ငှက်တွေက အစာအတွက် သေရသလို လူတွေက ကြွယ်ဝမှုအတွက် သေရလိမ့်မယ်
Vol. 101 Ch. 1394
သူ၏မြေးမလေးက တစ်ခုခုမှားယွင်းနေသည်ကို ဇီယင်ရှို့က သတိပြုမိလိုက်သည်။
ဇီထုံက မှင်တက်လျက် သူမ၏နှလုံးက မယုံကြည်နိုင်မှုနှင့်အတူ တုန်လှုပ်နေတော့သည်။ သူမဘိုးဘေး၏မေးခွန်းကို ကြားပြီးနောက် သူမက သတိပြန်ဝင်လာကာ ထစ်ထစ်ငေါ့ငေါ့နှင့် ဖြေလိုက်သည် “ဘိုး…ဘိုးဘေး…ငါ…ငါ့ရဲ့ခန္ဓာကိုယ်က…”
ဇီယင်ရှို့၏အမူအရာက ပြောင်းလဲသွားသည်၊ သူက ဇီထုံ၏လက်ကောက်ဝတ်ကို ချက်ချင်း ကိုင်ကာ သူမ၏သွေးကြောကို စစ်ဆေးပြီး သူမ၏ခန္ဓာကိုယ်အတွင်းပိုင်းအား စိတ်ဝိညာဉ်အာရုံနှင့် လေ့လာလိုက်သည်။ ထို့နောက် မကြာခင်တွင် သူက မယုံနိုင်သောအမူအရာတစ်ခုဖြစ်သွား၏။
“အထီးကျန်ဆေးပင်ရဲ့အရွက်လား”
ဇီထုံက မသေချာသောလေသံနှင့် ဖြေသည် “ဘိုးဘေး…သူ…အဲလူက ငါ့ရဲ့နောက်ကျောကို သူ့လက်နဲ့ ထိလိုက်တဲ့အချိန်မှာ အထီးကျန်ဆေးပင်က ငါ့ရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားတာကို ငါ သတိမထားမိခဲ့ဘူး။ ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဒဏ်ရာက လျင်မြန်စွာ ပြန်ကောင်းလာနေပြီ”
ဇီယင်ရှို့က အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်သည် “ဒါဆို သူက မင်းကို အရှက်ခွဲချင်တာမဟုတ်ဘဲ မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဒဏ်ရာရတာကို တွေ့လိုက်တဲ့အတွက် ဒီအထီးကျန်ဆေးပင်ကို ပေးချင်ခဲ့တာပဲ။ ဒါဆို မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဒဏ်ရာကို လုံးဝကုသနိုင်ပြီ။ ထုံလေး…ထုံလေး…ဘာလို့ မင်းက ငေးကြောင်ကြောင်ဖြစ်နေပြန်တာလဲ”
ဇီထုံက သူမ၏ဘယ်ဘက်လက်ကို မြှောက်ကာ ရေရွတ်လိုက်သည် “ဘိုးဘေး၊ ငါ့ရဲ့လက်က…”
ဇီယင်ရှို့၏အမူအရာက ပြောင်းလဲသွားသည်၊ သူက ဇီထုံ၏ဘယ်လက်ကို ချက်ချင်း ကိုင်လိုက်သည်၊ စိတ်ဝိညာဉ်အာရုံနှင့် လေ့လာပြီးနောက် မယုံကြည်သောအကြည့်တစ်ခုက သူ့ထံ၌ ထပ်မံထွက်ပေါ်လာသည်။
“ခရမ်းရောင်သန္တာမဟူရာရဲ့မူလအဆီအနှစ်လား”ဇီယင်ရှို့က ရေရွတ်လိုက်သည်။
ဇီထုံက ပြော၏ “ဘိုးဘေး၊ ဒါက ငါ့ရဲ့လက်ထဲမှာ ဘယ်လို ထွက်ပေါ်လာသလဲဆိုတာ မသိပေမယ့် သူက…အဲလူက ငါ့ရဲ့ဘယ်လက်ကို ဆုပ်ကိုင်ခဲ့တာကိုတော့ ငါ မှတ်မိတယ်။ သူက…”
ဇီယင်ရှို့၏အမူအရာက ပိုတောင် ရှုပ်ထွေးသွားသည်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူ့မြေးမလေးအား နှောင့်ယှက်ခြင်းမဟုတ်ဘဲ သူမအား ရတနာများပေးကမ်းခြင်းသာ ဖြစ်သည်ကို သဘောမပေါက်လျှင် သူက အလွန်တုံးအရာကျပေလိမ့်မည်။
