← Chapters

ဥပမာပြခြင်း! နောင်တရပြီ! ၂

Vol. 28 Ch. 418

ဥပမာပြခြင်း! နောင်တရပြီ! ၂

Vol. 28 Ch. 418

သေလို့ရပြီ။

စွန်းရှန်ကဒေါသတကြီးနှင့်_ ''ဒါကိုမဖြစ်ခဲ့သလို ဟန်ဆောင်နေလို့မရဘူး... ချင်းလင်စံအိမ်ကိုသွားပြီး သူဌေးချင်ကိုနှစ်သိမ့်ရဦးမယ်... ပြီးတော့ ရွာထဲမှာစိုက်မယ့်အစီအစဉ်ဖျက်လိုက်ရင်တောင် ချင်းလင်ဓာတ်ခွဲခန်းကိုအနှောင့်အယှက်မဖြစ်စေရဘူး... ဒီရွာမျိုးကမှတ်လောက်သားလောက်ဖြစ်သင့်တယ်... သူတို့အကြီးအကျယ်နောင်တရမှ လူပီသရကောင်းမှန်းသိမှာ''

ချန်လီကခေါင်းညိမ့်ပြီး ချက်ချင်းရုံးခန်းထဲမှထွက်၍ ချင်းလင်စံအိမ်ဆီဦးတည်သွားလိုက်သည်။

ချင်းလင်စံအိမ်_

ချင်လင်မှာ ချန်ရှန်းဖေ၊မာလဲ့ဝမ်တို့နှင့်လက်ဖက်ရည်ဝိုင်းဖွဲ့နေစဉ် ရှန်လီကအပြေးတပိုင်းရောက်လာသည်။

ရှန်လီ၏တင်ပြချက်ကြောင့် ချင်လင်၊ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့နည်းနည်းအံ့ဩသွားသည်။

ချန်ရှန်းဖေကမယုံနိုင်ပုံနှင့်_ ''ချင်းလင်ဓာတ်ခွဲခန်းက ဒီပူးပေါင်းလုပ်ငန်းအတွက် ၂၀% အမြတ်ပေးတာ... ဒါကိုရွာက အပိုယွမ် ၁၀၀၀၀၀ အတွက်နဲ့ ဒီကိစ္စကိုဖျက်ဆီးပစ်တယ်ပေါ့? ဒီ ၂၀% အမြတ်က တစ်နှစ်ယွမ် ၁၀၀၀၀၀ ထက်အများကြီးပိုရနိုင်တယ်ဆိုတာ မသိဘူးလား?''

ရှန်လီကခေါင်းညိမ့်ပြီး_ ''ကျုပ်လည်းသတင်းရတော့ မယုံနိုင်ဘူး... စာချုပ်အကြောင်းအရာကိုသေချာနားမလည်တာဖြစ်နိုင်တယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီရွာရဲ့ဂုဏ်သိက္ခာကသွားပြီ... နောက်ပြီး ကျုပ်တို့မဖြေရှင်းရင် ရှေ့လျှောက်ရွာတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလာနိုင်တယ်''

ရှန်လီ၏သဘောကို ချင်လင်ကနားလည်သဖြင့် သွေးအေးအေးနှင့်ပြောလိုက်သည်_

''ဒါဆိုရင် ဒီရွာကိုအမည်ပျက်စာရင်းသွင်းပြီး ဥပမာပြတာပေါ့... ရှေ့လျှောက်ချင်းလင်ဓာတ်ခွဲခန်းရဲ့ပူးပေါင်းအစီအစဉ်မှာ ဒီရွာကိုလုံးဝထည့်မစဉ်းစားဘူး... ဥက္ကဌရှန်... အသေးစိတ်ကိုခင်ဗျားတာဝန်ယူလိုက်ပါ''

သူ့မွေးရပ်မြေချမ်းသာလာဖို့စိတ်မကွက်သော်လည်း ဒီလိုလူမျိုးကိုသည်းခံလိမ့်မည်မဟုတ်။

နောက်လိုက်ရွာသားတွေကိုပေးဖို့ စံအိမ်တွေရာချီဆောက်တဲ့သူဌေးကြီးကိုမြင်ဖူးတယ်မလား? သူတို့ကံကိုပုံချတာ သဘာဝပဲလို့ထင်နေသေးလား?



