← Chapters

တိရစ္ဆာန်ဆေးထိုးအပ်! ဆင်းရဲတဲ့အကြောင်းရင်းရှိရမယ်! ၃

Vol. 28 Ch. 413

တိရစ္ဆာန်ဆေးထိုးအပ်! ဆင်းရဲတဲ့အကြောင်းရင်းရှိရမယ်! ၃

Vol. 28 Ch. 413

...

အရှေ့တံခါးရွာ_

ရွာအကြီးအကဲဝူတဖာကသတင်းရလျှင် ဖရဲခင်းထဲရွာသားတချို့မြန်မြန်ခေါ်ပြီးစောင့်နေသည်။

ဒီဖရဲခင်းက သာမန်မဟုတ်။ ချင်းလင်ဓာတ်ခွဲခန်းကငှားထားတဲ့စမ်းသပ်စိုက်ခင်း။

ရုံချန်းစီရင်စုကလူတိုင်း ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီကိုသိကြသည်။ ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်စံအိမ်ရဲ့သူဌေးပင်။

''လောင်ရှစ်... ပြီးရင် ချင်းလင်ဓာတ်ခွဲခန်းကလူတွေလာမှာ သေချာလား?''

ဝူတဖာကခဏစောင့်ပြီး ဖရဲခင်းထဲပေါင်းသတ်နေသောလူကြီးကိုအလောတကြီးမေးလိုက်သည်။

ထိုလူကြီးကို ရွာထဲမှာဒီဖရဲသီးများဂရုစိုက်ပေးရန် ချင်းလင်ဓာတ်ခွဲခန်းမှခေါ်ထားခြင်းဖြစ်သည်။

ဝူတဖာစိတ်ပူလည်းပူချင်စရာ။ ရွာထဲမှာငှားထားတဲ့မြေကို ချင်းလင်ဓာတ်ခွဲခန်းကလူတွေပထမဆုံးအကြိမ်လာမှာ သူအာရုံစိုက်ထားသည်။ ပြီးတော့ သူအချက်အလက်တွေအများကြီးတွေ့ထားသည်။ ဥပမာဆိုရသော် ချင်းလင်ဓာတ်ခွဲခန်းနဲ့စီရင်စုက ဖရဲမျိုးအသစ်မြှင့်တင်ရေးပူးပေါင်းလုပ်ကိုင်မည့်အစီအစဉ်တစ်ခုဆွေးနွေးနေကြသည်တဲ့။

ဒီဖရဲမျိုးအသစ်က သာမန်ဖရဲသီးတွေထက်ပိုချိုတဲ့ ချင်းလင်စံအိမ်မှာရောင်းတာမျိုးတဲ့။

ပြီးခဲ့တဲ့သုံးလေးရက်က ဒီအခင်းကဖရဲသီးတစ်လုံးယူပြီး သာမန်ဖရဲသီးများနဲ့ယှဉ်ကြည့်ခဲ့သည်။ ချင်းလင်ဓာတ်ခွဲခန်းရဲ့ဖရဲသီးက တကယ်ပိုချိုသည်။

ဒီဖရဲမျိုးက ချင်းလင်စံအိမ်မှာ တစ်ကတ်တီ ၁၀ ယွမ်ကျော်ပေးရသည်။ ဒီဖရဲမျိုးစိုက်ရင် သေချာပေါက်ဝင်ငွေရမည်။

အရှေ့တံခါးရွာမှာ ရှန်မေ့မြို့တွင်ပိုချမ်းသာသောရွာဖြစ်သော်လည်း ယနေ့ခေတ်လူ့အဖွဲ့အစည်းအရ လူငယ်များအိမ်ထောင်ကျသောအခါ အိမ်၊ကားနှင့်ခန်းဝင်ပစ္စည်းများဝယ်ရသည်။ မိသားစုတစ်ခုဘယ်လောက်ချမ်းသာချမ်းသာ တခဏတော့ စိတ်မောရစမြဲ။ အိမ်ထောင်မကျသေးသောတစ်ကိုယ်တည်းလူငယ်များလည်း ရွာထဲတွင်ရှိသည်။

ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းက အမြတ်ရမည့်လုပ်ငန်းဖြစ်သော စပ်မျိုးအသစ်တိုးမြှင့်နေကြောင်းသိလျှင် ရွာကိုချင်းလင်ဓာတ်ခွဲခန်းမှာရင်းနှီးမြှုပ်နှံပြီး ရွာသားများကိုဝင်ငွေပိုရစေချင်သည်။

ဒီအခွင့်အရေးကိုသူဆုပ်ကိုင်မထားနိုင်ရင် ရွာအကြီးအကဲတစ်ယောက်အနေနဲ့ သူလုံးဝအရည်အချင်းမပြည့်မီပေ။

သူရင်းနှီးမြှုပ်နှံလို့ရမရက ချင်းလင်ဓာတ်ခွဲခန်းအပေါ်သာမူတည်သည်။ အခုချင်းလင်ဓာတ်ခွဲခန်းကလူတွေလာနေပြီ။ သူ့စိတ်ရင်းကိုပြဖို့လောနေသည်ပင်။

လူကြီးကရှင်းပြ၏_ ''လာမယ်လို့ဖုန်းဆက်ထားတာပဲ... လာပါလိမ့်မယ်''



ထိုအချိန်တွင် ရွာသားတစ်ယောက်က ရွာအဝင်ဝကိုလက်ညိုးထိုးပြပြီး_

''ကားလာနေပြီ... ဓာတ်ခွဲခန်းကဖြစ်မယ်''

ရွာအဝင်ဝ၌_

ချင်လင်က ရှန်လီ၏ကားနောက်မှ ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်အတူမောင်းလာသည်။

သူတို့က ကိုယ်ရံတော်သုံးယောက်။ တကယ့်တာဝန်ခံက ရှန်လီဖြစ်ပြီး ဓာတ်ခွဲခန်းဝန်ထမ်းသုံးလေးဦးက စာရင်းပိုင်းစမ်းသပ်မှုတာဝန်ခံဖြစ်သည်။

ဓာတ်ခွဲခန်းဝန်ထမ်းတချို့ကို ရှန်လီကအရင်ဓာတ်ခွဲခန်းမှဆွဲခေါ်ထားခြင်းဖြစ်ပြီး တချို့ကအပြင်မှအသစ်ခန့်ထားခြင်းဖြစ်သည်။

ချင်လင်တို့က စမ်းသပ်စိုက်ခင်းရောက်သောအခါ ရွာသားအုပ်စုစောင့်နေမှန်းတွေ့လိုက်ရသည်။ သူတို့ကားထဲမှထွက်ထွက်ချင်း လူတစ်ယောက်ကရှေ့တိုးလာပြီး အားတက်သရောနှင့်_

''ချင်းလင်ဓာတ်ခွဲခန်းဦးဆောင်သူတို့... ကျွန်တော်က အရှေ့တံခါးရွာရဲ့တာဝန်ခံဝူတဖာပါ... အရှေ့တံခါးရွာရဲ့ရွာသားတွေကိုယ်စားကြိုဆိုပါတယ်''

ချင်လင်က အံ့ဩစွာကြည့်နေသည်။ သူဒါမျိုးလုံးဝမထင်မိ။

ရှန်လီက ကောင်းကောင်းကိုင်တွယ်ထားတာပဲ။ ရှန်လီရဲ့ညွှန်ကြားချက်နဲ့ ဓာတ်ခွဲခန်းဝန်ထမ်းတွေက စမ်းသပ်စိုက်ခင်းထဲသွားပြီး အချက်အလက်ကိုတွက်ချက်ကြသည်။

