ကိုယ့်ပါးစပ်ထဲရောက်နေတဲ့အစာကို ဘယ်လိုစားရမလဲတောင်မသိ! မဆင်းရဲဘဲနေမလား?
Vol. 28 Ch. 414
ရွာထဲ၌_
ကောကွမ်းနှင့်ကောထန်က ရွာခေါင်းများကိုအိမ်မြန်မြန်ခေါ်လိုက်သည်။ ပတ်ဝန်းကျင်မှာဆူညံသွား၏။
အားလုံးလိုလိုရောက်နေသည်ကိုမြင်လျှင် ကောကွမ်းက_ ''တို့ရွာမှာ ချင်းလင်ဓာတ်ခွဲခန်းက ဖရဲသီးတစ်ကွက်စိုက်ထားတာ အားလုံးသိမယ်ထင်တယ်... အခုသူတို့က တို့ရွာမှာကျယ်ကျယ်ပြန့်ပြန့်လာစိုက်တော့မယ်... အဲဒီအချိန်ကျရင် အားလုံးရဲ့မြေကိုစာချုပ်ချုပ်လိမ့်မယ်''
ထိုစကားကြားလျှင် တခြားလူများကခေါင်းညိမ့်ပြီးဆွေးနွေးကြသည်။
''ရွာထဲကားတစ်စီးဝင်လာတာတွေ့တယ်... အဲဒီကားက ဖရဲခင်းကိုလာတာထင်တယ်''
''စာချုပ်ချုပ်ထားတဲ့မြေကိုလာတာလား? ကောင်းလိုက်တာ... တောက်လျှောက်လွတ်နေတဲ့ငါ့မြေကိုဘာလုပ်ရမှန်းမသိဖြစ်နေတာ''
“...”
ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားများကအလွန်အားတက်သရောဖြစ်သွားကြသည်။
ကောကွမ်းက_ ''နောက်ရက်ပိုင်းလောက်ဆို သူတို့ဒီရောက်လာလိမ့်မယ်... ဒါပေမဲ့ ဒီမြေကိုစာချုပ်ချုပ်ချင်ရင် ငါတို့နဲ့သေချာပေါက်စာချုပ်လက်မှတ်ထိုးရလိမ့်မယ်... ဒါဆိုရင် ငါတို့ကသူတို့ပြောသလောက်ပေးလိုက်လို့မရဘူး... တန်ဖိုးညှိယူပြီး နည်းနည်းမြှင့်ရမယ်''
ထိုစကားကို တခြားရွာသားများလည်းသဘောပေါက်သည်။
တန်ဖိုးမြှင့်ရုံသာ။
သဘောပေါက်သော်လည်း ဘယ်သူမှဒါကိုရှင်းရှင်းလင်းလင်းမပြောရဲ။ သူတို့အားလုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ်။
သို့သော် စိုးရိမ်နေသောရွာသားများလည်းရှိသည်:
''ကောင်းပါ့မလား? နောက်ဆုံး သူတို့ပြေးသွားရင်ရော?''
''ကျုပ်လည်းနောက်ဆုံးသူတို့မလာတော့မှာစိုးတယ်... ဒါဆိုလုံးဝအမြတ်ရမှာမဟုတ်ဘူး''

''ဘာပဲဖြစ်ဖြစ် ဒီမြေကအလွတ်... သူတို့ပေးချင်သလောက်ပေးလို့ရတယ်... ငါ့သားက ခန်းဝင်ပစ္စည်းလိုနေလို့''
“...”
ထိုစကားကြောင့် တခြားသူများလည်းတုံ့ဆိုင်းသွားကြသည်။ သူတို့စိုးရိမ်တာကလည်း...
ကောထန်က လုံးဝဝင်ငွေမနည်းစေချင်။ သူကချက်ချင်းပင်_ ''အားလုံးစိတ်မပူပါနဲ့... သူတို့မသွားနိုင်ပါဘူး... ဒါဘာဖရဲသီးလဲသိလား? ကျွန်တော်လိုင်းပေါ်မှာဗီဒီယိုအတိုတွေကြည့်ကြည့်နေတာ... သူတို့ဒီဖရဲသီးကိုတစ်ကတ်တီ ၁၀ ယွမ်ကျော်နဲ့ရောင်းတယ်ဆိုတာ ကျွန်တော်သိတယ်... ဝယ်ချင်ရင်တောင်မဝယ်နိုင်တဲ့သူတွေအများကြီး''
သူ့စကားကြောင့် တခြားသူများကမယုံနိုင်ပုံနှင့်ရေရွတ်လိုက်ကြသည်။
''တစ်ကတ်တီ ၁၀ ယွမ်ကျော်? မနှစ်ကစိုက်တဲ့ဖရဲသီးကို တစ်ကတ်တီဆင့် ၅၀ ပဲရတယ်''
''ငါလည်းဖရဲသီးသိပ်မရောင်းရဘူး... သူ့ဖရဲသီးက ငါတို့ထက်အဆ ၃၀ လောက်ရှိတယ်မလား?''
