လှပသောချွေးမနှင့် ယောက္ခမတို့ တွေ့ဆုံခြင်း
Vol. 101 Ch. 1397
ခဏကြာပြီးနောက် အန္တိမအရှင်သန့်စင်နွေဉီးက ထန်ရှုအရှေ့သို့ ရောက်လာကာ ဉီးညွှတ်လျက် ပြောလိုက်သည် “ဆွေးနွေးပြီးနောက် မဟာထန်အင်ပါယာနဲ့ ပူးပေါင်းဖို့ ဂိုဏ်းအကြီးအကဲတွေအားလုံးက ဆုံးဖြတ်ခဲ့ကြတယ်။ မင်းပြောခဲ့တဲ့အစီအစဉ်တွေက ဟုတ်မှန်သရွေ့ ငါတို့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက မင်းတို့အင်ပါယာနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းတို့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို ကယ်တင်ဖို့အတွက် ဘာလို့ ငါက ထာဝရခန်းမကို ဆန့်ကျင်ပြီး ဒီလိုကြီးမားတဲ့ရန်ကြွေးတစ်ခုကို ပြုလုပ်ခဲ့ရသလဲဆိုတာကို မင်း သိချင်လား”
အန္တိမအရှင်သန့်စင်နွေဉီးက ပြန်ဖြေသည် “ဒါကို ငါ အခုထိ နားမလည်နိုင်ဘူးဖြစ်နေတယ်။ ငါ့ရဲ့သံသယတွေကို ဖြေဖျောက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ကျုပ်ရဲ့ဇနီးကို ခင်ဗျားတို့သန့်စင်အင်မော်တယ်ဂိုဏ်းရဲ့တာအိုသခင်ကွိုက်ရဲ့တပည့်လို့ သတ်မှတ်လို့ရတယ်။ ကျုပ်ရဲ့သရုပ်မှန်ကို သိချင်တယ်ဆိုရင် တာအိုသခင်ကွိုက်ကို ဒီနေရာကို ဆင့်ခေါ်လိုက်ပါ”
အန္တိမအရှင်သန့်စင်နွေဉီးက မှင်တက်သွားလျက် မယုံကြည်နိုင်စွာ မေးလိုက်သည် “ငါ့ရဲ့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တွေအားလုံးက အမျိုးသားတွေပဲ။ ငါတို့မှာ ဘယ်အချိန်တုန်းက အမျိုးသမီးတပည့်တစ်ယောက်ရှိလာတာလဲ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “တာအိုသခင်ကွိုက်ကို ဆင့်ခေါ်လိုက်တာနဲ့ ခင်ဗျား သိရပါလိမ့်မယ်”
အနည်းငယ်ကြာပြီးနောက် တာအိုသခင်ကွိုက်က အန္တိမအရှင်သန့်စင်နွေဉီးနှင့်ထန်ရှုတို့အရှေ့သို့ ရောက်ရှိလာသည်။ ထန်ရှုကို မြင်သောအခါ သူက အနည်းငယ်စိတ်လှုပ်ရှားသောအမူအရာနှင့် ရိုသေလေးစားစွာ နှုတ်ဆက်၏ “နှုတ်ဆက်ပါတယ်၊ ကြယ်…မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “မင်းက ငါ့ဇနီးရဲ့ဆရာပဲ၊ ဒါကြောင့် ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါ့အတွက် ကိစ္စတွေကို ရှင်းပြပေးလိုက်ပါ”
တာအိုသခင်ကွိုက်က အနည်းငယ်ပြုံးလျက် ပြောလိုက်သည် “မဟာအကြီးအကဲ၊ ကျုပ်တို့နှစ်ယောက်လုံးက ကမ္ဘာမြေကနေ အင်မော်တယ်ကမ္ဘာကို တက်လှမ်းလာခဲ့ကြတာပါ၊ ကျုပ်က မတက်လှမ်းခင်မှာ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့တယ်၊ အဲဒါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့လက်ထဲကို ကျရောက်သွားတယ်။ ဒါကြောင့် သူမကိုလဲ ကျုပ်တို့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်”
