အမျိုးဖြုတ်ခြင်း
Vol. 101 Ch. 1390
“လေးယောက်အထွတ်အမြတ်ဓားဝင်္ကပါအစီအရင်လား”
သူတို့က ဤအစီအရင်အား ကြားဖူးသောကြောင့် ဝေဒါရာညီအကိုတို့က အံ့ဩတုန်လှုပ်သွားကြသည်။ ၎င်းက အလွန်အားကောင်းသောဓားဝင်္ကပါတစ်ခုဖြစ်ပြီး ဓားဝင်္ကပါအညွှန်းတွင် ထိပ်ဆုံးဆယ်ခုထဲ ပါဝင်၏။ သူတို့လေးယောက်က ဤဝင်္ကပါကို သင်ယူပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့မည်ဆိုလျှင် သူတို့က ရန်သူများအား ကျင့်ကြံခြင်းအဆင့်ကျော်ဖြတ်ကာ အနိုင်ယူနိုင်ပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်၊ ဉီးလေးမဟာထန်”ညီအကိုလေးယောက်က ထန်ရှုအား ကျေးဇူးတင်စွာ ပြောလိုက်ကြ၏။
ထန်ရှုက လက်ဝှေ့ယမ်းပြကာ ပြောသည် “ငါတို့က ဘက်တူတူပဲလေ၊ ဒါကြောင့် မင်းတို့ကို ပိုသန်မာဖို့ နည်းလမ်းပေးဖို့က ငါ့ရဲ့တာဝန်ပဲ။ ဒါကြောင့် ငါ့ကို ကျေးဇူးတင်မယ့်အစား ကျင့်ကြံခြင်းမှာ အာရုံစိုက်ကြပါ။ မင်းတို့တွေ ငါနဲ့အတူ ဘေးချင်းယှဉ်တိုက်ခိုက်မယ့်နေ့ကို ငါ စောင့်နေမယ်”
“နားလည်ပါပြီ…”ထန်ရှု၏စကားများကြောင့် သူတို့လေးယောက်က ရင်ထဲ၌ ထိသွားကြ၏။
ထို့နောက် ထန်ရှု၊ ပင်လယ်လမ်းဘုရင်နှင့် လင်းယုန်ငှက်တို့က အသင်္ချေစိတ်ဝိညာဉ်နန်းတော်မှ ထွက်ခွာပြီး ပျောက်ဆုံးနီဖက်စ်တောအုပ်မှ ထွက်လာခဲ့သည်။ သူတို့အား နောက်ယောင်လိုက်နေသည့် အဖွဲ့များက အရေအတွက်တိုးလာသော်လည်း သူတို့က ထိုအဖွဲ့များကို မရင်ဆိုင်သေးဘဲ သတ္တမအလွှာ၏ဝင်ပေါက်ဆီသို့ ဉီးတည်လိုက်သည်။
“မာစတာ၊ ဘာလို့ သူတို့ကို မသတ်သေးတာလဲ”ပင်လယ်လမ်းဘုရင်က မေးမြန်းလိုက်သည်။
“အချိန်မတန်သေးဘူး”ထန်ရှုက ပြော၏ “လက်ရှိမှာ ငါတို့ကို နောက်ယောင်ခံလိုက်နေတာ အနည်းဆုံး အဖွဲ့လေးဖွဲ့ရှိတယ်။ ဒါကြောင့် သူတို့ကို ဖယ်ရှားဖို့ အလျင်လိုစရာမလိုဘူး။ သတ္တမအလွှာမှာ သတ်ဖြတ်ဖို့နဲ့လုယက်ဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုရှိတယ်၊ ဒါကြောင့် သူတို့ကို အဲမှာ စောင့်ဆိုင်းရမယ်။ သူတို့က ငါတို့နောက်ကို လိုက်လာရဲမယ်ဆိုရင် တစ်ယောက်မှ ပြန်လမ်းမရှိစေရဘူးလို့ ငါ အာမခံတယ်”
“ကျောက်တုံးနက်ချောက်ကမ်းပါးလား”လင်းယုန်ငှက်က ရုတ်တရက် မေး၏။
ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်၊ ကျောက်တုံးနက်ချောက်ကမ်းပါးပဲ။ အဲဒီနေရာက ဗျူဟာကျတဲ့တည်နေရာတစ်ခုဖြစ်ပြီး အလွန်ပြင်းထန်တဲ့နေရာလပ်ကမ္ဘာဆွဲအားတစ်ခုရှိတယ်။ အဲဒီနေရာမှာဆိုရင် အန္တိမအရှင်တွေဆိုရင်တောင် သူတို့ရဲ့ခွန်အားအပြည့်ကို ထုတ်ဖော်ဖို့ ခက်ခဲတယ်။ ဒါက အဲဒီနေရာကို ငါ ရွေးချယ်ရတဲ့အကြောင်းရင်းပဲ။ ငါတို့ရဲ့အရှိန်ကို တိုးလိုက်ကြရအောင်၊ ကျောက်တုံးနက်ချောက်ကမ်းပါးကို မရောက်ခင် သူတို့က ငါတို့ကို လိုက်မီစေလို့မရဘူး”
“ကောင်းပါပြီ…”
လက်ရှိတွင် ပင်လယ်လမ်းဘုရင်က ထန်ရှုအား လုံးဝလေးစားနေတော့သည်။ ထို့ကြောင့် ထန်ရှုက မှားယွင်းသောရွေးချယ်မှုအား ဘယ်တော့မှ မပြုလုပ်ဟု သူက ယုံကြည်ထား၏။
ခြောက်ရက်ကြာပြီးနောက် သူတို့သုံးယောက်က နဝမအလွှာသို့ ရောက်ရှိလာသည်၊ သူတို့က ကျောက်တုံးချောက်ကမ်းပါးအတွင်းသို့ ဝင်ရောက်သောအခါ နေရာလပ်ဖိအားတစ်ခုအား ခံစားလိုက်ရသည်။ သို့သော် သူတို့သုံးယောက်က ဘာစိုးရိမ်မှုမှ မပြဘဲ ကြီးမားသောဧရိယာတစ်ခု၌ ရပ်တန့်လိုက်၏။
“ဝှစ်၊ ဝှစ်၊ ဝှစ်…”
ပုံရိပ်ဒါဇင်ကျော်က သူတို့နောက်မှ ထွက်ပေါ်လာသည်။ သူတို့အား သုံးဖွဲ့ခွဲခြားနိုင်သည်၊ နှစ်ဖွဲ့တွင် ခြောက်ယောက်စီပါဝင်ပြီး နောက်ဆုံးအဖွဲ့က လေးယောက်ဖြစ်သည်။ သူတို့ထဲတွင် အားအနည်းဆုံးက စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်ပြီး အသန်မာဆုံးက နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်၏။
“နတ်ဆိုး၊ မွန်းစတားနဲ့ အသုရာတွေ”ထန်ရှုကာ ပြုံးကာ ကြည့်လိုက်၏။ ထို့နောက် သူက မေး၏ “ငါ့မှာ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်လို့ မင်းတို့က ထင်ထားတာလား၊ ဒါကြောင့် ငါတို့ကို လုယက်သတ်ဖြတ်ဖို့အတွက် ဆဠမအလွှာကနေ သတ္တမအလွှာအထိ လိုက်လာကြတာလား”
အနက်ရောင်ဝတ်ရုံနှင့် နတ်ဆိုးခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်၏ “မင်းပြောတာ မှန်တယ်။ ဒါနဲ့ မင်းက အင်မော်တယ်ကမ္ဘာရဲ့နာမည်ကြီးလင်းယုန်ငှက်ကို သိမ်းသွင်းနိုင်တာဆိုတော့ မင်းမှာ စွမ်းရည်အချို့ရှိပုံရတယ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်၏ “ငါ့ရဲ့စွမ်းရည်တွေက မင်းတို့စိတ်ကူးနိုင်တာထက် အများကြီးပိုကြီးမားတယ်။ မင်းတို့က ငါ့ကို သတ်ပြီး ငါ့ရဲ့ရတနာကို လိုချင်တယ်ဆိုရင် သေဖို့ ပြင်ဆင်ထားကြတာ ပိုကောင်းမယ်။ အခု မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ အခု ထွက်သွားကြမလား ဒါမှမဟုတ် ဒီနေ့ ဒီနေရာမှာပဲ မင်းတို့အားလုံး သေကြမလား”
