တိရစ္ဆာန်ဆေးထိုးအပ်! ဆင်းရဲတဲ့အကြောင်းရင်းရှိရမယ်!
Vol. 28 Ch. 411
ဒီရှဥ့်လေးရဲ့ကိုယ်ဝန်က မွေးနီနဲ့ရတာဆိုရင် ချင်လင်ပေါ့ဆလို့မဖြစ်။ အခုကိုယ်ဝန်ရှိနေတဲ့ရှဥ့်က လုံးဝအခြေအနေမကောင်း။ သူနည်းလမ်းစဉ်းစားရမည်။
စံအိမ်ထဲမှာအခြေချနေထိုင်တဲ့ရှဥ့်ဆိုတော့ သူ့ရှဥ့်ဟုဆိုနိုင်၏။ သူလျစ်လျူမရှုနိုင်။
''သူဌေး... လက်ရှိအခြေအနေအရ ကျွန်မတို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားမှဖြစ်မယ်!''
ကျန်းကွေ့ကျူမှာ နည်းနည်းကူကယ်ရာမဲ့နေသည်။
တိမွေးကျောင်းမှဘွဲ့ရထားသောတိရစ္ဆာန်မွေးသူဖြစ်သော်လည်း ကုသမှုမရှိဘဲ ဘာလုပ်ရမယ်တကယ်မသိ။
''ကျွိ ကျွိ!'' မွေးနီက ချင်လင်ကိုစိုးရိမ်တကြီးထပ်အော်ပြီး သူ့လက်သည်းများကိုအသည်းအသန်ဝှေ့ယမ်းပြနေသည်။ သူ့ရဲ့စိုးရိမ်နေတဲ့အကြည့်က တစ်ခုခုကိုရည်ရွယ်မှန်းသိသာသည်။
ချင်လင်ကရုတ်တရက် သဘောပေါက်သွား၏။
ဂိမ်းထဲမှာ တိရစ္ဆာန်ကုန်သည်တွေရှိသည်။
စံအိမ်မှာ ကုသနည်း ဒါမှမဟုတ် နည်းစနစ်မရှိ။ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် တိရစ္ဆာန်ကုန်သည်တွေက တိရစ္ဆာန်များ၏ထိခိုက်မှုကိုကုသရန်သုံးသော တိရစ္ဆာန်အနာကျက်ဆေးထိုးအပ်ရောင်းသည်။
ထိုအတွေးနှင့် ချင်လင်ကချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံမှထွက်ပြီး တိရစ္ဆာန်ကုန်သည်ဆီသွားစေ၏။
သူကတိရစ္ဆာန်ကုန်သည်၏အရောင်းစာရင်းကိုနှိပ်လိုက်ရာ ပင်ဂွင်းနှင့်ဝယ်နိုင်သောတိရစ္ဆာန်စာရင်းထပ်ပေါ်လာသည်။ ထင်ထားသည့်အတိုင်း ဆွဲကြည့်လိုက်ရာ အခြေခံတိရစ္ဆာန်ဆေးထိုးအပ်ကိုတွေ့လိုက်ရသည်။
တိရစ္ဆာန်ဆေးထိုးအပ်ကို အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟုခွဲခြားထား၏။
အဆင့်မြင့်လေလေ အာနိသင်ပိုကောင်းလေလေပင်။ အခြေခံဆေးထိုးအပ်တချို့မှာ ထိခိုက်မှုကုသရန်လုံလောက်သည်။
သို့ရာတွင် စာရင်းထဲ၌ အခြေခံရောင်းချခြင်းသာရှိသည်။
ဒီကိုယ်ဝန်နဲ့ရှဥ့်ရဲ့အခြေအနေကို ချင်လင်ကမသိသောကြောင့် တစ်ခါတည်း အပ် ၅ ချောင်းဝယ်မည်ကိုသာရွေးလိုက်၏။
(အခြေခံတိရစ္ဆာန်ဆေးထိုးအပ် ၅ ချောင်း _
ဝယ်မည်? မဝယ်ပါ?)
