လေပြင်းမုန်တိုင်းတစ်ခုက သယ်ဆောင်လာသော ရတနာတစ်ခု
Vol. 101 Ch. 1391
ထန်ရှုက စိုးရိမ်သောမျက်နှာနှင့် လူအိုကြီးဆိုက်ကာမောဘေးနား၌ ထွက်ပေါ်လာသည်။ သူက ခရမ်းရနံ့ဆေးတစ်လုံးပေးကာ မေးလိုက်၏ “မင်းအဆင်ပြေရဲ့လား၊ လူအိုကြီးဆိုက်ကာမော”
လူအိုကြီးဆိုက်ကာမော့က ရှုံးမဲ့ပြုံးကာ ပြောလိုက်၏ “ငါက အန္တိမအဆင့်ကို ရောက်ရှိထားပြီဆိုပေမယ့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲခြင်းရဲ့သက်ရောက်မှုအားက အထင်သေးလို့ရတဲ့အရာတစ်ခုမဟုတ်ဘူးပဲ”
ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “မင်းပြောတာ မှန်တယ်။ သတိမရှိဘူးဆိုရင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲမှုက အန္တိမအရှင်တွေကိုတောင် ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်တယ်။ ဒါပေမယ့် ဒီတိုက်ပွဲမှာ ငါတို့က ရန်သူအားလုံးကို သတ်ဖြတ်နိုင်တာဆိုတော့ ခမ်းနားတဲ့အောင်ပွဲတစ်ခုလို့ ပြောနိုင်ပါတယ်”
လူအိုကြီးဆိုက်ကာမောက မေး၏ “မာစတာ၊ ငါ နားမလည်တာ တစ်ခုရှိတယ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်၏ “ရန်သူတွေက ဘာလို့ ရုတ်တရက် အသိစိတ်ကင်းမဲ့သလိုဖြစ်သွားရသလဲဆိုတာက မင်းတို့က သိချင်နေတာမလား”
လူအိုကြီးဆိုက်ကာမောက ရယ်ကာ ပြော၏ “ဟုတ်ပါတယ်။ အစကတည်းက ငါတို့က အပေါ်စီးမရထားခဲ့ဘူးဆိုရင် သူတို့အားလုံးကို ဖယ်ရှားဖို့က အတော်လေးစိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မယ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြော၏ “ငါ့ရဲ့နတ်ဘုရားစွမ်းအားတစ်ခုက ရန်သူရဲ့စိတ်ကို ရှုပ်ထွေးစေပြီး သူတို့ကို ပုံရိပ်ယောင်တစ်ခုထဲ ကျရောက်စေနိုင်တယ်၊ ဒါက သူတို့ကို သတ်ဖို့ အကောင်းဆုံးသောအခိုက်အတန့်လဲ ဟုတ်တယ်”
လူအိုကြီးဆိုက်ကာမောက ရုတ်တရက် သဘောပေါက်သွားပြီး အခြားသူများကလည်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ ရန်သူများအသိစိတ်ကင်းမဲ့သလိုဖြစ်သွားသည့်အကြောင်းရင်းက ထန်ရှုနှင့် ဆက်စပ်လောက်သည်ဟု သူတို့က ရေးရေးခန့်မှန်းထားသော်လည်း သူ့ပါးစပ်မှ တိုက်ရိုက်ကြားရပြီးနောက် သူတို့၏နှလုံးသားက ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ထန်ရှုက လူတိုင်းကို စစ်ဆေးပြီး ခရမ်းရနံ့ဆေးလုံးကို ပေးလိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြော၏ “လင်းယုန်ငှက်၊ မင်းက ငါနဲ့ ကျန်နေ၊ အခြားသူတွေက ကောင်းကင်ဘုံစံအိမ်ထဲမှာ ကုသရလိမ့်မယ်။ မင်းတို့မှာ အချိန်အများကြီး မရှိဘူး၊ နောက်ကျရင် ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ရမှာ မသိတဲ့အတွက် မင်းတို့က အမြန်ဆုံးပြန်ကောင်းအောင် လုပ်ရမယ်”
