← Chapters

ဆေးရုံပို့! ခဏကြောင်သွားပြီ!

Vol. 28 Ch. 420

ဆေးရုံပို့! ခဏကြောင်သွားပြီ!

Vol. 28 Ch. 420

ကောထန်ကပြောပြောဆိုဆို သူ့အဖေကိုပြောလိုက်သည်_

''အဖေ... ဒီမြေတွေက တစ်နှစ်ကိုဒီလောက်အများကြီးရနိုင်မှတော့ စီရင်စုကိုသွားပြီး အကြီးအကဲလျိုနဲ့စကားပြောကြမယ်... အရင်ဆုံးတောင်းပန်ပြီး ကိစ္စဖြေရှင်းကြတာပေါ့''

သူ့သဘောက လေးလေးနက်နက်တော့မဟုတ်။

ဒါမှမဟုတ် သူ့ရဲ့နိမ့်ကျတဲ့စိတ်က ဘာမဆိုတောင်းပန်ပြီးဖြေရှင်းလို့ရတယ်လို့ အမှတ်တမဲ့ထင်နေပုံပင်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းကသူ့ကိုဗဟိုပြုလည်ပတ်နေတာမဟုတ်မှန်း သူမသိချေ။ အထူးသဖြင့် သူ့အထက်ကလူများပင်။

ကောထန်က ဘာမှမဖြစ်သလိုဆက်ပြောနေ၍ ကောရှီပန်မှာချက်ချင်းဒေါသထွက်သွားသည်။ သူကကောထန်ကိုမြေကြီးပေါ်အားနှင့်ကန်ချပြီး ဒေါသတကြီးပြောလိုက်၏_

''တောင်းပန်တာက အသုံးဝင်မယ်ထင်လား? တခြားရွာတွေကလက်မှတ်ထိုးပြီး စီရင်စုမှာအစည်းအဝေးသွားတက်ပြီးပြီဆိုတာရော သိလား? ငါတို့ရွာကို သူတို့ကအမည်ပျက်စာရင်းသွင်းထားတယ်... သူတို့ထပ်ပြီးရင်းနှီးမြှုပ်နှံဖို့မဖြစ်နိုင်ဘူး''

ကောထန်မှာမြေကြီးပေါ်လဲကျသွားပြီး ဘာမှမလုပ်နိုင်သေးခင် ထိုစကားကြားပြီးထိတ်လန့်သွားသည်_

''သူတို့ကဘာလို့မလုပ်ရမှာလဲ? သူတို့အတိုင်း စာချုပ်လက်မှတ်ထိုးလိုက်ရင် သူတို့ပိုက်ဆံမလိုချင်ဘူးဆိုတာမဖြစ်နိုင်ဘူး''

ချင်းလင်ဓာတ်ခွဲခန်းက မရင်းနှီးရင် သူ့မိသားစုမြေကဘယ်လိုလုပ်ပြီး တစ်နှစ်ယွမ် ၃၀၀၀၀၀ ကျော်ရမှာလဲ? သူ့ကိုဖျက်ပစ်တဲ့အတွက် ချိုင်ကျင်းနောင်တရအောင် ဘယ်လိုလုပ်လုပ်နိုင်မှာလဲ?

''မဖြစ်နိုင်ဘူး? မင်းမဖြစ်နိုင်ဘူးချည်း တောက်လျှောက်ပြောခဲ့လို့ ကိစ္စတွေက ဒီလောက်အထိဖြစ်လာပြီ... တကယ်လို့ ချင်းလင်ဓာတ်ခွဲခန်းကိုပြန်မခေါ်နိုင်ရင် မင်းတို့သားအဖကိုလုံးဝအလွတ်မပေးဘူး''

ကောရှီပန်ကပြောရင်းဆိုရင်း သူ့လက်ထဲမှပေါက်ပြားကိုမြေပေါ်ကိုင်ပေါက်ချလိုက်သည်။ ပေါက်ပြားက ကောထန်ခြေထောက်နှင့်နည်းနည်းသာလိုတော့သဖြင့် သူ့မျက်နှာမှာသွေးမရှိလောက်အောင် လန့်ဖျတ်သွား၏။

တခြားရွာသားတွေရဲ့ဒေါသကလည်း ဆဲရင်းဆိုရင်း ငယ်ထိပ်ရောက်နေပုံရသည်။

''အမှန်ပဲ... ငါ့မိသားစုမြေက တစ်နှစ်ယွမ် ၂၀၀၀၀၀ ကျော်ရနိုင်တယ်... တကယ်လို့ ချင်းလင်ဓာတ်ခွဲခန်းကိုပြန်မခေါ်နိုင်ရင် မင်းတို့မိသားစုအလျော်ပေးရမယ်''

''ငါ့မြေလည်းအတူတူပဲ... မင်းတို့ပြန်မခေါ်နိုင်ရင် မင်းတို့နဲ့ကိစ္စမပြီးသေးဘူး''

''မင်းတို့သားအဖကျေးဇူးတွေချည်းပဲ''



“...”