အန္တိမအရှင်သန့်စင်နွေဉီးက ရုတ်တရက် သဘောပေါက်သွားပြီး ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ မင်းရဲ့ဇနီးက ကမ္ဘာမြေကနေ အင်မော်တယ်ကမ္ဘာကို တက်လှမ်းခဲ့တာလား”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ကျုပ်လဲ ကမ္ဘာမြေကနေ တက်လှမ်းလာခဲ့တာပဲ၊ မဟာထန်အင်ပါယာရဲ့ကျင့်ကြံသူတစ်သောင်းကလဲ ကမ္ဘာမြေကနေ လာခဲ့တာပဲ။ ကမ္ဘာမြေကို နတ်ဘုရားဖြစ်ဖို့ ကျုပ်ရဲ့တက်လှမ်းခြင်းအတွက် မူလဇစ်မြစ်လို့တောင် ပြောလို့ရတယ်။ အန္တိမအရှင်သန့်စင်နွေဉီး၊ ခင်ဗျားကရော ဘယ်မင်းဆက်တုန်းက တက်လှမ်းခဲ့တာလဲ။ ကမ္ဘာမြေမှာတုန်းက ခင်ဗျားရဲ့နာမည်က ဘာလဲ”
အန္တိမအရှင်သန့်စင်နွေဉီးက ပြုံးကာ ပြန်ဖြေသည် “ဘီစီ၄၇၉လောက်က ငါက အင်မော်တယ်ကမ္ဘာကို တက်လှမ်းခဲ့တာ၊ အဲတုန်းက တိုင်းပြည်ရဲ့တရားဝင်နာမည်က လုလို့ခေါ်တာ ငါ မှတ်မိတယ်။ ငါ့နာမည်အတွက်ကတော့ ကလန်ရဲ့နာမည်က ခုန်းဖြစ်ပြီး ကိုယ်ပိုင်နာမည်ကတော့ ချိုး၊ ငါ့ရဲ့လောကနာမည်ကတော့ ကျုံးနယ်ပဲ”
“မာစတာခုန်းလား”ထန်ရှုက အလန့်တကြား ပြောလိုက်သည်။
အန္တိမအရှင်သန့်စင်နွေဉီးက အံ့အားသင့်လျက် မေးလိုက်၏ “မင်းက ငါ့ကို သိတာလား၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
ထန်ရှုက ပြန်ဖြေသည် “ကမ္ဘာမြေပေါ်က တရုတ်လူမျိုးတွေအားလုံးက ခင်ဗျားရဲ့နာမည်ကို သိတယ်။ ခင်ဗျားကို ကွန်ဖြူးရှပ်ဝါဒရဲ့တည်ထောင်သူအဖြစ် သတ်မှတ်ထားကြပြီး ကြီးကျယ်ခမ်းနားတဲ့တွေးခေါ်ပညာရှင်တစ်ယောက်လို့ ဂုဏ်ပြုခဲ့ကြတယ်။ ကျုပ်က ဒီလိုမဟာပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး”
အန္တိမအရှင်သန့်စင်နွေဉီးက ပြုံးကာ ပြောလိုက်သည် “ဒါတွေက ကျုပ်ရဲ့သာမန်လူဘဝတုံးက အတိတ်ရဲ့အဖြစ်အပျက်တွေပါ၊ ဖော်ပြဖို့ မထိုက်တန်လှပါဘူး”
ထန်ရှုက သူ့ထံ အသံပို့လိုက်သည် “အန္တိမအရှင်သန့်စင်နွေဉီး၊ ကျုပ်ရဲ့ယခင်နာမည်ကို မှတ်ထားပါ။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်”
“မင်းက…”အန္တိမအရှင်သန့်စင်နွေဉီး၏မျက်ခုံးများက ကျုံ့သွားသည်၊ မယုံနိုင်သောအကြည့်တစ်ချက်က သူ့မျက်လုံးများထဲ၌ လက်သွား၏။ တစ္ဆေတစ်ယောက်အား မြင်တွေ့လိုက်ရသည့်အလား သူက အလန့်တကြားဖြစ်သွားသည် “မင်းက စိတ်ဝိညာဉ်ရောအသွေးအသားပါ ပျောက်ကွယ်သွားခဲ့တာမလား”
ထန်ရှုက သူ့ထံ အသံထပ်ပို့လိုက်သည် “ဒါကို မပေါက်ကြားပါစေနဲ့၊ ခင်ဗျားက အန္တိမအရှင်တစ်ယောက်ဖြစ်တဲ့အတွက် ခင်ဗျားကိုပဲ ပြောပြမယ်။ ဒါပေမယ့် ကျုပ်ရဲ့ရန်သူတွေက အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ဆိုတာ ခင်ဗျား မှတ်ထားရမယ်။ ကျုပ် မသေခဲ့ဘူး၊ အသစ်တဖန်ပြန်လည်စတင်ခဲ့တာပဲ။ မဟာထန်အင်ပါယာကို တည်ထောင်ရတဲ့ကျုပ်ရဲ့ရည်ရွယ်ချက်က အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရနန်းတော်နဲ့ အသင်္ချေဓားဂိုဏ်းတို့ကို ဖျက်ဆီးပစ်ဖို့ပဲ…”