“ငါ နားမလည်တော့ဘူး”ဇီထုံက မျက်မှောင်ကြုတ်လျက် ဖြည်းဖြည်းချင်း ပြောသည် “ငါတို့က ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်နဲ့ အသိအကျွမ်းတွေ မဟုတ်ပါဘူး၊ သူ့နာမည်ကိုတောင် လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်လောက်မှ သိခဲ့တာ။ ဒါဆို ဘာလို့ မင်းအတွက် အကောင်းဆုံးဖြည့်စွက်စာတွေဖြစ်တဲ့ရတနာနှစ်ခုကို သူက ရုတ်တရက် ပေးခဲ့ရတာလဲ”
ဇီထုံက မေးလိုက်၏ “ဘိုးဘေး၊ အထီးကျန်မြက်က အင်မော်ဝယ်စိတ်ဝိညာဉ်ဒဏ်ရာကို ကုသဖို့တွက် ကောင်းမွန်တဲ့ဖြည့်စွက်စာတစ်ခုဆိုတာ ငါ သိပေမယ့် အဲဒီခရမ်းရောင်ပစ္စည်းက ဘာလဲ။ ဒါနဲ့ ပတ်သက်ပြီး ငါ မမြင်ဘူးသလို တစ်ခါမှလဲ မကြားဖူးဘူး”
ဇီယင်ရှို့က ရှင်းပြလိုက်သည် “အဲဒါက ခရမ်းရောင်သန္တာမဟူရာမှာ ပါဝင်တဲ့ အဆီအနှစ်ပဲ။ ခရမ်းရောင်သန္တာမဟူရာတွေက လက်နက်တွေ သန့်စင်ဖို့အတွက် ကောင်းမွန်တဲ့ပစ္စည်းဖြစ်ပြီး မဟာကျွမ်းကျင်သူတစ်ယောက်က ၎င်းရဲ့အဆီအနှစ်ကို ထုတ်ယူပြီး အမျိုးမျိုးအသုံးပြုနိုင်တယ်၊ ဉပမာ ဆေးလုံးသန့်စင်တာမျိုးပေါ့။ ပြီးတော့ မင်းလက်ထဲက ပစ္စည်းက ခရမ်းရောင်သန္တာမဟူရာရဲ့မူလအဆီအနှစ်ပဲ။ အခု အဲဒါက မင်းမှာ ရှိတဲ့အတွက် အနာဂတ်မှာ မင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကို မသိမသာလွှမ်းမိုးပြီး မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကို ပိုသန်မာစေလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက ဆက်တိုက်တိုးတက်ပြီး ခန္ဓာကိုယ်ကို သန့်စင်စရာမလိုဘဲ မင်းက ပိုမြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်”
ဇီထုံက အံ့အားသင့်လျက် မေးသည် “တကယ်လား”
“ဒါနဲ့ ပတ်သက်ပြီး သံသယရှိစရာမလိုဘူး”ဇီထုံက သက်ပြင်းချလိုက်သည် “အဲဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က တကယ်ကို လက်ဖွာပြီး သူ့ရဲ့လုပ်ဆောင်တဲ့ပုံစံက ဆန်းကြယ်တယ်။ အစမှာတော့ သူက နှိမ့်နှိမ့်ချချနေခဲ့ပြီး အင်မော်တယ်ကမ္ဘာရဲ့ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လာခဲ့တယ်။ နောက်တော့ သူက မဟာထန်အင်ပါယာကို တည်ထောင်ပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တယ်။ အခု နီဖက်စ်မြို့ထဲမှာ သူက ဝင့်ကြွားတဲ့ပုံစံကို ပြခဲ့တယ်။ သူက မျက်နှာတစ်ထောင်ရှိပုံရပြီး ဘယ်တစ်ခုက သူ့ရဲ့အစစ်အမှန်လဲဆိုတာ ငါ မသေချာဘူး”
မသေချာသောအလင်းတစ်ခုက ဇီထုံ၏မျက်လုံးများထဲ၌ လက်သွားလျက် သူမက မေးလိုက်၏ “ဘိုးဘေး၊ ဧကရီဘုရင်မက သူ့ကို ဖော်ထုတ်နိုင်မယ်လို့ ထင်လား”