“နားလည်ပါပြီ…”
လူအိုကြီးဆိုက်ကာမောနှင့်အခြားသူများက ခေါင်းညိတ်ကာ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်သွားကြသည်။
ထန်ရှုက လင်းယုန်ငှက်ကို ကြည့်ကာ ပြောလိုက်သည် “ငါတို့လဲ ပြန်ကုသဖို့ နေရာတစ်ခုကို ရှာရမယ်။ ငါတို့ရဲ့ဒဏ်ရာအနည်းငယ် ပျောက်သွားပြီးဆိုရင်တော့ ဒီနေရာက ထွက်သွားကြမယ်”
လင်းယုန်ငှက်က ပြောသည် “ငါက သတ္တမအလွှာနဲ့ သိပ်မရင်းနှီးပေမယ့် အဌမအလွှာမှာတော့ ငါတို့အတွက် ဘေးကင်းတဲ့နေရာတစ်ခုရှိတယ်ဆိုတာ ငါ သိတယ်”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏ “ငါတို့က အဌမအလွှာကို သွားလို့မရဘူး။ အဌမအလွှာကိုသွားတဲ့ဝင်ပေါက်က အတော်လေးဝေးသေးတယ်၊ အဲကို ရောက်ဖို့ အန္တရာယ်တွေအမျိုးမျိုး ဖြတ်သန်းရလိမ့်မယ်။ ငါတို့ရဲ့ဒဏ်ရာတွေနဲ့ ဆိုရင် မလွယ်လှဘူး။ ဒီလိုလုပ်ကြရအောင်၊ ကျောက်တုံးနက်ချောက်ကမ်းပါးရဲ့တောင်တွေထဲက သားရဲအချို့ကို ရှင်းလင်းပြီး ဘေးကင်းဇုန်တစ်ခုကို ဖန်တီးကြမယ်လေ။ ဝင်္ကပါတစ်ခုပါ အားဖြည့်လိုက်မယ်ဆိုရင် ငါတို့က ဘေးကင်းကင်းနဲ့ ကုသနိုင်လိမ့်မယ်”
အခက်အခဲများရင်ဆိုင်ပြီးနောက် နှစ်လကြာပြီးနောက် ထန်ရှုနှင့်လင်းယုန်ငှက်တို့က ဒဏ်ရာများအား အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး သူတို့၏ခရီးစဉ်ကို ဆက်လက်စတင်ခဲ့သည်။ သူတို့က အန္တရာယ်တစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးတွင် အဌမအလွှာ၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ယောက်က အဌမအလွှာထဲသို့ ဝင်ရောက်ပြီးနောက် သူတို့အား ရန်သူများက တိုက်ခိုက်ခဲ့ကြသည်။
“မာစတာ၊ နဝမအလွှာရဲ့ဝင်ပေါက်က ကီလိုမီတာတစ်သန်းလောက် လိုသေးတယ်။ ငါတို့က …”လင်းယုန်ငှက်က ပြောမပြီးခင် သူ့အမူအရာက သိသိသာသာပြောင်းလဲသွားကာ ရှေ့သို့ စိုက်ကြည့်လိုက်သည်။ သူက ထန်ရှု၏လက်မောင်းကို ဆုပ်ကိုင်ကာ တားလိုက်၏။
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေး၏ “ဘာဖြစ်လို့လဲ”
