← Chapters

ဥပမာပြခြင်း! နောင်တရပြီ!

Vol. 28 Ch. 417

ဥပမာပြခြင်း! နောင်တရပြီ!

Vol. 28 Ch. 417

ထိုအခိုက် အကြီးအကဲလျို၏ရင်ထဲတွင် အကြိမ်ကြိမ်ညည်းညူမိသည်။

ဒီဆင်းရဲမှုက တကယ်ကံပါပုံပဲ။

ခါတိုင်းလို အမြတ်အချိုးကဘာလဲ၊ ၂၀% နဲ့ ရွာသားတွေဘယ်လောက်ရမလဲ ဒီလူတွေကိုသူရှင်းပြချင်သေးသည်။

ဒါစောစောကသူလက်မှတ်ထိုးခဲ့တဲ့ရွာတွေသိချင်တဲ့မေးခွန်း။

ဒါပေမဲ့ ကောထန်ရဲ့စကားကိုကြားလိုက်ရတော့ သူ့လည်ချောင်းချက်ချင်းဆို့သွားသည်။ အော်ဂလီဆန်လာသလိုလို မအီမသာဖြစ်သွား၏။

ဒီပူးပေါင်းမှုက အောင်မြင်မှုရထားပြီမှန်း သူသိလိမ့်မည်။

ရွာသားတစ်ယောက်ကို တစ်နှစ်ဘယ်လောက်ရနိုင်ပါသလဲ? သူကတကယ် ယွမ် ၁၀၀၀၀၀ အတွက်ရောက်လာတာလား?

ရယ်စရာကောင်းတာက စီရင်စုကဘာလို့ ဒီအတွက်အလုပ်ရှုပ်ခံနေတာလဲ? သူ့မှာပြေးရလွန်းလို့ခြေထောက်ကျိုးမတတ်၊ ဒါပေမဲ့ တစ်ဖက်လူက အာမခံမရှိမှာစိုးနေသတဲ့?

စီရင်စုက ဒါကိုအာမခံပေးဖို့မတတ်နိုင်ဘူးမလား?

ဒီလိုလူတွေကိုအကောင်းဆုံးဆက်ဆံတဲ့နည်းက လျစ်လျူရှုလိုက်တာပဲ။

အကြီးအကဲလျိုက ချက်ချင်းကောထန်ကိုကျော်ပြီး တခြားရွာသားများကိုစကားပြောဖို့ပြင်လိုက်သည်။ မထင်မှတ်ဘဲ ထိုရွာသားများ၏စတင်ဆွေးနွေးနေသံကိုလည်းကြားရသည်။

''ကောထန်ပြောတာမှန်တယ်... တို့မြေကိုလိုချင်တယ်ဆိုတာ ဘယ်သူယုံမှာလဲ?''

''အရင်ဆုံးစရံပေးလိုက်... အဲဒါဆိုအဆင်ပြေမယ်''

''ဟုတ်တယ်... ကောထန်ပြောသလိုလုပ်ရအောင်''

“...”

ဒီလူတွေက အရင်ကတည်းကညှိထားကြပြီး အခုအချိန်မှာ ထူးထူးခြားခြားကိုသင့်မြတ်နေကြသည်။ ဒါမှမဟုတ်ရင် ကောထန်ပြောတဲ့ ယွမ် ၁၀၀၀၀၀ ကိုမက်တာပေါ့။

သူတို့ဘဝမှာ ယွမ် ၁၀၀၀၀၀ မကိုင်ဖူးတာ သိကြလိမ့်မည်။

ဌာနအကြီးအကဲလျို၏မျက်နှာမှာ လုံးဝမဲမှောင်သွားတော့သည်။



ဒီလူတွေစုနေတာ သူဘာလို့မမြင်တာပါလိမ့်?

ဒီရွာထဲမှာ တစ်ယောက်မှဦးနှောက်မရှိဘူးလား?

စီရင်စုရဲ့ထောက်ပံ့လုပ်ငန်းတချို့က ဒီရွာမှာဘာလို့သိပ်မထိရောက်လဲ သူသိပြီ။

သို့ရာတွင် ရှောင်ရှန့်နန်ကသရော်သလိုခေါင်းခါပြီး ထွက်ရန်ပြန်လှည့်လိုက်သည်။

လက်ရှိဒီလူတွေကိုစကားပြောချင်စိတ်မရှိ။

မလိုတော့ဘူးလေ။

ဒီအခြေအနေက လုံးဝသာမန်မဟုတ်။ အဖျက်လုပ်ငန်းများကို သူတို့ပိုပြီးကြုံတွေ့ခဲ့ရပြီးပြီ။ ဒီလိုအခြေအနေမျိုးက စိတ်ရှည်လက်ရှည်ဆွေးနွေးမှရမည်။

ဒါပေမဲ့ သူတို့ကုမ္ပဏီကတောင်းပန်မည်မဟုတ်။ မြို့ ၁၅ မြို့မှာစောင့်နေတဲ့လူအုပ်စုရှိသေးသည်။ ဘာလို့သူတို့နဲ့အချိန်ဖြုန်းနေမလဲ?