မွန်းစတားကမ္ဘာမှ ကျွမ်းကျင်သူတစ်ယောက်က ရယ်လျက် ပြော၏ “သတ္တမအလွှာအထိ မင်းတို့နောက်ကို လိုက်ရဲမှတော့ ငါတို့က ကြိုတင်ပြင်ဆင်ထားပြီးသား။ မင်းတို့တစ်ယောက်မှ အန္တိအရှင်တွေ မဟုတ်ကြဘူး၊ ဒါကြောင့် မင်းတို့အားလုံးက နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေဆိုရင်တောင် တစ်ခုတည်းသောရလဒ်က မင်းတို့ရဲ့သေခြင်းပဲ”
ထန်ရှုက ပြုံးကာ ပြော၏ “ကြည့်ရတာ မင်းတို့အားလုံးက ငါတို့ကို ပူးပေါင်းတိုက်ခိုက်ဖို့ ညှိနှိုင်းထားကြပုံပဲ။ ဒီလိုဆိုမှတော့ မင်းတို့အားလုံးက နေခဲ့ကြပေတော့။ ထွက်လာစမ်း၊ ဝင်္ကပါ…”
ထို့နောက် ချက်ချင်းလျှင်ပင် ပတ်ဝန်းကျင်ငါးထောင်ကီလိုမီတာကို အလင်းလိပ်ခုံးတစ်ခုက ဝန်းရံသွားသည်၊ ရန်သူဆယ့်ခြောက်ယောက်၏ထိတ်လန့်တုန်လှုပ်သောအကြည့်များအောက်တွင် ထန်ရှုက လူအိုကြီးဆိုက်ကာမောနှင့်အခြားသူများကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းမှ ထုတ်လိုက်၏။
“အယ်၊ ရန်သူတွေ အများကြီးရှိတာပဲ…”အပြင်ဘက်၌ ထွက်လာပြီးနောက် လူအိုကြီးဆိုက်ကာမောက အနေအထားကို လေ့လာလိုက်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
အန္တိမအရှင်တစ်ယောက် ထွက်ပေါ်လာသည်ကို မြင်သောအခါ နတ်ဆိုးများ၊ မွန်းစတားများနှင့် အသုရာတို့ဆယ့်ခြောက်ယောက်က တုန်လှုပ်သွားကြ၏။ ထန်ရှုတွင် အန္တိမအရှင်တစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ထည့်ထားသည့်ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိလိမ့်မည်ဟု သူတို့က မထင်ထားကြပေ။
အန္တိမအရှင်တစ်ယောက်နှင့်ပြီးပြည့်စုံခြင်းအင်မော်တယ်ခြောက်ယောက်၊ ဤကြောက်စရာကောင်းသောအဖွဲ့က သူတို့ခြောက်ယောက်လုယက်ရန်ကြိုးစားခဲ့ကြသောသူများဖြစ်၏။ သူတို့နှလုံးသားများက ကြောက်ရွံ့မှုတို့ ပြည့်နေပြီး ထွက်ပြေးရန်အတွေးများက ထွက်ပေါ်လာတော့သည်။
ထန်ရှုက ပြုံးကာ ပြော၏ “မင်းတို့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ငါ့ကို ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီမဟာဝင်္ကပါကနေ ထွက်ခွာဖို့ နည်းလမ်းကို ပြောပြပေးမယ်၊ မင်းတို့ကိုလဲ အသက်ရှင်လျက် ထွက်သွားခွင့်ပြုမယ်။ မဟုတ်ဘူးဆိုရင်တော့ မင်းတို့အားလုံးက ဒီနေရာမှာပဲ စိတ်ဝိညာဉ်ရောအသားပါ ပျောက်ကွယ်ပြီး ဘယ်တော့မှ ပြန်မမွေးဖွားကြနဲ့တော့”
