ခြေတစ်လှမ်းအကွာ
Vol. 101 Ch. 1392
ထန်ရှုက သူတို့၏အံ့အားသင့်သောအမူအရာကို ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မင်းတို့ခန့်မှန်းတာ မှန်တယ်၊ ဒါက နတ်ဘုရားအလောင်းတစ်ခုပဲ။ အဲဒါကို နီဖက်စ်မုန်တိုင်းထဲကနေ ရခဲ့တာ။ အားလုံးပဲ၊ ဒီနတ်ဘုရားအလောင်းတစ်ခုလုံးက ရတနာသိုက်တစ်ခုဖြစ်တာကြောင့် မင်းတို့အားလုံး အန္တိမအဆင့်ကို ချိုးဖြတ်ဖို့က အိပ်မက်တစ်ခုမဟုတ်တော့ဘူးလို့ ငါ အာမခံနိုင်တယ်”
ထိုသို့ပြောရင်း သူက ကျောက်စိမ်းပုလင်းတစ်လုံးကို ယူထုတ်ကာ အလောင်း၏လက်မောင်းကို နတ်ဘုရားဓားနှင့် ထိုးဖောက်လိုက်သည်၊ ထို့နောက် ရွှေရောင်သွေးစီးတန်းတစ်ခုက ဒဏ်ရာမှ ထွက်လာပြီး ထန်ရှုက ၎င်းအား ပုလင်းထဲသို့ စုဆောင်းကာ နတ်ဘုရားသွေးအတွင်းရှိ ကြီးမားသောနတ်ဘုရားစွမ်းအားကို အာရုံခံလိုက်သည်။ ထို့နောက် သူက အလောင်း၏လက်မောင်းပေါ်ရှိ ဒဏ်ရာကို ချိတ်ပိတ်လိုက်ပြီး လူခြောက်ယောက်အား သွေးတစ်စက်ဆီ ပေးလိုက်၏။
“အို၊ ဒါက နတ်ဘုရားသွေးလား။ တကယ်ကို အားကောင်းတဲ့စွမ်းအင်တွေ ပါဝင်နေတာပဲ။ ငါ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားအကုန်လုံးထုတ်ရင်တောင် ဒီသွေးတစ်စက်မှာ ပါဝင်တဲ့ စွမ်းအင်နဲ့ ယှဉ်မယ်ဆိုလျှင် အားနည်းနေသေးတယ်”ပင်လယ်လမ်းဘုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထန်ရှုက ပြုံးကာ ပြော၏ “အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ နတ်ဘုရားသွေးကို စုပ်ယူပြီး ချက်ချင်း ကျင့်ကြံကြပါ။ နတ်ဘုရားသွေးတစ်စက်က မင်းတို့ကို ဘယ်လောက်ထိ အကူအညီပေးနိုင်သလဲဆိုတာ ငါ မြင်ချင်တယ်”
“ကောင်းပါပြီ…”
လူအိုကြီးဆိုက်ကာမောအပါအဝင် လူခြောက်ယောက်က တုံ့ဆိုင်းမနေဘဲ ထန်ရှု၏အမိန့်အတိုင်း လိုက်နာခဲ့သည်။ သူတို့က နတ်ဘုရားသွေးကို ဝါးမျိုုကာ တင်ပျဉ်ခွေထိုင်လိုက်ကြ၏။
ထိုလူခြောက်ယောက်အား နက်နဲသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် ထန်ရှုလည်း သွေးတစ်စက်ကို ဝါးမျိုလိုက်သည်။ ဤသွေးတစ်စက်က သူ့လည်ချောင်းထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် ၎င်းက နတ်ဘုရားစွမ်းအားအဆီအနှစ်တစ်ခုအဖြစ်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ ဤနတ်ဘုရားစွမ်းအားအဆီအနှစ်က သူ့အစာအိမ်သို့ ရောက်ရှိလာသောအခါ ၎င်းက ဉီးတည်ဘက်တိုင်းသို့ စီးထွက်သွား၏။ ၎င်းက သူ့ခန္ဓာကိုယ်၏နေရာတစ်ကာသို့ ဝင်ရောက်သွားပြီး ၎င်း၏ကြီးမားသောအစုအဝေးတစ်ခုက သူ့ဒန်တျန်ထဲရှိ စကြာဝဠာထဲသို့ စီးဝင်သွား၏။