အရင်ကဒါမျိုးဖြစ်ရင် ရယ်စရာကောင်းမှန်းသိခဲ့သည်။ လူတိုင်းက ဒီအကျိုးအမြတ်ကိုနည်းတယ်ထင်ပြီး မြှင့်ချင်သည်တဲ့။

ယွမ် ၁၀၀၀၀၀ အတွက်နဲ့ ပိုများတဲ့အကျိုးအမြတ်တွေကိုအဆုံးရှူံးခံတဲ့သူမျိုးတွေ့ဖူးတာ ဒါပထမဆုံးပင်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူဌေးကရုံချန်းစီရင်စုကဆိုပေမဲ့ ဥက္ကဌရှန်က ဖရဲမျိုးအသစ်မြှင့်တင်ချင်တာမဟုတ်။

အဲဒီဖြစ်ရပ်ပြီးနောက်ပိုင်း ရုံချန်းစီရင်စုကမှားခဲ့တယ်လို့ခံစားရပြီး လိုက်လျောချက်တချို့လုပ်ပေးရသည်။

ရှောင်ရှန့်နန်က စကားတစ်လုံးမှမဆိုဘဲထွက်သွားသဖြင့် အကြီးအကဲလျိုစိတ်ပူသွားသည်။ သူကကောထန်တို့ကိုကြည့်ပြီး ကြိတ်မနိုင်ခဲမရဖြင့်_ ''မင်းတို့ကောင်တွေ... ဟင်း...''

သည်လိုနှင့် သက်ပြင်းချ၊လက်မှိုင်ချ၍ ရှောင်ရှန့်နန်နောက်လိုက်သွားသည်။

နှစ်ဖက်လုံးထွက်သွားသည်ကို အိမ်နိမ့်ရွာသားများမြင်လျှင် တစ်ယောက်ကစိတ်ပူသွားသည်။

''ဘာလို့အကုန်ထွက်သွားတာလဲ? ပြဿနာတော့မရှိပါဘူးနော်?''

''ဟုတ်တယ်... သူဒေါသထွက်သွားတဲ့ပုံပဲ''

''ပြဿနာမရှိဘူးမလား... ဟင်?''

“...”

ကောထန်မျက်မှောင်ကြုတ်သွားသည်။

ဘာလို့ဘာမှမပြောဘဲထွက်သွားတာလဲ?





ဒါသူထင်ထားသလိုမဟုတ်။

ပြဿနာတက်ပြီထင်တယ်။

သို့ရာတွင် သူ့အတန်းဖော်ရဲ့မိသားစုက ကားဝယ်ဖို့လျော်ကြေးရပြီး ကားထဲမှာကောင်မလေးတွေနဲ့ဘယ်လိုအီစီကလီလုပ်ကြောင်း တစ်နေကုန်ကြွားပုံကိုတွေးမိသောအခါ ထပ်ပြီးစိတ်ပိုင်းဖြတ်လိုက်ပြန်သည်။

အခုသူ့ခေါင်းထဲရှိတာက ယွမ် ၁၀၀၀၀၀ ရဖို့၊ ကားဝယ်ဖို့၊ ချိုင်ကျင်းကိုလိုက်ဖို့၊ ကားထဲမှာသူမနဲ့အတူရှိဖို့ပဲ။

ထို့ကြောင့် သူကချက်ချင်းပြောလိုက်သည်_

''အားလုံးစိတ်မပူပါနဲ့... ဒါသာမန်နည်းလမ်းပါပဲ... သူတို့က ကျွန်တော်တို့ကိုစိတ်ပူစေချင်တာ... အခုအရင်စိတ်ပူတဲ့သူကအရှူံးပဲ... ပြီးတော့ သူတကယ်စိတ်ဆိုးသွားတယ်ဆိုရင်တောင် ကျွန်တော့်အဖေရွာသူကြီးက စီရင်စုကိုသွားပြီး ဆင်းရဲတဲ့အကြောင်းငိုပြလိမ့်မယ်... ဘာမှမဖြစ်ဘူး''

သည်လိုနှင့် တခြားသူများပူပန်မှုလျော့သွားပြန်သည်။

ဘာပဲဖြစ်ဖြစ် ကောကွမ်းစီရင်စုကိုသွားပြီး ဆင်းရဲတဲ့အကြောင်းညည်းတာ ပထမဆုံးလည်းမဟုတ်။

အကြီးအကဲလျိုက ကောကွမ်းတို့ဘာတွေးနေမလဲ သူမသိ။ သူအပြင်ထွက်လိုက်သွားသောအခါ ရှောင်ရှန့်နန်က ကားထဲဝင်ပြီးထွက်သွားသည်။ သူကဆက်နေပြီးအခွင့်အရေးမပေးဖို့ စိတ်ဆုံးဖြတ်ချက်ချထားမှန်းသိသာသည်။