“တိုက်…”နတ်ဆိုးခေါင်းဆောင်က အမိန့်ပေးလိုက်သည်၊ သူ့ပတ်လည်ရှိ အနက်ရောင်မြူက ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းကာ ထန်ရှုကို တိုက်ခိုက်လိုက်သည်။ သူ့အဖော်ငါးယောက်ကလည်း ဆက်တိုက်တိုက်ခိုက်လာကြ၏။
“တိုက်…တိုက်…”အခြားနှစ်ဖွဲ့ကလည်း သူတို့၏ပိုင်ဆိုင်မှုအားလုံးကို ပေးရန် ဆန္ဒမရှိကြပေ၊ ထို့ကြောင့် သူတို့က တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။
“လူအိုကြီးဆိုက်ကာမော၊ သူတို့နဲ့ ရင်ဆိုင်လိုက်” ထန်ရှုက အမိန့်ပေးပြီး သက်တံ့အိပ်မက်ပုံရိပ်ယောင်ပိုင်နက်ကို ချက်ချင်း အသုံးပြုလိုက်သည်။ လူအိုကြီးဆိုက်ကာမောက တိုက်ခိုက်လိုက်သည်နှင့် ရန်သူခြောက်ယောက်က သက်တံ့အိပ်မက်နိမိတ်ပုံရိပ်ယောင်ပိုင်နက်ထဲသို့ ကျရောက်သွားသည်၊ သူတို့က ချက်ချင်း သတိပြန်ဝင်လာခဲ့သော်လည်း အဆင့်ကိုးအင်မော်တယ်ဓားတစ်လက်က မွန်းစတားကျွမ်းကျင်သူနှစ်ယောက်ထံ ရုတ်တရက် ဖြတ်သန်းသွားတော့၏။
ပင်လယ်လမ်းဘုရင်၊ အထွတ်အထိပ်အုပ်ချုပ်သူ၊ ရွှေမျက်လုံးမဟာပင်ဂွင်နှင့် အောက်ကမ္ဘာဝေလငါးဘုရင်တို့ကလည်း ထန်ရှုနှင့်အတူ တိုက်ခိုက်လိုက်ကြပြီး ရန်သူလေးယောက်က ဒဏ်ရာသိသိသာသာ ရရှိသွားလေ၏။
လင်းယုန်ငှက်၏လှုပ်ရှားမှုကလည်း လျှပ်စီးပမာ လျင်မြန်သည်။ သူ့လက်များက ထက်ရှသောဓားသွားများပမာပင်၊ သူက အသုရာကျွမ်းကျင်သူတစ်ယောက်ရှေ့၌ ထွက်ပေါ်လာပြီး ထိုလူအား လက်တစ်ဖက်ဖြင့် ကိုင်လျက် အခြားလက်တစ်ဖက်က ထိုလူ၏ရင်ဘက်ကို ထိုးစိုက်သွား၏။
“နတ်ဘုရားစွမ်းအား…ဝါးမျိုခြင်း…”
ထန်ရှု၏ခန္ဓာကိုယ်မှ ဆွဲအားတစ်ခုကို ကျန်ရှိသောရန်သူများထံ ထုတ်လွှတ်လိုက်သည်၊ သူတို့က ၎င်း၏လွှမ်းမိုးမှုအောက်သို့ ကျရောက်နေချိန်တွင် လူအိုကြီးဆိုက်ကာမောနှင့်အခြားများ၏တိုက်ခိုက်မှုများက ထိမှန်သွားလေ၏။
ထို့နောက် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ့်ခြောက်ယောက်ထဲမှ သုံးယောက်က သေဆုံးသွားပြီး လေးယောက်က ဒဏ်ရာအပြင်းအထန်ရခဲ့သည်၊ ကျန်ခြောက်ယောက်ကလည်း ဒဏ်ရာမဆိုသလောက် ရရှိထားသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ ကျဆင်းလာတော့၏။