သူကဝယ်မည်ကိုရွေးပြီး ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်လာစေသည်။
''ကျန်းကွေ့ကျူ... အရင်ဆုံးသူ့ကိုဂရုစိုက်ထားလိုက်ပါ... ကျွန်တော့်မှာ ကုတဲ့ဆေးရှိတယ်... သွားယူလိုက်ဦးမယ်''
ချင်လင်ကပြောပြီး ရုံးခန်းထဲပြန်လျှောက်လာသည်။
မွေးနီကမြင်လျှင် သူ့ပခုံးပေါ်သုတ်သီးသုတ်ပျာခုန်တက်ပြီးလိုက်လာ၏။
ထိုအချိန်တွင် သူဆက်မအော်တော့။
ချင်လင်ကရုံးခန်းထဲရောက်သောအခါ တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။
ချင်လင်ကသူ့လက်ထဲတွင် ဆေးထိုးအပ် ၅ ချောင်းကိုင်လာသောအခါ မွေးနီကချက်ချင်းမြူးတူးစွာအော်လိုက်၏။
ဒီပစ္စည်းကဘာအတွက်လဲ သူသိတဲ့ပုံ။
ထိုဆေးထိုးအပ်များက အပ်ပုံစံသေးသေးသွယ်သွယ်နှင့် ကလေးများကာကွယ်ဆေးထိုးသောအပ်မျိုးနှင့်တူသည်။
ဆေးထိုးအပ်ပေါ်တွင် စာမပါဘဲ ထုတ်ကုန်တစ်ခုနှင့်တူ၏။
ချင်လင်ကအာရုံစိုက်ပြီး ဆေးထိုးအပ်ပေါ်မှမှတ်ချက်ကိုကြည့်လိုက်သည်။
(အခြေခံဆေးထိုးအပ်: ကုသမှု)
(တိရစ္ဆာန်များအတွက် အထူးကုသသောဆေးထိုးအပ်ဖြစ်သည်။ ထိခိုက်ဒဏ်ရာနှင့်ဖျားမာမှုအမျိုးမျိုးကိုကုသနိုင်သည်။ အလွန်ထိရောက်သည်။ တိရစ္ဆာန်ပိုင်ရှင်မိသားစုများအတွက်မရှိမဖြစ်ပစ္စည်းဖြစ်သည်။
ကန့်သတ်ချက်: တစ်နေ့နှစ်ကြိမ်သုံးပါ။)
ထိုဆေးထိုးအပ်၏မှတ်ချက်ကအလွန်ရိုးရှင်းသော်လည်း အာနိသင်ကရိုးရိုးရှင်းရှင်းပင်။ အာနိသင်အလွန်ထိရောက်ခြင်းသာ။
ဘယ်လောက်ထိရောက်သလဲဆိုတာကတော့ သုံးပြီးမှသိမည်။
အတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်၍ ဆေးထိုးအပ်ကိုင်ပြီး ကိုယ်ဝန်နှင့်ရှဉ့်ဆီပြန်သွားလိုက်သည်။ သူကဆေးထိုးအပ်ကို ကျန်းကွေ့ကျူလက်ထဲပေးလိုက်၏။
ဒီဆေးထိုးအပ်ကိုဂိမ်းထဲယူသွားရင် အသုံးပြုမည်ကိုရွေးလိုက်ရုံသာ။ လက်တွေ့လောကတွင်မူ ဆေးဘယ်လိုထိုးရမလဲတစ်ခါမှမလေ့လာဖူးပေ။ တိရစ္ဆာန်သားမွေးသူကျန်းကွေ့ကျူကိုသာ အားကိုးလိုက်ရသည်။
''သူဌေး... ဒါဘာလဲ?'' ကျန်းကွေ့ကျူက အမှတ်တမဲ့မေးလိုက်၏။
''ဒါတိရစ္ဆာန်တွေအတွက်ဆေးလေ''
ချင်လင်ကရှင်းပြပြီး တိုက်တွန်းလိုက်သည်_
''မြန်မြန်... ထိုးပေးလိုက်''
''ကောင်းပါပြီ!'' ကျန်းကွေ့ကျူကခေါင်းညိမ့်ပြီး ဆေးထိုးအပ်တစ်ချောင်းကောက်ကာ ကိုယ်ဝန်ရှိနေသောရှဉ့်ကိုထိုးလိုက်သည်။ ဘာဆေးလဲ သူမကမမေး။ အခုရှဉ့်လေးကအခြေအနေအရမ်းဆိုးနေတာ။ မကုသရင် သေဖို့စောင့်နေသလိုပင်။
ခဏအကြာ ကျန်းကွေ့ကျူက ရှဉ့်လေးကိုယ်ထဲဆေးထိုးပြီးသွားသည်။ ပြီးရင် စောင့်ကြည့်ရုံသာ။
သို့ရာတွင် ဆေးထိုးပြီးမကြာမီ သေမလိုဖြစ်နေသောရှဉ့်လေးက တဖြည်းဖြည်းထူထူထောင်ထောင်ဖြစ်လာ၍ ကျန်းကွေ့ကျူအံ့ဩမိသည်။
နည်းနည်းအားပျော့နေသော်လည်း သူ့ခေါင်းကိုခါနိုင်သည်။ ကောင်းသွားပုံရသည်။
ကျန်းကွေ့ကျူက ထိုမြင်ကွင်းကြောင့် မယုံနိုင်ပုံနှင့်_ ''သူဌေး... အဲဒါဘာဆေးလဲ? အာနိသင်က မထိရောက်လွန်းဘူးလား?''
