အသင်္ချေစိတ်ဝိညာဉ်နန်းတော်၏ကြွယ်ဝမှုတစ်ခုလုံး
Vol. 101 Ch. 1389
“ဒါက…”ဝေဒါရာအမှောင်တောက်ပက ချီတုံချတုံဖြစ်ခဲ့သော်လည်း ထန်ရှု၏မျက်နှာပေါ်ရှိ အေးစက်သောအကြည့်ကို မြင်ပြီးနောက် သူက အဆုံးတွင် ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးတံဆိပ်သုံးခုကို ယူထုတ်လိုက်၏။ ထို့နောက် မကြာမီလျှင်ပင် ပုံရိပ်သုံးခုက ထန်ရှုအရှေ့၌ ဆက်တိုက်ထွက်ပေါ်လာသည်။
“စတုတ္ထညီလေး၊ ဘာဖြစ်လို့လဲ။ ဘာလို့ မင်းက ငါတို့ကို ဒီနေရာကို အမြန်လာခိုင်းရတာလဲ”
“ဟုတ်တယ်၊ စတုတ္ထအကို။ ဝိုင်မြေအောက်ခန်းထဲက ဝိုင်အသစ်က အရေးကြီးဆုံးအဆင့်ကို ရောက်နေပြီ၊ ဒါကြောင့် အရေးကြီးတာမဟုတ်ရင် ငါက ပြန်သွားကြည့်ရလိမ့်မယ်”
“သူတို့က ဘယ်သူတွေလဲ”
ဝေဒါရာအမှောင်ဝက်ဝံ၊ ဝေဒါရာအမှောင်လေနှင့် ဝေဒါရာအမှောင်ဒေါသတို့သုံးယောက်က တစ်ယောက်ပြီးတစ်ယောက် မေးမြန်းလိုက်ကြသည်။
ဝေဒါရာအမှောင်တောက်ပက ပြော၏ “ဒုတိယအကို၊ ပဉ္ဓမညီလေးနဲ့ ဆဌမညီလေး၊ စိတ်အေးအေးထားပါ၊ နောက်မှ ငါတို့တွေ အခြားကိစ္စတွေ ပြောလို့ရတယ်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ မင်းနဲ့မင်းရဲ့မဟာထန်အင်ပါယာအကြောင်းကို ငါ ကြားဖူးပါတယ်။ ဒါပေမယ့် ဘာလို့ ငါ့ရဲ့ညီအကိုသုံးယောက်ကို ဆင့်ခေါ်ခိုင်းရသလဲကိုတော့ ငါ နားမလည်နိုင်ဘူး”
ထန်ရှုက သူတို့အားလုံးအား ဝေ့ပတ်ကြည့်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “မင်းတို့ရဲ့အဖေကို တွေ့ဖို့ ငါ့ကို ခေါ်သွားပါ”
ဝေဒါရာအမှောင်ဝက်ဝံ၏အမူအရာက ပြောင်းလဲသွားကာ သူက ပြော၏ “မင်းက မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား။ မင်းရဲ့စကားတွေက ဘာကို ဆိုလိုတာလဲ။ မင်း မသိဘူးလား၊ ငါ့အဖေက…”
ထန်ရှုက သူ့အား ကြားဖြတ်ပြောလိုက်၏ “မိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့ ငါက သူ့အတွက် ဆုတောင်းပေးချင်တယ်”
မိတ်ဆွေဟောင်းဟူသောစကားကို ကြားပြီးနောက် ညီအကိုလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသံပို့ကာ ဆက်သွယ်လိုက်ကြ၏။ ထို့နောက် ဝေဒါရာအမှောင်ဝက်ဝံက ထန်ရှုထံ ပြန်ပြော၏ “မင်းက ငါ့အဖေရဲ့မိတ်ဆွေဟောင်းဆိုမှတော့ ကျေးဇူးပြုပြီး ငါတို့နောက် လိုက်လာပါ”
အသင်္ချေစိတ်ဝိညာဉ်နန်းတော်ဝင်ပေါက်က ပိတ်သွားပြီး ထန်ရှုတို့သုံးယောက်နှင့်အတူ ညီအကိုလေးယောက်က နန်းတော်၏အတွင်းပိုင်းထဲသို့ ဝင်သွား၏။ အမွေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာပြီးနောက် သူတို့က ကျယ်ပြောသောခန်းမတစ်ခုသို့ ရောက်ရှိလာသည်။ အန္တိမအရှင်ဝေဒါရာ၏အမှတ်တရကျောက်ပြားကို ခန်းမ၏အတွင်းဘက်အကျဆုံး၌ ထားထားသည်။
