သန်မာတဲ့အဖွဲ့က အနိုင်ရမှာပဲ
Vol. 101 Ch. 1396
ထန်ရှု၏လက်အောက်တွင် အန္တိမအရှင်သုံးယောက်ရှိပြီး အခြားသူအားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်။ ထို့ကြောင့် အသင်္ချေဓားဂိုဏ်းက မသိလိုက်ခင်မှာပင် သူတို့က ရန်သူရာချီအား သတ်ဖြတ်နိုင်ခဲ့၏။
သို့သော် သေဆုံးသွားသူအများစုက သာမန်အင်မော်တယ်များ၊ မြေအင်မော်တယ်များနှင့် အားနည်းသောကောင်းကင်အင်မော်တယ်များဖြစ်ကြသည်။ ယခုထိတိုင် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ကိုသာ သတ်ဖြတ်ရသေးသည်။
“မင်းတို့အားလုံးက ဘယ်သူတွေလဲ”သူ၏မွေးရာပါအင်မော်တယ်ဓားကို ထုတ်ကာ ထန်ရှတို့အဖွဲ့အား စိုက်ကြည့်ရင်း မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က အော်ပြောသည်။ သူက အောင်ပွဲခံရန် တစ်လက်မလောက်သာ လိုတော့သည်၊ သို့သော် ကျွမ်းကျင်သူတစ်ဖွဲ့က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ဂိုဏ်း၏အဖွဲ့ဝင်များကို စတင်သတ်ဖြတ်ခဲ့၏၊ ဤအရာက သူ့အား အလွန်မချိတင်ကဲဖြစ်စေသည်။ ထို့ပြင် သူ့အား ပိုဒေါသထွက်စေသည်ကား အခြားတစ်ဖက်တွင် လူဆယ်ယောက်သာ ရှိသော်လည်း အန္တိမအရှင်သုံးယောက်ပါရှိနေခြင်းပင်။
ထန်ရှုက မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်ကို ပြန်မဖြေပေ။ ထို့အစား သူက အန္တိမအရှင်သန့်စင်နွေဉီးအား ကြည့်ကာ အော်ပြောလိုက်၏ “နောက်ကျမှ အတိတ်ကို ပြန်ပြောကြတာပေါ့။ အခုလောလောဆယ် အရင်ဆုံး အသင်္ချေဓားဂိုဏ်းရဲ့အဖွဲ့ဝင်တွေအားလုံးကို ပူးပေါင်းသတ်ဖြတ်ကြရအောင်။ မင်း ဘာပြောချင်လဲ”
သူတို့၏သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းသို့ စစ်ကူများ ရောက်လာလိမ့်မည်ဟု အန္တိမအရှင်သန့်စင်နွေဉီးက မထင်ထားခဲ့ပေ။ တစ်ဖက်အဖွဲ့က လူအနည်းငယ်သာ ရှိသော်လည်း သူတို့အားလုံးက ထိတ်လန့်စရာခွန်အားနှင့်ကျွမ်းကျင်သူများဖြစ်ကြပြီး သူတို့ကြားထဲ၌ အန္တိမအရှင်သုံးယောက်ပင် ရှိသည်။ ဤအရာက သူ့အား မျှော်လင့်ချက်တို့ ပြန်မြင်လာစေ၏။
“ငါတို့ကို ကူညီတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက ဒီကြီးမားတဲ့ကျေးဇူးကို ပြန်ပေးဆပ်ပါ့မယ်။ ဒါဆို ငါတို့တွေ ပူးပေါင်းကြတာပေါ့။ ငါ့အသက်ကိုပေးဆပ်ရမယ်ဆိုရင်တောင် အသင်္ချေဓားဂိုဏ်းရဲ့ခွေးဆိုးတွေအားလုံးကို သုတ်သင်ပစ်ရမယ်”အန္တိမအရှင်သန့်စင်နွေဉီးက အော်ပြောသည်။