အဲဒီတုန်းက မျက်စိကန်းနေတဲ့လူက တချို့ရွာများဆင်းရဲရသောအကြောင်းရင်းမှာ ရွာသားတွေကိုယ်တိုင်ကြောင့်ပဲဟု Weibo ပေါ်တွင်အထူးတလည်စာတင်ခဲ့သည်။ သူ့မွေးရပ်မြေမှရွာသားများကိုကူညီသောအခါ အလွန်သတိထားပြီး မီးရှို့အသတ်ခံရမလားစိုးခဲ့ရသည်။

အဲဒါကြောင့် ဒီလူတွေအထင်လွဲတာလား ဒါမှမဟုတ် အခြေအနေကိုနားမလည်တာလား ချင်လင်ဂရုမစိုက်။ ဒီအခြေအနေမှာ ဒီရွာရဲ့ဂုဏ်သိက္ခာကသွားပြီ။

ပုပ်သိုးနေတဲ့လူကောင်းတွေကို သူထင်မြင်ချက်မပေးချင်။ အချိန်ကျရင် ကံကိုပုံချတဲ့သူတွေပိုများလာဦးမည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီရွာမျိုးမှာရင်းနှီးမြှုပ်နှံတာ ချင်းလင်ဓာတ်ခွဲခန်းအတွက်အကျိုးမရှိဟု ရှန်လီလည်းပြောဖူးသည်။

ဒီလူတွေက ရေကုန်ရေခမ်းနောက်ပြန်ဆွဲထားမယ်လို့မထင်မိပေ။

ဒီလူတွေဒီလောက်နုံချာမယ်လို့လည်းမထင်မိ။

သူတို့စကားပြောနေစဉ် ချန်လီအလောတကြီးရောက်လာသည်။

ချင်လင်ရုံးခန်းထဲမှလူများကိုတွေ့တွေ့ချင်း သူကအလျင်စလိုတောင်းပန်လိုက်သည်_

''သူဌေးချင် ဥက္ကဌချန် ဥက္ကဌမာ... ကျုပ်တကယ်တောင်းပန်ပါတယ်... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စီရင်စုကသိပြီးပါပြီ... ဒီကိစ္စကိုဘယ်လိုပဲလုပ်လုပ် စီရင်စုကမကန့်ကွက်ပါဘူး''

ချင်လင်ကရိုးရိုးသားသားပင်_ ''လက်ထောက်ချန်... ဒီအတွက် စီရင်စုကိုအပြစ်ပြောလို့မရပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးပြီးပြီ... နောင်မှာရှကျားရွာက ကျွန်တော်တို့ချင်းလင်ကုမ္ပဏီရဲ့အမည်ပျက်စာရင်းဝင်သွားပြီ... လူသစ်ခန့်ရင်တောင် ရှကျားရွာသားကိုမလိုချင်ပါဘူး... အခုမြို့အသီးသီးအတွက် စာချုပ်လက်မှတ်ထိုးပြီးတော့ မြို့တိုင်းရဲ့ကိုယ်စားလှယ်တွေနဲ့အစည်းအဝေးလုပ်ဖို့ စီရင်စုရဲ့အကူအညီလိုပါသေးတယ်... စိုက်ပျိုးရေးနောက်တစ်ဆင့်ကိုဖော်ဆောင်ရပါဦးမယ်''

''ကောင်းပါပြီ... စီရင်စုကအပြည့်အဝပူးပေါင်းပေးပါမယ်'' ချန်လီမှာရွာအတွက်မတတ်သာဘဲ သက်ပြင်းသာချလိုက်ရတော့သည်။

ဒီရွာက သူတို့ချမ်းသာလာမယ့်အခွင့်အရေးကိုဖျက်ဆီးလိုက်ရုံတင်မကဘူး၊ ရွာထဲကလူငယ်တွေလည်း နောင်မှာကုမ္ပဏီထဲအလုပ်လုပ်ခွင့်ပါမရှိတော့ဘူး။

အခုချင်းလင်ကုမ္ပဏီကို စီရင်စုထဲကလူတိုင်းဝင်ချင်နေတာ အားလုံးအသိ။ နောက်ပြီး ချင်းလင်ကုမ္ပဏီက ပိုအားကောင်းလာကာ လူများထပ်ခေါ်နေသည်။

အချချင်းလင်ကုမ္ပဏီက သူ့ကိုဥပမာပြချင်နေပြီ။

ဒါပေမဲ့ သူ့မှာရွေးချယ်ခွင့်ရှိရဲ့လား?





အိမ်နိမ့်ရွာမှာအလုပ်ကောင်းလုပ်ပြီး သူ့ဂုဏ်သိက္ခာကိုဒေဝါလီခံလိုက်ရပြီ။

ဒီသတင်းပြန့်သွားရင် နောင်မှာဒီရွာသားတွေက စီရင်စုတစ်ခုလုံးရဲ့ရယ်စရာဖြစ်လာမှာစိုးမိသည်။

ဒီကိစ္စတကယ်ဖြစ်နိုင်သည်။ ချင်းလင်ကုမ္ပဏီရဲ့လွှမ်းမိုးမှုက တက်တက်လာသည်။ နောင်မှာဒီကိစ္စက စပ်စပ်စုစုတွေကြောင့်ပြန့်သွားလိမ့်မည်။