ခဏစဉ်းစားလိုက်ပြီးနောက် ဇီထုံက တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပုံရသည်၊ ထို့ကြောင့် သူက သူမထံ အသံနိမ့်လျက် ဖြေလိုက်၏ “ဧကရီဘုရင်မနဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်တို့က အနည်းငယ်တူတယ်၊ နှစ်ယောက်လုံးက အင်မော်တယ်ကမ္ဘာမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြပြီး ကြီးမားတဲ့ကြွယ်ဝမှုပမာဏကို ပိုင်ဆိုင်တယ်။ သူတို့နှစ်ယောက်လုံးမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တပ်ဖွဲ့တွေရှိပြီး အန္တိမအရှင်တစ်ယောက်ရဲ့အကာအကွယ်လဲ ရှိတယ်”
နီဖက်စ်ချောက်နက်၏ဆဌမအလွှာသို့ ပြန်ရောက်လာပြီးနောက် ထန်ရှုနှင့်လင်းယုန်ငှက်တို့က ပျောက်ဆုံးနီဖက်စ်တောအုပ်သို့ ဉီးတည်ကာ အသင်္ချေစိတ်ဝိညာဉ်နန်းတော်သို့ ရောက်ရှိသွား၏။ ဝေဒါရာညီအကိုလေးယောက်ကို စုဝေးစေပြီးနောက် သူက ပြောသည် “မင်းတို့ရဲ့အသင်္ချေစိတ်ဝိညာဉ်နန်းတော်ကို သိမ်းပြီး ငါ့ရဲ့ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲ ဝင်လာကြ။ ပြီးတော့ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှာ ငါ ချိတ်ပိတ်ထားတဲ့ဧရိယာတစ်ခုရှိတယ်၊ ဒါကြောင့် အထဲကို အတင်းမဝင်ဖို့ ဂရုစိုက်ကြပါ”
“နားလည်ပါပြီ”
ညီအကိုလေးယောက်က ထန်ရှုနှင့်အတူ အသင်္ချေစိတ်ဝိညာဉ်နန်းတော်မှ ထွက်လာပြီး အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ပုလင်းတစ်သောင်းအား သူ့ထံ ပေးလိုက်သည်၊ ထို့နောက် သူတို့က အသင်္ချေစိတ်ဝိညာဉ်နန်းတော်ကို သိမ်းကာ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်သွားကြ၏။
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်အနည်းငယ်က အဝေးမှ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြသည်၊ သူတို့၏မျက်လုံးများက အေးစက်သောအကြည့်များနှင့် ထန်ရှုနှင့်လင်းယုန်ငှက်တို့အား ကြည့်လိုက်ကြသည်။ အသင်္ချေစိတ်ဝိညာဉ်နန်းတော်နှင့်ဝေဒါရာတို့ညီအကိုလေးယောက်က အတူတူပျောက်ကွယ်သွားသောကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ရှိ၏။ သူတို့က ကောင်းကင်ဘုံစံအိမ်ထဲကို ဝင်ကာ ဤလူနှင့်အတူ ပျောက်ဆုံးနီဖက်စ်တောအုပ်မှ ထွက်သွားရန် စီစဉ်နေခြင်းသာ ဖြစ်ရမည်။
ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်သည် “လင်းယုန်ငှက်၊ တိုက်ပွဲအတွက် ပြင်ဆင်ထားတော့”ထိုသို့ပြောရင်း သူက အထွတ်အထိပ်အုပ်ချုပ်သူ၊ ပင်လယ်လမ်းဘုရင်၊ ရွှေမျက်လုံးမဟာဖမ်းနှင့် အောက်ပင်လယ်ဝေလငါးဘုရင်တို့လေးယောက်ကို ကောင်းကင်ဘုံစံအိမ်ထဲမှ ထုတ်လိုက်သည်။ ရှေးစကားပုံအတိုင်းပင်၊ ငှက်များက အစာအတွက် သေကြရသည်၊ လူများက ချမ်းသာကြွယ်ဝမှုအတွက် သေကြရပေလိမ့်မည်။ ဝေဒါရာမိသားစုက ပျောက်ဆုံးနီဖက်စ်တောအုပ်ထဲတွင် နှစ်တစ်သောင်းကျော် နေကာ အသင်္ချေစိတ်ဝိညာဉ်ဝိုင်ကို ရောင်းချခဲ့သောကြောင့် သူတို့လက်ထဲ၌ ကြွယ်ဝမှုအမြောက်အများရှိသည်ကို လူတိုင်းက သိကြ၏။