အခြားတည်နေရာတစ်ခုတွင် ထာဝရခန်းမမှ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်ကျော်က အဖြစ်အပျက်အလှည့်အပြောင်းအား လေ့လာနေသည်။ ထန်ရှုနှင့်အန္တိမအရှင်သန့်စင်နွေဉီးစကားအပြန်အလှန်ပြောဆိုမှုကို ကြားပြီးနောက် သူတို့အား ဉီးဆောင်လာသည့် လူအိုကြီးက သက်ပြင်းချလိုက်သည် “ကြည့်ရတာ နန်းတော်သခင်လုပ်တာ မှန်ပုံပဲ။ ဘာတစ်ခုမှ မသေချာဘူး။ အသင်္ချေဓားဂိုဏ်းက သံသယရှိစရာမလိုဘဲ အနိုင်ရမယ်ဆိုတာ အခြေအနေတွေက ဖော်ပြခဲ့တယ်။ ဒါပေမယ့် အားကောင်းတဲ့လူတွေက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ သူတို့ထဲမှာ အန္တိမအရှင်သုံးယောက်တောင် ရှိတယ်၊ ငါတို့အားလုံးက ကူညီမယ်ဆိုရင်တောင် အသင်္ချေဓားဂိုဏ်းအနေနဲ့ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို သုတ်သင်ဖို့က ခက်ခဲလိမ့်မယ်”
“မဟာအကြီးအကဲ၊ ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ရိုသေလေးစားစွာ မေးလိုက်သည်။
လူအိုကြီးက နှာခေါင်းရှုံ့ကာ ပြော၏ “အသင်္ချေဓားဂိုဏ်းက ငါတို့ပြုစုပျိုးထောင်ထားတဲ့ခွေးတစ်ကောင်နဲ့ အတူတူပဲ၊ ဒါကြောင့် သူတို့ကို ဒီနေရာမှာ ဆုံးရှုံးမှုကြီးမားစေလို့မရဘူး။ ဒါကြောင့် ငါတို့က ကူညီကြမယ်။ မင်းတို့က အဲဒီရန်သူတွေကို မသတ်နိုင်ဘူးဆိုရင်တောင် အသင်္ချေဓားဂိုဏ်းရဲ့ဆုံးရှုံးမှုတွေက နိမ့်ကျသွားမယ်ဆိုတာ သေချာပါတယ်”
“ရှေ့ကို တက်…”
နေ့တစ်ဝက်ကြာသွားသည်၊ အသင်္ချေဓားဂိုဏ်းပဲဖြစ်ဖြစ်၊ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းပဲဖြစ်ဖြစ်၊ အနေအထားအား အခွင့်ကောင်းယူရန် ရောက်လာသော အဖွဲ့များပင်ဖြစ်ဖြစ်၊ သူတို့အားလုံးက ပျက်ဆီးဆုံးရှုံးမှုများဖြစ်ခဲ့သည်။ သို့သော် ထာဝရနန်းတော်၏ကျွမ်းကျင်သူများက သူ့အား ကူညီနေသောကြောင့် အသင်္ချေဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သောမြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်ပေါ်ရှိ ဒုက္ခက ပိုနည်းသည်။
“တိုက်…”
ကျယ်လောင်သောအော်သံတစ်ခုက အနောက်မှ ထွက်လာသည်။ အထွတ်အထိပ်အလှလေးနှင့်အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်တို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ရာနီးပါးနှင့် ရောက်ရှိလာခဲ့ပြီး လမ်းတစ်လျှောက် စတင်သတ်ဖြတ်၏။
“တောက်…သူတို့က ဘယ်ကနေ လာပြန်တာလဲ”မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က အလန့်တကြား အော်လိုက်သည်။ တိုက်ခိုက်နေသောလူတစ်ရာနီးပါးထဲမှ နှစ်ယောက်က အန္တိမအရှင်များဖြစ်ကြပြီး ကျန်လူများအားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်။
မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က အင်မော်တယ်ကမ္ဘာတွင် နေထိုင်လာသည်မှာ နှစ်တစ်သောင်းကျော်ပြီ၊ သို့သော် စွမ်းအားရှင်ဒီလောက်များသည့်ဂိုဏ်းတစ်ခုခုကို သူက မကြားဖူးခဲ့ပေ။ သူတို့ထာဝရခန်းမ၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အရေအတွက်က ငါးဆယ်အောက်သာ ရှိပြီး အတွင်းတော်ဆေးဂိုဏ်းက သူတို့၏ထာဝရခန်းမထက် ပိုများသော်လည်း သူတို့၏အရေအတွက်ပင် ခြောက်ဆယ်မကျော်ပေ။
ဤအချိန်၌ ထန်ရှုက ကျယ်လောင်စွာ ရယ်လိုက်သည် “နောက်ဆုံးတော့ ရောက်လာကြပြီ။ ငါ့အတွက် သူတို့အားလုံးကို သတ်။ အသင်္ချေဓားဂိုဏ်းနဲ့သူတို့ရဲ့မဟာမိတ်တွေအဖွဲ့ဝင်အားလုံးကို တစ်ယောက်မှ မချန်ထားနဲ့။ အဲလိုလုပ်ဖို့ မင်းတို့မှာ စွမ်းအင်ရှိတယ်ဆိုရင် ဆက်သတ်ပါ။ ဒါပေမယ့် မင်းတို့က ဒဏ်ရာရထားတယ်ဆိုရင် နောက်ပြန်ဆုတ်ပြီး ဒဏ်ရာတွေကို ကုသကြပါ”
“သူတို့ကို သတ်…”
ရောက်ရှိလာသည့်ကျွမ်းကျင်သူများကြောင့် အန္တိမအရှင်သန့်စင်နွေဉီးပင် ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော် ထန်ရှု၏စကားများကို ကြားပြီးနောက် ထိုလူများက ဤဆန်းကြယ်သောကျွမ်းကျင်သူ၏လူများဖြစ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
ထို့နောက် နောက်ဆက်တွဲက ခါးသီးသောသတ်ဖြတ်ခြင်းတစ်ခုပင် ဖြစ်လာတော့သည်။
အထွတ်အထိပ်အလှလေးနှင့်အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်တို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ရာနီးပါးနှင့် ရောက်လာပြီးနောက် တိုက်ပွဲက တစ်ဖက်သက်သတ်ဖြတ်ခြင်းတစ်ခုသို့ ပြောင်းလဲသွားသည်။ အင်မော်တယ်တစ်သောင်း၏အသက်များက စပါးများလို ရိတ်သိမ်းခံရပြီး သွေးများက ကောင်းကင်တစ်လျှောက် ရွာသွန်းနေတော့သည်။
လင်းယုန်ငှက်၊ လူအိုကြီးဆိုက်ကာမော၊ အန္တိမအရှင်သန့်စင်နွေဉီးနှင့် အော့ဗလ်ဆီဒီအမ်အင်မော်တယ်တို့ဖခင်တို့လေးယောက်က အသင်္ချေဓားဂိုဏ်း၏ဂိုဏ်းချုပ်အား ပူးပေါင်းတိုက်ခိုက်နေကြသည်။ ရလဒ်အနေဖြင့် မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က တစ်နာရီသာ ခုခံနိုင်ခဲ့သည်။ သူ၏အင်မော်တယ်စိတ်ဝိညာဉ်ပင် မလွတ်မြောက်ခဲ့ပေ။
ထာဝရနန်းတော်၏ကျွမ်းကျင်သူများအပါအဝင် ရန်သူတစ်ယောက်မှ မလွတ်မြောက်ဘဲ အားလုံးသုတ်သင်ရှင်းလင်းခံရသည်။
ထန်ရှုက အန္တိမအရှင်သန့်စင်နွေဉီး၏အရှေ့သို့ ရောက်ရှိလာသည်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်ပြီး ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏ “ကျုပ်က ခင်ဗျားကို ဆေးတစ်လုံးပေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားနဲ့ခင်ဗျားရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို အခွင့်အရေးတစ်ခုပေးနိုင်တယ်။ တစ်ခုတည်းသောမေးခွန်းက ခင်ဗျားတို့အားလုံးက အဲဒါကို လိုချင်သလားဆိုတာပဲ”
