← Chapters

သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်း၏သနားစရာကောင်းသောအခြေအနေ

Vol. 101 Ch. 1395

သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်း၏သနားစရာကောင်းသောအခြေအနေ

Vol. 101 Ch. 1395

နတ်ဆိုးဗိုလ်ချုပ်၏စကားများက လိုက်လာသူတစ်ဝက်နီးပါးအား နောက်ဆုတ်သွားစေလိမ့်မည်ဟု နတ်ဆိုးကမ္ဘာ၏နတ်ဆိုးဧကရာဇ်က မမမျှော်လင့်ထားပေ။ သူက ခဏတာ နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုနှင့်အခြားသူများအား သတ်ဖြတ်လိုစိတ်နှင့် ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြုံးရယ်လိုက်၏ “မဟာထန်အင်ပါယာက ၎င်းရဲ့ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ။ အင်ပါယာကို တည်ထောင်ပြီးနောက် ပိုင်နက်လေးခုကို သိမ်းပိုက်နိုင်တာက ပိုတောင် အံ့ဩစရာကောင်းတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ဒီကနေ ဘယ်ဘက်ကမှ အကျိုးအမြတ်မရဘူးလို့ ယုံကြည်နေမှတော့ ငါတို့တွေအနေနဲ့ ဆက်ပြီး တိုက်ခိုက်နေဖို့ မလိုတော့ဘူး။ မင်းတို့ အခု ထွက်သွားလို့ရပြီ…”

ထန်ရှုက ပြုံးရယ်လျက် မေးလိုက်သည် “မင်းရဲ့နာမည်ကို သိလို့ရမလား”

“မိုရိုဒန်” နတ်ဆိုးဧကရာဇ်က နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။

ထန်ရှုက ပြုံးရယ်ကာ ပြောသည် “မင်းရဲ့နာမည်ကို မှတ်ထားပါ့မယ်၊ နောက်ထပ် ငါတို့တွေ ထပ်တွေ့ဖို့ နေ့ရက်မရှိဖို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် အဲအချိန်ကျရင် မင်းကို အဆုံးသတ်ဖို့ ငါက အားနာနေမှာ မဟုတ်ဘူး”

မိုရိုဒန်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးရယ်လိုက်သည် “အဲနေ့ကို ငါက စောင့်မျှော်နေပါ့မယ်”

နောက်အခိုက်အတန့်တွင် ထန်ရှုတို့နောက်သို့ လိုက်နေသာ လူတစ်ရာနီးပါးက နီဖက်ချောက်နက်ထဲသို့ ပြန်ဆုတ်သွားကြသည်။ ထန်ရှုက မန္တန်တစ်ခုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ရေဖြင့် ဆေးကြောပြီးနောက် ရှုံ့မဲ့စွာ ပြုံးလိုက်၏ “ကြွယ်ဝမှုအတွက် နီဖက်ချောက်နက်ရဲ့ကျွမ်းကျင်သူတွေက ငါတို့နောက်ကို ဒီလောက်ထိ အရုးအမူးလိုက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

လူအိုကြီးဆိုက်ကာမောက သက်ပြင်းချလိုက်သည် “ငှက်တွေက အစာအတွက် သေကြသလို လူတွေက ချမ်းသာကြွယ်ဝမှုအတွက် သေကြတာပဲ။ ဒီစကားတွေက အခြေအမြစ်မရှိတဲ့စကားတွေ မဟုတ်ဘူး။ နီဖက်စ်ချောက်နက်မှာ နေတဲ့ ကျွမ်းကျင်သူအချို့က အားကောင်းတဲ့ရန်သူတွေကို ဆန့်ကျင်ခဲ့မိလို့ ဒီနေရာမှာ ပုန်းနေတာပဲ။ အခြားသူတွေကတော့ ကြွယ်ဝမှုကို ရှာဖို့အတွက် ဒီနေရာကို လာကြတာပဲ”

ထန်ရှုက ပြုံးရယ်လိုက်သည် “သူတို့က ဒီနေရာက ဘာအတွက်ပဲလာလာ၊ အဆုံးသတ်မှာ ငါတို့က အနိုင်ရခဲ့တယ်။ ဒါကြောင့် ဒါက ထိုက်တန်ပါတယ်”

