောင်းကောင်းတွေ့ထားတယ်... သစ်က သေချာပေါက် နှစ် ၃၀ ကျော်ပြီ... ကတ်တီ ၃၀၀ ကျော်လေးတယ်... ခင်ဗျားလိုချင်လား? လိုချင်ရင် ယူခဲ့မယ်''

ဗီဒီယိုရိုက်ပြီးနောက် အတွေးနှင့်ဂိမ်းထဲမှထွက်၍ ဂိုဒေါင်ဆီပြန်ရောက်လာသည်။ သူကဗီဒီယိုကို ချန်ရှန်းဖေဆီ Wechat မှပို့လိုက်သည်။

မင်မြို့တော်_

ပင်လယ်ပြာအဖွဲ့အစည်း၏ဥက္ကဌရုံးခန်းထဲတွင် ချန်ရှန်းဖေက ကုမ္ပဏီ၏စာဖိုင်များကိုကိုင်တွယ်နေသည်။ ချင်လင်၏ Wechat မှဗီဒီယိုရောက်လာသောအခါ ချက်ချင်းနှိပ်ကြည့်လိုက်၏။

ပထမဆုံးသူတွေ့ရသည်မှာ ရုံးစားပွဲတစ်လုံး။ ပြီးတော့ အရမ်းကျယ်တဲ့ခန်းမကြီး။ အပြင်အဆင်က နည်းနည်းရှေးဆန်သော်လည်း အလွန်လက်ရာမြောက်၏။ ဘယ်နေရာလဲ သူချင်မိသည်။

ထို့နောက် ချန်ရှန်းဖေက ဗီဒီယိုထဲမှသစ်မွှေးခုံကိုသတိထားမိသည်။

ချင်လင်ရဲ့ရုံးခန်းထဲကခုံထက်တောင်ကြီးနေသည်။

ဗီဒီယိုထဲက ချင်လင်၏စကားကိုကြားလျှင် ချန်ရှန်းဖေကချက်ချင်း ချင်လင်ကိုပြန်ဖြေလိုက်၏_

''အင်း... အရင်ဆုံးယူခဲ့ပေး... ပြီးမှ စံအိမ်လာပြီးငွေလွှဲပေးမယ်... ဘယ်သူ့ကိုမှမပေးနဲ့နော်''

နှစ် ၃၀ ကျော်သက်တမ်းရှိတဲ့သစ်မွှေးက ချင်လင်ရဲ့ရုံးခန်းထဲကခုံလောက် သက်တမ်းမရင့်သော်လည်း ဒီလိုခုံကြီးမျိုးကအလွန်ရှားသည်။





အဲဒီအပြင် အပြီးသတ်ထားသောထုတ်ကုန်၊ အနုပညာတန်ဖိုးကိုခြုံငုံကြည့်ရသလောက် တစ်ကတ်တီယွမ် ၆၀၀၀ နှင့်ဝယ်မည့်သူများလည်းရှိသည်။

လက်နှေးတာနဲ့ သူများပစ္စည်းဖြစ်ပြီ။

ဂိုဒေါင်တွင် ချင်လင်က ချန်ရှန်းဖေ၏စာရပြီး ''OK'' ဟုစာပြန်လိုက်၏။

ပိုက်ဆံ ဒါမှမဟုတ် တခြားဟာကအရေးမကြီး။ လောင်ချန်ကြိုက်ရင် ရပြီ။

သူပြီးသောအခါ ဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။

မနေ့ကနှင့်မနက်ပိုင်းရိတ်သိမ်းထားသောသီးနှံများအပြင် သိုလှောင်ခန်းထဲတွင် တခြားအရည်အသွေး ၂ ပစ္စည်းများရှိသေးသည်။ ဥပမာ - ဘဲခြံမှကောက်ထားသော အရည်အသွေး ၂ အလှအပဥ၊ အဆင့် ၃ မြေကွက်မှခူးထားသော အရည်အသွေး ၂ ဖရဲသီး၊ အဆင့် ၄ မြေကွက်မှခူးထားသော အရည်အသွေး ၂ အလှအပသခွားသီး စသည်တို့ဖြစ်သည်။