လင်းယုန်ငှက် ပြောသည် “ကြည့်ရတာ ငါတို့ရဲ့ကံကြမ္မာက သိပ်မကောင်းပုံပဲ၊ ငါတို့က နီဖက်စ်မုန်တိုင်းနဲ့ လာတွေ့နေရတယ်”
ထန်ရှုက မေးသည် “ဒီနီဖက်စ်မုန်တိုင်းက ဘာလဲ”
လင်းယုန်ငှက်က ရှင်းပြသည် “နီဖက်စ်ချောက်နက်မှာ အကြာကြီး မနေရသေးတဲ့သူတွေက နီဖက်စ်မုန်တိုင်းရဲ့တည်ရှိမှုကို မသိကြဘူး။ အဲဒါက နီဖက်စ်ချောက်နက်ရဲ့အရမ်းကြောက်စရာကောင်းတဲ့သဘာဝကပ်ဘေးတစ်ခုဖြစ်ပြီး သူတို့က အထဲမှာ ပိတ်မိသွားမယ်ဆိုရင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကတောင် သေရလိမ့်မယ်။ နီဖက်စ်ချောက်နက်ရဲ့ကြမ္မာမုန်တိုင်းလို့ လူသိများပြီး လူတိုင်းက မြင်တာနဲ့ ရှောင်ရှားရလိမ့်မယ်”
ထန်ရှုက သဘောပေါက်ကာ ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏ “ဒီလိုဆိုမှတော့ အဲဒါကို ရှောင်ရှားကြတာပေါ့”
လင်းယုန်ငှက်က အားတင်းပြုံးလိုက်၏ “နောက်ကျသွားပြီ။ ငါတို့ရဲ့လက်ရှိခွန်အားအရ ဒီနီဖက်စ်မုန်တိုင်းကို မရှောင်ရှားနိုင်ဘူး။ ငါတို့က အန္တိမအဆင့်ကို မချိုးဖြတ်ထားဘူးဆိုရင် လုံးဝရှောင်ရှားဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မုန်တိုင်းမျက်လုံးရဲ့အကွာအဝေးကနေ လွတ်အောင် ထွက်ပြေးလို့ရတယ်၊ ဒါကြောင့် အမြန်ဆုံးထွက်သွားကြရအောင်…”
“ဒါဆို ငါတို့ကို ခေါ်သွားဖို့ လူအိုကြီးစိုက်ကာမောကို မေးလိုက်မယ်”
ထန်ရှုက လူအိုကြီးဆိုက်ကာမောကို ကောင်းကင်ဘုံစံအိမ်မှ ထုတ်ကာ အခြေအနေများကို လျင်မြန်စွာ ရှင်းပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က လူအိုကြီးဆိုက်ကာမောနှင့်အတူ အဝေးသို့ လျင်မြန်စွာ ပြေးသွား၏။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ခါးသီးသောအပြုံးတစ်ခုက လူအိုကြီးဆိုက်ကာမော၏မျက်နှာပေါ်၌ မြင့်တက်လာကာ သူက အကူအညီမဲ့စွာ ပြောသည် “ဒီနီမုန်တိုင်းက မြန်လွန်းတယ်။ အန္တမအရှင်တစ်ယောက်ဆိုပေမယ့် ငါတောင် ၎င်းကို လုံးဝရှောင်ရှားဖို့ ခက်ခဲလိမ့်မယ်။ ငါတို့တွေ မုန်တိုင်းရဲ့လေပြင်းတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ဖို့ လိုမယ်၊ ငါတို့တွေ အသက်ရှင်ဖို့ မျှော်လင့်ပါတယ်လေ”
အချိန်ခဏကြာပြီးနောက် နီဖက်စ်မုန်တိုင်းက သူတို့သုံးယောက်ကို လွှမ်းခြုံသွားသည်။ မုန်တိုင်းလေအားက အတော်လေးအားကောင်းသော်လည်း အန္တိမအရှင်တစ်ယောက်အနေနှင့် လူအိုကြီးဆိုက်ကာမောက ထန်ရှုနှင့်လင်းယုန်ငှက်တို့အား ဘေးကင်းစေနိုင်ခဲ့သည်။