လူအိုကြီးဆိုက်ကာမောက ခပ်ဖျော့ဖျော့ပြုံးကာ တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။ သို့သော် အခြားသူများ၏ထန်ရှအပေါ် အကြည့်က အနည်းငယ်ခြားနားသည်၊ ထန်ရှုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အထွတ်အထိပ်သို့ မရောက်သေးသော်လည်း သူထုတ်ဖော်ခဲ့သည့်ခွန်အားက နှောင်းပိုင်းပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်နှင့် ယှဉ်နိုင်သည်ကို သူတို့က အာရုံခံနိုင်သည်။

ထို့ပြင် ပိုအရေးကြီးသည်ကတော့ သူ့တွင် နတ်ဘုရားစွမ်းအားများနှင့် ဆန်းကြယ်သောပညာရပ်များစွာ ရှိသည်။ လွန်ခဲ့သောဆယ့်ငါးရက်တာ တိုက်ပွဲအတွင်း သူက မရေမတွက်နိုင်သောလှည့်ကွက်များကို ထုတ်ပြခဲ့ပြီး သူတို့တစ်ခုချင်းစီက သူတို့၏အမြင်ကို ကျယ်ပြန့်စေခဲ့သည်။

“ပြန်ကြစို့”ထန်ရှုက ပြုံးရယ်ကာ ဝင်ပေါက်ကို ဖြတ်၍ နီဖက်စ်ချောက်နက်မှ ထွက်သွားလိုက်သည်။

အပြန်ခရီးတွင် ထန်ရှုနှင့်အခြားသူများက မြန်နိုင်သမျှ အမြန်ဆုံး ခရီးနှင်သည်၊ နှစ်ဝက်အတွင်း သူတို့က အင်မော်တယ်လိုင်ဇီယန်မှ အနည်းငယ် ဝေးကွာသော အင်မော်တယ်ပိုင်နက်များဆီသို့ ရောက်ရှိလာကြ၏။ လက်ကျန်လမ်းခရီးတွင် ဘာပြဿနာတစ်စုံတစ်ရာမှ မရှိလျှင် လအနည်းငယ်ကြာပြီးနောက် သူတို့က မဟာထန်အင်ပါယာသို့ ပြန်ရောက်ရှိပေလိမ့်မည်။

လက်ရှိတွင် ထန်ရှုနှင့်အခြားသူများက ကျယ်ပြောသောဟင်းလင်းပြင်အတွင်းရှိ ဂြိုလ်တစ်ခုပေါ်တွင် အနားယူနေသည်၊ ရွှေအင်မော်တယ်တစ်ဒါဇင်ကျော်က သူတို့အား ဖြတ်ကျော်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူတို့၏ခေါင်းဆောင်ဖြစ်သူပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ရွှေရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည့် အရပ်မြင့်ကာ တောင့်တင်းသန်မာသူတစ်ယောက်ဖြစ်၏။

“မင်းတို့တွေ မြန်မြန်လုပ်ကြ။ ငါ့အတွက် မင်းတို့ရဲ့ခြေထောက်တွေကို မြန်မြန်ရွေ့ကြ။ ငါတို့က သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို ပိုစောရောက်လေလေ၊ ရတနာတွေကို ပိုရနိုင်လေပဲ”တောင့်တင်းသန်မာသည့်ရွှေရောင်ချပ်ဝတ်နှင့်လူက စိတ်မရှည်စွာ ဆိုလိုက်၏။

ထန်ရှုက သူတို့အား ခေါင်းမော့ကာ ကြည့်လိုက်ပြီး ခဏနှုတ်ဆိတ်ပြီးနောက် သူက အမိန့်ပေးလိုက်၏ “သူတို့ကို တားလိုက်”

ဝှစ်…ဝှစ်…

လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့က သူတို့အရှေ့ရှိ အင်မော်တယ်များထံ ပြေးသွားကာ လမ်းပိတ်လိုက်သည်။