တိုက်ပွဲက နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ထန်ရှုက ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ အထွတ်အထိပ်အုပ်ချုပ်သူ၊ ပင်လယ်လမ်းဘုရင်၊ ရွှေမျက်လုံးမဟာပင်ဂွင်၊ အောက်ကမ္ဘာပင်လယ်ဝေလငါးဘုရင်နှင့် လင်းယုန်ငှက်တို့ကလည်း အလားတူ ဒဏ်ရာများ ရရှိထားကြ၏။ လူအိုကြီးဆိုက်ကာမောက အန္တိမအရှင်တစ်ယောက်ဖြစ်သော်လည်း ဤနှစ်ရက်အတွင်း သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကို သတ်ဖြတ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအနည်းငယ်ရှိ၏။
သို့သော် တိုက်ပွဲ၏ရလဒ်က အတော်လေးကောင်းသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ့်ခြောက်ယောက်ထဲမှ ဆယ့်နှစ်ယောက်က သေသွားကြပြီး ကျန်ရှိသောလေးယောက်အား အနိုင်ယူရန်မှာလည်း အချိန်ကိစ္စတစ်ခုသာ ဖြစ်၏။
အစီအရင်ဝင်္ကပါအပြင်ဘက်ရှိ ကျောက်တုံးနက်ချောက်ကမ်းပါးမှ ကီလိုမီတာငါးရာအကွာရှိ တောင်ထွတ်တစ်ခုတွင် လူအိုကြီးတစ်ယောက်နှင့်လူငယ်တစ်ယောက်က တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့နှစ်ယောက်၏လက်ထဲတွင် အဆုံးနှစ်ဖက်၌ အလင်းတစ်ခု လက်နေသည့် ဝါးပြွန်နှစ်ခုကို ကိုင်ဆောင်ထား၏။ ထိုပြွန်များက အစီအရင်ဝင်္ကပါထိုးဖောက်နက္ခတ်ပညာရှိများဟု လူသိများပြီး ဘာအနှောင့်အယှက်မှ မရှိဘဲ ဝင်္ကပါ၏အတားအဆီးကန့်သတ်ချက်များကို ဖြတ်ကာ မြင်နိုင်စေသည်။
“ဆရာသခင်၊ ကြည့်ရတာ ငါတို့တွေ ဆောင်ရွက်ဖို့ မလိုတော့ပုံပဲ။ အဲဒီလူတွေက ဒီလူဆိုးတွေကို ရင်ဆိုင်နိုင်လောက်တယ်”အပြုံးတစ်ခုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လူငယ်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာလျက် သူက ပြော၏။
အန္တိမအရှင်အရှိန်အဝါကို သယ်ဆောင်လာသည့် လူအိုကြီးက ဝင်္ကပါထိုးဖောက်နက္ခတ်ပညာရှိကို လက်ထဲမှ ချကာ သက်ပြင်းချ၏ “ဒီလူတွေရဲ့နောက်ခံကိုတော့ ငါ မသိဘူး။ သူက နီဖက်စ်ချောက်နက်မှာ နေတာ ကြာပြီးဖြစ်တဲ့အတွက် လင်းယုန်ငှက်ကိုတော့ ငါ သိပါတယ်၊ ဒါပေမယ့် သူက တစ်စုံတစ်ယောက်ကို မာစတာအဖြစ် အသိအမှတ်ပြုလိမ့်မယ်လို့တော့ ငါ မမျှော်လင့်ခဲ့ဘူး”
လူငယ်က ပြုံးကာ ပြော၏ “လင်းယုန်ငှက်ရဲ့စရိုက်က အများနဲ့မတူဘူး၊ ဒီနေရာကို လာတဲ့သူ့ရဲ့ရည်ရွယ်ချက်က သူ့ဇနီးရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို စုစည်းဖို့အတွက် စိတ်ဝိညာဉ်စုစည်းနတ်သုဓာနဲ့ စိတ်ဝိညာဉ်စုစည်းပညာရပ်တို့ကို ဝယ်ယူဖို့ပဲ။ ဒီဆန်းကြယ်တဲ့ကျွမ်းကျင်သူမှာ လင်းယုန်ငှက်လိုအပ်တဲ့အရာတစ်ခုခုရှိမယ်လို့ ငါ ယုံကြည်တယ်”