“အဲဒါ ဘာကြီးလဲ”ထန်ရှု၏အကြည့်က မုန်တိုင်းထဲကို ထိုးဖောက်သွားပြီး တောင်နှင့်တူသောအရိပ်တစ်ခုကို မြင်ပြီးနောက် သူက မေးလိုက်သည်။
လင်းယုန်ငှက်က ရှင်းပြသည် “ဒဏ္ဍာရီတွေအရ နီဖက်စ်မုန်တိုင်းက ကြောက်စရာကောင်းတဲ့ကပ်ဘေးတစ်ခုဆိုပေမယ့် ၎င်းရဲ့အတွင်းမှာ ကြီးမားတဲ့ရတနာတစ်ခုရှိတယ်။ ဒါပေမယ့် အန္တိမအရှင်များစွာက အဲဒါကို ရဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့အသက်ကို ကာကွယ်နေရတဲ့အတွက် အဲဒါကို ရဖို့ ခက်ခဲလွန်းတာကို တွေ့ရှိခဲ့ကြတယ်”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် မေး၏ “လူအိုကြီးဆိုက်ကာမော၊ ငါနဲ့အတူ မုန်တိုင်းမျက်လုံးထဲကို စွန့်စားထွက်ဖို့ သတ္တိရှိလား”
လူအိုကြီးဆိုက်ကာမောက ကမန်းကတန်း ပြန်ဖြေသည် “မရှိဘူး။ အထဲမှာ အန္တရာယ်များလွန်းတယ်၊ ဝင်မယ်ဆိုရင် သေခြင်းတရားကပဲ ငါတို့ကို စောင့်နေလိမ့်မယ်”
ထန်ရှုက သိုလှောင်လက်စွပ်မှ အဆင့်ကိုးအင်မော်တယ်ခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ကာ လူအိုကြီးဆိုက်ကာမောထံ လွှဲပေးလိုက်သည် “ငါ့မှာ အဆင့်ကိုးခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိတယ်၊ အခု မင်းမှာလဲ တစ်ခုရှိပြီ။ ငါတို့တွေ တစ်ချက်စမ်းသင့်တယ်လို့ ငါ ယုံကြည်တယ်။ တကယ်တော့ ကံကောင်းမှုဆိုတာက ရဲရင့်သူတွေကိုပဲ မျက်နှာသာပေးတာလေ”
ထန်ရှု၏မျက်နှာပေါ်ရှိ ပြတ်သားသောအမူအရာကို မြင်ပြီး လူအိုကြီးဆိုက်ကာမောက ချက်ချင်းအားတင်းပြုံးလိုက်၏ “မာစတာက ဆုံးဖြတ်ထားပြီးဆိုမှတော့ ငါလဲ သင်နဲ့အတူ အထဲကို လိုက်သွားပါ့မယ်။ မုန်တိုင်းထဲမှာ ရှားပါးတဲ့ရတနာတစ်ခုကို ရရှိဖို့ ငါ မျှော်လင့်ပါတယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြောသည် “လင်းယုန်ငှက်၊ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်လိုက်ပါ”
“နားလည်ပါပြီ” လင်းယုန်ငှက်က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ချက်ချင်း ဝင်ရောက်ခဲ့သည်။
“ဝှစ်…ဝှစ်…”
နောက်အခိုက်အတန့်တွင် ပုံရိပ်နှစ်ခုက မုန်တိုင်းအတွင်း၌ ထွက်ပေါ်လာသည်။ နှစ်ယောက်သား မုန်တိုင်း၏ကြမ်းတမ်းမှုအား ခုခံရင်း မရေမတွက်နိုင်သောဒဏ်ရာများ ရရှိလာကြသည်။ သို့သော် လူအိုကြီးဆိုက်ကာမောနှင့် ယှဉ်လျှင် ထန်ရှုက အခြေအနေပိုကောင်း၏၊ သူက နတ်ဆိုးကမ္ဘာ၏ထိပ်တန်းအဆင့်ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သောကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် သူ၏ရုပ်ပိုင်းဆိုင်ရာက လူအိုကြီးဆိုက်ကာမောလို အန္တိမအရှင်တစ်ယောက်ထက် ပိုသန်မာသည်။