ထန်ရှုက အနက်ရောင်အမှတ်တရကျောက်ပြားကို ကြည့်လိုက်ပြီး မျက်ရည်နှစ်စက်က သူ့မျက်လုံးများထဲမှ ကျဆင်းလာသည်။ သူက အမှတ်တရကျောက်ပြားထံ တစ်လှမ်းချင်းစီ ချဉ်းကပ်သွားပြီး အမွှေးတိုင်တစ်ချောင်းအား ကြေးနီရောင်ခွက်ထဲသို့ ထည့်ကာ မီးရှို့လိုက်သည်။ ထို့နောက် သူက လက်သီးတင်းကြပ်စွာ ဆုပ်လျက် ရင်ဘက်ပေါ် တင်ပြီးနောက် ဉီးညွှတ်ကာ ပြောလိုက်၏ “မိတ်ဆွေဟောင်းရေ၊ မင်းက အပြင်ကမ္ဘာနဲ့ ဘာအနှောင်အဖွဲ့မှ မရှိဘူးလို့ ပြောခဲ့တယ်မလား၊ ဒါဆို ဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ”
အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ကိုယ်ကို မတ်လျက် ခိုင်မာစွာ ကြေညာလိုက်၏ “ငါ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က မင်းရဲ့အရှေ့မှာ ကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်တယ်။ မင်းအတွက် လက်စားမချေရမချင်း ဒီတစ်သက် ငါ အနားယူမှာ မဟုတ်ဘူး။ အန္တိမအရှင်ကောင်းကင်ဘုံတစ္ဆေက အသွေးရောအသားပါ ပျောက်ကွယ်သွားတာ မဟုတ်ခဲ့ရင် ငါက အောက်ကမ္ဘာရဲ့အဝါရောင်စမ်းချောင်းကို ဆင်းပြီး သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်”
ဝေဒါရာတို့ညီအကိုလေးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မုန်းတီးသောအလင်းတစ်ခုက သူတို့၏မျက်လုံးများထဲ၌ လက်သွား၏၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူတို့၏အဖေနှင့် ခင်မင်ရင်းနှီးသည်ကို သူတို့က ဘယ်တော့မှ မကြားဖူးသောကြောင့် ထန်ရှု၏ကျိန်ဆိုချက်ကို ကြားပြီး သူတို့က ထိတ်လန့်တုန်လှုပ်သွားရ၏။
“ဒုတိယအကို၊ သူက မင်းကို တစ်ခါမြင်ဖူးတယ်လို့ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ပြောတယ်။ မင်းက သူ့ကို မမှတ်မိဘူးလား”ဝေဒါရာအမှောင်တောက်ပက သူ့ဒုတိယအကိုထံ အသံပို့လိုက်၏။
ဝေဒါရာအမှောင်ဝက်ဝံက မှင်တက်သွားပြီး ထန်ရှုအား သေချာစိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည် “သူ့ကို တစ်ခါမှ မမြင်ဖူးဆိုတာ သေချာတယ်”
“ကြာလွန်းတာကြောင့် မင်း မေ့နေတာများလား။ သူက မင်းသာမက ပထမအကိုနဲ့ဒုတိယအကိုတို့ကိုလဲ မြင်ဖူးတယ်လို့ ပြောခဲ့တယ်”ဝေဒါရာအမှောင်တောက်ပက ပြော၏။
