← Chapters

ကိုယ့်ပါးစပ်ထဲရောက်နေတဲ့အစာကို ဘယ်လိုစားရမလဲတောင်မသိ! မဆင်းရဲဘဲနေမလား? ၃

Vol. 28 Ch. 416

ကိုယ့်ပါးစပ်ထဲရောက်နေတဲ့အစာကို ဘယ်လိုစားရမလဲတောင်မသိ! မဆင်းရဲဘဲနေမလား? ၃

Vol. 28 Ch. 416

ရှီထိုက်မြို့မှချင်းလင်ဓာတ်ခွဲခန်း၏တာဝန်ခံမှာလူငယ်တစ်ယောက်ဖြစ်သည်။ ရှန်လီ၏အရင်ဓာတ်ခွဲခန်းကုမ္ပဏီမှဆွဲခေါ်ထားသောကြီးကြပ်သူဖြစ်သည်။ သူ့နာမည်က ရှောင်ရှန့်နန်။

ဒီလိုစာချုပ်လက်မှတ်ထိုးတာဝန်ယူရတာ ရှောင်ရှန့်နန်အတွက်ပထမဆုံးမဟုတ်။

အရင်ဓာတ်ခွဲခန်းမှာ သူကဒီအပိုင်းတာဝန်ယူရသူဖြစ်သည်။

မူလက ဓာတ်ခွဲခန်းအထက်တွင် သူဌေးမာဖြစ်သော်လည်း တစ်ဖက်လူ၏ပုရွက်ဆိတ်များနှင့်ဖြစ်ရပ်ပြီးနောက် ဓာတ်ခွဲခန်းမှာလည်း အာဏာအတွက်စတင်တိုက်ခိုက်ကြသည်။ အလွန်ဖရိုဖရဲဖြစ်သွား၏။

ထို့ကြောင့် သူ့သူဌေးဟောင်းရှန်လီကဆွဲခေါ်သောအခါ ပြတ်ပြတ်သားသားထွက်လာခဲ့သည်။

ဥက္ကဌရှန်၏ဆုံးဖြတ်ချက်ကို သူယုံကြည်ဆဲပင်။ ချင်းလင်ဓာတ်ခွဲခန်းရောက်ပြီးနောက် ဒီဓာတ်ခွဲခန်းကစတင်ခါစဖြစ်သော်လည်း သူ့အလားအလာကလုံးဝမသေးကြောင်း သူသဘောပေါက်သည်။

ဒီဖရဲမျိုးအသစ်နဲ့တင် ကုမ္ပဏီကိုထောက်ပံ့နိုင်ပြီး ဓာတ်ခွဲခန်း၏သုတေသနအစဉ်ကိုပါထောက်ပံ့နိုင်လိမ့်မည်။

''အကြီးအကဲလျို... တစ်ရွာပဲကျန်တော့တာမလား?'' ရှောင်ရှန့်နန်က ရွာလက်မှတ်ထိုးစာချုပ်ကို သူ့ဘေးမှလူအားပေးလိုက်သည်။



အကြီးအကဲလျိုကခေါင်းညိမ့်ပြီး_

''အင်း... ငါတစ်နေကုန်အလုပ်ရှုပ်နေတာ... အာခေါင်တွေခြောက်နေပြီ... စာချုပ်လက်မှတ်ထိုးပြီးရင် ပြန်နားတော့မယ်''

ရှောင်ရှန့်နန်ကပြုံး၍_ ''ကျွန်တော်တို့ကုမ္ပဏီအဖွဲ့ကသတင်းရတယ်... သူဌေးကကျွန်တော်တို့ကိုဆုချဖို့ စံအိမ်စားသောက်ဆိုင်မှာဝိုင်းကြီးကြီးပြင်ထားတယ်တဲ့... အကြီးအကဲလျိုလည်းလိုက်ခဲ့... နောက်ဆက်တွဲပြဿနာတွေပြောရအောင်... သောက်လည်းသောက်မှာ''