ပျောက်ဆုံးနီဖက်စ်တောအုပ်၏စည်းမျဉ်းက တောအုပ်အတွင်း၌ မည်သူမှ တိုက်ခိုက်ရန် ခွင့်မပြုပေ။ သို့သော် တောအုပ်မှ ထွက်ခွာသွားသည်နှင့် လုယက်လိုသည့်ကျွမ်းကျင်သူများ၏တိုက်ခိုက်သတ်ဖြတ်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
မျှော်လင့်ထားသလိုပင်၊ သူတို့က ပျောက်ဆုံးနီဖက်စ်တောအုပ်မှ မထွက်ခွာခင်လျှင်ပင် ကျွမ်းကျင်သူဆယ်ယောက်ပတ်လည်က သူတို့နောက်မှ လိုက်လာသည်ကို ထန်ရှုတို့အဖွဲ့က တွေ့ရှိလိုက်သည်။
“လင်းယုန်ငှက်၊ ငါတို့ကို ခေါ်ပြီး ရှေ့ကို ပြေးတော့”သူတို့က ပျောက်ဆုံးနီဖက်စ်တောအုပ်မှ ထွက်လာသည်နှင့် ထန်ရှုက အမိန့်ပေးလိုက်၏။
“နားလည်ပါပြီ…”
လင်းယုန်ငှက် သူ၏အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်ကာ ထန်ရှုနှင့်အခြားသူများအား ရစ်ပတ်လိုက်သည်၊ ထို့နောက် သူက ဆဠမအလွှာ၏ဝင်ပေါက်ဆီသို့ အမြန်ဆုံး ပြေးသွားသည်။ ကမ္ဘာအားလုံးမှ ကျွမ်းကျင်သူများက လေးယောက်၊ ငါးယောက်စီ အုပ်စုလိုက် ထွက်ပေါ်လာကာ သူ့အား တားဆီးခဲ့သောကြောင့် လင်းယုန်ငှက်၏အရှိန်အဝါက မြင့်တက်သွားပြီး သူက လှံချွန်ကို အရူးအမူး ဝှေ့ယမ်းကာ အရှေ့ရှိ ရန်သူအားလုံးအား ဖယ်ထုတ်လိုက်၏။
“အမှောင်အတားအဆီး…”
“ကောင်းကင်ဘုံမွန်းစတားကွန်ရက်…”
“အသုရာဒိုင်းကာ…”
အဆင့်မြင့်ခံစစ်နတ်ဆိုး၊ မွန်းစတားနှင့်အသုရာအသုံးအဆောင်ပစ္စည်းများက သူ့အား တစ်ခုပြီးတစ်ခု တားဆီးလာသောကြောင့် လင်းယုန်ငှက်က ထန်ရှုတို့အား အရင်သွားခိုင်းလိုက်သည်။
“သူတို့အားလုံးကို သတ်…”ထန်ရှုက လူအိုကြီးဆိုက်ကာမောနှင့်ဝေဒါရာတို့ညီအကိုလေးယောက်ကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းမှ ထုတ်ကာ တိုက်ပွဲထဲသို့ ပါဝင်လိုက်သည်။ ထို့နောက် သူတို့ဆယ့်တစ်ယောက်က ရှေ့သို့ တိုးကာ သွားရင်း သတ်ဖြတ်မှုတစ်ခုကို စတင်၏။ သူတို့အနားတစ်ဝိုက်ပတ်ဝန်းကျင်ဧရိယာက အလောင်းများဖြင့် တဖြည်းဖြည်း ပြည့်နှက်လာတော့၏။
နှစ်ရက်ကြာ ခရီးဆက်ရင်း သတ်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူတို့က ပဉ္စမအလွှာသို့ ရောက်ရှိလာသည်။ သို့သော် သူတို့၏ချမ်းသာကြွယ်ဝမှုကို လုယက်ချင်သည့် ကျွမ်းကျင်သူများ၏အရေအတွက်က စိတ်ကူးထားသည်ထက် အများကြီးကျော်လွန်သည်။ သူတို့က ပဉ္မအလွှာ၏ဝင်ပေါက်သို့ ရောက်သည်အချိန်တွင် သူတို့အရှေ့၌ ကျွမ်းကျင်သူရာအနည်းငယ်ရှိပြီး သူတို့အနောက်မှလည်း အဆက်မပြတ်လိုက်လာနေကြ၏။