ဝေဒါရာအမှောင်ဝက်ဝံက ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူက ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ ရှိတယ်ဆိုရင် မေ့စရာအကြောင်းမရှိပါဘူး။ သူ့ကို ငါ တကယ်ကို မမြင်ဖူးဘူး”
ထန်ရှုက ပြန်လှည့်လာပြီး ညီအကိုလေးယောက်ကို တစ်ချက်ကြည့်ပြီးနောက် မေး၏ “မင်းရဲ့ပထမအကိုနဲ့ တတိယညီလေးတို့က ဘယ်လိုလုပ်ပြီး သေသွားတာလဲ”
ဝေဒါရာအမှောင်ဝက်ဝံက ပြန်ဖြေသည် “ငါ့အဖေအတွက် လက်စားချေဖို့ သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ဖွဲ့ကို ငှားပြီး အန္တိမအရှင်ကောင်းကင်ဘုံတစ္ဆေကို သွားရှာခဲ့တယ်၊ ဒါပေမယ့် သူ့ကြောင့်ပဲ သူတို့အားလုံးက အဆုံးသတ်သွားခဲ့တယ်”
ထန်ရှုက မေး၏ “မင်းတို့က အန္တိမအရှင်ကောင်းကင်ဘုံတစ္ဆေကို လုံးဝမုန်းနေမှတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အဆက်မပြတ်စောင့်ကြည့်နေရမယ်။ သူက အခု ဘယ်မှာရှိသလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”
ဝေဒါရာအမှောင်ဝက်ဝံက ပြန်ဖြေသည် “ကောင်းကင်ဘုံတစ္ဆေအင်မော်တယ်ပိုင်နက်၊ အင်မော်တယ်ကမ္ဘာ”
ထန်ရှုက ရယ်လိုက်၏ “သူက အင်မော်တယ်ကမ္ဘာကို လာမယ်လို့ ငါ မထင်ထားဘူး။ ဒါက ကောင်းတယ်။ အခု မင်းတို့လေးယောက်ကို ရွေးချယ်မှုတစ်ခုပေးမယ်။ မင်းရဲ့အဖေနဲ့ညီအကိုတွေအတွက် လက်စားချေဖို့ အသင်္ချေစိတ်ဝိညာဉ်နန်းတော်ကို ပိတ်ပြီး ငါနဲ့အတူ လိုက်လာခဲ့။ မင်းတို့က အဲလိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်လဲ ငါက မင်းတို့အားလုံးကို ဖိအားမပေးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့မိတ်ဆွေဟောင်းအတွက် ငါက လက်စားချေပေးရမှာပဲ”
ထိုစကားများကို ကြားပြီးနောက် ဝေဒါရာအမှောင်ဝက်ဝံက သူ့အဖေ၏အမှတ်တရကျောက်ပြားကို ကြည့်လိုက်သည်။ သူ့ညီအကိုများလည်း သူ့နောက်မှ လိုက်လုပ်ခဲ့ကြ၏။ ထို့နောက် သူက ဒူးနှစ်ဖက်လုံးထောက်ကာ ကြမ်းပြင်ပေါ်သို့ အကြိမ်အနည်းငယ်ဉီးချပြီးနောက် ပြောလိုက်၏ “သားတစ်ယောက်အနေနဲ့၊ ညီအကိုတစ်ယောက်အနေနဲ့ ဒီရန်ငြိုးကို ဖြေရှင်းဖို့ တာဝန်ရှိတယ်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီး ငါတို့ညီအကိုလေးယောက်က ကြားဖူးတာ ကြာပြီ။ အဖေ၊ ပထမအကို၊ တတိယညီလေး။ ငါတို့ရဲ့တစ်သက်မှာ လက်စားချေဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ထင်ထားခဲ့ပေမယ့် အခု မျှော်လင့်ချက်ရှိလာပြီ။ မင်းတို့အားလုံးအတွက် လက်စားချေနိုင်သရွေ့ ငါတို့အားလုံးက မဟာထန်ကောင်းကင်ဘုံဧကရာဇ်နောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်။ ဒီအတွက် သေရမယ်ဆိုရင်တောင် ငါတို့ညီအကိုလေးယောက်က မျက်တောင်တစ်ချက်တောင် ခတ်မှာမဟုတ်ဘူး”
