ဥပမာပြခြင်း! နောင်တရပြီ! ၃
Vol. 28 Ch. 419
ထို့ကြောင့် ထိုကိုယ်စားလှယ်များပြန်သောအခါ လူတိုင်းကိုမတုံးဖို့၊ အားလုံးကိုငြိစွန်းအောင်မလုပ်ဖို့ ပြတ်ပြတ်သားသားသတိပေးကြသည်။
ရွာထဲ၌_
နောက်တစ်နေ့ ချင်းလင်ဓာတ်ခွဲခန်းကလှုပ်ရှားမှုမရှိသောကြောင့် ရွာသားများကတစ်ခုခုမှားနေပြီဟုထင်လာကြသည်။
နည်းလမ်းကျကျပြောရရင် ဒီနေ့အကြီးအကဲလျို တစ်ယောက်ယောက် စကားလာပြောသင့်ပြီ။ သူတို့လျစ်လျူရှုထားတာမဟုတ်သေး။
ကောရှီပန်မှာ ပျာယာခတ်လာပြီ။ သူကထမင်းစားနေရင်း သူ့မိန်းမအား_
''မိန်းမ... သူတို့ဘာလို့အခုထိမလာသေးတာလဲ?''
သူ့မိန်းမကမျက်မှောင်ကြုတ်ပြီး_ ''ကျွန်မကဘယ်လိုလုပ်သိမှာလဲ? ကျွန်မအစ်ကိုရွာကစာချုပ်လက်မှတ်ထိုးပြီးသွားပြီတဲ့... သူတို့မလာမှာမစိုးရိမ်ဘူးလား?''
''ဒါတို့သားရဲ့ခန်းဝင်ပစ္စည်းမလား?''
ကောရှီပန်က တစ်ခုခုတော့မှားနေပြီဟုခံစားရသည်။
မနေ့ကချင်းလင်ဓာတ်ခွဲခန်းကလူတွေ စကားတစ်လုံးမှမပြောဘဲထွက်သွားတာ။
အကြီးအကဲလျိုတောင် ပြန်ရောက်မလာဘူး။

စီရင်စုကလူတွေက အမြဲတမ်းစိတ်ရှည်လက်ရှည်နဲ့ အရင်ထောက်ပံ့ရေးလုပ်ငန်းတွေကိုအကြိမ်ကြိမ်လုပ်ခဲ့တာလေ။
သူတွေးတောနေစဉ် သူ့ဖုန်းမြည်လာသည်။ နံပါတ်က သူ့မိန်းမရဲ့အစ်ကိုဖြစ်နေသောကြောင့် ချက်ချင်းဖုန်းကိုင်လိုက်၏။ သူ့ယောက်ဖ၏ဆူပူကြိမ်းမောင်းသံကိုကြားရသည်_
''ယောက်ဖ... မင်းတို့ရွာကလူတွေအကုန် ငနုံငအတွေလား? ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်ကောင်းတဲ့အဖွဲ့အစည်း... ဒါပေမဲ့ မင်းတို့ကဖျက်ဆီးပစ်ချင်သေးတယ်''
''မင်းတို့မိသားစုမြေရဲ့အမြတ် ၂၀% နဲ့ မြေ ၁၀ ဧကကျော်ဆိုဘယ်လောက်လဲ မင်းသိလား? တစ်နှစ်မှာ ၅ လလောက် ဇွဲရှိရှိနဲ့ ဖရဲသီးကိုဂရုစိုက်ပေးလိုက်ရင် မင်း ယွမ် ၃၀၀၀၀၀ ကျော်ရမလားပဲ?''
''ယွမ် ၃၀၀၀၀၀ ကျော်?'' ကောရှီပန်မှာ ထိုစကားကြားလျှင် ရေရွတ်လိုက်မိသည်_
''မဖြစ်နိုင်ဘူးမလား? ဒီလောက်အများကြီးရနိုင်လား?''