ထိုအချိန်တွင် ရှန်လီကတာဝန်ခံမှန်း ဝူတဖာလည်းသိသွားပြီး_

''ခေါင်းဆောင်... ကျွန်တော်တို့ရွာက စီးပွားဖြစ်သီးနှံတွေလည်း စိုက်နေကျပါ... ဖရဲသီးလိုသီးနှံတွေစိုက်တာ အရမ်းကောင်းတယ်... နောက်ပြီး ရွာမြေဩဇာကိုကောင်းကောင်းထိန်းသိမ်းထားပါတယ်''

တခြားရွာသားများကလည်း သူတို့အလုပ်ကြိုးစားကြောင်း၊ အပင်စိုက်တော်ကြောင်း ပြောလာကြသည်။

ရှန်လီက ထိုလူများကိုပြုံးပြလိုက်၏။

ဒီလူတွေဘယ်လိုခံစားရတယ်ဆိုတာ သူနားလည်သည်။

ဒီဖရဲမျိုးအသစ်မြှင့်တင်ရေးက ရုံချန်းစီရင်စုမှာပဲစလုပ်ပြီး ဒီမြို့ခံတောင်သူတွေကိုအကျိုးရှိစေမည်။

ဒါကလည်း ဝူတဖာမှာ တာဝန်ယူမှုတာဝန်ခံမှုရှိသောရွာအကြီးအကဲတစ်ဦးဖြစ်ကြောင်း ပြသနေခြင်းပင်။

စမ်းသပ်မှုပိုင်းမှာ စမ်းသပ်တာသိပ်မကြာ။ ဝူတဖာက ရွာထဲမှမြေအသီးသီးကိုတစ်ချက်ကြည့်ရန်ရှန်လီကိုဖိတ်လိုက်သည်။

ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦးကလည်း ချင်လင်တို့သုံးယောက်မြည်းကြည့်ရန် ဖရဲသီးတစ်လုံးခွဲပေးသည်။

ဖရဲသီးအရသာက အရမ်းကောင်းသည်။ အရည်အသွေး ၁ လိုအရသာရှိပြီးစားကောင်းသည်။ ဒီတော့ အရှေ့တံခါးရွာမှာစိုက်တဲ့ချင်းလင်ဖရဲသီးကမဆိုး။

ချင်လင်တို့ပြန်သောအခါ ရွာအကြီးအကဲဝူတဖာက ရွာသားများနှင့်ပျော်ပျော်ရွှင်ရွှင်လိုက်ပို့ပေး၏။ သူအရမ်းလုပ်နိုင်သည်ဟုဆိုရမည်။ သို့သော် သူ့စိတ်ရင်းကို လူတွေသိအောင်မလုပ်ခဲ့။

အရှေ့တံခါးရွာမှထွက်ပြီး သူတို့အုပ်စုက တစ်ဖက်မှရှီထိုက်မြို့ဆီထွက်ခဲ့သည်။





ရှီထိုက်မြို့က ရှန်မေ့မြို့ထက်အများကြီးဆင်းရဲသည်။ အထူးသဖြင့် သူ့စီမံရေးအောက်တွင်ရှိသော အိမ်နိမ့်ရွာပင်။ စီရင်စုထဲတွင် အဆင်းရဲဆုံး၊ အိမ်ထောင်စုစာရင်းအပြည့်စုံဆုံးရွာဖြစ်သည်။

ပိုက်ဆံနည်းနည်းရှိတဲ့ရွာသားအများစုက အိမ်ဝယ်ဖို့စီရင်စုမြို့ကိုသွားကြလိမ့်မည်။ အိမ်ထောင်စုစာရင်းကို စီရင်စုမြို့တော်ဆီရွှေ့လိုက်ရင် ရွာထဲမှာပိုက်ဆံရှိတဲ့ရွာသားသိပ်မကျန်တော့။ စီရင်စုကအိမ်ကိုသူတို့မဝယ်နိုင်ပေ။

ဒီတစ်ခေါက်ရွာကလည်း စီရင်စုကအာရုံအစိုက်ဆုံးရွာဖြစ်သည်။ ဖရဲမျိုးအသစ်မြှင့်တင်ရေးအတွက် စီရင်စုကထောက်ပံ့ပေးချင်သော ရွာများထဲမှတစ်ရွာလည်းဖြစ်သည်။ သူတို့လည်း ဓာတ်ခွဲခန်းနဲ့သုံးလေးကြိမ်ဆွေးနွေးထားသည်။