ဝေဒါရာအမှာင်တောက်ပ၊ ဝေဒါရာအမှောင်လေနှင့် ဝေဒါရာအမှောင်ဒေါသတို့ကလည်း ဒူးထောက်လိုက်ကြသည်။ သူတို့က ဘာမှ မပြောကြသော်လည်း သူတို့၏မျက်နှာအမူအရာအရ အခိုင်အမာဆုံးဖြတ်ထားကြပြီးမှန်း သိသာ၏။
အင်မော်တယ်ကျမ်းကျိန်ချက်တစ်ခုက အလွန်အရေးကြီးသောကျမ်းကျိန်မှုတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းအဆင့်က ပိုမြင့်လေ၊ သူတို့အပေါ် ချည်နှောင်မှုက ပိုအားကောင်းလေဖြစ်သည်။ ထန်ရှုက ဘယ်လောက်အားကောင်းသည်ကို သူတို့က အာရုံခံနိုင်သည်၊ ထို့ကြောင့် ထန်ရှုအား ယုံကြည်ရန် သူတို့က ဆန္ဒရှိ၏။
ဝေဒါရာအမှောင်ဝက်ဝံက ထရပ်ပြီး ထန်ရှုကို ကြည့်ပြီးနောက် ပြော၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါတို့က ဒီနေရာက ထွက်ပြီး မင်းနောက်ကို လိုက်ပါ့မယ်၊ ဒါပေမယ့် ငါတို့ရဲ့မေးခွန်းတစ်ခုကိုတော့ အရင်ဖြေပေးရမယ်။ မင်းရဲ့အဖြေကို ငါတို့က ကျေနပ်တယ်ဆိုရင် ငါတို့ညီအကိုလေးယောက်ရဲ့အသက်က မင်းအပိုင်ပါပဲ”
“မေးပါ…”ထန်ရှုက ပြန်ဖြေသည်။
ဝေဒါရာအမှောင်ဝက်ဝံက ပြောသည် “မင်းက ငါ့ကို တွေ့ဖူးတယ်လို့ စတုတ္ထလေးက ပြောတယ်၊ ဒါပေမယ့် မင်းကို ငါ ဘယ်လိုမှ မမှတ်မိဘူး။ ကျေးဇူးပြုပြီး ဒီသံသယကို ငါ့အတွက် ရှင်းလင်းပေးပါ”
“မင်းကို ပြောစေချင်တယ်ဆိုရင် ငါ့ရဲ့အခြေအနေတစ်ခုကို အရင်ဆုံးသဘောတူဖို့ လိုမယ်”ထန်ရှုက ပြန်ပြောသည်။
“ကျေးဇူးပြုပြီး ပြောပါ”ဝေဒါရာအမှောင်ဝက်ဝံက ပြန်ဖြေ၏။
ထန်ရှုက ဆက်ပြောသည် “မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်ကို ငါ ချထားရလိမ့်မယ်။ အနာဂတ်မှာ မင်းကို အန္တိမအရှင်တစ်ယောက် ဖမ်းမိသွားခဲ့ရင် အဲဒါက မင်းရဲ့မှတ်ဉာဏ်အချို့ကို ဖျက်ဆီးပစ်လိမ့်မယ်”
“ငါ သဘောတူတယ်”ဝေဒါရာအမှောင်ဝက်ဝံက အံကျိတ်လျက် ပြန်ဖြေသည်။
ထို့နောက် ထန်ရှုက သူ့ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်တစ်ခုကို ထည့်သွင်းပြီးနောက် အသံပို့လိုက်သည် “မင်းတို့ညီအကိုခြောက်ယောက်ကျင့်ကြံတဲ့ရွှေအင်မော်တယ်ပညာရပ်ကို ငါ ပေးခဲ့တာပဲ။ ဒီလောက်ဆို ငါ့ရဲ့သရုပ်မှန်ကို မင်း သဘောပေါက်လောက်ပြီထင်တယ်”
“မင်းက…”