လိုင်းတစ်ဖက်မှလှောင်သံကြားရသည်_
''မဖြစ်နိုင်ဘူး? မင်းတို့အိမ်နိမ့်ရွာကလူတွေ စာချုပ်ဖတ်လား? စီရင်စုကအာမခံထားတယ်... တစ်ကတ်တီ ၁၀ ယွမ်ကျော်တန်တဲ့ဖရဲသီးရဲ့အမြတ်က ၂၀% တဲ့... အတုမှတ်လို့လား? မင်းတို့တကယ် ယွမ် ၁၀၀၀၀၀ နဲ့ဒုက္ခခံတာပဲ... သောက်ရမ်းအတယ်''
''အာ...'' ကောရှီပန်အံ့အားသင့်သွားသည်။ သူကသူ့ယောက်ဖကိုယုံကြည်ပြီး ထိတ်ထိတ်လန့်လန့်နှင့်ပြောလိုက်သည်_
''ဒါတွေအားလုံး တို့ရွာသူကြီးနဲ့သူ့သားကစတာပဲ... ငါသူတို့ကို ချင်းလင်ဓာတ်ခွဲခန်းကလူတွေပြန်ဖိတ်ခိုင်းလိုက်မယ်''
သူ့ယောက်ဖက သရော်လိုက်သည်_
''နောက်ကျသွားပြီ... တခြားရွာကကိုယ်စားလှယ်တွေကိုအစည်းအဝေးတက်ဖို့ စီရင်စုကိုဖိတ်ပြီးပြီ... မျိုးစေ့တွေကိုစိုက်တော့မယ်ပြောတယ်... မင်းတို့ရွာမှာပဲမရှိတာ... ချင်းလင်ဓာတ်ခွဲခန်းက မင်းတို့ရွာမှာစိုက်ဖို့မဖြစ်နိုင်ဘူး... မင်းတို့ကိုအမည်ပျက်စာရင်းသွင်းလိုက်ပြီ''
''ဘယ်လို?'' ကောရှီပန်၏မျက်နှာမှာ လုံးဝသွေးဆုတ်သွားသည်။
သူ့မြေကိုတစ်နှစ်ယွမ် ၃၀၀၀၀၀ ကျော်ရမယ်လို့လုံးဝမထင်မိ။ အခုတော့ ကောထန်နဲ့ကောကွမ်းကြောင့် ဆုံးရှုံးလိုက်ရပြီ။
မနေ့က ယွမ် ၁၀၀၀၀၀ ကြောင့်ဆွဲဆောင်ခံရတာကိုလည်း မေ့သွားပြီထင်သည်။
ထိုအတွေးနှင့် သူ့ဘေးမှပေါက်ပြားဆွဲပြီး တံခါးအပြင် ဒေါသတကြီးလျှောက်ထွက်သွားသည်။
''ရှင်ဘာလုပ်မလို့လဲ?'' သူ့မိန်းမက စိုးရိမ်ပြီးလှမ်းအော်သည်။
ကောရှီပန်မှာပေါက်ပြားဆွဲထွက်လာပြီး နောက်ပြန်မကြည့်။ ဝေးဝေးတောင်မရောက်သေး၊ တုတ်တစ်ချောင်းဆွဲပြီးထွက်လာသော အိမ်နီးချင်းတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူကလည်း ကောကွမ်းနဲ့ကောထန်ရဲ့အိမ်ကိုသွားမည်ပင်။


ရွာတွေကြားမှာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်က အပြန်အလှန်လက်ထပ်ထားကြသည်။ အခုတခြားရွာကကိုယ်စားလှယ်တွေပြန်လာတော့ အိမ်နိမ့်ရွာသတင်းကပြန့်သွား၏။ အိမ်နိမ့်ရွာသားများ၏ယောက်ဖ၊ယောက်မများက ဖုန်းဆက်မေးမြန်းကြသည်။
အခုတော့ အတော်များများနောင်တရနေကြပြီ။ အရင်က ၂၀% အမြတ်ကိုမြင်ပြီး ရှင်းရှင်းလင်းလင်းမမေးဘဲ ကောထန်ရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကိုယုံစားမိသည်။
ထိုအချိန်တွင် ကောထန်လည်း အိမ်မှာအလွန်စိတ်ဓာတ်ကျနေသည်။ အကြောင်းမှာ မနေ့ကချိုင်ကျင်းနှင့်စကားသေချာပြောခဲ့သောကြောင့်ပင်။ သူမကြာခင်ကားဝယ်တော့မည်ဟုပြောလိုက်၍ သူမကအပြင်ခေါ်ဖို့တောင်ပြောလာသည်။ မထင်မှတ်ဘဲ ဒီနေ့ Wechat ကနေစာပို့တော့ သူ့ကိုဖျက်ထားပြီး ခေါ်တောင်မခေါ်ကြောင်းသိလိုက်ရသည်။
ကောထန်တွေးတောနေစဉ် ရွာသားတစ်အုပ်က တုတ်များ၊ပေါက်ပြားများနှင့် ဒေါသတကြီးလျှောက်လာကြသည်ကိုတွေ့လိုက်ရ၏။
ကောကွမ်းကမြင်လျှင် မြန်မြန်မတ်တပ်ထရပ်ပြီး_ ''ကောရှီပန်... မင်းဘာလုပ်တာလဲ?''