အန္တိမအရှင်သန့်စင်နွေဉီးက မေးလိုက်သည် “ဘာအခွင့်အလမ်းလဲ”
ထန်ရှုက ဖြည်းဖြည်းချင်း ပြောသည် “ခင်ဗျားက နတ်ဘုရားအတိဒုက္ခကို ဖြတ်ကျော်ပြီး နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ အာမမခံနိုင်ပေမယ့် နှောင်းပိုင်းအန္တိမအရှင်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားအတိဒုက္ခကို စိန်ခေါ်ဖို့ အရည်အချင်းတွေ ရရှိလာစေဖို့တော့ ကျုပ်က အာမခံတယ်။ ခင်ဗျားရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တွေကလဲ ခွန်အားတွေ တိုးတက်လာပြီး သူတို့ကြားထဲမှာ အန္တိမအရှင်အနည်းငယ်ထွက်ပေါ်လာဖို့တောင် အခွင့်အရေးရှိတယ်”
အန္တိမအရှင်သန့်စင်နွေဉီးက ထန်ရှုအား ထိတ်လန့်စွာ ကြည့်ကာ မယုံကြည်နိုင်ဖြစ်လျက် မေးလိုက်သည် “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နတ်ဘုရားတစ်ယောက်က မကူညီဘူးဆိုရင် ဒါက…”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “ကျုပ်က နတ်ဘုရားတစ်ယောက်ပဲ၊ ဒီစကားကို ကျုပ် လုံးဝအာမခံတယ်”
အန္တိမအရှင်သန့်စင်နွေဉီးက ထန်ရှုအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း မေး၏ “မင်းက ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို ပျက်သုဉ်းမယ့်ဘေးကနေ ကူညီခဲ့တယ်၊ ဒါကြောင့် ဒီအတွက် ငါက မင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက ဒါကို ထာဝရမှတ်ထားပြီး ပြန်ပေးဆပ်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်။ ဒါနဲ့ မင်းကို ငါ ဘယ်လိုခေါ်ရမှာလဲ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “ကျုပ်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ မဟာထန်အင်ပါယာရဲ့ဧကရာဇ်ပဲ”
အန္တိမအရှင်သန့်စင်နွေဉီးက အံ့အားသင့်လျက် မေးလိုက်သည် “ဒါဆို မင်းက ငါ့ဂိုဏ်းရဲ့တာအိုမာစတာချင်ဖုန်းကို ကယ်ခဲ့တဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်လား”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”
မအရှင်သန့်စင်နွေဉီးက ခဏစဉ်းစားပြီးနောက် မေးလိုက်သည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက မင်းပြောတဲ့အရာတွေအားလုံးကို ရရှိဖို့ ဘာတွေ ပေးရမလဲ”
