← Chapters

တိရစ္ဆာန်ဆေးထိုးအပ်! ဆင်းရဲတဲ့အကြောင်းရင်းရှိရမယ်! ၂

Vol. 28 Ch. 412

တိရစ္ဆာန်ဆေးထိုးအပ်! ဆင်းရဲတဲ့အကြောင်းရင်းရှိရမယ်! ၂

Vol. 28 Ch. 412

လူတွေမှာ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိသလို ရှဉ့်တွေလည်းလိုအပ်သည်။

ဂိမ်းထဲမှရှဉ့်အိမ်ဝယ်ပြီးနောက် ဒီရှဉ့်လေးတွေအတူတူနေရင် လုံးဝသေကုန်လိမ့်မည်။

ကျန်းကွေ့ကျူက မြန်မြန်ခေါင်းညိမ့်ပြီး_

''အခုချက်ချင်းဖြေရှင်းလိုက်မယ်... ကျွန်မအရင်က ပေါ့ဆမိတယ်''

ဒီတော့မှချင်လင်ကထွက်လာပြီး စံအိမ်၏ပန်းပင်လယ်အကျယ်ကြီးဆီ ခြေဦးလှည့်လိုက်သည်။ ဒီနေရာမှာစိုက်ထားတဲ့ပန်းပွင့်တွေအများကြီး။ အရောင်စုံပြီး အလွန်လှသည်။ ဒီပန်းပင်လယ်က အပြည့်အဝမဖြစ်သေး။ အားလုံးပွင့်တဲ့အချိန်ကျရင် ပိုတောင်လှဦးမည်။

အခုပန်းပင်လယ်အကျယ်ကြီးကိုအပြီးမသတ်ခင် နောက်ဆုံးအသုတ် နေကြာပန်းနှင့်နှင်းပြာပန်းစိုက်ဖို့စောင့်ရုံသာရှိတော့၏။

အဲဒီအချိန်ကျရင် ကျောက်မိုချင်းအတွက်အလှဆုံးမင်္ဂလာဝတ်စုံရွေးပြီး သူမနဲ့ဒီမှာ မင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်မည်။ ပြီးရင် မင်္ဂလာပွဲအတွက်လုပ်မည်။

နောက်တစ်နေ့မနက်_

ချင်လင်ကဂိုဒေါင်သွား၍ ဒီနေ့ဂိမ်းထဲကပစ္စည်းများ စံအိမ်ပို့ပြီးနောက် ကားပေါ်ကသီးနှံများ ချန်တပေတို့ရွှေ့ပြီးအောင်စောင့်ပြီးလျှင် ဂိုဒေါင်ပြန်မောင်းခဲ့သည်။ ချန်ရှန်းဖေအတွက် သစ်မွှေးခုံ၊ သစ်မွှေးနှင့်နံ့သာနီထိုင်ခုံများထုတ်ရန် စီစဉ်လိုက်၏။

ကားကိုဂိုဒေါင်ထဲမောင်း၍ တံခါးပိတ်ပြီးလျှင် ကားပေါ်တက်ပြီး ဂိမ်းထဲဝင်လိုက်သည်။

စိုက်ပျိုးမွေးမြူရေးခြံမှအိမ်ထဲရောက်သောအခါ စားပွဲကိုသူ့လက်ဝါးနှင့်ထိထားလိုက်၏။ အတွေးတစ်ချက်နှင့် စားပွဲကသူနှင့်အတူဂိမ်းထဲမှပျောက်သွားပြီး ကားပေါ်တွင်ပေါ်လာသည်။

ထိုကဲ့သို့သုံးလေးကြိမ်လုပ်ပြီး ထိုင်ခုံတချို့ရွှေ့ပြီးလျှင် စံအိမ်ပြန်မောင်းလာခဲ့သည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ရောက်သောအချိန်မှာ နေမွန်းတည့်တော့မည်။



ချန်ရှန်းဖေက ချင်လင်ကိုတွေ့တွေ့ချင်း အလောတကြီးမေးသည်_

''ချင်လင်... သစ်မွှေးစားပွဲရော?''

''လောင်ချန်... ခင်ဗျားက မလောလွန်းဘူးလား?''