စီရင်စုက ချင်းလင်ဓာတ်ခွဲခန်း၏ဖရဲမျိုးအသစ်မြှင့်တင်ရေးကိုအသုံးချပြီး အိမ်နိမ့်ရွာလိုရွာများကိုချမ်းသာအောင်ကူညီပေးချင်သည်။

ချင်လင်နဲ့ဓာတ်ခွဲခန်းက စီရင်စုရဲ့တောင်းဆိုချက်ကိုမငြင်း။ ရွာထဲကစမ်းသပ်စိုက်ခင်းသာအရမ်းညံ့မနေရင် သူတို့မွေးရပ်မြေကလူတွေကို ထုတ်ကုန်တွေမြှင့်တင်ဖို့ကူညီပေးနိုင်မည်။ ဆင်းရဲမွဲတေမှုကိုချမ်းသာလာဖို့ဦးဆောင်တာ မကောင်းတဲ့ကိစ္စမဟုတ်။

နောက်ပြီး ဖရဲမျိုးအသစ်၏အသားနှင့်အရသာရှိပုံအရ တန်ဖိုးကမသေး။ ရွာကိုချမ်းသာစေဖို့လည်းရိုးရှင်းသည်။

ချင်လင်တို့ ရှားပုရွာထဲရောက်သောအခါ အမှန်ပင်အရှေ့တံခါးရွာနှင့်မတူကြောင်းတွေ့လိုက်ရသည်။

အရှေ့တံခါးရွာထဲတွင် မိသားစုတိုင်းက အနည်းဆုံးအုတ်ခံအိမ်နှင့်နေနိုင်ကြသည်။ တချို့မိသားစုတွင် ကားလေးများတောင်ထိုးထားသည်။

အိမ်နိမ့်ရွာမှာ သစ်ဆွေးအိမ်အများစုဖြစ်နေဆဲ။ ချင်လင်ရဲ့အိမ်ဟောင်းကအိမ်ခြံဝင်းမျိုးမဟုတ်။ တကယ့်သစ်သားအိမ်လေးဖြစ်သည်။ ကားလေးတွေမပြောနှင့်၊ အုတ်ခံအိမ်တောင်ခပ်ရှားရှားပင်။

ချင်လင်တို့ စမ်းသပ်စိုက်ခင်းရောက်သောအခါ ခပ်လှမ်းလှမ်းမှကြည့်နေသောရွာသားများရှိသော်လည်း အရှေ့တံခါးရွာကရွာသားတွေလို ကိုယ်တွင်းအသိစိတ်မရှိပေ။ ဒီကနေ တစ်ခုခုကောက်ချက်ချနိုင်သည်။

သို့သော်လည်း ဘယ်သူမှမဟန့်တားပေ။ ဒီတစ်ခေါက် ရွာထဲတွင်စမ်းသပ်စိုက်ခင်းနှင့်စာရင်းအချက်အလက်က ပိုမြန်သည်။

ပြီးခါနီးတွင် လူငယ်တစ်ယောက်က သူတို့အဖွဲ့ဆီပြေးလာပြီး_ ''လူကြီးတို့က ချင်းလင်ဓာတ်ခွဲခန်းကလား? ဒါနဲ့ ကျွန်တော်ကကောထန်ပါ... ကျွန်တော့်အဖေက ရွာသူကြီးပါ''

ရှန်လီကခေါင်းညိမ့်ပြပြီး_ ''အင်း... ငါတို့က ချင်းလင်ဓာတ်ခွဲခန်းက''

ကောထန်၏မျက်လုံးများဝင်းလက်သွားပြီး_

''ဒါဆိုရင် ခင်ဗျားတို့ချင်းလင်ဓာတ်ခွဲခန်းက ကျွန်တော်တို့ရွာမှာဖရဲသီးစိုက်ဖို့ မြေစာချုပ်လာချုပ်မှာလား?''