ထန်ရှုက ရိုးသားစွာ ပြန်ဖြေသည် “သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက မဟာထန်အင်ပါယာအောက်ကို ဝင်ရမယ်၊ ခင်ဗျားက မဟာထန်အင်ပါယာရဲ့ကာကွယ်သူတွေထဲက တစ်ယောက်ဖြစ်လာရမယ်”
“ဒါက…”
အန္တိမအရှင်သန့်စင်နွေဉီးက ခဏတုံ့ဆိုင်းသွားသည် “ငါ့ရဲ့သန့်စင်အင်မော်တယ်ဂိုဏ်းက သန့်စင်မြစ်အင်မော်တယ်ပိုင်နက်မှာ ရှိပြီး မင်းရဲ့မဟာထန်အင်ပါယာက အင်မော်တယ်လိုင်ဇီယန်မှာ တည်ရှိတယ်။ ငါတို့ကြား အကွာအဝေးက ကြီးမားလွန်းတယ်။ ငါ့ဂိုဏ်းကို မဟာထန်အင်ပါယာရဲ့ပိုင်နက်ထဲကို ရွှေ့စေချင်တာလား”
ထန်ရှုက ခပ်ဖျော့ဖျော့ပြောလိုက်သည် “ဟုတ်တယ်လေ။ ကျုပ်တို့ရဲ့အကူအညီသာမရှိရင် ခင်ဗျားရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက ပျက်ဆီးသွားလောက်ပြီ။ ဒါက ခင်ဗျားတို့ဂိုဏ်းအနေနဲ့ ပြန်လည်စတင်ဖို့ အခွင့်အလမ်းတစ်ခုပဲ။ ကျုပ်မမှားရင် ကျုပ်တို့သတ်လိုက်တဲ့ရန်သူတွေထဲမှာ အသင်္ချေဓားဂိုဏ်းသာ ပါဝင်တာ မဟုတ်ဘူး။ ထာဝရခန်းမက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေလဲ ပါဝင်တယ်။ ခင်ဗျားတို့က ဒီနေရာမှာ ဆက်နေရင် ထာဝရခန်းမက ခင်ဗျားတို့ကို လက်စားမချေဘူးလို့ ထင်တာလား”
အစကတော့ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သူတာအိုသန့်စင်အင်အားက မဟာထန်အင်ပါယာအား သစ္စာခံရန် ဆန္ဒမရှိပေ။ သို့သော် ထန်ရှု၏စကားများကို ကြားပြီးနောက် သူက ခဏစဉ်းစားလိုက်သည်။ စိတ်ထဲ၌ ရုန်းကန်လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် သူက အန္တိမအရှင်သန့်စင်နွေဉီးကို ကြည့်ကာ ပြောလိုက်၏ “မဟာအကြီးအကဲ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပြောတာ မှန်တယ်။ အသင်္ချေဓားဂိုဏ်းက ထာဝရနန်းတော်ရဲ့နောက်လိုက်ခွေးတစ်ကောင်ဆိုတာ အင်မော်တယ်ကမ္ဘာတစ်ခုလုံး သိတယ်။ ကျုပ်တို့က အသင်္ချေဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ ထာဝရနန်းတော်ရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကို သတ်ဖြတ်ခဲ့ပြီဖြစ်တဲ့အတွက် ထာဝရနန်းတော်က ကျုပ်တို့ကို ပစ်မှတ်ထားလာမယ်ဆိုတာ သံသယရှိစရာမလိုဘူး။ ကျုပ်တို့က ဒီနေရာမှာ ဆက်နေရင် နောက်ထပ်တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရလိမ်မ့ယ်၊ ဒါကြောင့် ကျုပ်တို့က မဟာထန်အင်ပါယာနဲ့ ပူးပေါင်းသင့်တယ်”
အန္တိမအရှင်သန့်စင်နွေဉီးက အချိန်အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ဒါက အတော်လေးအရေးကြီးတဲ့ကိစ္စတစ်ခုပဲ။ ဂိုဏ်းရဲ့အခြားအကြီးအကဲတွေနဲ့ အရင်ဆွေးနွေးဖို့ လိုမယ်။ သူတို့အားလုံးက သဘောတူတယ်ဆိုရင် သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက မဟာထန်အင်ပါယာလက်အောက်ထဲကို ဝင်ရောက်ပါ့မယ်”