လက်ရှိတွင် သူ့ခန္ဓာကိုယ်က အားအင်ပြည့်နေပြီး တိုးတက်မှုအရှိန်က မြန်ဆန်နေသည်၊ အသက်ရှုချိန်ဆယ်ခါအတွင်း သူ၏ရုပ်ပိုင်းဆိုင်ရာက ကြီးမားသောပမာဏတစ်ခုအထိ မြင့်တက်သွား၏။ အရေးကြီးဆုံးအရာက သူ၏အတွင်းအင်္ဂါများ၊ မရီးဒျာန်များ၊ အရိုးများနှင့် သူ့သွေးများပင် အရည်အသွေးဆိုင်ရာပြောင်းလဲမှုတစ်ခုဖြစ်လာသည်။ ရလဒ်တစ်ခုအနေနှင့် သူက ယခင်ကထက် ပိုတောင် သန်မာလာ၏။
အချိန်က တရွေ့ရွေ့နှင့် ထန်ရှုနှင့်အခြားသူများက ကောင်းကင်ဘုံစံအိမ်ထဲ၌ ကျင့်ကြံနေသည်မှာ သုံးနှစ်ရှိပြီဖြစ်၏။ ထို့ပြင် ထိုသုံးနှစ်အတွင်း လူခုနှစ်ယောက်၏ကျင့်ကြံခြင်းက ကြီးကြီးမားမားတိုးတက်လာသည်။
“ဘယ်လောက်တောင်ကောင်းလိုက်တဲ့ခံစားချက်တစ်ခုလဲ”ထန်ရှုက ကျေနပ်သောအမူအရာနှင့် လေထဲသို့ ပျံဝဲတက်ကာ သူ့လက်သီးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ဤသုံးနှစ်အတွင်း သူက နတ်ဘုရားသွေးအစက်ဒါဇင်ကျော်စုယူခဲ့သော်လည်း သူ့ခန္ဓာကိုယ်က အဆအနည်းငယ်သာ တိုးတက်လာခဲ့သည်။ သို့သော် လက်ရှိတွင် သူက နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နှင့် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။
“မာစတာ…”လူအိုကြီးဆိုက်ကာမောနှင့်အခြားသူများက တစ်ယောက်ပြီးတစ်ယောက် လွင့်မျောလာပြီး ထန်ရှုအား တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
ထန်ရှုက ပြုံးကာ မေးလိုက်၏ “ဘယ်လိုလဲ”
လူအိုကြီးဆိုက်ကာမောက ပြုံးကာ ပြန်ဖြေသည် “လွန်ခဲ့တဲ့သုံးနှစ်အတွင်း နတ်ဘုရားသွေးစက်ဆယ်စက်ကို စုပ်ယူပြီးနောက် စဉီးအန္တိမအဆင့်ကနေ ချိုးဖြတ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါ့ကို နောက်ထပ်သွေးဆယ်စက်ပေးမယ်ဆိုရင် ဆယ်နှစ်အတွင်း အန္တိမအလယ်ဆင့်ကို ချိုးဖြတ်ဖို့ ယုံကြည်ချက်ရှိတယ်”
ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောသည် “ဒါက အတော်လေးကောင်းတဲ့အာင်မြင်မှုတစ်ခုပဲ။ မင်းတို့ကရော”
“ငါက အခု နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်မှာ ရှိပြီး အန္တိမအဆင့်ကို ချိုးဖြတ်ဖို့ နောက်ဆုံးတစ်လှမ်းသာ လိုတော့တယ်”ပင်လယ်လမ်းဘုရင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
“ငါလဲ အတူတူပဲ”
“ငါရောပဲ…”
လင်းယုန်ငှက်ကလွဲပြီး အခြားသူအားလုံးက စိတ်လှုပ်ရှားစွာ ပြန်ဖြေခဲ့ကြသည်။
ထန်ရှုက လင်းယုန်ငှက်ကို လေ့လာလိုက်သည်။ လင်းယုန်ငှက် ဘာစွမ်းအင်အတက်အကျမှ မပြဘဲ သာမန်လူတစ်ယောက်ပမာ ဖြစ်နေသည်ကို မြင်ပြီး သူက အနည်းငယ် ပဟေဠိဖြစ်သွား၏။
“မာစတာ၊ ငါက အန္တိမအရှင်တစ်ယောက်ဖြစ်နေပြီ”သူက အပြုံးကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း သူ၏တိုးတက်မှုအတွက် ကျေနပ်နေမှန်း အလွန်သိသာလှသည်။