''ကောင်းသားပဲ'' အကြီးအကဲလျိုကအပြုံးနှင့်ပြောလိုက်သည်။

ပုံမှန်အခြေအနေအတိုင်းဆို ကုမ္ပဏီကလူတွေနဲ့အပြင်မှာစားသောက်တာ ပြဿနာတက်နိုင်သည်။ ဒါပေမဲ့အခုက ဒီဖရဲမျိုးအသစ်ကိုမြှင့်တင်နေခြင်းဖြစ်၍ ချင်းလင်ဓာတ်ခွဲခန်းနဲ့အဆက်အစပ်ရှိဖို့လိုသည်။ ဒီတော့ ပြဿနာမရှိ။

အုပ်စုကကားထဲဝင်ပြီးထွက်လာသည်။ ရွာရောက်ဖို့ မိနစ် ၄၀ မောင်းလိုက်ရ၏။

အကြီးအကဲလျိုကရောက်ရောက်ချင်း ကောကွမ်းကိုရှာပြီး ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းမည့်အကြောင်းဆွေးနွေးရန် ရွာထဲမှလူအားလုံးကိုစုခိုင်းသည်။

ထိုသတင်းရသည်နှင့် ကောကွမ်းတို့သားအဖမှာမျက်လုံးများအရောင်တောက်သွားသည်။

ကောကွမ်းလည်း ရွာရေဒီယိုခန်းထဲသွားပြီး ရွာသားအားလုံးကိုစုလိုက်သည်။

မကြာမီ အိမ်နိမ့်ရွာသားများ ရွာထဲတွင်စုလိုက်ကြ၏။

ချင်းလင်ဓာတ်ခွဲခန်းမှလာသောရည်ရွယ်ချက်ကို သူတို့အားလုံးသိထားပြီးဖြစ်၍ ညှိထားကြပြီးပြီ။

ချင်းလင်ဓာတ်ခွဲခန်းကရောင်းတဲ့ဖရဲသီးတွေ ဒီလောက်စျေးကြီးမှတော့ စာချုပ်မှာပိုက်ဆံနည်းနည်းလေးနဲ့ပေးလို့မဖြစ်။ တစ်ဖက်ကဘယ်လောက်ပဲပေးပေး သူတို့ထပ်တိုးရမည်။

သူတို့ပဲဖရဲသီးကို ဒီလောက်စျေးကြီးကြီးနဲ့ရောင်းတာမလား?





ကောထန်ပြောသလို ဘယ်လိုပဲဖြစ်ဖြစ် ကားလေးတစ်စီးရအောင်လုပ်ရမယ်မလား?

ဘာလို့သူတို့မြေနဲ့ပိုက်ဆံကို သူများကလုပ်စားရမှာလဲ?

ဒီလူတွေဘာတွေးနေလဲ အကြီးအကဲလျိုကလုံးဝမသိ။ သူကအိမ်နိမ့်ရွာသားတွေကို လှိုက်လှိုက်လှဲလှဲနှင့် စာချုပ်တောင်ကူဝေပေးနေသည်။ ဝေပြီးလျှင် သူက_ ''အားလုံးပဲ... အရင်ဆုံး ခင်ဗျားတို့လက်ထဲကစာချုပ်ကိုတစ်ချက်ကြည့်လိုက်ပါ... အဲဒါချင်းလင်ဓာတ်ခွဲခန်းက ဖရဲမျိုးအသစ်စိုက်ဖို့ ခင်ဗျားတို့နဲ့လက်မှတ်ထိုးချင်တဲ့စာချုပ်... နားမလည်တာရှိရင် မေးလို့ရပါတယ်... ကျုပ်ဖြေပေးမယ်''

အိမ်နိမ့်ရွာသားတွေက ချက်ချင်းစာချုပ်ယူပြီး တန်ဖိုးကိုရှာလိုက်သည်။ ဒီတစ်ခေါက်အရေးအကြီးဆုံးက တန်ဖိုးပင်။

သို့သော် ဒီစာချုပ်က သူတို့သိထားသောစာချုပ်မဟုတ်၍အံ့ဩသွားကြသည်။ အဲဒီအပြင် ၂၀% ရှယ်ယာအမြတ်နဲ့ ပူးပေါင်းစိုက်ပျိုးရေးစာချုပ်တဲ့။

အရင်ကဒါမျိုးနဲ့ လုံးဝအဆက်အစပ်မရှိဖူး၍ ကောကွမ်းနဲ့ကောထန်ကိုသာကြည့်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တသမတ်တည်းဖော်ပြဖို့အကြံပြုတာက ဒီသားအဖလေ။ အခုသူတို့မရပ်တည်နိုင်တော့ဘူးမလား?