“အဆင်ပြေပါတယ်…”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မဟာထန်အင်ပါယာ၏စွမ်းအားရှင်များအဖွဲ့သို့ ပြန်ရောက်လာသည်။ ထို့နောက် နတ်ဘုရားသွေးစက်ဆယ်စက်ပါဝင်သည့် ကျောက်စိမ်းပုလင်းတစ်ရာကို ထုတ်ကာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဆီထံ တိတ်တဆိတ် ပေးလိုက်သည်။ ထို့နောက် သူက သူတို့နှင့် အသံပို့ကာ ဆက်သွယ်လိုက်၏ “နတ်ဘုရားသွေးစက်နဲ့ ပတ်သက်တဲ့သတင်းတွေကို ပေါက်ကြားခွင့် ဘယ်သူ့ကိုမှ ခွင့်မပြုဘူး”
နတ်ဘုရားသွေးစက်နှင့် ပတ်သက်၍ ကြားပြီးနောက် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထို့နောက် ထန်ရှုက အထွတ်အထိပ်အလှလေးနှင့်အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်တို့ထံ ကျေက်စိမ်းပုလင်းတစ်လုံးစီပေးကာ အသံပို့လိုက်သည် “ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအားလုံးကို နတ်ဘုရားသွေးစက်ဆယ်စက်စီ ပေးပြီးပြီ၊ မင်းတို့ကိုတော့ အစက်သုံးဆယ်ပေးထားတယ်၊ မင်းတို့ရဲ့ကျင့်ကြံခြင်းက နောက်တစ်ဆင့်ကို တိုးတက်ဖို့ ငါ မျှော်လင့်တယ်။ နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးကို ငါ သန့်စင်ပြီးတဲ့အချိန်ကျလို့ မင်းတို့က နှောင်းပိုင်းအန္တိမအဆင့်ကို ရောက်နေမယ်ဆိုရင် မင်းတို့ကို ဆေးတစ်လုံးစီပေးမယ်၊ အဲဒါက နတ်ဘုရားအတိဒုက္ခကို ဖြတ်ကျော်ရာမှာ မင်းတို့ကို ကူညီပေးနိုင်လိမ့်မယ်”
အထွတ်အထိပ်အလှလေးနှင့်အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နတ်ဘုရားသွေးစက်အစက်သုံးဆယ်နှင့်နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးအကြောင်းကြားပြီး သူတို့က စိတ်လှုပ်ရှားကာ တုန်ယင်သွားသည်။ ဤပစ္စည်းနှစ်ခုနှင့်ဆိုလျှင် နတ်ဘုရားဖြစ်ရန် အခွင့်အလမ်းက တိုးမြင့်လာပေလိမ့်မည်။
“ရှု၊ ဒီလောက်များတဲ့နတ်ဘုရားသွေးစက်တွေကို ဘယ်နေရာက ရခဲ့တာလဲ”အထွတ်အထိပ်အလှလေးက အသံပို့လျက် မေးလိုက်သည်။
ထန်ရှုက ပြန်ဖြေသည် “နီဖက်စ်ချောက်နက်မှ နတ်ဘုရားအလောင်းတစ်ခုကို ရခဲ့တယ်၊ ဒါကြောင့် လက်ရှိ ငါ့လက်ထဲမှာ နတ်ဘုရားသွေးစက်တွေအများကြီးရှိတယ်။ အနည်းဆုံး နတ်ဘုရားသွေးစက်သန်းအနည်းငယ်ရှိတယ်၊ အလောင်းရဲ့အမွေးတစ်မျှင်ကတောင် အင်မော်တယ်တွေရဲ့မျက်လုံးထဲမှာ ရှားပါးတဲ့ရတနာတစ်ခုပဲ။ ဒါက ငါတို့ရဲ့မဟာထန်အင်ပါယာကို လျင်မြန်စွာ တိုးတက်စေလိမ့်မယ်၊ ငါတို့ရဲ့ရန်သူတွေကို လက်စားချေဖို့က ကြာတော့မှာ မဟုတ်ဘူး”