ထန်ရှုက အံ့အားသင့်သောအမူအရာဖြင့် မေး၏ “မင်းက အန္တိမအဆင့်ကို ချိုးဖြတ်သွားပြီလား”
လင်းယုန်ငှက်က အရှိန်အဝါကို တစ်ချက်ထုတ်လွှတ်ကာ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”
ထန်ရှုက သူ့ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည် “မင်းနဲ့ပါဆိုရင် ငါတို့ရဲ့မဟာထန်အင်ပါယာမှာ အန္တိမအရှင်လေးယောက်ရှိပြီပေါ့။ ဒီနတ်ဘုရားသွေးက တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပဲ။ မဟာထန်အင်ပါယာရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအားလုံးက နတ်ဘုရားသွေးကို စုပ်ယူမယ်ဆိုရင် သူတို့အမြောက်အများက အန္တိမအဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ်။ ဒါက ကောင်းမွန်တဲ့အရာတစ်ခုပဲ”
ထိုသို့ပြောရင်း သူက နောက်ထပ်နတ်ဘုရားသွေးအစက်နှစ်ဆယ်ကို တစ်ယောက်ချင်းစီပေးကာ ပြောလိုက်၏ “နတ်ဘုရားအလောင်းကို ရရှိတာက ငါ့ရဲ့ကံကြမ္မာပဲ၊ မင်းတို့ရဲ့ကံကြမ္မာဆိုလဲ ဟုတ်တယ်။ ပင်လယ်လမ်းဘုရင်၊ မင်းတို့လေးယောက်က ကောင်းကင်ဘုံစံအိမ်ထဲမှာ သေချာအာရုံစိုက်ပြီး ကျင့်ကြံရမယ်။ နတ်ဘုရားသွေးက မင်းတို့အတွက် အကျိုးရှိသရွေ့ ငါက ကပ်စေးမနဲပါဘူး။ ဒါကြောင့် နောက်ဆယ်နှစ်အတွင်းမှာ မင်းတို့အားလုံး အန္တိမအဆင့်ကို ချိုးဖြတ်နိုင်ဖို့ ကြိုးစားကြကွာ”
“နားလည်ပါပြီ…”ပင်လယ်လမ်းဘုရင်နှင့်အခြားသူများက လင်းယုန်ငှက်အား အားကျစွာ ကြည့်လျက် ခေါင်းညိတ်လိုက်ကြည်။
နတ်ဘုရားအလောင်းတွင် နတ်ဘုရားသွေးအစက်တစ်သန်းပတ်လည်ရှိသည်၊ ထို့ကြောင့် သူက သူတို့အားလုံးကို အသုံးပြုမည်ဆိုလျှင် မဟာထန်အင်ပါယာ၌ အန္တိမအရှင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဘယ်လောက်ထိ ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်တော့ပေ။
“လင်းယုန်ငှက်၊ မင်းက ငါနဲ့အတူ အပြင်ကို လိုက်လာခဲ့၊ အခြားသူတွေက ဒီနေရာမှာ နေပြီး ကျင့်ကြံကြ”
ထန်ရှုက နတ်ဘုရားအလောင်းကို ပြန်လည်ချိတ်ပိတ်ပြီးနောက် လင်းယုန်ငှက်နှင့်အတူ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာသည်။ သူတို့နှစ်ယောက်က အပြင်ကမ္ဘာ၌ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား လေ့လာပြီးနောက် ထန်ရှုက ရုတ်တရက် ရယ်လိုက်၏ “ဒီတစ်ခေါက် နီဖက်စ်ချောက်နက်ကို လာတာ တကယ်ကို ထိုက်တန်တယ်၊ ငါတို့တွေ နဝမအလွှာကို တန်းသွားကြမယ်၊ ငါလိုအပ်တဲ့အရာကို ရပြီးတာနဲ့ နီဖက်စ်ချောက်နက်ကနေ ပြန်ကြမယ်။ အဲဒါပြီးရင် မင်းဇနီးရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို စုစည်းဖို့ ငါ ကူညီပေးမယ်”
