← Chapters

ကိုယ့်ပါးစပ်ထဲရောက်နေတဲ့အစာကို ဘယ်လိုစားရမလဲတောင်မသိ! မဆင်းရဲဘဲနေမလား? ၂

Vol. 28 Ch. 415

ကိုယ့်ပါးစပ်ထဲရောက်နေတဲ့အစာကို ဘယ်လိုစားရမလဲတောင်မသိ! မဆင်းရဲဘဲနေမလား? ၂

Vol. 28 Ch. 415

သို့ရာတွင် လုံးဝဒီလိုလုပ်လို့မဖြစ်။ မြေဆီလွှာကောင်းမကောင်းထည့်စဉ်းစားရဦးမည်။ မဟုတ်လို့ တစ်နှစ်သုံးလေးကြိမ်စိုက်လိုက်ရင် မြေကလုံးဝသုံးမရဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ဒီမြို့များကိုအလှည့်ကျစိုက်ရမည်။ မြို့ ၁၅ မြို့ကိုသုံးအုပ်စုခွဲပြီး မြေဆီလွှာပြန်ပြည့်ဖို့အနည်းဆုံးသုံးလရှိရမည်။

ဥပမာဆိုရသော် ပထမအသုတ်မြေဖြစ်လျှင် နောက်နှစ်သုတ်က ပြန်အားဖြည့်မည်။ လေးသုတ်မြောက်မှသာ ဆက်စိုက်ရလိမ့်မည်။

ရှန်လီ၏အစီအစဉ်မှာပြဿနာမရှိဟု ချင်လင်တို့ကမြင်သဖြင့် ရှန်လီကိုအချက်အလက်တစ်စုံမိတ္တူဆွဲ၍ စီရင်စုဆီပို့ခိုင်းလိုက်သည်။

နောက်ဖြေရှင်းရမည့်ကိစ္စက မြို့အသီးသီးနှင့်စာချုပ်လက်မှတ်ထိုးရမည်။

သူတို့က 'လုပ်ငန်း + အဖွဲ့အစည်း + အိမ်ထောင်စု' ပူးပေါင်းစိုက်ပျိုးမြှင့်တင်ပုံစံအသစ်ကိုလုပ်ဆောင်နေသည်။

တောင်သူများအနေဖြင့် လုပ်ငန်းက သူတို့ဓာတ်ခွဲခန်းဖြစ်သည်။

တစ်ဖက်တွင် ရုံချန်းစီရင်စုကကြားလူအနေနှင့် နှစ်ဦးနှစ်ဖက်၏အကျိုးအမြတ်ကိုသေချာစေသည်။ စီးပွားရေးလုပ်ငန်းများနှင့်တောင်သူများမှာ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သည်။

ထို့ကြောင့် နောက်စာချုပ်လက်မှတ်ထိုးရာတွင် ရုံချန်းစီရင်စုပါရမည်။

စီရင်စုတွင်အချက်အလက်ရရချင်း စွန်းရှန်ကချန်လီကိုရှာ၍ အချက်အလက်များပေးကာ_

''အခုချင်းလင်ဓာတ်ခွဲခန်းကပို့တဲ့အချက်အလက်ကိုတစ်ချက်ကြည့်လိုက်ပါဦး''



ချန်လီကအချက်အလက်ကိုယူကြည့်လိုက်ရာ အကြောင်းအရာကိုမြင်ပြီးဝမ်းသာပုံနှင့်_

''ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်မြန်မြန်နဲ့ အစီအစဉ်ဆွဲလိုက်ပြီလား?''

စွန်းရှန်ကခေါင်းညိမ့်ပြီး_ ''ပထမဆုံးသူတို့ရွေးတဲ့မြို့ထဲမှာ ရှန်မေ့နဲ့ရှီထိုက်ပါတယ်''

ချန်လီကပြုံး၍_ ''အချမ်းသာဆုံးနဲ့အဆင်းရဲဆုံးမြို့နယ်တွေပဲ... ဒါပေမဲ့ ရှီထိုက်မှာ ပထမဆုံးအသုတ်ကိုစိုက်နိုင်တာကောင်းတယ်... အထူးသဖြင့် ရှကျားရွာလိုရွာတွေပေါ့... ရွာကအတော်လေးဆင်းရဲတယ်...''