ဝေဒါရာအမှောင်ဝက်ဝံက ရိုးတွင်းခြင်ဆီအထိတိုင် တုန်လှုပ်သွားသည်၊ သူ့မျက်လုံးများက မယုံနိုင်မှုတို့နှင့် ပြည့်လျက် အလန့်တကြား ဆို၏။ သို့သော် ထန်ရှုက အရှိန်အဝါကို ထုတ်လွှတ်လျက် သူ့အား တားဆီးလိုက်သည်။
“လက်ရှိမှာ ငါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပဲ။ မင်းရဲ့ညီအကိုသုံးယောက်ကိုလဲ ငါ့ရဲ့သရုပ်မှန်ကို ပြောပြဖို့ ခွင့်မပြုဘူး၊ မဟုတ်ရင် မင်းတို့က ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်သွားနိုင်တယ်။ ငါကလဲ ငါ့ရဲ့ရန်သူတွေရဲ့လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရလိမ့်မယ်”ထန်ရှုက အသံပို့လိုက်သည်။
ဝေဒါရာအမှောင်ဝက်ဝံက သဘောပေါက်ကာ ထန်ရှုထံ အသံပို့လိုက်၏ “ငါ နားလည်ပါတယ်။ မင်း အသက်ရှင်နေသေးတယ်ဆိုတာ ငါ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ အဖေသာ သိရင် သူက အရမ်းပျော်လိမ့်မယ်”
ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ဆို၏ “ဒါ ကောင်းတယ်။ ငါနဲ့အတူ ထွက်သွားဖို့ မင်းတို့ရဲ့ပစ္စည်းတွေကို ပြင်ဆင်ထားလိုက်ပါ”
“နားလည်ပါပြီ…”အမှောင်ဝက်ဝံက အသံပို့လျက် ပြန်ဖြေသည်။
ထို့နောက် သူက သူ့ညီအကိုသုံးယောက်ထံ ပြောလိုက်၏ “အခုချိန်ကစပြီး ငါတို့ညီအကိုလေးယောက်ရဲ့အသက်တွေကို မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ပိုင်ဆိုင်တယ်။ မင်းတို့က ငါ့ကို ယုံကြည်တယ်ဆိုရင် သူ့ကိုလဲ ယုံကြည်စိတ်ချဖို့ ငါ မျှော်လင့်တယ်၊ သူက ငါတို့လက်စားချေနိုင်ဖို့အတွက် သေချာပေါက် ကူညီလိမ့်မယ်”
“ဒုတိယအကို”အခြားသုံးယောက်က ဇဝေဇဝါဖြစ်နေသော်လည်း သူတို့၏ဒုတိယအကိုက တစ်ခုခုအား သိခဲ့သည်ကို သူတို့က နားလည်၏၊ သူတို့က သူ့စကားကို အပြည့်အဝယုံကြည်သည်။
“ငါတို့က အရိုအသေပေးပါတယ်၊ မာစတာ”ဝေဒါရာအမှောင်ဝက်ဝံက ထန်ရှုရှေ့၌ ဒူးထောက်လိုက်သည်၊ အခြားသုံးယောက်ကလည်း အလားတူ ပြုလုပ်လိုက်ကြ၏။
ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ဒါဆို ဒီနေ့ကစပြီး မင်းတို့လေးယောက်က ငါ့ကို ဉီးလေးမဟာထန်လို့ ခေါ်လို့ရတယ်”
“ဉီးလေးမဟာထန်”သူတို့လေးယောက်က သူ့အား ထပ်ခေါ်လိုက်ကြသည်။
ထန်ရှုက ရှေးဉီးမူလဖရိုဖရဲစွမ်းအားကို ရုတ်သိမ်းပြီး သူတို့လေးယောက်အား ပြန်ထစေသည်။ ထို့နောက် သူတို့အား ပြုံးကာ ပြောလိုက်၏ “မင်းတို့မိသားစုရဲ့အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ကို ငါ မသောက်ရတာ အတော်ကြာပြီ။ ဝိုင်နောက်တစ်သုတ်ရဖို့က လအနည်းငယ်ကြာမယ်ဆိုတော့ မင်းတို့လေးယောက်က ဒီမှာ ခဏနေနေအုံး။ နဝမအလွှာမှာ ငါ လုပ်စရာကိစ္စအချို့ရှိတယ်၊ ပြီးတာနဲ့ ငါ ပြန်လာမယ်”