''အမြတ်ကြမ်းတယ်!''
“...”
လောဘစကားက လူတွေကိုဆုံးရှုံးစေရုံသာဆိုသော်လည်း မနာလိုခြင်းက လူတွေကိုရူးသွပ်စေနိုင်သည်။
လောဘ + မနာလိုခြင်း က အပူတပြင်းဖြစ်စေ၏။
စိုးရိမ်နေသူများ၏စိတ်အခြေအနေလည်း တဆိတ်ပြောင်းလဲသွားသည်။
ကောထန်က အခွင့်သာတုန်းပြောလိုက်၏_
''ဒီတော့... ကျွန်တော်တို့ပိုတောင်းရင်တောင် သူတို့သဘောတူဦးမှာပဲ... ပြဿနာမရှိစေရဘူးလို့ ကျွန်တော်အာမခံတယ်''
သူဒီလိုပြောမှ တခြားသူတွေကလုံးဝစိတ်သက်သာရာရသွားသည်။
နောက်ဆုံးတော့ သူတို့စံနှုန်းကနိမ့်လွန်းတာကြောင့် ဒါမှမဟုတ် သိသင့်သလောက်မသိသောကြောင့်ပင်။
ကောထန်က သက်ပြင်းချလိုက်သည်။
သူထင်ထားတဲ့အတိုင်းပဲ။ ဒါကောင်းတဲ့ကိစ္စ။
ဒီတစ်ခါ ပိုက်ဆံအများကြီးရရင် ကားဝယ်နိုင်တော့မည်။ အဲဒီအချိန်ကျရင် ချိုင်ကျင်းကိုလိုက်မည်။ သူ့အပေါ်အမြင်မပြောင်းဘူးဆိုတာ သူမယုံဘူး။
...
မိုးမှောင်သောအခါ ချင်လင်တို့စံအိမ်ပြန်ကြသည်။


သူကရှန်လီကိုဆွဲထားပြီး ဆရာလင်းကိုနောက်ထပ်အကြီးအကဲစားပွဲပြင်ခိုင်းသည်။
ရှန်လီက ချင်းလင်ဓာတ်ခွဲခန်းရောက်တာ အချိန်တစ်ခုရှိပြီ။ အကြီးအကဲစားပွဲကို အရင်ကကြားရုံသာကြားဖူးပြီး မစားခဲ့ဖူးပေ။ ပထမဆုံးမြည်းစမ်းခြင်းဖြစ်ပြီး လုံးဝမယုံနိုင်စရာကောင်းမှန်းသိလိုက်ရသည်။
နောက်ဆုံးတော့ ဒီတစ်နပ်စာက ဘာလို့ယွမ် ၅၀၀၀၀ ကျော်တန်မှန်းသိပြီ။
စားပြီးနောက် ရှန်လီကအစီအစဉ်များဆွဲရန် ငှားရမ်းထားသောဓာတ်ခွဲခန်းဆီ ချက်ချင်းပြန်သွားလိုက်သည်။
ဒီနေ့လယ်ပိုင်း ရုံချန်းစီရင်စုအောက်ကမြို့တွေအများကြီးရဲ့စမ်းသပ်စိုက်ခင်းကိုလိုက်ဖတ်ပြီးဖို့မဖြစ်နိုင်။
မနက်ဖြန်လူတွေခေါ်ပြီး တခြားမြို့တွေစစ်ဆေးကြည့်ရမည်။
ချင်လင်ရုံးခန်းထဲပြန်ရောက်ပြီးမကြာမီ ကျန်းကွေ့ကျူကအစီရင်လာခံသည်_
''သူဌေး... ရှဉ့်တွေကိုစစ်ဆေးကြည့်ပြီးပါပြီ... ရှဉ့်မနှစ်ကောင်ရှိပါသေးတယ်... ဒါပေမဲ့ ကိုယ်ဝန်မရှိပါဘူး''
ဒီလိုနှင့် ချင်လင်ကိုအစီအစဉ်စာဖိုင်ပေးလိုက်သည်။
''ဒါကဘာလဲ?'' ချင်လင်က စူးစမ်းပြီးမေးလိုက်သည်။
ကျန်းကွေ့ကျူကရှင်းပြ၏_ ''ဒီတစ်ခေါက်... ဒီကိုယ်ဝန်နဲ့ရှဉ့်လေးအတွက် ဘာကုသမှုမှမရှိပါဘူး... နောင်မှာဒါမျိုးမဖြစ်ရအောင် ကျွန်မတို့စံအိမ်မှာ အိမ်မွေးတိရစ္ဆာန်ကုသတဲ့တချို့ပစ္စည်းတွေ ကိရိယာတွေပြင်ဆင်ထားဖို့လိုပါတယ်... ဒါကျွန်မရေးထားတဲ့အစီအစဉ်ပါ''
