ဖရဲမျိုးအသစ်တိုးမြှင့်တော့မည်! ရှဉ့်လေးကအကူအညီတောင်းတယ်! ၃
Vol. 28 Ch. 410
နောက်ပြီး ချင်းလင်ဆော့က အလွန်လျင်လျင်မြန်မြန်ဖွံ့ဖြိုးနေသည်။ ကြော်ငြာစျေးကွက်ရှယ်ယာမှာ ၂% အထိရှိနေပြီ။
၂% သာဆိုသော်လည်း ထိပ်တန်းဘရန်း ၁၀ မျိုးကြားတွင်ကွာဟချက်ရှိသောဆော့များစွာရှိကြောင်းသိထားကြသည်။ သူ့စျေးကွက်ရှယ်ယာက ၀.၂% တောင်မရှိ၊ အခြေခံဘရန်း ၁၀ မျိုးမှာ အရင်ကရှယ်ယာ ၅% သာရှိသည်။ ယခုမူ ၅% အောက်ကျဆင်းသွားလေပြီ။
ချင်းလင်ဆော့က ဒီစျေးကွက်တန်ဖိုးကိုကျော်နိုင်ရင် ထိပ်တန်းဘရန်း ၁၀ မျိုးထဲတိုးဝင်ပြီး ထိပ်တန်းဘရန်းအသစ် ၁၀ မျိုးတွင်တစ်ခုဖြစ်လာနိုင်သည်။
ချင်းလင်ဆော့အခုလိုအပ်တာက အချိန်ပင်။
သို့ရာတွင် ချင်းလင်ဆော့စက်ရုံသစ်ကဆောက်လုပ်ဆဲဖြစ်သည်။ စက်ရုံသစ်ဆောက်ပြီးရင် ထုတ်လုပ်ရေးလိုင်းများနှင့်အလိုက်သင့်ဖြစ်လာမည်။ ထုတ်လုပ်နိုင်စွမ်းပြည့်မီရင် ထိပ်တန်းဘရန်း ၁၀ ခုထဲတိုးဝင်ဖို့လွယ်သွားပြီ။
နောက်ဆုံးက ချင်းလင်ဓာတ်ခွဲခန်း။
ဓာတ်ခွဲခန်းကို ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားပြီး ပုံပြောင်းရန်အဆောက်အဦးလည်းငှားထားပြီ။ ဒီအဆောက်အဦးကို အလုပ်အတွက်ယာယီဓာတ်ခွဲခန်းအဖြစ်သာအသုံးပြုသည်။
ရှန်လီက ပြီးပြည့်စုံသောသီးနှံမျိုးစိတ်ဓာတ်ခွဲခန်းဆောက်ရန် ယွမ်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီး မြေကွက်တစ်ကွက်ကိုစာချုပ်ချုပ်ထားသည်။
ဒီဓာတ်ခွဲခန်းဆောက်ပြီးရင် ကုမ္ပဏီကြီးများ၏ဓာတ်ခွဲခန်းနှင့်ယှဉ်နိုင်မည်မဟုတ်သော်လည်း သေးသေးတော့မဟုတ်။ ရုံချန်းစီရင်စုလိုနေရာမှာ လန့်လောက်စရာဖြစ်လိမ့်မည်။
ရုံချန်းစီရင်စုကလည်း ဒီဓာတ်ခွဲခန်းကိုအထူးအာရုံစိုက်ထားသည်။ ဆောက်လုပ်ရေးနှင့်စာချုပ်လုပ်ငန်းစဉ်များအားလုံးကို မီးစိမ်းပြထားသည်။ မူဝါဒများပေးထားသည့်အပြင် တစ်ချိန်လုံးစောင့်ကြည့်ဖို့ ဒါရိုက်တာတစ်ယောက်လည်းလွှတ်ထား၏။

ပြီးတော့ လက်ရှိချင်းလင်ဓာတ်ခွဲခန်းမှာ ဖရဲမျိုးအသစ်မြှင့်တင်ရေးနှင့်ပတ်သက်ပြီး ချက်ချင်းဖြေရှင်းစရာရှိနေသည်။