အန္တိမအရှင်သန့်စင်နွေဉီးက သူ့ရည်ရွယ်ချက်ကို သဘောပေါက်ကာ ထန်ရှုအား ပိုရိုသေလေးစားစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ထပ်မံဉီးညွှတ်လျက် ပြောလိုက်၏ “ဒီနေ့ကစပြီး သင်က ငါတို့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တစ်ဉီးတည်းသောအရှင်ပါပဲ”
“ကောင်းပါပြီ…”ထန်ရှုက သူ့ပခုံးကို ပုတ်လျက် ပြောလိုက်သည် “လက်ရှိအချိန်မှာ ခင်ဗျားတို့သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တွေရဲ့သရုပ်မှန်တွေက လျှို့ဝှက်ထားဖို့ လိုမယ်။ ဒါကြောင့် ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်ဖို့ လိုတယ်၊ ဒီလိုမှ ကျုပ်က ခင်ဗျားတို့ကို မဟာထန်အင်ပါယာကို ခေါ်သွားနိုင်မှာ။ ပြီးတော့ နောက်နှစ်သုံးရာအထိ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တွေအားလုံးက တံခါးပိတ်ကျင့်ကြံကြပြီး အင်မော်တယ်ကမ္ဘာရဲ့ဘယ်ပိုင်နက်မှာမှ မထွက်ပေါ်လာဖို့ လိုအပ်တယ်။ နှစ်သုံးရာပြည့်ရင် ကျုပ်တို့နဲ့ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရခန်းမတို့နဲ့ စစ်ခင်းရမယ့်အချိန်ပဲ”
နှစ်ရက်ကြာပြီးနောက် အခြားသူများက ကောင်းကင်ဘုံစံအိမ်ထဲတွင် နေလျက် ထန်ရှုနှင့်လင်းယုန်ငှက်တို့က မဟာထန်အင်ပါယာ၏အင်မော်တယ်ပိုင်နက်များဆီသို့ ဉီးတည်လိုက်သည်။ သူတို့ထွက်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် သတင်းတစ်ခုက အင်မော်တယ်ကမ္ဘာတစ်ခုလုံး စတင်ပျံ့နှံ့လာခဲ့သည်။
သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုလုံးက ပျောက်ကွယ်သွားပုံရပြီး မြောက်ပိုင်းဓားဘယ်လ်အက်စပီယွန်က အသင်္ချေဓားဂိုဏ်းမှကျွမ်းကျင်သူတစ်သောင်းနှင့်ထာဝရနန်းတော်မှလူအနည်းငယ်နှင့်အတူ တိုက်ပွဲထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းလျှင်ပင် အသင်္ချေဓားဂိုဏ်းက နောက်နှစ်ပေါင်းတစ်ထောင်အထိ တံခါးပိတ်ထားမည်ဖြစ်ပြီး ထိုအချိန်အတွင်း အင်မော်တယ်ကမ္ဘာရှိ မည်သည့်ကိစ္စကိုမှ ပါဝင်မည်မဟုတ်ဟု ကျန်ရှိသည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်၏ခေါင်းဆောင်ဖြစ်သူအန္တိမအရှင်လေဓားက ကြေညာခဲ့သည်။ နောက်ခြောက်လအကျော်တွင် အသင်္ချေဓားဂိုဏ်း၏တပည့်များက စတင်ပျောက်ကွယ်လာခဲ့ပြီး ခြေရာလက်ရာတစ်ခုပင် မကျန်ပေ။ အသင်္ချေဓားဂိုဏ်း၏ဂိုဏ်းမြေတစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်လျက် လူအရိပ်တစ်ခုပင် ရှိမနေပေ။