အခုမှအကြီးအကဲလျိုပိုပြီးစိတ်ပူသွား၏။ သူကရှောင်ရှန့်နန်ကိုအမြန်လှမ်းခေါ်လိုက်သော်လည်း လုံးဝပြန်မဖြေကြောင်းသိလိုက်ရသည်။

သူလည်းမဖြစ်မနေကားထဲဝင်ပြီးလိုက်ရသည်။

ဒီကိစ္စ ဥက္ကဌရှန်နဲ့သူဌေးချင်ဆီမရောက်ရင် အဖတ်ဆယ်နိုင်လိမ့်မည်။

အထက်ကလူတွေဆီရောက်သွားရင်ခက်ပြီ။

ရွာသားတွေကိုဒေါသထွက်သည်ဆိုသော်လည်း ဒီတာဝန်ကိုယူပြီး ဒီလမ်းကိုလျှောက်နေမှတော့ ရွာသားတွေကဘယ်လောက်စိတ်ပျက်စရာကောင်းကောင်း သူလျစ်လျူမရှုနိုင်။

ဖြစ်ချင်တော့ သူ့ကားနဲ့ကားမောင်းစွမ်းရည်က ရှောင်ရှန့်နန်လောက်မကောင်း။ နောက်ဆုံး ရှောင်ရှန့်နန်ကိုလိုက်မမီဘဲ စီရင်စုကိုအသိပေးဖို့သာ မြန်မြန်ဖုန်းဆက်လိုက်ရသည်။

ဒီတစ်ခေါက်စီရင်စုက ချင်းလင်ဓာတ်ခွဲခန်းနှင့်သုံးလေးကြိမ်ဆက်သွယ်ပြီး သူတို့ကိုထောက်ပံ့စာရင်းထဲထည့်ထားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပင်ရင်းကိုငဲ့ထားသည်။ အခုတော့ စီရင်စုအရှက်ရပြီ။

ချန်လီလည်း ချက်ချင်းသတင်းရလိုက်သည်။ စွန်းရှန်ရုံးခန်းရောက်သောအခါ ခွက်ကွဲသံကြားလိုက်ရ၏။

ရုံးခန်းထဲဝင်လိုက်သည်နှင့် ဒေါသထွက်နေသောစွန်းရှန်ကိုတွေ့ရသည်။

''အားလုံးသိပြီးပြီလား?'' စွန်းရှန်ကမေးသည်။

ချန်လီကသက်ပြင်းချပြီး_ ''စိတ်ပျက်စရာကောင်းတဲ့သူတွေကိုငါမြင်ဖူးပါတယ်... ဒါပေမဲ့ ဒီလောက်စိတ်ပျက်စရာကောင်းတာမျိုး တစ်ခါမှမတွေ့ဖူးဘူး... ငါတို့အားတွေအများကြီးစိုက်ထုတ်ရတယ်... စကားတွေအများကြီးပြောရတယ်... ငါတို့ဒါတွေလုပ်နေတာ ဘယ်သူ့အတွက်လဲ?''

''ငါအခုဘယ်လိုလုပ်ရမလဲပြော?'' စွန်းရှန်ကစိတ်ထွက်ပေါက်ပေးပြီး ပြဿနာကိုပြန်ဖြေရှင်းရမည်မှန်းသိသည်။

ချန်လီကခေါင်းခါ၍_ ''သူဌေးချင်ပဲဆိုရင်တော့ ငါတို့တောင်းပန်လိုက်ရင် အဖတ်ဆယ်နိုင်တယ်... ဒါပေမဲ့ အဓိကက ဒီယွမ်သန်း ၄၀၀ ကို လူကြီးမင်းချန်နဲ့လူကြီးမင်းမာက ရင်းနှီးမြှုပ်နှံထားတာ... အဲဒါပြဿနာ''

စွန်းရှန်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ဒါကအကြီးဆုံးပြဿနာ။

လူကြီးမင်းချန်နဲ့လူကြီးမင်းမာကသာ ရုံချန်းစီရင်စုကလူတွေကဒီလိုပဲဆိုပြီး အပြင်မှာအမှတ်တမဲ့ပြောလိုက်ရင် ရုံချန်းစီရင်စုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်တောင်ထိခိုက်လိုက်မလဲ?

အဓိကအကျဆုံးက ချင်းလင်လက်ဖက်ရည်ကိုအလုခံလိုက်ရပြီ။ သူတို့ဒီအကြောင်းသိသွားရင် အနီးအနားကစီရင်စုတွေ လာမဆွဲဆောင်ကြဘူးလား? သူတို့က သူဌေးချင်ဆီကပ်လာပြီး_

''ကြည့်... ရုံချန်းစီရင်စုမှာ ဒီလိုဖြစ်လာလိမ့်မယ်... ကျွန်တော်တို့ဆီမှာရင်းနှီးမြှုပ်နှံရင် လုံးဝမဖြစ်စေရဘူး'' ဟူ၍။

All Chapters