သို့သော် ထန်ရှုတို့အဖွဲ့တွင် တိုက်ပွဲအတွေ့အကြုံများသည့်အန္တိမအရှင်နှစ်ယောက်နှင့် ပင်လယ်လမ်းဘုရင်တို့လို အကျဉ်းသားပြိုင်ကွင်း၏သေခြင်းစစ်သည်များလည်း ရှိသည်၊ ထို့ကြောင့် သူတို့က အဆင့်တူရန်သူများအား အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ထို့ကြောင့် သူတို့၏အရှိန်က လျော့ကျနေသော်လည်း သူတို့က သွေးခင်းလမ်းတစ်ခုအား ဆက်လျှောက်သွားနေတုန်းပင်။
စတုတ္ထ၊ တတိယနှင့် ဒုတိယအလွှာရှိ လမ်းများတစ်လျှောက် သူတို့က သတ်ဖြတ်ခဲ့သည်။ သူတို့ဆယ့်တစ်ယောက်က ပထမအလွှာတို့ ရောက်ရှိချိန်တွင် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်ကျော်အား သတ်ဖြတ်ခဲ့ပြီဖြစ်၏။
“ရပ်…”ပထမအလွှာ၏ဝင်ပေါက်တွင် ရပ်ကာ ထန်ရှုက သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ သူ့လူအားလုံးက ဒဏ်ရာရရှိထားသော်လည်း တစ်ခုမှ သေစေနိုင်သောဒဏ်ရာများမဟုတ်ကြပေ။ ရပ်တန့်ပြီးနောက် သူတို့က ခရမ်းရနံ့ဆေးလုံးများကို သုံးလိုက်ကြ၏။
“မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါတို့ကို လာတိုက်ခိုက်စမ်းပါ”ထန်ရှုက သူ့အရှေ့ရှိ အန္တိမအရှင်ကို ရန်စလိုက်သည်။
ဤနတ်ဆိုးဧကရာဇ်က ယခုမှထွက်ပေါ်လာသည့် တစ်ဉီးတည်းသောအန္တိမအရှင်ဖြစ်သည်။ သူ့နဖူးတွင် ရှည်လျားသောဉီးချိုတစ်ခုရှိပြီး လက်ထဲ၌ အဆင့်ကိုးနတ်ဆိုးခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားသည်။ သွေးများက သူ့ရင်ဘက်ရှိ ဒဏ်ရာမှ တစိမ့်စိမ့်ထွက်နေသည်၊ သို့သော် သူ့အတွက် ဘာမှမဖြစ်သလိုပင်။ ထန်ရှုက နတ်ဆိုးဧကရာဇ်၏စိတ်အား သက်တံအိပ်မက်ပုံရိပ်ယောင်ပိုင်နက်နှင့် လွှမ်းမိုးပြီးနောက် လူအိုကြီးဆိုက်ကာမောက နတ်ဆိုးဧကရာဇ်ထံ ဤပြင်းထန်သောတိုက်ခိုက်မှုအား ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
ထန်ရှုက သူ့ရှေ့ရှိ နတ်ဆိုးဧကရာဇ်အား ရန်စသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ အော်ပြောလိုက်၏ “မဟာထန်အင်ပါယာမှာ တိုက်ခိုက်ရင်း ရဲဝံ့စွာ သေမယ့် စိတ်ဝိညာဉ်တွေသာ ရှိတယ်၊ သူရဲဘောကြောင်သူတွေ တစ်ယောက်မှ မရှိဘူး။ ငါတို့အားလုံးက ဒီနေရာမှာ တိုက်ခိုက်ရင်း သေမယ် ဒါမှမဟုတ် ဒီနေ့မှာ မင်းတို့လို အရှက်မရှိတဲ့လူဆိုးသူခိုးတွေအားလုံးကို ဖယ်ရှားရှင်းလင်းပစ်မယ်။ ငါ့ကို ပြောစမ်းပါ၊ ငါ့ကောင်တို့၊ ဒါကို အောင်မြင်ဖို့အတွက် မင်းတို့က ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြလား”