ထိုအချိန်တွင် ရွာသားများမှာ ကောထန်၏တောင်းဆိုချက်ကို သူတို့ဘာလို့သဘောတူခဲ့လဲ လုံးဝမေ့လျော့သွားလေပြီ။

တရားမျှတမှုကိုမှန်မှန်ကန်ကန်လာမရှာခင် သူတို့ကိုယ်သူတို့အပြစ်မဲ့စာရင်းသွင်းပြီး ခေါင်းရှောင်တတ်ဖို့လိုသည်လေ။

သူတို့ရန်လိုနေပုံကြောင့် ကောထန်မှာကြောက်လန့်နေသည်။ ရွာသားတွေက သူ့ခေါင်းကိုပေါက်ပြားနဲ့ရိုက်ခွဲပစ်မလား သူတကယ်စိုးရိမ်မိသည်။

သူကကောကွမ်းအား အလောတကြီးပြောလိုက်သည်_ ''အဖေ... စီရင်စုကိုသွားပြီး ဌာနအကြီးအကဲလျိုကိုရှာပါ... သူ့ကိုဆင်းရဲတဲ့အကြောင်းသွားငိုပြပြီး ချင်းလင်ဓာတ်ခွဲခန်းကိုပြန်ခေါ်ပေးဖို့ အကူအညီတောင်းလိုက်ပါ''

''အေး.. အေး... ငါအခုသွားမယ်'' ကောကွမ်းက အချိန်မဆွဲရဲ။ သူလည်း ဒီရွာသားတွေစိတ်လိုက်မာန်ပါလုပ်မှာကြောက်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒါသူ့သားကြောင့်။ သူ့သားကြောင့်သာမဟုတ်ရင် ရွာသားတွေကိုစုပြီး ဒီကိစ္စလုပ်ခဲ့မှာမဟုတ်။ အခုတော့ သူဒုက္ခရောက်ပြီ။

အဓိကအချက်က ဒီရွာသားတွေဘယ်နားမှမကောင်းမှန်း သူလည်းအသိ။ အမှန်အတိုင်းဆို သူလည်းလောဘကြီးပြီး ထောက်ခံခဲ့တဲ့သူတစ်ယောက်ပဲ။ အခုတော့ သူ့မှာလုံးဝတာဝန်မရှိဘဲ သူတို့သားအဖအပေါ်အကုန်ပုံချနေသည်။

သို့သော်လည်း ဒီအချိန်မှာ သူမငြင်းရဲ။ သူ့ဆိုင်ကယ်ပေါ်သာတက်ခွပြီး အကြီးအကဲလျိုကိုသွားရှာရန် စီရင်စုဆီအပြေးသွားလိုက်သည်။

ထိုအချိန်တွင် အကြီးအကဲလျိုမှာ သုံးသပ်ချက်ရေးခြင်း၊ လူထုထဲတွင်သုံးသပ်ချက်အစည်းအဝေးကျင်းပရမည်ဖြစ်၍ အလွန်ကသိကအောက်ဖြစ်နေသည်။

သူရှစ်ဘဝစာလောက်ကံဆိုးနေသည်ဟု ခံစားရသည်။ ဒီလိုပူးပေါင်းနည်းကိုဆန့်ကျင်မည့်သူမရှိဟုထင်ထားသောကြောင့် အိမ်နိမ့်ရွာမှာတုန်းက သိပ်ဂရုမစိုက်မိပေ။

အိမ်နိမ့်ရွာသားတွေက ဒီလိုအရူးတွေလို့ဘယ်သိမှာလဲ?

သူကဒီကိစ္စတာဝန်ခံဖြစ်၍ သူကိုယ်တိုင်အိမ်နိမ့်ရွာကိုသွားခဲ့သည်။ ဒီဖြစ်ရပ်ပြီးနောက်ပိုင်း စွန်းရှန်တို့က ဒေါသထွက်နေကြသည်။ သူကအပြစ်ခံယူပြီး ကိုယ်တိုင်သုံးသပ်ချက်စာတစ်စောင်ရေးရမယ်မလား?

သူစာရေးနေစဉ် ဌာနမှလူတစ်ယောက်ဝင်လာပြီး_ ''အကြီးအကဲလျို... ခင်ဗျားကိုတွေ့ချင်တဲ့သူရှိပါတယ်... အိမ်နိမ့်ရွာက ရွာသူကြီးကောကွမ်းတဲ့''





ထိုစကားကြားလျှင် ဌာနအကြီးအကဲလျိုက ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။

ဘာလို့သူ့ကိုလှည့်စားရတာလဲ?