ပြီးတော့ သူမနည်းနည်းစိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေကအကုန်အကျရှိသည်။
ညွှန်ကြားချက်မရှိဘဲ သူမအစီအစဉ်ရေးခဲ့၍ သူဌေးရဲ့သဘောထားကဘယ်လိုလဲ သိချင်မိသည်။
သို့သော် ရှဉ့်လေးတွေအတွက် ဒီအစီရင်ခံစာကိုရေးသင့်သည်ဟု သူမခံစားရသည်။ သူမကဝန်ထမ်းသက်သက်ဆိုရင်တောင် သူတို့ကိုအကြာကြီးမွေးမြူခဲ့ပြီး သံယောဇဉ်ကတွယ်နေပြီ။
ချင်လင်က ကျန်းကွေ့ကျူ၏အစီရင်ခံစာကိုဖတ်လိုက်သည်။
တချို့ပြင်ဆင်ချက်တွေ သူလုပ်သင့်သည်ထင်သည်။ နောင်မှာအခြေအနေပေးရင် ရှဉ့်တွေထက်ပိုများလာလိမ့်မည်။
ထို့ကြောင့် သူလည်းအစီရင်ခံစာတွင်သူ့နာမည်လက်မှတ်ထိုးပြီး ကျန်းကွေ့ကျူဆီပြန်ပေးလိုက်ကာ_ ''ဒီအစီရင်ခံစာကို မိုချင်းဆီယူသွားလိုက်ပါ... သူစီစဉ်ပါလိမ့်မယ်''
''ကျေးဇူးတင်ပါတယ် သူဌေး!'' အစီရင်ခံစာကိုအတည်ပြုခံရသဖြင့် ကျန်းကွေ့ကျူ၏မျက်နှာမှာပြုံးရွှင်သွားသည်။ သူမကအစီရင်ခံစာကိုဝမ်းသာအားရယူပြီး ကျောက်မိုချင်းကိုသွားရှာလိုက်သည်။
နောက်တစ်နေ့_
ရှန်လီက ဓာတ်ခွဲခန်းဝန်ထမ်းများကိုခေါ်ပြီး ရုံချန်းစီရင်စုရှိတခြားမြို့များမှ သတ်မှတ်ထားသောစမ်းသပ်စိုက်ခင်းများဆီသွားစစ်ဆေးသည်။ ရုံချန်းစီရင်စုမြို့အားလုံး၏စမ်းသပ်စိုက်ခင်းများကွပ်ကဲရန်နောက်တစ်ရက်အချိန်ယူလိုက်ရသည်။
သူကအချက်အလက်များကိုအမြန်ဆုံးခွဲခြမ်းပြီး အစီအစဉ်ဆွဲလိုက်သည်။ နောက်တစ်ညတွင် အချက်အလက်များအပြီးသတ်ပြီး ချင်လင်၊ ချန်ရှန်းဖေနှင့် မာလဲ့ဝမ်တို့အတွက်အကျဉ်းချုပ်လိုက်သည်။
ရုံချန်းစီရင်စုတွင် ၁၅ မြို့ရှိပြီး စိုက်ပျိုးမြေကသေးသေးမဟုတ်။ ဒီတစ်ကြိမ်ချင်းလင်ဓာတ်ခွဲခန်းရဲ့မျိုးစေ့တွေက စိုက်ခင်းဧက ၁၀၀ ကရလာမယ့်မျိုးစေ့တွေသာရှိသည်။
မျိုးစေ့ပထမအသုတ်နဲ့ မြို့ ၁၅ မြို့လောက်ငဖို့မဖြစ်နိုင်။ အရင်ဆုံး မြို့တချို့ကိုရွေးထုတ်ရလိမ့်မည်။
နောက်ပြီး အဓိကအကျဆုံးအချက်က ချင်းလင်ဖရဲသီးမှာ အချိန်ရာသီကန့်သန့်ချက်မရှိ။ စိုက်ပျိုးချိန်တိုတောင်းပြီး တစ်နှစ်ပတ်လုံးမည်သည့်အချိန်မဆိုစိုက်ပျိုးနိုင်လေသည်။