လူအိုကြီးဆိုက်ကာမောနှင့်လင်းယုန်ငှက်တို့ပတ်လည်ရှိ အရှိန်အဝါကို အာရုံခံမိသောအခါ ရွှေရောင်ချပ်ဝတ်လူ၏အမူအရာက ပြောင်းလဲသွားသည်၊ ထို့ကြောင့် သူက ချက်ချင်း ပျံတက်လျက် ရိုသေလေးစားစွာ ပြောလိုက်၏ “ဂျူနီယာအလင်းအထွတ်အထိပ်က စီနီယာတို့ကို နှုတ်ဆက်ပါတယ်။ ငါတို့ကို ဘာမေးချင်လို့ လမ်းပိတ်ထားရသလဲဆိုတာ သိလို့ရမလား၊ စီနီယာတို့”

ထန်ရှုနှင့်အခြားသူများက အလင်းအထွတ်အထိပ်အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သူက တစ်ဖွဲ့လုံးအား လှည့်ပတ်ကြည့်ပြီးနောက် မေးလိုက်၏ “ခဏက သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းကို သွားပြီး သူတို့ရဲ့ရတနာတွေကို လုယက်ဖို့ မင်းတို့တွေ ပြောနေတာကို ငါ ကြားတယ်။ သူတို့က အင်မော်တယ်ကမ္ဘာမှာ ဒုတိယဒါမှမဟုတ်တတိယအဆင့်ဂိုဏ်းတစ်ခုသာ ဖြစ်ပေမယ့် မင်းတို့လိုလူတွေက အနိုင်ကျင့်ရလောက်အောင် အားမနည်းဘူးမလား”

ရွှေရောင်ချပ်ဝတ်လူက ရိုသေလေးစားစွာ ပြန်ဖြေသည် “စီနီယာ၊ လက်ရှိအချိန်မှာ အသင်္ချေဓားဂိုဏ်းက သူတို့ရဲ့ခံစစ်ကို အချိန်မရွေး ချိုးဖြတ်နိုင်တဲ့အတွက် သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက သေရေးရှင်ရေးအခြေအနေကို ရောက်နေတာကို မင်း မသိသေးဘူးထင်တယ်။ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ပျက်ဆီးကိန်းက နီးလာပြီဆိုတာကို သဘောပေါက်ပြီးနောက် သန့်စင်မြစ်အင်မော်တယ်ပိုင်နက်အနီးနားမှာရှိတဲ့ အင်မော်တယ်ပိုင်နက်တွေက ဂိုဏ်းများစွာက အသင်္ချေဓားဂိုဏ်းနဲ့ ပူးပေါင်းခဲ့ကြတယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားလျက် သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “အသင်္ချေဓားဂိုဏ်းက ဂိုဏ်းတွေကြား စစ်ပွဲတစ်ခုကို စတင်နေပြီလို့ မင်းက ပြောနေတာလား”

ရွှေချပ်ဝတ်လူက ခေါင်းညိတ်လိုက်သည် “တကယ်ပါပဲ”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လျက် မေး၏ “ဒါဆို မင်းတို့လဲ ပူးပေါင်းတိုက်ခိုက်ဖို့ စီစဉ်နေတာလား”

“ဟုတ်ပါတယ်”ရွှေချပ်ဝတ်လူက ရှုံ့မဲ့စွာ ပြုံးလိုက်၏ “အတိတ်မှာ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကျွမ်းကျင်သူတစ်ယောက်နဲ့ ငါ ရန်ငြိုးတစ်ခုရှိတယ်။ သူတို့က သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အထောက်အပံ့နဲ့ ငါ့ကို အနိုင်ကျင့်ခဲ့တယ်။ ဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီး သူတို့ကို သင်ခန်းစာပေးဖို့ စီစဉ်ထားတယ်”

ထန်ရှုက စိတ်မဝင်စားစွာ အမိန့်ပေးလိုက်၏ “ငါ့အတွက် သူတို့အားလုံးကို သတ်လိုက်”