ချင်လင်ကပြုံးပြီး လမ်းပြလိုက်သည်။ သစ်မွှေးစားပွဲကို လောလောဆယ်ရုံးခန်းအလွတ်တစ်ခန်းထဲထည့်ထားသည်။

ချန်ရှန်းဖေက လောလောလောလောနှင့်လိုက်လာ၏။

သူလောတာမဟုတ်ဘူး။ သစ်မွှေးပရိဘောဂကိုကြိုက်ရုံသက်သက်ပဲ။ ဘယ်သူမဆိုလက်တင်ရတာနဲ့ စိတ်ခံစားချက်ကောင်းသွားလိမ့်မည်လေ။

မကြာမီ ချန်ရှန်းဖေက သစ်မွှေးကိုမြင်ပြီး သေချာကြည့်ရန်ပြေးလာ၏။

သူ့ဘေးမှ မာလဲ့ဝမ်ကစလိုက်သည်_

''လောင်ချန်က ဒီသစ်သားပရိဘောဂတွေစုရတာကြိုက်တယ်... သူမနက်အစောကြီး ငါ့ကိုဆွဲခေါ်လာတာ... ဒါပေမဲ့ ချင်လင် မင်းတကယ်တော်တယ်... လောင်ချန် ဒါကိုသတိရအောင် မင်းကကူညီလိုက်သေးတယ်''

ထိုအချိန်တွင် ချန်ရှန်းဖေကအံ့ဩသံနှင့်_

''ချင်လင်... ဒီသစ်မွှေးစားပွဲက သက်တမ်းတဝက်ပစ္စည်းပဲ... နှစ် ၂၀ ကျော် ၃၀ နီးပါးနဲ့လုပ်ထားတာသေချာတယ်... နောက်ပြီး ပုံစံနဲ့လက်ရာက အရမ်းပြီးပြည့်စုံတယ်... ဒီလိုပစ္စည်းကောင်းကို အရင်ပိုင်ရှင်က ဘာလို့ရောင်းချင်ရတာလဲ?''

''သေချာတော့မသိဘူး... မိသားစုလုပ်ငန်းမှာပြဿနာရှိတယ်ကြားတယ်''

ချင်လင်လည်း ချက်ချင်းလက်ငင်းအကြောင်းပြချက်ပေးလိုက်သည်။ သူချန်ရှန်းဖေကိုလေးစားသည်။ ဒီသစ်မွှေးခုံကိုစစ်ဆေးကြည့်ရုံနဲ့ ဘယ်နှနှစ်ရှိကြောင်း သူပြောနိုင်သည်။

ဒီအပိုင်းမှာ လောင်ချန်ကအရမ်းလုပ်နိုင်တာပဲ။

ချန်ရှန်းဖေကနောက်ထပ်မမေးတော့ဘဲ ချင်လင်ကိုအလောတကြီးပြောလာသည်_

''ချင်လင်... ဒီစားပွဲကငါ့ဟာ... ငါ့ကိုဘဏ်အကောင့်နံပါတ်ပေး... မင်းဆီငွေလွှဲလိုက်မယ်''

''ဟုတ်ပါပြီ!'' ချင်လင်ကခေါင်းညိမ့်ပြီး သူ့ဘဏ်အကောင့်ကို ချန်ရှန်းဖေဆီပေးလိုက်သည်။

ဒီသစ်မွှေးစားပွဲကိုဂရုမစိုက်၊ ချန်ရှန်းဖေကိုသူ့မွေးနေ့မှာတစ်ခုပေးလိုက်ရတာပြဿနာမဟုတ်သော်လည်း အချိန်ယူကာသေချာတွက်ချက်ကြည့်ရဦးမည်။

ချန်ရှန်းဖေကအကောင့်ရလျှင် ချင်လင်ကိုယွမ်သုံးသန်းချက်ချင်းလွှဲပေးလိုက်သည်။

''လောင်ချန်... ပေးတာအရမ်းများတယ်''

ချင်လင်က ဘဏ်လွှဲစာလက်ခံရပြီးပြောလိုက်သည်။

ချန်ရှန်းဖေကခေါင်းခါပြီး_ ''ဒီလိုသစ်မွှေးခုံကြီးက တွေ့ရခဲတယ်... ဒီအနုပညာပုံစံကအရမ်းကောင်းတယ်... ပြီးတော့ နှစ် ၃၀ နီးပါးရှေးဟောင်းပစ္စည်း... ဒီစျေးနဲ့လုံးဝတန်တယ်''





ချင်လင်ကထိုစကားကြားလျှင် ဒီအကြောင်းဆက်မပြောတော့ချေ။

နေ့လယ်ပိုင်းတွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုဧည့်ခံရန် ချင်လင်ကဆရာလင်းအား အကြီးအကဲစားပွဲပြင်ခိုင်းသည်။

နေ့လယ်စာစားပြီးနောက် သူ့ရုံးခန်းပြန်လာကာ လက်ဖက်ရည်ဝိုင်းခဏဖွဲ့နေစဉ် ရှန်လီက ဓာတ်ခွဲခန်းလူတချို့နှင့်ရောက်လာသည်_

''ဥက္ကဌချင် ဥက္ကဌချန် ဥက္ကဌမာ... သုံးယောက်လုံးရောက်နေပြီဆိုတော့ အခုသွားကြမလား?''