“ကျေးဇူးတင်ပါတယ်၊ မာစတာ”ဝမ်းသာသောအကြည့်တစ်ခုက လင်းယုန်ငှက်၏မျက်လုံးများထဲ၌ လင်းလက်ကာ သူက ထန်ရှုအား ရိုသေလေးစားစွာ ပြောလိုက်သည်။
ခမ်းနားထည်ဝါသည့်ကြီးမားသောအနက်ရောင်ရဲတိုက်တစ်ခုက နီဖက်စ်ချောက်နက်၏နဝမအလွှာ၌ ထွက်ပေါ်လာသည်။ ဤနေရာက နီဖက်စ်မြို့ကလွဲပြီး အခြားမဟုတ်ပေ။ သက်ရှိမျိုးစုံက နီဖက်စ်ချောက်နက်တွင် တည်ရှိပြီး ဤနေရာတွင် တရားဥပဒေမရှိပေ၊ ထို့ကြောင့် မည်သူမဆို မြို့ထဲ၌ တိုက်ခိုက်သတ်ဖြတ်နိုင်သည်။ ခွန်အားသာ ပဓာနဖြစ်ပြီး သန်မာခြင်း၏အကာအကွယ်အောက်တွင်သာ ရှင်သန်နိုင်၏။ အသစ်ရောက်ရှိလာသူတိုင်းက မြို့ထဲရှိ နေထိုင်သူများ၏စောင့်ကြည့်ခြင်းနှင့်ရန်စခြင်းတို့ကို သေချာပေါက် ခံရပေလိမ့်မည်။
“သေစမ်း…”သူက နီဖက်စ်မြို့ဝင်ပေါက်မှ ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် မွန်းစတာကမ္ဘာ၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ထံမှ တိုက်ခိုက်မှုကို ထန်ရှုက ရင်ဆိုင်လိုက်ရသည်။ သို့သော် သူက သူတို့၏တိုက်ခိုက်မှုများကို မရှောင်တိမ်းဘဲ နတ်ဘုရားဓားကို ထုတ်ကာ ရင်ဆိုင်လိုက်၏။ အသက်ရှုချိန်အနည်းငယ်အတွင်း သူက ရန်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး အခြားတစ်ယောက်က ဒဏ်ရာအပြင်းအထန်ရလျက် မြို့ထဲသို့ ထွက်ပြေးသွားခဲ့သည်။
ထန်ရှုက သူ့နောက်သို့ မလိုက်သွားဘဲ လင်းယုန်ငှက်နှင့်အတူ မြို့ထဲသို့ ဝင်ရောက်ခဲ့သည်။ မရေမတွက်နိုင်သောသတ်ဖြတ်ခြင်းအကြည့်များကို ပြုံးကာ ရင်ဆိုင်ရင်း သူက အော်ပြော၏ “မင်းတို့အားလုံးက ဆန္ဒရှိတယ်ဆိုရင် ငါတို့ကို လွတ်လွတ်လပ်လပ်တိုက်ခိုက်လို့ရတယ်။ မင်းတို့အားလုံးအတွက် ဥပဒေအနေနဲ့ ဒီနေ့ ငါ သတ်ဖြတ်ပေးမယ်။ လာကြစမ်း…”
“မောက်မာလိုက်တာ”မျက်လုံးသုံးလုံးအသုရာတစ်ယောက်က ထန်ရှုနှင့်လင်းယုန်ငှက်တို့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အန္တိမအဆင့်သို့ ချိုးဖြတ်ရန် ခြေတစ်လှမ်းသာ လိုပြီး နီဖက်စ်မြို့၌ တတိယမြောက်အသန်မာဆုံးလူအဖြစ် အများက သိထားကြသည်။
“သူ့ကို သတ်…”ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လင်းယုန်ငှက်၏ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးသုံးလုံးအသုရာအား ချက်ချင်း တိုက်ခိုက်လိုက်၏။ ထန်ရှုပေးထားခဲ့သည့် လှံချွန်နှင့်အတူ လင်းယုန်ငှက်၏တိုက်ခိုက်မှုတိုင်းက ပိုပြင်းထန်ကာ တိုက်ကွက်တစ်ခုစီက ရန်သူ၏အသားကို စုတ်ဖြဲလျက် အနှီလူက နာကျင်စွာ အော်ဟစ်နေရတော့သည်။
“ဝှစ်…”
ပုံရိပ်တစ်ခုက လင်းယုန်ငှက်အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်အခိုက်အတန့်တွင် သူ၏တစ္ဆေတံခွန်ကို လင်းယုန်ငှက်ထံ ဝှေ့ယမ်းကာ ပြောလိုက်၏ “အန္တိမအရှင်တစ်ယောက်လား”