စောစောကပဲ ဒီရှဉ့်လေးက နောက်ဆုံးထွက်သက်ရောက်နေသလိုလို။
ဒီဆေးထိုးပြီးတာနဲ့ ဒီလောက်မြန်မြန်ကြီးမတ်တပ်ရပ်နိုင်ပြီတဲ့လား?
အရင်သဲမြို့တော်ရဲ့တိရစ္ဆာန်မွေးမြူရေးပန်းခြံမှာလုပ်ခဲ့တုန်းက တိရစ္ဆာန်တွေအတွက် စျေးကြီးသောအထူးဆေးတချို့ကိုမြင်ခဲ့ဖူးသည်။ အဲဒီဆေးတွေကအလွန်ထိရောက်သော်လည်း ဒီလိုအာနိသင်မျိုးမရှိပေ။
ချင်လင်က ကျန်းကွေ့ကျူရဲ့မေးခွန်းကိုမဖြေဘဲ ညွှန်ကြားလိုက်သည်_
''ဒီဆေးကိုလုံးဝမကောင်းမချင်း တစ်နေ့နှစ်ကြိမ်ထိုးပေးပါ''
မွေးနီက ကိုယ်ဝန်နှင့်ရှဉ့်လေးဆီပြေးသွားကာ သူ့ကျောပိုးအိတ်လေးထဲမှ ထင်းရှူးသီးစေ့ပေးလိုက်သည်။
တခြားရှဉ့်သုံးကောင်ကမြင်ပြီး သူ့အတိုင်း ကိုယ်ဝန်နှင့်ရှဉ့်ကိုထင်းရှူးသီးစေ့များပေးလိုက်၏။
''တကယ်ဂရုစိုက်ကြတာပဲ'' ကျန်းကွေ့ကျူက အံ့ဩသံနှင့်ပြောလိုက်သည်။
တခြားမွေးမြူရေးမိန်းကလေးနှစ်ယောက်က ခေါင်းညိမ့်လိုက်ကြ၏။
ဒီမြင်ကွင်းက အလွန်သဟဇာတဖြစ်ပြီး ရင်ထဲနွေးစရာ။
ချင်လင်မြင်ပုံက တစ်မျိုး။
ဒါအမျိုးသမီးတွေကိုယ်ဝန်ဆောင်တာနဲ့ နည်းနည်းမတူဘူးလား? အမျိုးသားတချို့က ဒီအမျိုးသမီးရဲ့ကလေးကို ဘယ်သူ့ကလေးလဲလို့ တပြိုင်တည်းမေးနေကြတယ်မလား?
အဓိကအချက်မှာ အမျိုးသားတွေက ဒီကလေးရဲ့အဖေဖြစ်ချင်နေကြသည်။ သူတို့အမျိုးသမီးဖြစ်နေသရွေ့ ဘယ်သူ့ကလေးဖြစ်ဖြစ်ကိစ္စမရှိ။
လူတွေကြားမှာနောက်ပိုးတွေရှိသလို ရှဉ့်တွေကြားမှာလည်း နောက်ပိုးတွေရှိတာလား?
သို့ရာတွင် ချင်လင်အတွေးများသွားခြင်းပင်။ သူ့ရှေ့တွင် ကိုယ်ဝန်ရှိနေသောရှဉ့်လေးက ထိုရှဉ့်လေးများ၏ထင်းရှူးသီးစေ့များကိုတစ်စေ့ချင်းကောက်ပြီး သူ့ကျောပိုးအိတ်ထဲထည့်လိုက်သည်။
ဒီကိုယ်ဝန်နဲ့ရှဉ့်လေးက တချို့အမျိုးသမီးတွေလို ကလေးအဖေဘယ်သူလဲမသိတာတော့ မဖြစ်နိုင်ဘူးမလား?
ရှဉ့်လေးအဆင်ပြေနေသောကြောင့် ချင်လင်စိတ်သက်သာရာရသွားသည်။ သူက ကျန်းကွေ့ကျူကိုမှာဖို့လည်းမမေ့_
''ပြီးရင် တခြားရှဉ့်မတွေကိုစစ်ကြည့်ပါဦး... ထပ်ပြီးဒုက္ခမရောက်စေနဲ့''