ဝေဒါရာအမှောင်ဝက်ဝံက ကမန်းကတန်း မေး၏ “ဉီးလေးမဟာထန်၊ မင်းက နီဖက်စ်မြို့ကို သွားမလို့လား”
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ နီဖက်စ်မြို့မှာ ငါ လိုအပ်တာ တစ်ခုရှိတယ်၊ ဒါကြောင့် အဲဒါကို ဝယ်ဖို့ သွားရမယ်”
ဝေဒါရာအမှောင်ဝက်ဝံက ခဏစဉ်းစားလိုက်ပြီးနောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ ထန်ရှုထံ ကမ်းပေး၏ “မဟာထန်ဉီးလေး၊ နဝမအလွှာက အန္တရာယ်များပြီး အဲနေရာက ပစ္စည်းတွေရဲ့ဈေးနှုန်းကလဲ အလွန်မြင့်မားတယ်။ ကျေးဇူးပြုပြီး ဒီသိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို မင်းဆန္ဒရှိသလောက် အသုံးပြုပါ။ အခုကစပြီး ငါတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးက မင်းဟာပါပဲ”
ထန်ရှုက သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ စိတ်ဝိညာဉ်အာရုံနှင့် စစ်ဆေးပြီးနောက် သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ့တွင် ကြီးမားသောပိုင်ဆိုင်မှုတစ်ခုရှိသော်လည်း ဤသိုလှောင်လက်စွပ်ထဲရှိ အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်များ၏ပမာဏက သူ့အား ထိတ်လန့်စေသည်။ သူက အကြမ်းဖျင်းရေတွက်လိုက်ပြီး အင်မာ်ယ်သလင်းကျောက်တစ်ဘီလီယံနှင့် သလင်းကျောက်အဆီအနှစ်တစ်ဘီယံကျော်ရှိသည်ကို သိလိုက်၏။
“မင်းရဲ့အဖေက…”
ဝေဒါရာအမှောင်ဝက်ဝံက ပြောသည် “နီဖက်စ်တောအုပ်ကနေ ထွက်သွားတုန်းက အဖေက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မယူသွားခဲ့ဘူး။ မဟာထန်ဉီးလေး၊ ဒါက ငါတို့ရဲ့ပိုင်ဆိုင်မှုတွေရဲ့တစ်ဝက်ပဲ။ ဒါက မလုံလောက်ဘူးလို့ထင်ရင် ငါတို့က ကျန်တဲ့တစ်ဝက်ကိုပါ ပေးပါ့မယ်”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏ “ဒါက လုံလောက်တာထက် ပိုပါတယ်”
ထို့နောက် သူက သိုလှောင်လက်စွပ်ကို သိမ်းလိုက်ပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို ယူထုတ်ကာ ဝေဒါရာအမှောင်ဝက်ဝံထံ ပေးလိုက၏ “ဒါက လေးယောက်အထွတ်အမြတ်ဓားဝင်္ကါပဲ၊ မင်းတို့ညီအကိုတွေ ကျင့်ကြံဖို့ သင့်တော်တယ်။ မင်းတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေဆိုရင်တောင် အနာဂတ်မှာ ဒီဝင်္ကါရဲ့စွမ်းအားကို သုံးပြီး အန္တိမအရှင်တစ်ယောက်ကို သတ်နိုင်ဖို့ ငါ မျှော်လင့်တယ်”