စွန်းရှန်ခေါင်းညိမ့်လိုက်သည်။

စီရင်စု၏သတ်မှတ်ချက်အရ ဒီရွာကဆင်းရဲသောရွာမဟုတ်သော်လည်း ရုံချန်းစီရင်စုအောက်တွင် လုံးဝဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။

ရွာအတွက်ထောက်ပံ့ရေးလုပ်ငန်းများ စီရင်စုကမလုပ်ပေးခြင်းကြောင့်မဟုတ်။ လုပ်ငန်းများကထိရောက်သော်လည်း အဖွဲ့အစည်းနှင့်ထိန်းထားပြီး တစ်ရွာလုံးမလွှမ်းခြုံနိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သောလပိုင်းအတွင်း ရှကျားရွာလိုရွာများအတွက် ချင်းလင်ဓာတ်ခွဲခန်းနှင့်ဆွေးနွေးခဲ့သည်။

နောက်ပြီး ဒါကဒီရွာသားတွေချမ်းသာလာအောင်ကူညီပေးနိုင်မည့်အခွင့်အရေးတစ်ခုပင်။

သူတို့စီရင်စုကတွက်ချက်ထားသည်မှာ သာမန်ဖရဲသီးစိုက်လျှင် အမြတ်ကတစ်ဧကယွမ် ၃၅၀၀။ ၁၀ ဧကကို ယွမ် ၃၅၀၀၀ ခန့်။ ဒါသာမန်ဖရဲသီးကြီးထွားနှုန်းနှင့်အမြတ်ဖြစ်သည်။

ချင်းလင်ဖရဲသီးဆိုလျှင် စိုက်ပျိုးချိန်တိုတောင်း၍ အလုပ်သမားကုန်ကျစရိတ်၊ မြေဩဇာနှင့်ပိုးသတ်ဆေးကုန်ကျစရိတ်လျော့ကျသွားလိမ့်မည်...

ဒီလျော့ကျမှုကြောင့် မြေဧကအမြတ်တိုးလာမည်။

ဒါကသာမန်ဖရဲသီး၏အမြတ်ဖြစ်သည်။ ချင်းလင်ဖရဲသီးဖြစ်လျှင် ချင်းလင်ဓာတ်ခွဲခန်းမှပေးသောအမြတ် ၂၀% အရ မြေတစ်ဧကအမြတ်ယွမ် ၉၀၀၀ ကျော်နိုင်သည်။

အဓိကအကျဆုံးအချက်မှာ ချင်းလင်ဖရဲသီးကရာသီချိန်ကန့်သတ်ချက်မရှိခြင်းပင်။ ရာသီမရွေးစိုက်နိုင်သည်။ ရုံချန်းစီရင်စုမြို့ ၁၅ မြို့ အလှည့်ကျစိုက်ရင်တောင် တစ်နေရာကိုအနည်းဆုံးသုံးလမြေဆီလွှာအားပြန်ဖြည့်ဖို့အာမခံချက်ပေးနိုင်သည်။ တချို့မြေဩဇာနှင့်မြေကြီးထည့်လိုက်လျှင် တစ်နှစ်သုံးကြိမ်စိုက်နိုင်သည်။





ထိုမြေ ၅ ဧကကို တစ်နှစ်ယွမ် ၁၃၅၀၀၀ ရနိုင်ပြီး ၁၀ ဧကကို တစ်နှစ်ယွမ် ၂၇၀၀၀၀ ရနိုင်သည်။

နောက်ပြီး နောက် ၈ လ၊ ၉ လတွင် စုစုပေါင်းဝင်ငွေရပြီး တခြားတစ်ခုခုလုပ်နိုင်သည်။

သူတို့ဇွဲပိုရှိရင် မိသားစုတိုင်း တစ်နှစ်အတွင်းကားလေးတစ်စီးဝယ်နိုင်လိမ့်မည်။ အဲဒီအချိန်ကျရင် စီရင်စုမြို့ထဲနေသူတွေက သူတို့ကိုအားကျပြီး သူတို့အိမ်ထောင်စုစာရင်းကိုကျေးလက်ပြန်ရွှေ့၊ ဖရဲသီးစိုက်ဖို့မြေခွဲတမ်းရချင်လိမ့်မယ် ဟုတ်တယ်မလား?

ဒီတစ်ခေါက် ချင်းလင်ဓာတ်ခွဲခန်းရဲ့အကူအညီနဲ့ ချင်းလင်ဖရဲသီးမြှင့်တင်ရေးမှာ သူတို့မစားရဘဲမဖြစ်နိုင်ဘူးမလား?

ထိုအတွေးနှင့် စွန်းရှန်ကသက်လတ်ပိုင်းအမျိုးသားတစ်ဦးကိုခေါ်ပြီး ချင်းလင်ဓာတ်ခွဲခန်းမှပို့လိုက်သောအချက်အလက်များပေးကာ_ ''အကြီးအကဲလျို... ဒါချင်းလင်ဓာတ်ခွဲခန်းကပို့တဲ့အချက်အလက်တွေ... ခင်ဗျားရဲ့ဌာနက ချင်းလင်ဖရဲသီးမြှင့်တင်ရေးစာချုပ်ဘက်ကိုသေချာလိုက်ပါ''