“ဒါက…”မုန်တိုင်းထဲရှိ ပစ္စည်းကို သိရှိပြီးနောက် ထန်ရှု၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။
လူအိုကြီးဆိုက်ကာမောလည်း အလားတူအနေအထားတစ်ခုဖြစ်နေသည်။ သူက ပစ္စည်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေ၏။
ဒါက…အလောင်းတစ်ခုပဲ”လူအိုကြီးဆိုက်ကာမောက အသံတုန်ယင်လျက် ပြောသည်။
ထန်ရှုက နတ်ဘုရားအတိဒုက္ခကို တစ်ကြိမ် ဖြတ်ကျော်ဖူးသည်၊ သူက နတ်ဘုရားအရှိန်အဝါကို အာရုံခံနိုင်သည်။ ကြီးမားသောဧရာမအလောင်းက နတ်ဘုရားစွမ်းအားနှင့် ပြည့်လျှံနေသည်။ ဤအလောင်းက နတ်ဘုရားတစ်ယောက်ဖြစ်သည်ဟု ဆိုလို၏။
လူအိုကြီးဆိုက်ကာမော၏အသက်ရှုသံက မြန်ဆန်သွားပြီး သူက ထန်ရှုကို ကြည့်ကာ မေးလိုက်၏ “အခု ဘာလုပ်ကြမလဲ”
ထန်ရှုက ပြော၏ “ကံကောင်းမှုက ရဲရင့်တဲ့သူတွေကိုပဲ မျက်နှာသာပေးတာလို့ ငါ ပြောခဲ့တယ်လေ။ ငါတို့က မုန်တိုင်းထဲကို ဝင်ရောက်ပြီး ဒီလိုကြီးမားတဲ့ရတနာတစ်ခုနဲ့ တွေ့နေမှတော့ လက်ဗလာနဲ့ ပြန်ဖို့က အဓိပ္ပါယ်မရှိဘူး။ ဒီအလောင်းက နတ်ဘုရားတစ်ယောက်ရဲ့အလောင်းဖြစ်ရမယ်၊ ဒါကို ရမယ်ဆိုရင် အနာဂတ်မှာ စိတ်ကူးတောင်မယဉ်နိုင်တဲ့အကျိုးကျေးဇူးကို ရရှိစေလိမ့်မယ်”
“ဒါဆို အဲဒါကို ယူကြတာပေါ့”လူအိုကြီးဆိုက်ကာမောလည်း ခေါင်းညိတ်သဘောတူလိုက်ပြီး အင်မော်တယ်စွမ်းအားကို နတ်ဘုရားအလောင်းဆီသို့ ပို့ကာ ရစ်ပတ်လိုက်၏။ သူက အလောင်းအား သူတို့ထံ ဆွဲမည်ပြင်စဉ် ထုတ်လွှတ်ထားသည့်သူ၏အင်မော်တယ်စွမ်းအားက ရုတ်တရက် လောင်ကျွမ်းသွားပြီး ပြင်းထန်သောမီးလျှံများက သူ့အရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်အား လောင်ကျွမ်းရန် ခြေတစ်လှမ်းသာ လိုတော့၏။
“တောက်…”
ဧရာမကြောက်စရာတစ်ခုအား မြင်တွေ့လိုက်ရသည့်အလား လူအိုကြီးဆိုက်ကာမောက သူ့အင်မော်တယ်စွမ်းအားကို ရုတ်သိမ်းကာ မီတာတစ်ထောင်သို့ ပြန်ဆုတ်သွား၏။
ထန်ရှု၏နှလုံးက လျင်မြန်စွာ တုန်ခါသွားသည်။ မီးလျှံများက လူအိုကြီးဆိုက်ကာမောအား လောင်ကျွမ်းလုနီးပါးဖြစ်သည်ကို သူက မြင်တွေ့ခဲ့သော်လည်း မူလဖရိုဖရဲစွမ်းအားကို ထုတ်လွှတ်ကာ နတ်ဘုရားအလောင်းကို ရစ်ပတ်ပြီး သူ့ထံသို့ ဆွဲယူရန် ကြိုးစားလိုက်၏။