ရှန်လီက ဒီအစေ့လွတ်ဖရဲမျိုးစေ့များကို သူ့ဆီကယူသွားပြီး(အခန်း ၂၁၂) ရုံချန်းစီရင်စုမြို့အသီးသီးတွင်စိုက်ရန် လူလွှတ်၍နေရာများရှာခိုင်းထားသည်။
အဲဒီဖရဲသီးတွေလည်း အခုမှည့်နေပြီ။
မနက်ဖြန် အားလုံးကမြို့အသီးသီးကိုသွားစစ်ဆေးပြီး ဖရဲသီးများမကြော်ငြာခင် တိတိကျကျကြီးထွားမှုကိုကြည့်ရှုမည်။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ဒီကိစ္စအတွက်လာခြင်းပင်။
သူတို့နှစ်ယောက်ကရှယ်ယာရှင်သက်သက်ဆိုသော်လည်း ဒီဓာတ်ခွဲခန်းရဲ့ပထမဆုံးထုတ်ကုန်မှာသူတို့ပါဝင်ဆောင်ရွက်ချင်သည်။ ဒီဖရဲမျိုးအသစ်၏အလားအလာကိုသိသောကြောင့်ပင်။
ချင်လင်ကအချက်အလက်များကြည့်နေရင်း ရုတ်တရက် တံခါးအပြင်ဘက်တွင် အသံတိုးတိုးကြားလိုက်ရသည်။ ကြည့်ရတာ တံခါးကိုလက်သည်းနှင့်ကုတ်နေသောအသံဖြစ်မည်။
ဇဝေဇဝါနှင့်သူကထပြီး ရုံးခန်းတံခါးဖွင့်လိုက်ရာ မွေးနီကတံခါးကိုကုတ်ခြစ်နေမှန်းတွေ့လိုက်ရ၏။ သူ့မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုကိုလုံးဝမြင်နိုင်သည်။
ချင်လင်တံခါးလာဖွင့်သည်ကိုမြင်လျှင် မွေးနီကသူ့ပခုံးပေါ်သုတ်သီးသုတ်ပျာပြေးတက်ပြီး သူ့ကော်လာကိုဆုပ်ကိုင်ထား၏။
''ကောင်လေး... ဘာလို့ဒီလောက်ပျာနေတာလဲ?''
ချင်လင်က မွေးနီကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။
တစ်ဖက်တွင် မွေးနီကသူ့ကော်လာကိုဆွဲပြီး ညွှန်ပြနေ၏။ သူညွှန်ပြနေသောနေရာကို မြန်မြန်သွားစေချင်မှန်းသိသာသည်။
ချင်လင်ကသဘောပေါက်၍ ကောင်လေးညွှန်ပြသောနေရာကိုသွားလိုက်သည်။ မကြာမီ ဘူဖေးစားသောက်ဆိုင်နှင့်အသားကင်နေရာကိုရောက်သွား၏။
ဒီနေရာက အမြဲလိုလိုလွတ်နေတတ်သည်။ အစက ပြန်ပြင်ဖို့စိတ်ကူးမရှိ။ နောက်ပိုင်း ကျန်းကွေ့ကျူက ဒီနေရာကိုကာပြီးအိမ်မွေးတိရစ္ဆာန်အိမ်အဖြစ်ပုံပြောင်းလိုက်ရင် တိရစ္ဆာန်တွေလာဆော့နိုင်ကြောင်းအကြံပြုသည်။ တစ်ချိန်တည်းမှာ တိရစ္ဆာန်မွေးမြူရေးသမားအနားယူရာအဖြစ် ပြောင်းလဲနိုင်သည်။


ချင်လင်လည်း ဒီအစီအစဉ်ကိုသဘောတူလိုက်သည်။