ကောထန်ကစာချုပ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူတောင်စိတ်ရှုပ်သွား၏။ ဒါသူထင်ထားသလိုမဟုတ်။ သူကပိုက်ဆံအများကြီးသုံး၊ ကားဝယ်ပြီး မိန်းမပိုးပန်းတော့မလို့ပင်။ သူ့မှာကားမရှိရင် တစ်ဖက်လူကလုံးဝမဒိတ်ပါတဲ့။

ဒါပေမဲ့ ဒီစာချုပ်ကဘာဖြစ်နေတာလဲ? တကယ်လို့ ဒီစာချုပ်ပိုက်ဆံကိုမပေးရင် ဘယ်အဖွဲ့အစည်းကစကားပြောမလဲ? အဓိကအချက်က သူပိုက်ဆံချက်ချင်းမရနိုင်ခြင်းပင်။ နောက်ပြီး စိုက်ပြီးမှရမယ့်အမြတ်က သူ့သဘောအတိုင်းမဟုတ်။

ထိုအတွေးနှင့် ကောထန်ကချက်ချင်းပြောလိုက်သည်_ ''အကြီးအကဲလျို... ကုမ္ပဏီက ကျွန်တော်တို့တောင်သူတွေကိုအနိုင်ကျင့်တာ ခင်ဗျားကကူလို့မဖြစ်ဘူးလေ... ဒီစာချုပ်ရဲ့အမြတ်ဆိုတာက ဘယ်လောက်လဲ ဘယ်သူသိမလဲ? ကျွန်တော်တို့ဘယ်လိုလုပ်စိတ်သက်သာမှာလဲ?''

အကြီးအကဲလျိုမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။ သူထပ်ပြီးအသက်ရှုရပ်တော့မည်။ သူကချက်ချင်းပင်_

''စိတ်မပူပါနဲ့... စီရင်စုက ချင်းလင်ဓာတ်ခွဲနဲ့ပူးပေါင်းမြှင့်တင်တာဆိုမှတော့ အားလုံးနစ်နာအောင်မလုပ်ပါဘူး''

ကောထန်က လုံးဝမယုံသဖြင့် ချက်ချင်းပြောလိုက်၏_ ''အကြီးအကဲလျို... ဒါကပိုင်မုန့်ပါ... တကယ်လို့ ကျွန်တော်တို့မြေကိုလိုချင််တယ်ဆိုရင် မည်မည်ရရရှိရမှာပေါ့ ဟုတ်တယ်မလား? ဒီလိုဆိုရင်ရော? ချင်းလင်ဓာတ်ခွဲခန်းက အရင်ဆုံးယွမ် ၁၀၀၀၀၀ စီပေးမယ်ဆိုရင် ဒီစာချုပ်ကိုလက်မှတ်ထိုးမယ်''

သူ့ရည်ရွယ်ချက်က ရှင်းသည်။ ငွေအင်အားသုံးပြီးကားဝယ်မည်။ မိန်းမပိုးမည်။ မိန်းမကျအောင်လုပ်ရာမှာ သူကဆရာကျသည်။ အကျိုးဆက် ၂၀% အမြတ်ကဘယ်လောက်ဖြစ်ဖြစ် အခုသူဂရုမစိုက်ပါချေ။

''???'' အကြီးအကဲလျိုက ကောထန်ကိုတအံ့တဩကြည့်လိုက်သည်။ နောက်ဆုံးရွာကျမှ ဒါမျိုးကြုံမည်မထင်ခဲ့။

ရှောင်ရှန့်နန်မှာ မျက်မှောင်ကြုတ်နေပြီ။ သူကဒီအပိုင်းမှာတာဝန်ခံဖြစ်၍ ကောထန်ရဲ့လှုပ်ရှားမှုကိုတစ်ချက်ကြည့်ရုံနဲ့သိသည်။

ဒီလိုစက်ဆုပ်စရာလုပ်ရပ်မျိုး ထပ်ဖြစ်မည်မထင်ခဲ့ပေ။

All Chapters