ရောက်ရှိလာသောသူ မျက်နှာပေါ်တွင် တစ္ဆေတက်တူးများနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူက သူ၏တစ္ဆေတံခွန်ကို ရုတ်သိမ်းကာ လင်းယုန်ငှက်အား နက်နဲသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည် “မင်းက အန္တိမအဆင့်ကို ချိုးဖြတ်သွားလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး၊ ဒါ့အပြင် အန္တိမအရှင်ဖြစ်လာပြီးနောက် မင်းက တစ်စုံတစ်ယောက်ရဲ့နောက်လိုက်တစ်ယောက်ဖြစ်နေမယ်ဆိုတာကို ပိုတောင် မယုံကြည်နိုင်ဘူး။ လင်းယုန်ငှက်၊ မင်းက အန္တိမအဆင့်ကို ချိုးဖြတ်ခဲ့တာကို အာသာက မသိပါဘူး၊ ဒါကြောင့် သူက မင်းရဲ့သခင်ကို တိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် မင်းက ငါ့ကို မျက်နှာသာပေးပြီး သူ့ကို အသက်ချမ်းသာပေးဖို့ ငါ မျှော်လင့်ပါတယ်”
လင်းယုန်ငှက်က သူ့အား အေးစက်စွာ ပြုံးပြလျက် ထန်ရှုကို ကြည့်လိုက်သည်။
ထန်ရှုက ပြုံးလျက် မေး၏ “ခင်ဗျားရဲ့မျက်နှာက ဘယ်လောက် ထိုက်တန်လို့လဲ။ ပြီးတော့ ကျုပ်က ခင်ဗျားကို မျက်နှာသာပေးဖို့ ငြင်းပယ်မယ်ဆိုရင် ခင်ဗျားက ဘာလုပ်မှာလဲ”
လူအိုကြီးက ခေါင်းခါယမ်းကာ ပြောလိုက်၏ “လူငယ်လေး၊ လင်းယုန်ငှက်က အန္တိမအဆင့်ကို ချိုးဖြတ်သွားရုံနဲ့ နီဖက်စ်မြို့ထဲမှာ မင်း ဆန္ဒရှိသလို လုပ်နိုင်မယ်လို့ မထင်နေနဲ့။ ဒီလူအိုကြီးက နီဖက်စ်မြို့ထဲမှာ နေလာတာ နှစ်ပေါင်းနှစ်သောင်းရှိပြီ၊ ငါ့ရဲ့စကားတစ်ခွန်းက မင်းဆီကို မရေမတွက်နိုင်တဲ့ကျွမ်းကျင်သူတွေ ရောက်ရှိလာစေလိမ့်မယ်”
ထန်ရှုက ပြုံးရယ်လျက် ပြော၏ “ခင်ဗျားက ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ကောင်းပြီလေ၊ မျက်လုံးသုံးလုံးအသုရာအာသာရဲ့အသက်ကို ကျုပ် ချမ်းသာပေးနိုင်တယ်၊ ကျုပ်ကို စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် လုပ်တဲ့အတွက် သူက လျော်ကြေးပေးရမယ်။ သူက ရုတ်တရက် ထွက်ပေါ်လာတာကြောင့် ကျုပ်က ထိတ်လန့်ခဲ့ရတယ်၊ ဒါကြောင့် အဲဒီအတွက် လျော်ကြေးပေးရမယ်။ ပမာဏကတော့ သိပ်မများပါဘူး၊ နတ်ဆိုးသလင်းကျောက်ဆယ်သန်းလောက်ပါပဲ။ ဒါဆို ဒီကိစ္စကို သင်ပုန်းချေလိုက်မယ်။ မဟုတ်ရင်တော့ ခင်ဗျားက သူ့ကို ကာကွယ်မယ်ဆိုရင်တောင် သူက သေရလိမ့်မယ်”
လူအိုကြီးက မျက်မှောင်ကြုတ်ကာ ပြောသည် “လူငယ်လေး၊ တရားမလွန်ပါနဲ့။ နတ်ဆိုးသလင်းကျောက်ဆယ်သန်းက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့စွမ်းရည်နဲ့ ဒီလိုကြီးမာားတဲ့ပမာဏတစ်ခုကို ထုတ်ပေးဖို့က ခက်ခဲလိမ့်မယ်”
“ဒါဆို ခင်ဗျားက ကတိကို ဖျက်သိမ်းချင်တာလား”ထန်ရှုက မေး၏။