ဝှစ်…ဝှစ်…

လင်းယုန်ငှက်က ရွှေချပ်ဝတ်လူကို ချက်ချင်း တိုက်ခိုက်သတ်ဖြတ်လိုက်သည်။ သူ့နောက်ရှိ ရွှေအင်မော်တယ်များအတွက်ကတော့ ဆယ့်ငါးမိနစ်အတွင်း ပင်လယ်လမ်းဘုရင်က သူတို့အားလုံးအား သတ်ဖြတ်ခဲ့၏။

“အန္တိမအရှင်ဖြစ်လာပြီးနောက် ခွန်အားပေါက်ကွဲမှုက တကယ်ကို တိုးလာတာပဲ”ပင်လယ်လမ်းဘုရင်က ကျေနပ်စွာ သက်ပြင်းချလိုက်၏။

အပြန်ခရီးတွင် ပင်လယ်လမ်းဘုရင်က နတ်ဘုရားသွေးစက်အနည်းငယ်ကို အသုံးပြုကာ အန္တိမအဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ခဲ့သည်။ ယခု အထွတ်အထိပ်အုပ်ချုပ်သူနှင့်အခြားသူများက ပင်လယ်လမ်းဘုရင်အား အားကျမနာလိုနေတော့၏။ လက်ရှိတွင် သူတို့အားလုံးက သူ့အား ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့က သူ့ပြိုင်ဘက်များမဖြစ်နိုင်တော့ပေ။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့်‌ ပြော၏ “သန့်စင်အင်မော်တယ်ဂိုဏ်းက ငါနဲ့ ဆက်ဆံရေးအချို့ရှိတယ်၊ ဒါကြောင့် သူတို့က အန္တရာယ်ဖြစ်နေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။ သန့်စင်မြစ်အင်မော်တယ်ပိုင်နက်နဲ့ ဒီနေရာက အင်မော်တယ်ပိုင်နက်တစ်ခုပဲ ခြားတယ်၊ ဒါကြောင့် ငါတို့က အမြန်သွားမယ်ဆိုရင် လေးရက်အတွင်းမှာ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ပိုင်နက်ကို ရောက်ရှိလိမ့်မယ်”

“နားလည်ပါပြီ…”သူ့လူများက ဆက်တိုက်ခေါင်းညိတ်လိုက်ကြသည်။

ပင်လယ်လမ်းဘုရင်က အန္တိမအဆင့်သို့ ချိုးဖြတ်ခဲ့သောကြောင့် သူတို့၏ခွန်အားက အရည်အသွေးဆိုင်ရာ တိုးတက်လာခဲ့သည်၊ ထို့ကြောင့် ဂိုဏ်းစစ်ပွဲတစ်ခုထဲသို့ ဖြတ်သွားရလျှင်ပင် သူတို့က ကြောက်ရွံ့မည်မဟုတ်ပေ။

လေးရက်ကြာပြီးနောက် ထန်ရှုနှင့်အခြားသူများက သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာသောအခါ အင်မော်တယ်တစ်သောင်းက ဂိုဏ်းအား ဝိုင်းထားသည်ကို မြင်လိုက်ရသည်။ ထိုအင်မော်တယ်များတွင် ခွန်အားအမျိုးမျိုးရှိပြီး အများစုက သာမန်အင်မော်တယ်များသာ ဖြစ်ကြ၏။ တစ်ချိန်တည်းတွင် ရွှေအင်မော်တယ်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များနှင့်အတူ မြေအင်မော်တယ်နှင့်ကောင်းကင်အင်မော်တယ်များလည်း ရှိကြသည်။

လက်ရှိအချိန်တွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ဖွဲ့နှင့်အတူ အသင်္ချေဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည့်အန္တိမအရှင်မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းအထက်၌ ရပ်နေသည်။ မဟာအစီအရင်နောက်တွင် ရပ်နေသော သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏လက်ကျန်အဖွဲ့ဝင်များကို ကြည့်ကာ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏ “မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ပေမယ့် မင်းတို့က တန်ဖိုးမထားခဲ့ဘူး၊ ဒီအတွက် တစ်ခုတည်းသောရလဒ်က မင်းတို့ရဲ့သေခြင်းတရားပဲ။ ထွက်ပေါက်တွေအားလုံးကို ငါတို့က ပိတ်ဆို့ထားပြီဖြစ်တဲ့အတွက် မင်းတို့ရဲ့သာမန်တပည့်တွေကို မစေလွှတ်နေနဲ့တော့။ အရင်မင်းတို့စေလွှတ်ခဲ့တဲ့တပည့်တစ်ရာက ငါ့အသင်္ချေဓားဂိုဏ်းရဲ့အဖွဲ့ဝင်တွေရဲ့ဓားအောက်မှာ အသက်ပျောက်သွားခဲ့ကြပြီ”

သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏မဟာအကြီးအကဲ၊ သူတို့၏တစ်ဉီးတည်းသော အန္တိမအရှင်ဖြစ်သည့် အန္တိမအရှင်သန့်စင်နွေဉီးက ဒဏ်ရာအပြင်းအထန်ရထားပြီး လက်ရှိတွင် ယာယီဂိုဏ်းချုပ်ဖြစ်သည့်တာအိုသန့်စင်အင်အားက စောင့်ကြပ်ကာကွယ်နေရသည်။ သူကမဟာအစီအရင်၏အခြားတစ်ဖက်တွင် ရပ်နေသော မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

“မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်၊ မင်းက ဘယ်လောက်ပဲ မောက်မာနေပါစေ၊ အချိန်တိုအတွင်းမှာ ငါ့ဂိုဏ်းရဲ့ခံစစ်အကာအကွယ်အစီအရင်ကို မဖျက်ဆီးနိုင်သေးပါဘူး။ အခုလို အာချောင်နေမည့်အစား မင်းရဲ့ခွန်အားကို အစီအရင်ကို ဖျက်ဆီးဖို့ အသုံးချသင့်တယ်လို့ ငါ ထင်တယ်။ မင်းတို့က အစီအရင်ကို ချိုးဖြတ်ပြီးတဲ့အခါကျရင် ငါတို့အားလုံးက ငါတို့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်တွေကို ဖောက်ခွဲပြီး မင်းတို့ရဲ့အသင်္ချေဓားဂိုဏ်းကို ငါတို့နဲ့အတူ ခေါ်သွားပစ်မယ်”ပါးစပ်ပေါ်ရှိ သွေးကို သုတ်ပြီးနောက် အန္တိမအရှင်သန့်စင်နွေဉီးက ခါးသီးစွာ ပြုံးလိုက်၏။

မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူက သရော်လိုက်သည် “ငါတို့က ဆုံးရှုံးမှုကြီးမားမယ်ဆိုရင်တောင် မင်းတို့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို သုတ်သင်ပစ်ရလိမ့်မယ်။ ဒါကြောင့် မင်းရဲ့စကားလုံးတွေနဲ့ ဘယ်သူ့ကိုမှ လှည့်စားနိုင်လိမ့်မှာ မဟုတ်ဘူး။ ငါ့အမိန့်ကို အားလုံးနာခံကြစမ်း။ မင်းတို့က သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ၊ သူတို့ကို တိုက်ခိုက်ရာမှာ ငါတို့ကို ကူညီသရွေ့ မင်းတို့က ငါ့အသင်္ချေဓားဂိုဏ်းရဲ့မိတ်ဆွေတွေပဲ။ ငါတို့က ဒီကြောင်သူတော်တွေကို ဖယ်ရှားပြီးတာနဲ့ မင်းတို့အားလုံးက သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကြွယ်ဝမှုဝေစုတစ်ခုကို ရရှိကြလိမ့်မယ်”

“တိုက်ကြ…”

ဂိုဏ်းကို ဝိုင်းထားသည့် အင်မော်တယ်တစ်သောင်းက သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏ခံစစ်အစီအရင်အား သူတို့၏အားအကောင်းဆုံးတိုက်ကွက်များကို ထုတ်ဖော်လျက် တိုက်ခိုက်လိုက်ကြသည်။ ကာကွယ်ရေးအစီအရင်က စတင်ယိုယွင်းလာပြီး အချိန်မရွေး ပျက်ဆီးသွားနိုင်ပုံရ၏။