ကောရှီပန်ကချက်ချင်းပင်_
''ခင်ဗျားတို့သားအဖရှင်းပြစမ်းပါ... ကျုပ်မိသားစုမြေက တစ်နှစ်ယွမ် ၃၀၀၀၀၀ ကျော်ဝင်နိုင်တာသိလား? အခုတော့ ခင်ဗျားတို့သားအဖက ချင်းလင်စံအိမ်ကိုအနှောင့်အယှက်ဖြစ်အောင်လုပ်လိုက်ပြီ''
ထိုစကားကြားပြီး တခြားရွာသားများကလည်းပြောသည်။
''ဟုတ်တယ်... ကျုပ်မိသားစုမြေက တစ်နှစ်ကိုသူတို့မြေမှာ ယွမ် ၂၀၀၀၀၀ ကျော်ရတယ်''
''သူများရွာတွေလက်မှတ်ထိုးပြီးပြီ... ခင်ဗျားတို့သားအဖပဲ ဒုက္ခရောက်အောင်လုပ်တာ''
''ဖရဲသီးကို ၅ လလောက်အချိန်ပေးပြီး ဂရုစိုက်ရင် တစ်နှစ်ယွမ် ၂၀၀၀၀၀ ကျော်ရနိုင်တယ်တဲ့... ခင်ဗျားတို့သားအဖကျေးဇူးကြီးပါပေတယ်''
“...”
ထိုစကားများကြောင့် ကောကွမ်းနှင့်ကောထန်ကြောင်သွားသည်။ အထူးသဖြင့် ကောထန်ပင်။ ၂၀% အမြတ်ကဒီလောက်များမည်ဟု သူလုံးဝမထင်မိ။
သူသာစောစောကသိခဲ့ရင် ဘာလို့ဒီလောက်အထိလုပ်မလဲ?
ဒါပေမဲ့အခု သူ့စိတ်ကတွက်ချက်ကြည့်ပြန်သည်။
သူတို့မိသားစုမြေကပိုများတယ်ဆိုတော့ တစ်နှစ်ကိုသူတို့ကပိုရမှာမလား?
ချိုင်ကျင်းက သူ့ကိုမိတ်ဆွေစာရင်းဖျက်ခဲ့သည်။ အချိန်ကျရင် သေချာပေါက်နောင်တရစေရမည်။
ရန်လိုနေသောရွာသားများကိုကြည့်ရင်း သူကချက်ချင်းပင်_
''အားလုံးစိတ်မပူပါနဲ့... ချင်းလင်ဓာတ်ခွဲခန်းက နှစ်တိုင်းဒီလောက်အများကြီးပေးချင်မှတော့ ကျွန်တော်တို့က ယွမ် ၁၀၀၀၀၀ လို့ပြောတယ်ဆိုရင်တောင် စိတ်ဆိုးမှာမဟုတ်ပါဘူး... ကျွန်တော်တို့ဒီအတိုင်းသွားပြီး အမှားကိုဝန်ခံရအောင်''