''ချင်းလင်ဓာတ်ခွဲခန်းရောက်ပြီဆိုတာနဲ့ သူသွားသမျှနေရာက စာချုပ်လက်မှတ်ထိုးတဲ့သူကိုလိုက်ရမယ်... ပြီးတော့ ရွာသားတွေကို ဒီပူးပေါင်းလုပ်ဆောင်မှုအကြောင်း အရင်ရှင်းပြထားပါ... ဘာပြဿနာမှမဖြစ်စေနဲ့''

''တို့စီရင်စုက သူ့ကိုဒါလုပ်ပေးဖို့တောင်းဆိုထားတာ... စီရင်စုမျက်နှာပျက်အောင်မလုပ်နဲ့''

''ကောင်းပါပြီ စွန်းရှန်'' အကြီးအကဲလျိုကခေါင်းညိမ့်ပြီး သူ့ဌာနထဲမှလူစုကာအမိန့်ထုတ်ပြန်ရန် ချက်ချင်းထွက်သွားသည်။

သူကိုယ်တိုင် ချင်းလင်ဓာတ်ခွဲခန်းကိုသွားခဲ့သည်။

ဒါချင်းလင်ဓာတ်ခွဲခန်းနဲ့စီရင်စုကမြှင့်တင်ချင်နေတဲ့လုပ်ငန်း။ နှစ်ဦးနှစ်ဖက်ကြားပူးပေါင်းမှုကလည်း မြန်မြန်ဆန်ဆန်တိုးတက်နေသည်။ ချင်လင်က စီနီယာအစ်ကိုချူကို ဓာတ်ခွဲခန်းတွင်သက်ဆိုင်ရာစာချုပ်များဆွဲခိုင်းထားသည်။

ထို့ကြောင့် တစ်ရက်မတိုင်ခင် အကြီးအကဲခုံးရွေးထားသောပထမအသုတ်မြို့များဆီ ပူးပေါင်းထုတ်လုပ်ရေးစာချုပ်လက်မှတ်ထိုးရန် ရှန်လီကလူလွှတ်လိုက်သည်။

ရှီထိုက်မြို့ကို အကြီးအကဲလျိုကိုယ်တိုင်တာဝန်ခံထားသည်။ ဘာပဲဖြစ်ဖြစ် ဒီမြို့ကပိုပြီးဆင်းရဲသည်။ ရွာသားတချို့မှာ ရုံချန်းစီရင်စု၏စီးပွားရေးအဆင့်အတန်းတွင် အောက်ဆုံးရောက်နေ၏။

ဒီရွာသားတွေဘာကြောင့်ဆင်းရဲရသလဲ အကြောင်းတချို့ရှိသည်ပေါ့။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကိုရှင်းပြဖို့ ပိုအားစိုက်ထုတ်ရလိမ့်မည်။

ခေါင်းမာသောလူကြီးများနှင့်ရွာတစ်ရွာရှိသည်။ တခြားနေရာများမှာ သတင်းရောက်လျှင် ချင်းလင်ဓာတ်ခွဲခန်းနဲ့မြန်မြန်စာချုပ်ချုပ်ဖို့မစောင့်နိုင်ကြ။ တကယ်တော့ ခေါင်းမာသောလူကြီးများက အတွေးအခေါ်ဟောင်းများနှင့် ဒီမြေကိုထိလို့မရဟုဆိုကြသည်။ မြေကိုရွှေ့လိုက်ရင် ဖုန်းရွှေကိုထိခိုက်လိမ့်မည်ဆိုကာ ဒီစာချုပ်လက်မှတ်ထိုးဖို့ အတိုက်အခံလုပ်ကြလိမ့်မည်။

အဓိကအချက်က ဒီတစ်ယူသန်လူကြီးတွေက ရွာထဲမှာသက်ကြီးဝါကြီးသူတွေဖြစ်နေခြင်းပင်။ တကယ်ဒုက္ခများသည်။

မော်ဒန်ခေတ်ဆိုသော်လည်း ဒီလိုလူမျိုးတွေကို နိုင်ငံအနှံ့အပြားမြို့များတွင်တွေ့နိုင်သည်။ သို့သော် လျစ်လျူရှုထားလို့မရ။ ဒီမျိုးဆက်ခေတ်ကုန်သွားရင် တချို့ပြဿနာဟောင်းတွေလျော့ကျသွားလိမ့်မည်။

ဖြစ်ချင်တော့ ဒီရွာထဲကလူငယ်တွေက ငတုံးမဟုတ်။ ဖုန်းရွှေကတကယ်ကောင်းတယ်ဆိုရင် သူတို့ရွာဒီလောက်ဆင်းရဲနေမလား? အားအများကြီးစိုက်ထုတ်ရသော်လည်း နောက်ဆုံးလက်မှတ်ထိုးဖြစ်သွားလေသည်။

All Chapters