ဂိုဏ်းမှ အကွာအဝေးတစ်ခုတွင် ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နတ်ဘုရားအလောင်းအား သူ့သိုလှောင်လက်စွပ်ထဲသို့ ပြောင်းလိုက်သည်၊ ထို့နောက် ကောင်းကင်ဘုံစံအိမ်ကို အထွတ်အထိပ်အုပ်ချုပ်သူထံ လွှဲပေးကာ နက်ရှိုင်းစွာ ပြောလိုက်၏ “မဟာထန်အင်ပါယာကို ချက်ချင်းပြန်၊ အထွတ်အထိပ်အလှလေးနဲ့အော့ဗဆီဒီအမ်အင်မော်တယ်ဖခင်တို့ကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအားလုံးနဲ့ အမြန်လာဖို့ ပြောလိုက်။ အခုပဲ သွားတော့”

“နားလည်ပါပြီ…”

အထွတ်အထိပ်အုပ်ချုပ်သူက ကောင်းကင်ဘုံစံအိမ်ကို လက်ခံပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

အချိန်က တရွေ့ရွေ့နှင့် လျှပ်တစ်ပြက်အတွင်း ဆယ့်သုံးရက်က ကုန်ဆုံးသွားသည်။

ဤဆယ့်သုံးရက်အတွင်း ထန်ရှုနှင့်အခြားသူများက အဝေးတွင် ပုန်းကာ အသင်္ချေဓားဂိုဏ်းနှင့်သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းတို့၏အခြေအနေများအား စောင့်ကြည့်နေလျက်ရှိသည်။

အုံး…

သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏အကာအကွယ်အစီအရင်က ပျက်ဆီးသွားသောကြောင့်‌ မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က ရူးသွပ်စွာ ရယ်မောလျက် အမိန့်ပေးလိုက်သည်။ “ငါ့အမိန့်ကို နာခံကြ။ မင်းတို့ရဲ့ဆန္ဒရှိသလောက် သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေအားလုံးကို သတ်ဖြတ်ဖို့ ငါ ခွင့်ပြုတယ်။ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တွေအားလုံးကို ဖယ်ရှားဖို့ မင်းတို့ပိုင်ဆိုင်သမျှနည်းလမ်းတွေအားလုံးကို လွတ်လွတ်လပ်လပ်အသုံးပြုကြ”

အန္တိမအရှင်သန့်စင်နွေဉီးက ခါးသီးစွာ ပြုံးလိုက်ပြီး‌ နောက်အခိုက်အတန့်တွင် ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူက ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်ဓားတစ်လက်ကို ယူထုတ်သည်၊ ဓားတစ်ချက်ဝှေ့ယမ်းပြီး သူ့ထံ ပြေးဝင်လာနေသော အင်မော်တယ်တစ်ရာလုံးအား သတ်ဖြတ်လိုက်သည်။

“ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို သုတ်သင်ချင်တယ်ဆိုရင် မင်းတို့က ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မယ်။ လာကြစမ်းပါ…”အန္တိမအရှင်သန့််စင်နွေဉီးက ဒေါသတကြီး အော်ပြော၏။

အဝေးတစ်နေရာတွင် လူအိုကြီးဆိုက်ကာမောက အေးစက်သောအကြည့်နှင့် ထန်ရှုအား အသံနှိမ့်လျက် မေးလိုက်၏ “မာစတာ။ ဘယ်အချိန်ကျမှ ငါတို့ စတင်လှုပ်ရှားမှာလဲ”

ထန်ရှုက ပြုံးရယ်လိုက်သည် “အခုပဲ။ သွားကြစို့…”

ဆယ့်ငါးမိနစ်အတွင်း ထန်ရှုတို့က အသင်္ချေဓားဂိုဏ်းနှင့်အခြားအဖွဲ့များနောက်သို့ တိတ်တဆိတ် ရောက်ရှိလာသည်။ ထန်ရှုထံမှ တိုက်ခိုက်ရန် အမိန့်ပေးမှုနှင့်အတူ သူတို့က ရန်သူများအား အရူးအမူး စတင်သတ်ဖြတ်ခဲ့ကြသည်။

All Chapters