လက်တွေ့လောကထဲယူသောပစ္စည်းများအပြင် အရည်အသွေး ၁ ပစ္စည်းအများစုကို ရွှေပြားရရန်စနစ်ကိုရောင်းလိုက်သည်။ အရည်အသွေး ၂ ပစ္စည်းများကိုမူထိန်းသိမ်းထား၏။

နောက်ပြီး သိုလှောင်ခန်းထောင့်တွင် မြင့်မြင့်ထပ်ထားသောဝိုင်ခွက်များရှိသည်။

ထိုဝိုင်များထဲတွင် ချင်းလင်ဝိုင်လုပ်ငန်းမှ အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားသောဝိုင်၊ ချင်းလင်ဝိုင်လုပ်ငန်း၏သာမန်ဝိုင်များပါသည်။

လွန်ခဲ့သောလက သာမန်ဝိုင်အများကြီး သူရွှေ့ထားသည်။ အွန်လိုင်းမှတခြားဝိုင်အမျိုးအစားများကိုတောင် မှာယူထား၏။

ဒါတွေကို ဂိမ်းထဲမှာ အချိန်တစ်ခုအထိထားမည်။ ဂိမ်းအချိန်အချိုးအစားအရ ၅ နှစ်မှ ၁၀ နှစ်သက်တမ်းရှိပြီ။

ဆောက်ထားသောအပန်းဖြေစံအိမ်ထဲတွင် ဝိုင်သိုလှောင်ခန်းတစ်ခုသီးသန့်ဆောက်ပေးရန် စွန်းမင်ကိုမှာထားသည်။ နောင်မှာ ဒီဝိုင်များကို ဝိုင်သိုလှောင်ခန်း၏စုဆောင်းမှုထဲထားမည်။

အဲဒီအချိန်ကျရင် ဒီဝိုင်တွေက အပြင်လောကကလူတွေကိုရူးစေလိမ့်သည်။

ဒီသာမန်ဝိုင်တွေအပြင် စိမ်ထားသောဆေးဖက်ဝင်ဝိုင်များလည်းရှိသည်။

အရည်အသွေး ၃ သဘာဝဂျင်ဆင်းနှင့်စိမ်ထားသောဆေးဖက်ဝင်ဝိုင်ကို သခင်ကြီးလီအတွက်ထုတ်သည်မှလွဲ၍ မထိရသေး။ မူလက နှစ် ၃၀ သက်တမ်းရင့်ဝိုင်နှင့်စိမ်ခဲ့သော်လည်း အခုနှစ် ၆၀ နီးပါးရှိနေပြီ။

ချူကီနှင်းဆီ၊ ပျဉ်းမနှင့်စိမ်ထားသောဆေးဖက်ဝင်ဝိုင်လည်းရှိသေးသည်။ အစကစိမ်ပြီးထည့်ထား၍ နှစ် ၆၀ ကျော်ပြီ။

နှစ် ၂၀၊ ၃၅၊ ၄၅ သက်တမ်းရှိဝိုင်သုံးမျိုးလည်း ပလုံစီနေသည်။

အဲဒါတွေအပြင် ပြီးခဲ့တဲ့လက သူ့ကံမဆိုး။ ပျဉ်းမနှင့်ချူကီတောင်တန်းထွက်ကုန်များလည်း နှစ်ကြိမ်ပေါ်ခဲ့သည်။ သွေး၊ ချီနှင့် ကျောက်ကပ်အားဖြည့်ပေးသောဆေးဖက်ဝင်ဝိုင်နှစ်မျိုးလည်းစိမ်ထားသည်။ ဒါတွေလည်း ၅ နှစ်၊ ၁၀ နှစ်သက်တမ်းရှိပြီ။

ဒီဝိုင်တွေနဲ့ဆို အပန်းဖြေစံအိမ်ဆောက်ပြီးရင် သူ့ဝိုင်သိုလှောင်ခန်းက အရမ်းနာမည်ကျော်သွားလိမ့်မည်။

All Chapters