← Chapters

ဖရဲမျိုးအသစ်တိုးမြှင့်တော့မည်! ရှဉ့်လေးကအကူအညီတောင်းတယ်! ၂

Vol. 28 Ch. 409

ဖရဲမျိုးအသစ်တိုးမြှင့်တော့မည်! ရှဉ့်လေးကအကူအညီတောင်းတယ်! ၂

Vol. 28 Ch. 409

ပြီးလျှင် ချင်လင်က ဒီနေ့ဂိမ်းထဲမှရွှေ့ရမည့်ပစ္စည်းများကိုထုတ်ပြီး စံအိမ်ပို့လိုက်သည်။

သစ်မွှေးခုံကိုရွှေ့ဖို့အလျင်မလိုသေး။ မနက်ဖြန်မှထုတ်ပြီး တစ်ရက်ထားလိုက်မည်။

စံအိမ်ရောက်သောအခါ သယ်လာသောပစ္စည်းများကို ချန်တပေလက်ထဲအပ်လိုက်သည်။ သူကဖုန်းထုတ်ပြီး ချန်ရှန်းဖေကိုလည်းစာထပ်ပို့လိုက်၏_

''လောင်ချန် ရပြီ... ပစ္စည်းကမနက်ဖြန်ရောက်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ... ခင်ဗျားမနက်ဖြန်လာစရာရှိတယ်''

မင်မြို့တော်_

ချန်ရှန်းဖေလည်း ချက်ချင်းစာရသည်။ သူကချက်ချင်း သူ့အတွင်းရေးမှူးကိုရုံးခန်းထဲခေါ်လိုက်၏။

''ဥက္ကဌချန်... ဘာလုပ်ပေးရမလဲ?''

အတွင်းရေးမှူးကဝင်လာလာချင်း ချန်ရှန်းဖေကိုမေးသည်။

ချန်ရှန်းဖေက သူ့ရှေ့မှစားပွဲကိုပုတ်ပြီး_

''ဒီနေ့အလုပ်ဆင်းရင် ဒီခုံကိုဂိုဒေါင်ထဲရွှေ့ဖို့ လူခေါ်ထား... မကြာခင် ခုံအသစ်ရောက်လိမ့်မယ်''

''ကောင်းပါပြီ သူဌေး!'' အတွင်းရေးမှူးကခေါင်းညိမ့်ပြီးထွက်သွားသည်။

ချန်ရှန်းဖေက Wechat စာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ချင်လင်က အားကိုးရတုန်းပဲ။

တစ်ချိန်တည်းမှာ သူနည်းနည်းစိတ်လှုပ်ရှားသွားသည်။ ဘာပဲဖြစ်ဖြစ် အရင်ကဒီအတိုင်းပဲပြောလိုက်တာ။ ချင်လင်မှတ်မိနေမယ်လို့ သူမထင်မိ။ သူမိတ်ဆွေကောင်းရထားပြီလေ။

...

ချင်လင်ကစံအိမ်ထဲဝင်ပြီး မူလခန်းမဘက်တန်းသွားလိုက်သည်။



မူလခန်းမအပြင်ဘက်မှာ အတော်လေးပြောင်းလဲသွားသည်။ တံခါးဝင်ပေါက်တောင် သလင်းကျောက်ရောင်သတ္တုဘောင်နှင့်တံခါးဖြစ်လာသည်။ ငါးပြတိုက်ကိုစတင်အကောင်အထည်ဖော်နေပြီဖြစ်သောကြောင့်ပင်။

ချင်လင်ဝင်လာသည်။ အထဲတွင်အင်ဂျင်နီယာများအလုပ်ရှုပ်နေ၏။

တာဝန်ခံပုဂ္ဂိုလ်က ချင်လင်ကိုမှတ်မိသွားပြီး ချက်ချင်းလာနှုတ်ဆက်သည်_

''ဥက္ကဌချင်... ကျွန်တော်လိုက်ပြရမလား?''

ချင်လင်ကခေါင်းညိမ့်ပြီး တာဝန်ခံနောက်လိုက်သွား၏။

ငါးပြတိုက်ဆောက်လုပ်ရေးကို မူလခန်းမအပြင်ဘက်ထိတစ်နေရာအထိချဲ့ထားသည်။ အရင်ကစားဖိုဆောင်နေရာပင်။

စားဖိုဆောင်ကိုဖြိုချလိုက်သည်ပေါ့။

ငါးပြတိုက်၏ပုံစံကိုခြုံကြည့်လျှင် ခေတ်ဟောင်းသိပ္ပံဆန်ဆန်ဖြစ်သည်။ ဟောလီးဝုဒ်ရုပ်ရှင်များတွင် အတ္တလန်တိတ်အနုပညာပုံစံဟုခေါ်လေ့ရှိသည်။ သူ့ချည်းသက်သက်တောင် အရမ်းအရမ်းကြည့်ကောင်းသည်။