မျှော်လင့်ထားသလိုပင် မူလဖရိုဖရဲစွမ်းအားက မလောင်ကျွမ်းခဲ့ပေ။ နတ်ဘုရားအလောင်းက သူ့ရှေ့သို့ ရောက်ရှိလာပြီးနောက် ၎င်း၏ရင်ဘက်ပေါ်ရှိ ကြီးမားသောအပေါက်ကို မြင်လိုက်ရသည်။ ဤအပေါက်က မီတာတစ်ရာအချင်းဝက်သာ ရှိ၏၊ မီတာထောင်ချီမြင့်မားသောနတ်ဘုရားခန္ဓာကိုယ်နှင့်ယှဉ်လျှင် ၎င်းက သေးငယ်သော်လည်း သေစေနိုင်သောဒဏ်ရာတစ်ခုပင် ဖြစ်၏။
နတ်ဘုရားအလောင်းက ဒေါထန်နေသောမီးတောက်တစ်ခုနှင့် ဆင်တူသည်ဟု ထန်ရှုက ခံစားမိသည်။ နတ်ဘုရားက သေသွားပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ပါဝင်သောစွမ်းအားက သူ၏ယခင်အထွတ်အထိပ်ကထက် ပိုအားကောင်း၏။
“ငါ့ဆီ လာစမ်း”ထန်ရှုက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို အကန့်အသတ်ထိ လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဂြိုလ်များက တုန်ခါသွားပြီး သူက နတ်ဘုရားအလောင်းကို ကောင်းကင်ဘုံစံအိမ်အနီးသို့ ဆွဲယူလိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် သူက နတ်ဘုရားအလောင်းအား ကောင်းကင်ဘုံစံအိမ်၏ထောင့်တစ်ခု၌ ချိတ်ပိတ်လိုက်၏။
“သွားကြစို့…”ထန်ရှုက နတ်ဘုရားအလောင်းအား အောင်မြင်စွာ ယူလိုက်သည်ကို မြင်သောအခါ ဝမ်းသာသောအမူအရာတစ်ခုက လူအိုကြီးဆိုက်ကာမော၏မျက်နှာ၌ ထွက်ပေါ်လာသည်။ သူက ထန်ရှုအား ဆုပ်ကိုင်လျက် မုန်တိုင်းအတွင်းမှ ပြေးထွက်လိုက်၏။
“ဟူး…”
သွေးအနည်းငယ်အန်လျက် လူအိုကြီးဆိုက်ကာမော၏ခန္ဓာကိုယ်က ရှေ့သို့ ယိမ်းထိုးသွားသည်။ ထန်ရှုက ရှေ့တက်ကာ သူ့အား ချက်ချင်း ကူညီပေးလိုက်သည်။ အနက်ရောင်ကျောက်တုံးတစ်ခုနောက်တွင် သူတို့ကိုယ်သူတို ဖုံးကွယ်ပြီးနောက် ကျောက်တုံးနက်၏အက်ကွဲကြောင်းတစ်ခုအတွင်း၌ ကောင်းကင်ဘုံစံအိမ်ကို ဆင့်ခေါ်ကာ လူအိုကြီးဆိုက်ကာမောနှင့်အတူ အထဲသို့ ဝင်လိုက်၏။
“မင်းရဲ့ဒဏ်ရာက ဘယ်လိုနေလဲ”ထန်ရှုက စိုးရိမ်စွာ မေးလိုက်သည်။
လူအိုကြီးဆိုက်ကာမောက ခေါင်းခါယမ်းကာ ပြုံးလျက် ပြန်ဖြေသည် “အဆင်ပြေပါသေးတယ်။ ဒါနဲ့ နတ်ဘုရားအလောင်းကို တစ်ချက်ကြည့်ရအောင်”
ထန်ရှုက ခေါင်းညိတ်ကာ နတ်ဘုရားအလောင်းကို စစ်ဆေးလိုက်သည်။ လင်းယုန်ငှက်၊ ပင်လယ်လမ်းဘုရင်နှင့်အခြားသူများကလည်း ဆက်တိုက်ပြေးလာကြ၏။
“ဘုရားရေ…ဒါက နတ်ဘုရားအလောင်းတစ်ခုလား”
“ဒီအလောင်းက…”