ချင်လင်ကပြုံးပြီး_ ''ဒါဆိုရင် သွားကြတာပေါ့... အရင်ဆုံးကိစ္စဖြေရှင်းမယ်... လောင်ချန်နဲ့လောင်မာက ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားတယ်... ကျွန်တော်တို့ငွေသုံးရမယ်''

ရှန်လီက မြို့အသီးသီးတွင်လူလွှတ်ပြီး ဖရဲသီးစမ်းစိုက်ခိုင်းထားသည်။

ဒီနေ့ချန်ရှန်းဖေနဲ့မာလဲ့ဝမ်အတူတူလာကြ၏။ သစ်မွှေးခုံက အရံရည်ရွယ်ချက်သာ။ တကယ့်ရည်ရွယ်ချက်က မြို့အသီးသီးကိုသွားပြီး ထိုဖရဲသီးများကိုစစ်ဆေးကြည့်ရန်ပင်။

စီရင်စုတစ်ခုတည်းတောင် မြို့အသီးသီးတွင်စိုက်ထားသော ဖရဲသီးအထွက်နှုန်းနှင့်ချိုမြိန်မှုက အနည်းနှင့်အများသက်ရောက်မှုရှိလိမ့်မည်။

မိသားစုကိုယ်ပိုင်စိုက်ခင်းသက်သက်ဆိုလျှင် အဆင်ပြေသည်။ ဓာတ်ခွဲခန်းကကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်ခြင်းဖြစ်လျှင်မူ အကျိုးသက်ရောက်မှုကိုထည့်သွင်းစဉ်းစားရမည်။

ထို့ကြောင့် အထွက်နှုန်းပိုကောင်းပြီး ပိုချိုသောမြို့များကိုအာရုံစိုက်၍ ရင်းနှီးမြှုပ်နှံမှုပိုကြီးမည်။

ရှင်းရှင်းပြောရရင် တောင်သူတွေက မြေပြင်မှာကြိုးကြိုးစားစားလုပ်တယ်၊ ကုမ္ပဏီတွေက မျိုးစေ့၊ မြေဩဇာနဲ့ တခြားစိုက်ပျိုးရေးပစ္စည်းတွေပေးတယ်၊ သီးနှံတွေမှည့်လာရင် ကုမ္ပဏီတွေကဝယ်ပြီးရောင်းမယ်၊ တောင်သူတွေက အမြတ်ဝေပုံကျရမယ်၊ တိတိကျကျအချိုးအစားကတော့ ကုမ္ပဏီအမျိုးမျိုးက ပမာဏအမျိုးမျိုးပေးသည်ပင်။

ဒီနည်းက နှစ်ဖက်လှဖြစ်သည်။

ချင်လင်၊ ချန်ရှန်းဖေနဲ့ မာလဲ့ဝမ်က စမ်းသပ်ထုတ်ကုန်ကိုစစ်ဆေးစရာမလို။

ဒါပေမဲ့ ဒါကဓာတ်ခွဲခန်းရဲ့ပထမဆုံးထုတ်ကုန်ဖြစ်ပြီး ချန်ရှန်းဖေနဲ့မာလဲ့ဝမ်က ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားကြသည်။

ခဏအကြာ_

သူတို့အုပ်စုက စံအိမ်မှထွက်လာ၏။

ရှန်မေ့မြို့မှာ ရုံချန်းစီရင်စုတွင် ချမ်းသာသောမြို့တစ်မြို့ဖြစ်သည်။ ရုံချန်းစီရင်စုတွင် မြို့များကိုစီးပွားရေးအရစဉ်လိုက်လျှင် ရှန်မေ့မြို့က အမြဲတမ်းထိပ်ဆုံးကဖြစ်သည်။

ရှန်မေ့မြို့မှာ ချင်းလင်စံအိမ်နှင့်အနီးဆုံးမြို့လည်းဖြစ်သည်။ အရှေ့တံခါးရွာမှာ မြို့၏အလယ်နေရာတစ်ခုလုံးတွင်တည်ရှိသည်။ ဒါချင်လင်ရဲ့ပစ်မှတ်ဖြစ်ပြီး ရှန်မေ့မြို့တွင်ဓာတ်ခွဲခန်းကရွေးထားသော စမ်းသပ်နေရာလည်းဖြစ်သည်။

All Chapters