ချင်လင်လည်းပတ်ကြည့်ပြီး အနောက်ဘက်ခြံဝင်းထဲဝင်ခဲ့သည်။ ခြံဝင်းထဲမှလယ်ကွက်ပုံစံကိုထိခိုက်မှုမရှိစေရန် ကြားထဲတွင်အုတ်တံတိုင်းကာထားသည်။

ငါးပြတိုက်ဆောက်ရင် အနောက်ဘက်ခြံဝင်းအနောက်တံခါးကို လုံးဝပိတ်လိုက်မည်။ အဲဒီအချိန်ကျရင် ခြံဝင်းထဲကိုတခြားဘက်မှဝင်ရမည်။

ချင်လင်က လယ်ကွက်ပုံစံထဲရောက်သောအခါ မြေကွက်ထဲတွင် မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ရုံးပတီသီး၊ ပဲ၊ သခွားစသည့်သီးနှံ ၁၀ မျိုးကျော်ရှိနေသည်ကိုတွေ့ရသည်။

ဒါတွေက ချင်လင်ဖုံးကွယ်ဖို့အသုံးချထားတာတွေဖြစ်သည်။ ဒီမြေကွက်ထဲမှာ တကယ့်အရေးအကြီးဆုံးပစ္စည်းက အလှအပသခွားသီးပင်။ သခွားပင်အဖူးများက မျိုးစေ့လေးများစဖွဲ့နေပြီ။

ဒီအလှအပသခွားတွေမှည့်ရင် လီခိုင်ကိုစမ်းသပ်ခိုင်းမည်။

အဲဒီအချိန်ကျရင် ဒီသခွားသီးမှာ အလှအပအာနိသင်ရှိကြောင်းတွေ့ပြီး လီခိုင်အံ့ဩသွားလိမ့်မည်။ ပြီးရင် အထူးမြေကြီးရဲ့မျိုးဗီဇပြောင်းအားကိုးနဲ့ သခွားမျိုးအသစ်ရှိလာမည်။

လုံးဝပြီးပြည့်စုံတဲ့အစီအစဉ်ပဲ။

ချင်လင်ကခဏလေ့လာသုံးသပ်ကြည့်ရာ အလှအပသခွားတွင်ပြဿနာမရှိကြောင်းသိလိုက်ရသဖြင့် ဖရဲမျိုးအသစ်စိုက်ထားသောမြေဧက ၁၀၀ ဘက်ခြေဦးလှည့်လိုက်သည်။

ဒီဝန်းကျင်က စိမ်းစိုနေသည်။ နေရာအနှံ့မှာ ဖရဲနွယ်ပင်ဖားဖားတွေနှင့်။ ဖရဲခင်းထဲတွင် ကြီးနေသောဖရဲသီးများကိုလည်းမြင်နိုင်သည်။





ဒီဧက ၁၀၀ ဖရဲခင်းကိုစိုက်ထားတာ ရက် ၅၀ နီးနီးရှိခဲ့ပြီ။ ဖရဲမျိုးအသစ်၏ကြီးထွားချိန်ကတိုတောင်းပြီး ဖရဲသီးများမြန်မြန်ဆန်ဆန်မှည့်နိုင်သည်။

ထိုဖရဲသီးအများစုကို အပင်ပေါက်ချိန်တွင် ကိုချီစင်းနှင့်စိုက်ခဲ့သည်။

ဒီဖရဲသီးတွေကရတဲ့သုံးခုပါမျိုးစေ့ကို အစေ့လွတ်ဖရဲမျိုးထပ်ထုတ်ရန် အသုတ်ခွဲပြီးစိုက်နိုင်သည်။

ဒါကလည်း အစေ့လွတ်ဖရဲမျိုးရဲ့ပြဿနာတစ်မျိုး။ မျိုးစေ့ဆဲလ်မဖြစ်နိုင်တဲ့ဒီလိုမျိုးစေ့တွေရဖို့ တစ်ခုက ဒီပျိုးထောင်ဖြစ်စဉ်ကိုဖြတ်သန်းရသည်။

ချင်လင်ကဖရဲသီးကိုကြည့်ပြီး အထပ်သုံးထပ်ကာထားသောစိုက်ခင်းဆီသွားလိုက်သည်။ စိုက်ခင်းထဲတွင် ဒိုနာစီမြက်ရင်း ၁၂ ပင်ရှိ၏။

တစ်လအတွင်း ထို ၁၂ ပင်က စိမ်းစိမ်းစိုစိုကြီးထွားနေပြီ။ ထူးထူးခြားခြားပန်းအဖူးများလည်းပွင့်နေ၏။ ဖြည်းဖြည်းချင်းမျိုးစေ့ဖွဲ့နေကြသည်။

ပါမောက္ခရန်က ထိုဒိုနာစီမြက်ရင်း ၁၂ ပင်ကိုနေ့တိုင်းဂရုစိုက်နိုင်ရန် စံအိမ်တွင်လီခိုင်နှင့်နေသည်။