''မင်းတို့ရွာရဲ့ဖရဲမျိုးအသစ်အရည်အသွေးက မဆိုးဘူး... နောက်ကျရင် အသေးစိတ်ဆွေးနွေးဖို့ ဝန်ထမ်းသက်သက်လာပါလိမ့်မယ်''

ရှန်လီကမငြင်း။ ဒီတစ်ကြိမ် ရွာထဲကစမ်းသပ်စိုက်ခင်းအချက်အလက်ကမဆိုး။ ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စုလည်း ထောက်ပံ့ရေးတစ်သုတ်ထဲဒီရွာကိုဆွဲထားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်ကိုနည်းနည်းငဲ့ရမည်။

''ကျေးဇူးအများကြီးတင်ပါတယ်!'' ကောထန်က ထိုသတင်းကြားလျှင် အပျော်လွန်သွားသည်။ ချင်လင်တို့ပြန်သွားသောအခါ သူကချက်ချင်းအိမ်ပြန်ပြီး သူ့အဖေကောကွမ်းကိုလိုက်ရှာရာ ဆေးလိပ်သောက်နေသည်ကိုတွေ့ရသည်_

''အဖေ... ဆေးလိပ်သောက်နေနိုင်သေးလား? ချင်းလင်ဓာတ်ခွဲခန်းကလူတွေရောက်လာတာသိလား? သူတို့ကပြောတယ်... သူတို့ဒီဖရဲသီးတွေကို ကျွန်တော်တို့ရွာမှာမြှင့်တင်ချင်တယ်တဲ့''

ကောကွမ်းက လုံးဝဂရုမစိုက်_

''ဒီသတင်းရတာကြာပြီမလား? သူတို့က ရွာထဲမှာ ဖရဲသီးတောင်စိုက်ထားပြီ''

ကောထန်က မြန်မြန်ပြောလိုက်၏_ ''အဖေက ငတုံးလား? ကျွန်တော်တို့ချမ်းသာတော့မှာလေ... မလုပ်ရင် အဓိပ္ပါယ်မရှိဘူး... အဖေ မြန်မြန်လူစုပြီး ဆွေးနွေးတော့''

''အဲဒီကုန်သည်တွေက သေချာပေါက်စျေးနှိမ်မှာ... အဲဒီအချိန်ကျရင် သူတို့ဘယ်လောက်ပေးပေး ကျွန်တော်တို့သဘောတူညီမှုထားပြီး တန်ဖိုးမြှင့်ရမယ်... မဟုတ်ရင် သူတို့နဲ့စာချုပ်လက်မှတ်မထိုးဘူး''

ကောကွမ်းက ထိုစကားကြားလျှင် အံ့ဩသွားပြီး_ ''ကောင်းပါ့မလား? ပြဿနာမတက်နိုင်ဘူးလား?''

ကောထန်ကချက်ချင်းပြောလိုက်သည်_

''အဖေ... ဘာဖြစ်လို့လဲ? ရွာထဲမှာလက်မထပ်ရသေးတဲ့လူပျိုတွေ ဘယ်လောက်များရှိလဲ? ခန်းဝင်ပစ္စည်းတောင်မထုတ်နိုင်ဘူး... ပြီးတော့ တီဗွီဇာတ်လမ်းတွေမှာမတွေ့ဘူးလား? အများကြီးမတင်ထားရင် သူတို့သဘောတူမှာပဲ''

သူ့သားစကားကြားပြီး ကောကွမ်းကခဏချီတုံချတုံဖြစ်နေသည်။ ရွာသားတွေကိုခေါ်ပြီးဆွေးနွေးဖို့သူကစီစဉ်နေဆဲ။ အခုဆေးလိပ်သောက်ချင်စိတ်မရှိတော့ချေ။ သူကရွာ၏ရေဒီယိုခန်းထဲတန်းဝင်သွားလိုက်လေသည်။

All Chapters