လူအိုကြီးက အေးစက်စွာ ပြုံးလိုက်ပြီး ထန်ရှု၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ထန်ရှုက လူအိုကြီးဆိုက်ကာမောကို ထုတ်ကာ ပြုံးရယ်လိုက်၏ “နီဖက်စ်မြို့ထဲမှာ အန္တိမအရှင်တွေ ဘယ်လောက်ထိ ရှိသလဲဆိုတာ၊ မြို့ထဲမှာ ဘယ်လောက်များတဲ့ကျွမ်းကျင်သူတွေက ခင်ဗျားအတွက် သူတို့ရဲ့အသက်ကို ပေးဖို့ ဆန္ဒရှိသလဲဆိုတာ ကျုပ် တကယ်ပဲ သိချင်တယ်။ ခင်ဗျားက တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ခင်ဗျားနဲ့ အဆုံးထိ ပူးပေါင်းပေးဖို့ ဆန္ဒရှိပါတယ်”
ထိုသို့ပြောရင်း သူက ပင်လယ်လမ်းဘုရင်နှင့်အခြားသူများကိုလည်း ခေါ်ထုတ်လိုက်သည်။ ထို့နောက် သူတို့ခုနှစ်ယောက်က လူအိုကြီးအား သတ်ဖြတ်ခြင်းစိတ်အပြည့်နှင့် စိုက်ကြည့်လိုက်ကြ၏။
လူအိုကြီး၏အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ဤဆန်းကြယ်သောလူငယ်တွင် နောက်လိုက်အနေနှင့် အန္တိမအရှင်နှစ်ယောက်နှင့်နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်တို့ ရှိလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။ သူ၏သတ်ဖြတ်ခြင်းဆန္ဒက ရုတ်ချည်း ပျောက်ကွယ်သွားပြီး လက်ကို ဝှေ့ယမ်းကာ ခါးသီးသောအပြုံးဖြင့် ဆိုလိုက်၏ “ကောင်းပါပြီ။ မင်းတို့အားလုံးက တကယ်သန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ အာသာအတွက် နတ်ဆိုးသလင်းကျောက်ဆယ်သန်းကို ငါ ပေးပါ့မယ်”
ထန်ရှုက ပြော၏ “စကားပုံအတိုင်းပဲ၊ ဉာဏ်ရှိတဲ့လူတစ်ယောက်က အခြေအနေကို သိတယ်တဲ့။ ခင်ဗျားက ဒီမြို့မှာ နှစ်ပေါင်းနှစ်သောင်းလောက် နေခဲ့မှတော့ လူသူများတဲ့ကျွမ်းကျင်သူတစ်ယောက်လို့ ကျုပ် ယူဆတယ်။ ခင်ဗျားကို ဘယ်လိုခေါ်လို့ရနိုင်မလဲ”
“မျက်နှာမည်းတစ္ဆေအင်ပါယာ” နတ်ဆိုးသလင်းကျောက်ဆယ်သန်းကို ထန်ရှုထံ လွှဲပေးပြီးနောက် လူအိုကြီးက ပြန်ဖြေသည်။
ထန်ရှုက ထိတ်လန့်သွားသည်။ အတိတ်တွင် သူက ဤနာမည်အား မရေမတွက်များစွာ ကြားဖူးသည်၊ ထိုလူက အနည်းဆုံးအလယ်ဆင့်အန္တိမအရှင်တစ်ယောက်လောက် သန်မာကာ တစ္ဆေကမ္ဘာ၏ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ယောက်လည်း ဖြစ်၏။
ထန်ရှုက လက်သီးဆုပ်ကာ ပြောလိုက်သည် “ဒါဆို ဒါက ကျော်ကြားတဲ့တစ္ဆေအင်ပါယာပေါ့။ ငါတို့ရဲ့ပထမဆုံးတွေ့ဆုံပွဲက ဒီလိုဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မင်းရဲ့ခွန်အားကို ငါ ကောင်းကောင်းသိတယ်၊ ဒါကြောင့် မင်းကို ရန်စမိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါတို့က ဒီတစ်ကြိမ် နီဖက်စ်မြို့ကို လာတာ ပစ္စည်းအချို့ ဝယ်ယူရုံပါပဲ၊ ကိစ္စတွေ ပြီးတာနဲ့ ဒီနေရာက ချက်ချင်း ထွက်သွားမှာပါ”