“ငါတို့က ဆန္ဒရှိပါတယ်”အခြားဆယ်ယောက်က ပြန်ဖြေကာ ရူးသွပ်သောအမူအရာများကို ထုတ်ပြလိုက်ကြ၏။
ရန်သူတစ်ရာနီးပါးက လုံးဝထိတ်လန့်တုန်လှုပ်သွားကြသည်။ ဝေဒါရာမိသားစု၏ကြွယ်ဝမှုနောက်သို့ လိုက်လံနေစဉ်အတွင်း ဒီလိုပြတ်သားသောပုဂ္ဂိုလ်များနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားကြပေ။ သူတို့က လူဆိုးသူခိုးအပြစ်သားများဖြစ်ကြသော်လည်း သူတို့နှင့်ညီတူညီမျှစွာပင် သူတို့အရှေ့ရှိ အင်မော်တယ်များ၏နည်းလမ်းများက ရက်စက်ကြမ်းကြုတ်ကာ အကြင်နာကင်းမဲ့လှသည်။
ငှက်များက အစာအတွက် သေကြသလို လူများက ချမ်းသာကြွယ်ဝမှုအတွက် သေကြပေလိမ့်မည်။
သူတို့က ထိုစကားလုံးများ၏အဓိပ္ပါယ်ကို နားလည်သည်၊ သူတို့က ကြွယ်ဝမှုအတွက် ဘာမဆိုလုပ်ရန် ဆန္ဒရှိသည်။
“နီဖက်စ်မြို့ထဲမှာ သုံးစွဲခဲ့တဲ့ သလင်းကျောက်အဆီအနှစ်နှစ်ဘီလီယံနီးပါးကို မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်နေရာက ရသလဲဆိုတာ လူတော်တော်များများက သိချင်နေကြတယ်။ အခုတော့ ငါ ရှင်းလင်းသွားပြီ၊ သူက ဝေဒါရာမိသားစုကနေ ရခဲ့တာပဲ။ သူတို့က ပိုင်ဆိုင်သမျှအားလုံးကို သုံးစွဲခဲ့ပြီးဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်တိုက်ခိုက်နေမယ်ဆိုရင်တောင် ငါတို့က ဘာမှ ရမှာမဟုတ်တော့ဘူး။ နောက်ဆုတ်လိုက်ကြရအောင်”
ဤအချိန်တွင် မွန်းစတားကမ္ဘာမှ မွန်းစတားဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
သူက အကျယ်ကြီး မပြောခဲ့သော်လည်း နတ်ဆိုး၊ မွန်းစတားနှင့် အသုရာကမ္ဘာတို့သာမက အင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်သူဒါဇင်ကျော်ကပါ ၎င်းကို ရှင်းလင်းစွာ ကြားရသည်။ သူတို့အားလုံး၏အကြည့်များက စကားပြောခဲ့သည့်မွန်းစတားဗိုလ်ချုပ်ပေါ်သို့ အာရုံစိုက်လာကြသည်။
“မင်းတို့က ငါ့ကို ဘာကြည့်နေတာလဲ။ ငါက အမှန်တရားကို ပြောခဲ့တာပဲ။ သူတို့က နီဖက်စ်မြို့ကနေ ပြန်လာခဲ့ပြီး မြို့ထဲမှာ သလင်းကျောက်အဆီအနှစ်အမြောက်အများသုံးဖြုန်းခဲ့တယ်ဆိုတာကို မျက်နှာမည်းတစ္ဆေဧကရာဇ်ကတောင် သိတယ်”ထိုမွန်းစတားဗိုလ်ချုပ်က နက်ရှိုင်းသောအသံနှင့် ဆိုလိုက်သည်။
နောက်အခိုက်အတန့်တွင် ထန်ရှုတို့အဖွဲ့နောက်သို့ လိုက်လာသည့် ကျွမ်းကျင်သူအားလုံးက အချင်းချင်း ဆွေးနွေးလိုက်ကြသည်၊ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြ၏။ ထို့နောက် သူတို့က ငါးရာကီလိုမီတာအကွာတွင် ရပ်ကာ အနေအထားက ဘယ်လိုဖြစ်မည်ကို စောင့်ကြည့်နေလိုက်သည်။ အနေအထားက ယခုလို ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ထန်ရှုပင် မမျှော်လင့်ထားပေ။