ဒါဆိုရင် သူ့ဂုဏ်သတင်းတော့ လုံးဝသွားပြီ။

သူဌေးချောင်အကြောင်းစဉ်းစားကြည့်ပါ။ အလှူအတန်းမှာ ယွမ် ၁၀ ဘီလီယံကျော်ဖြစ်လာသော်လည်း သူ့မွေးရပ်မြေကိုယွမ် ၅၀၀၀၀၀ လှူတာများလွန်းပြီဟုဆိုခဲ့သည်။ ချောင်ဖီရွာလည်း မကြာခဏဆိုသလို လိုင်းပေါ်တင်ပြီးအလှောင်ခံရသည်။ အချိန်နှင့်အမျှ အရှေ့ပိုင်းမှသူ့မွေးရပ်မြေနှင့်တောင်ယှဉ်ကြည့်မိသည်။

အကြောင်းမှာ ပုဂ္ဂိုလ်ကြီးနှစ်ဦး၏မွေးရပ်မြေအခြေအနေမှာ တကယ့်မိုးနဲ့မြေ ဆီနဲ့ရေပင်။

ရွာနှစ်ရွာ၏ဆက်ဆံပုံမှာလည်း နယ်ဘက်တွင်ကွာခြားသည်။ တစ်ရွာကိုလူတိုင်းအားကျပြီး နောက်တစ်ရွာကိုခွဲခြားကာအလှောင်ခံရသည်။

နောင်မှာချင်းလင်ကုမ္ပဏီဖွံ့ဖြိုးအားကောင်းလာပြီး တခြားလူတွေဒီကိစ္စကိုမေ့သွားပါစေဟုသာ ချန်လီမျှော်လင့်မိသည်။ မဟုတ်ရင် အိမ်နိမ့်ရွာရဲ့လက်ရှိမျိုးဆက်ကိုထိခိုက်လိမ့်မည်။

စဉ်းစားကြည့်ပါ။ ကလေးတစ်ယောက်လေ့လာဖို့ထွက်လာတဲ့အခါ လူတွေက_

''ကြည့်... သူကအိမ်နိမ့်ရွာကလေ''ဟု ပြောကြလိမ့်မည်။

လူငယ်တွေ စီရင်စုထဲမှာကောင်မလေးရှာရင် သူကရွာဇနပုဒ်ကတက်လာတာဟု အတွန့်တက်ကြလိမ့်မည်။

ချင်းလင်ကုမ္ပဏီသာအတော်အတန်ကြီးအောင်ဖွံ့ဖြိုးလာရင် ဒီလိုဖြစ်လာလိမ့်မည်။

အဲဒီအချိန်ကျရင် သူတို့နောင်တရမလား သူသိချင်မိသည်။

ချန်လီစီရင်စုပြန်ရောက်သောအခါ ချင်းလင်ကုမ္ပဏီ၏ဆုံးဖြတ်ချက်ကို စွန်းရှန်ဆီတင်ပြလိုက်သည်။ စွန်းရှန်ကခေါင်းသာညိမ့်ပြီး မြို့အသီးသီးကိုယ်စားလှယ်များနှင့်အစည်းအဝေးကျင်းပရန်လူစုခိုင်းလိုက်၏။

စိုက်ပျိုးရေးပူးပေါင်းမြှင့်တင်မည့်အစီအစဉ်က ဆက်လုပ်ဖို့ရှိသေးသည်။ အိမ်နိမ့်ရွာမှာ သူတို့အားသူတို့ကိုးရုံသာရှိတော့၏။

ထို့ကြောင့် နောက်တစ်နေ့တွင် စာချုပ်လက်မှတ်ထိုးထားသောမြို့မှကိုယ်စားလှယ်များအားလုံး အစည်းအဝေးတက်ရန်စီရင်စုကိုလာကြသည်။

မီးစမပျိုးခင်ကတည်းက အပြတ်ရှင်းနိုင်ရန် အိမ်နိမ့်ရွာကိုချင်းလင်ဓာတ်ခွဲခန်းက အမည်ပျက်စာရင်းသွင်းသည့်သတင်းလည်းပြန့်သွားသည်ပေါ့။

ထိုသတင်းကြောင့် မြို့ကိုယ်စားလှယ်များအားလုံးအံ့ဩသွားသည်။ ဒီလောက်တုံးတဲ့ရွာရှိလားမယုံနိုင်။ တစ်နှစ်ကို ၅ လမပြည့်ခင် ယွမ် ၁၀၀၀၀၀ ထက်အများကြီးကျော်နိုင်သည်။ ဒီယွမ် ၁၀၀၀၀၀ အတွက်နဲ့ သူတို့ချမ်းသာမယ့်အခွင့်အရေးကို တကယ်လက်လွှတ်လိုက်တဲ့သူရှိတယ်ပေါ့။

All Chapters