သူကမြန်မြန်ပြောလိုက်သည်_

''ငါအပြင်သွားတယ်ပြောလိုက်... ငါအခုဒီမှာမရှိဘူး''

အကြီးအကဲက သူ့ကိုမတွေ့ချင်တာ ထိုလူကလည်းနားလည်သည်။ သူကခေါင်းညိမ့်ပြီး လမ်းလျှောက်ထွက်သွား၏။ အပြင်ဘက်တွင် ကောကွမ်းကိုတွေ့သောအခါ_

''ရွာသူကြီးကော... ကျွန်တော်သွားကြည့်ခဲ့တာ... အကြီးအကဲလျိုက ကိစ္စတစ်ခုနဲ့အပြင်ထွက်သွားပြီး ပြန်မရောက်သေးဘူး... ခင်ဗျားသိတဲ့အတိုင်းပဲ... အခုတလော ချင်းလင်ဓာတ်ခွဲခန်းက နည်းနည်းအလုပ်များတယ်''

အကြီးအကဲလျိုကဘာလို့မတွေ့ချင်လဲ သူသိလောက်သည်။

အကြီးအကဲလျိုကို ဒီရွာကလှည့်စားတာ ဌာနထဲကလူတိုင်းအသိ။

''ဒါဆိုရင် အကြီးအကဲလျိုပြန်လာတဲ့အထိစောင့်ပါမယ်''

ကောကွမ်းက အကြီးအကဲလျိုမရှိဆိုသည်ကိုယုံနေသည်။ သူကစောင့်ဆိုင်းနေရာတွင်ထိုင်ပြီး ညနေနေမဝင်ခင်အထိစောင့်သည်။

ထို့ကြောင့် အကြီးအကဲလျိုစိတ်ပူသွား၏။ သူကဌာနထဲကလူတစ်ယောက်ခေါ်ပြီးမေးလိုက်သည်_ ''သူအခုထိ မသွားသေးဘူးလား?''

ဌာနကလူကခေါင်းညိမ့်ပြီး_ ''သူအပြင်မှာရှိပါသေးတယ်... ကြည့်ရတာ ခင်ဗျားကိုမတွေ့မချင်းပြန်မယ့်ပုံမပေါ်ဘူး''

''ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် ပထမဆုံးနေရာမှာမထားခဲ့ဘူး''

အကြီးအကဲလျိုကသက်ပြင်းချပြီး အနောက်ဘက်တံခါးမှထွက်သွားသည်။

စီရင်စုထဲမှလူတိုင်းအလုပ်ဆင်းသောအခါ ကောကွမ်းကခပ်သုတ်သုတ်ရှေ့တိုးသွားပြီး မေးသည်_

''ဒီနေ့အကြီးအကဲလျိုပြန်မလာဘူးလား?''

အကြီးအကဲလျိုရှောင်ထွက်သွားမှန်း ထိုလူကသိ၍ ခေါင်းညိမ့်ပြီးသာပြောလိုက်ရသည်_

''အကြီးအကဲလျိုက မနက်ဖြန်အထိပြန်လာနိုင်မှာမဟုတ်ဘူး''

ကောကွမ်းမှာထိုသတင်းကြားလျှင် လက်မှိုင်ချပြီးပြန်လာရသည်။ မနက်ဖြန်မှပြန်လာဖို့ သူကစီစဉ်လိုက်၏။

သို့သော် ထိုညတွင် ရှီထိုက်စီရင်စုရဲစခန်း၌ ရဲအရေးအစီရင်ခံစာတစ်စောင်ရလိုက်သည်။ သူတို့ပိုင်နက်အတွင်း ရွာတစ်ရွာမှာ လက်နက်နှင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်တဲ့။ ရဲအရာရှိများကချက်ချင်းအပြင်ထွက်ပြီး လူတချို့ကိုဖမ်းဆီးခဲ့သည်။ ရွာသူကြီးသားအဖကို ဆေးရုံပို့လိုက်ရ၏။

နောက်ရက်ပိုင်းအတွင်း အကြီးအကဲလျိုမှာ နေ့တိုင်းအနောက်တံခါးမှခိုးထွက်ဖို့လိုနေဆဲပင်။ အိမ်နိမ့်ရွာသူကြီးကောကွမ်းမလာသော်လည်း တခြားရွာသားများလာပြီး မတတ်သာအောင်လုပ်နေကြသည်။

ရွာသားများ၏လက်မလျှော့ချင်သောအကျိုးဆက်ပင်။ ချင်းလင်စံအိမ်ထဲပြေးဝင်ပြီး စံအိမ်သူဌေးနှင့်တွေ့ဖို့တောင်းဆိုသောလူများတောင်ရှိသည်။ နောက်ဆုံး သူတို့ကိုခေါင်းဆောင်ဟုန်ကစီရင်စုမြို့ထဲခေါ်သွားပြီး ရက်ပိုင်းလောက်ချုပ်ထားလိုက်သည်။

ထိုအချိန်တွင် အိမ်နိမ့်ရွာသားများမှာ အခွင့်အရေးမရှိတော့မှန်း လုံးဝနားလည်သွားကြသည်။ ထိုစဉ် တခြားရွာများမှာ ဖရဲသီးကိုအရှိန်ကောင်းကောင်းနှင့် စတင်စိုက်ပျိုးနေကြလေပြီ။

All Chapters