လက်ရှိရှဉ့်များသာရှိသည်ဆိုသော်လည်း နောင်မှာတိရစ္ဆာန်ကုန်သည်များဆီက တခြားအိမ်မွေးတိရစ္ဆာန်များဝယ်ယူနိုင်သည်။
ထို့ကြောင့် ဒီနေရာကိုပြင်ဆင်ဖို့လူရှာခဲ့ရာ လဝက်လောက်ကြာသွား၏။ အပြင်မှာနံရံလည်းရှိပြီး နံရံပေါ်တွင် တိရစ္ဆာန်များ၏ပုံစံများတန်ဆာဆင်ထားသည်။
သူရောက်ရောက်ချင်း မွေးနီကပြေးဝင်သွား၏။
ချင်လင်လျှောက်ဝင်သွားသောအခါ ကျန်းကွေ့ကျူနှင့်မိန်းကလေးနှစ်ယောက်က ကိုယ်တိုင်လုပ်စားသောမီးဖိုချောင်လေးထဲတွင် ရှဉ့်လေးတစ်ကောင်ကို စိုးရိမ်တကြီးဝိုင်းနေကြသည်။
မိန်းကလေးနှစ်ယောက်မှာ တိရစ္ဆာန်များကိုဂရုစိုက်ရန်အသစ်ခန့်ထားသောသူများဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျန်းကွေ့ကျူကတစ်ယောက်တည်း။ သူမမှာနားချိန်တောင်မရှိချေ။ နှစ်သစ်မတိုင်ခင်က လူအသစ်ခေါ်ချင်ခဲ့သည်။
ချင်လင်ကလျှောက်လာပြီး တစ်ခုခုမှားနေမှန်းသိလိုက်ရ၏။
မိန်းကလေးသုံးယောက်နားမှရှဉ့်မှာ ဗိုက်ဖောင်းနေသည်_
''ဒီရှဉ့်ကကိုယ်ဝန်ရှိနေတာလား?''
သူကအံ့ဩသံနှင့်မေးလိုက်၏_
''ဘာဖြစ်လို့လဲ?''
နောက်ပြီး ရှဉ့်ကပုံပျက်ပန်းပျက်ဖြစ်နေသည်။ သေတော့မလိုပင်။
မွေးနီက သူတို့ဘေးတွင် စိုးရိမ်တကြီးအော်နေ၏။
ကျန်းကွေ့ကျူလည်း ချင်လင်ရောက်နေသည်ကိုမြင်လျှင် အလောတကြီးပြောပြသည်_
''သူဌေး... ဒီရှဉ့်ကတကယ်ကိုယ်ဝန်ရှိနေတာ... အရင်ကသတိမထားမိဘူး... သူဆော့နေရင်းလဲကျပြီးခိုက်မိတော့ အခုအခြေအနေကနည်းနည်းဆိုးနေတယ်... ကုသဖို့ဘာနည်းမှမရှိဘူး... နောက်ပြီး ရုံချန်းစီရင်စုမှာကုနိုင်တဲ့တိရစ္ဆာန်ဆေးရုံမရှိဘူး... မင်မြို့တော် သဲမြို့တော် မင်စီရင်စုတွေကိုတောင် အချိန်မီမပို့နိုင်ဘူး''
''ကျွိ!'' မွေးနီ၏မျက်လုံးများမှာ တစ်ခုခုပြောချင်နေသလို စိုးရိမ်မှုတွေအပြည့်နှင့်။
ချင်လင်က ဇဝေဇဝါနှင့်ကောင်လေးကိုမေးလိုက်သည်_ ''ဒါမင်းလုပ်တာလား? ဒါမင်းမိန်းမနဲ့ကလေးလား?''
သူပြောပြီးပြီးချင်း ဘေးနားမှချက်ချင်းရှဉ့်သုံးကောင်ထွက်လာ၏။ သူ့ကိုစိုက်ကြည့်ပြီးအော်နေပုံရသည်။
ဘာသဘောလဲ?
နည်းနည်းရှုပ်သွားပြီ။