မတော်တဆဖြစ်ရပ်များကိုကာကွယ်ရန် ချန်တပေ၏လုံခြုံရေးဌာနမှလုံခြုံရေးအစောင့်တချို့ကိုတောင် သူတို့နှစ်ယောက်ကငှားထားသည်။ ၂၄ နာရီတစ်ရက်လုံးလုံးစောင့်ကြည့်ပြီး ဘယ်သူမှအဝင်မခံချေ။

ဒါ SMA ရောဂါကိုလုံးဝဖြေရှင်းနိုင်မယ့် သူတို့နှစ်ယောက်ရဲ့မျှော်လင့်ချက်။ နောက်ထပ်မျိုးစေ့ဖွဲ့ပြီး တဖန်အောင်မြင်တော့မည်။ အဲဒီအချိန်ကျရင် ပါမောက္ခရန်လည်းမျိုးစေ့နှစ်စေ့ယူပြီး ကျန်မျိုးစေ့များချန်ခဲ့ကာ SMA အနာကျက်ဆေးရည်စမ်းသပ်ထုတ်လုပ်ရန် မြို့တော်ပြန်ချင်သည်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပါမောက္ခရန်သတိပေးတာ ချင်လင်မှတ်မိသည်။ ဒီ SMA ရောဂါကုသဆေးထုတ်ရင် ချင်းလင်ဓာတ်ခွဲခန်းနဲ့ဒိုနာစီမြက်ရင်းအကြောင်းဆွေးနွေးဖို့ အထက်ကတစ်ယောက်ယောက် သေချာပေါက်လာလိမ့်မည်တဲ့။

သူဒီအကြောင်းသေသေချာချာစဉ်းစားရမည်။

ချင်လင်ကရုံးခန်းထဲပြန်လာပြီး စံအိမ်ကိစ္စများဖြေရှင်းလိုက်သည်။ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းအခြေအနေကိုလည်း တစ်ချက်ကြည့်လိုက်၏။

ချင်းလင်အစားအသောက်ကုမ္ပဏီဘက်တွင် ချင်းလင်လက်ဖက်ရည်စက်ရုံမှာ အပြည့်အဝထုတ်လုပ်နေပြီ။ မင်စီရင်စုပြည်နယ်မြို့တော်ကိုယ်စားလှယ်ဝမ်ရန်အပြင် ကျဲ့စီရင်စုနှင့်မြောက်ပိုင်းစီရင်စု၏ပြည်နယ်မြို့တော်ကိုယ်စားလှယ်နှစ်ဦးကိုလည်းရွေးထားသည်။

သို့ရာတွင် ချင်းလင်လက်ဖက်ရည်၏လက်ရှိဂုဏ်သတင်းကြောင့် ဒီကိုယ်စားလှယ်နှစ်ဦးက မင်စီရင်စုပြည်နယ်မြို့တော်ထဲတွင် ဝမ်ရန်လိုမြန်မြန်ဆန်ဆန်မကြော်ငြာကြပေ။

နောက်ပြီး ကျဲ့စီရင်စုနှင့်မြောက်ပိုင်းစီရင်စု၏ကိုယ်စားလှယ်နှစ်ဦးမှာ အစကတည်းကဝယ်လက်ရှိသည်။ ဝမ်ရန်မှာ သူ့ကိုယ်ပိုင်ဝယ်လက်မရှိခဲ့။ ဝမ်ရန်ကတကယ်လုပ်နိုင်စွမ်းရှိသည်ဟုဆိုရမည်။

ဒီလူရဲ့လုပ်နိုင်စွမ်းကို ချန်ရှန်းဖေနဲ့မာလဲ့ဝမ်တောင် ချီးကျူးခဲ့သည်။

ပြီးခဲ့သောလက ဝမ်ရန်လည်း မင်စီရင်စု၏အားဖြည့်ဖျော်ရည်စျေးကွက်အတော်များများကိုသိမ်းပိုက်ခဲ့သည်။ နောက်ပိုင်း ဖျော်ရည်စက်ရုံကိုတိုးချဲ့မည်ဟု သူနှင့်တန့်ကွမ်းလည်းထည့်သွင်းစဉ်းစားထားသည်။ ထုတ်နိုင်စွမ်းအားလုံလောက်ရင် ဝမ်ရန်ကိုမင်စီရင်စု၏အထွေထွေကိုယ်စားလှယ်အဖြစ်ပေးမည်။

နောက်တစ်ခုက ချင်းလင်ဆော့။

နှစ်ဆိုင်းခွဲဆင်းပြီး အပြည့်အဝထုတ်လုပ်နေသောမူလစက်ရုံများအပြင် ရုံချန်းစီရင်စုကိုပေးရန်ရှိသောထောက်ပံ့ငွေကိုပြန်ဆပ်ပြီးဖြစ်သည်။ စက်ရုံအသစ်ကိုလည်း မြေနီစက်မှုဇုံတွင်ဆောက်ထားပြီးဖြစ်လေသည်။

All Chapters