လူအိုကြီးက ခေါင်းညိတ်ကာ ပြောသည် “မင်း ပြောတာမှန်တယ်။ ဒါပေမယ့် သူတို့ရဲ့အဖွဲ့မှာ ငါတောင် မသိတဲ့ အန္တိမအရှင်တစ်ယောက်ရှိတာပဲ။ ဒါက တကယ်ကို မမျှော်လင့်ထားတဲ့အရာပဲ။ တောက်အာ၊ သူတို့က ဘယ်သူတွေလဲလို့ မင်း ထင်လဲ”
လူငယ်က ခေါင်းခါယမ်းကာ ပြောသည် “ငါ မသိဘူး”
လူအိုကြီးက တည်ငြိမ်စွာ ခေါင်းညိတ်လျက် သက်ပြင်းချသည် “ဒီနေရာကို ငါတို့ လာတာ အဲဒီလူဆိုးတွေကို ကိုင်တွယ်ဖို့ပဲ၊ ဒါပေမယ့် တစ်ယောက်ယောက်က သူတို့ကို ရင်ဆိုင်ဖြေရှင်းနေမှတော့ ငါတို့တွေ ဘာမှ လုပ်ဖို့ မလိုဘူး။ သွားကြရအောင်၊ ထပ်ကြည့်ဖို့လဲ မလိုတော့ပါဘူး”
လူငယ်က ပြောသည် “ဆရာသခင်၊ ကျန်ရှိတဲ့လေးယောက်က သူတို့ရဲ့စိတ်ဝိညာဉ်တွေကို ဖောက်ခွဲလိုက်မယ်ဆိုရင်ရော။ အဲလိုသာ ဖြစ်လာရင်…”
လူအိုကြီးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “အဲဒါနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုဘူး။ ဒီလေးယောက်က သူတို့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဘယ်တော့မှ ဖောက်ခွဲလိမ့်မှာ မဟုတ်ဘူး၊ အန္တိမအရှင်တစ်ယောက်ရဲ့ခွန်အားက မင်းစိတ်ကူးလို့ရနိုင်မယ့်အရာမျိုး မဟုတ်ဘူး၊ သူတို့က အဲလိုလုပ်မယ်ဆိုရင်တောင် တိုက်ပွဲရဲ့ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ငါ့အတွေ့အကြုံအရ အဲဒီအန္တိမအရှင်က သူ့ရဲ့ခွန်အားအပြည့်ကို လုံးဝအသုံးမပြုခဲ့ဘူး”
များမကြာမီ သူတို့နှစ်ယောက်က ကျောက်တုံးနက်ချောက်ကမ်းပါးမှ ပျောက်ကွယ်သွား၏။
“အုံး…”
ဝင်္ကပါအတွင်း၌ ပေါက်ကွဲသံနှင့်အတူ ထန်ရှုနှင့်အခြားသူများက ဆက်တိုက်ပြေးထွက်လာခဲ့၏။ သူတို့အားလုံးက ဒဏ်ရာများ ရှိနေသော်လည်း နောက်ဆုံးလူ၏အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲမှုမှ ထွက်လာသော သက်ရောက်မှုကို လူအိုကြီးဆိုက်ကာမောက တားဆီးခဲ့သောကြောင့် သူတို့တစ်ယောက်မှ အများကြီးမထိခိုက်ခဲ့ပေ။
“အဟွတ်…”
ပေါက်ကွဲမှုမှ ပြေးထွက်လာပြီးနောက် လူအိုကြီးဆိုက်ကာမောက သွေးတစ်ပွက်အန်ပြီး သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်သည်၊ ရှုံ့မဲ့သောအပြုံးတစ်ခုက အသက်ရလာသောသူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။