မြင့်မြတ်ငှက်ဂိုဏ်းအပြင်ဘက်တွင်။
မဟာဧကရာဇ်တန်ချင်းက နန်းတော်တစ်ခုအတွင်း၌ တင်ပျဉ်ခွေလျက် ထိုင်နေသည်။ ဇီသာနတ်ဆိုးကျိုးယောင်မျက်နှာပေါ်ရှိ ဒေါသကို မြင်ပြီးနောက် သူက စိတ်မဝင်စားစွာ ပြောလိုက်၏ “ဒေါသထွက်မနေစမ်းပါနဲ့။ မမြင်ရတဲ့ရန်သူက ငါတို့ရဲ့အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ကို လျှို့ဝှက်ပစ်မှတ်ထားနေတယ်ဆိုတာ မင်း သဘောမပေါက်သေးဘူးလား”
ဇီသာနတ်ဆိုးကျိုးယောင်က သူ့ဒေါသကို ဖော်ပြလိုက်သည် “မင်းက သဘောပေါက်ပြီးဆိုမှတော့ ဘယ်သူက ငါတို့ကို ရန်စရဲသလဲဆိုတာ ဘာလို့ ငါ့ကို မပြောပြတာလဲ”
မဟာဧကရာဇ်တန်ချင်းက ပြောသည် “ဒါက ရန်စရုံတင် မဟုတ်ဘူး။ သူတို့က ငါတို့ကို စတင်ပစ်မှတ်ထားနေပြီ။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ငါတို့နှစ်ဂိုဏ်းက စွမ်းအားရှင်တွေ ဘယ်လောက်ထိ ဆုံးရှုံးခဲ့သလဲဆိုတာ မင်း သိလား”
ဇီသာနတ်ဆိုးကျိုးယောင်က ဒေါသထွက်သောလေသံနှင့် ပြန်ဖြေသည် “ငါ့ရဲ့ထာဝရနန်းတော်က ငါတို့မှာရှိတဲ့စွမ်းအားရှင်တွေရဲ့တစ်ဝက်လောက်ကို ဆုံးရှုံးခဲ့ပြီး ငါ့ရဲ့…အန္တိမအရှင်အသင်္ချေမိုးကြိုးကိုတောင် တစ်စုံတစ်ယောက်က သတ်သွားခဲ့တယ်”
မဟာဧကရာဇ်တန်ချင်းက ပြောသည် “ငါ့အတွင်းတော်ဆေးဂိုဏ်းရဲ့ရွှေအင်မော်တယ်တွေနဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့သေကျေပျက်ဆီးမှုက တစ်ဝက်မကျော်ပေမယ့် ငါတို့လဲ အများကြီး ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် နောက်ကွယ်က တရားခံကို ရှာဖို့ အရေးကြီးတယ်၊ သူတို့က ဘယ်လိုအင်အားတွေ ပိုင်ဆိုင်သလဲဆိုတာ နားလည်ဖို့ လိုတယ်။ ပြီးရင် ငါတို့တွေ သူတို့နဲ့ ရင်ဆိုင်ပြီး ဒီပြဿနာတွေအားလုံးကို အဆုံးသတ်ပစ်မယ်”
ဇီသာနတ်ဆိုးကျိုးယောင်က တည်ငြိမ်စွာ မေးလိုက်၏ “နောက်ကွယ်ကနေ ကြိုးဆွဲနေတဲ့သူက မြင့်မြတ်ငှက်ဂိုဏ်းဒါမှမဟုတ် အထွတ်အမြတ်နန်းတော်လေးခုလို့ မင်း ထင်လား”
မဟာဧကရာဇ်တန်ချင်းက ပြောသည် “အထွတ်အမြတ်နန်းတော်လေးခုမဖြစ်လောက်ဘူး။ အထွတ်အမြတ်နန်းတော်လေးခုက အတော်လေးပဟေဠိဆန်ပေမယ့် နှစ်ပေါင်းများစွာ စုံစမ်းပြီးနောက် သူတို့ရဲ့သမိုင်းကို ငါ ဖော်ထုတ်ခဲ့ပြီးပြီ”
ဇီသာနတ်ဆိုးကျိုးယောင်က အံ့အားသင့်လျက် မေးလိုက်သည် “မင်းက သူတို့ရဲ့သမိုင်းကို ဖော်ထုတ်ခဲ့ပြီးပြီလား။ သူတို့က ဘယ်သူတွေလဲ၊ သူတို့က ဘယ်နေရာမှာ တည်ရှိတာလဲ။ ပြီးတော့ ဘာလို့ သူတို့က မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီနေရတာလဲ”
မဟာဧကရာဇ်တန်ချင်းက ပြောသည် “တကယ်တော့ အထွတ်အမြတ်နန်းတော်လေးခုက မြင့်မြတ်ငှက်ဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ချိတ်ဆက်မှုတစ်ခုရှိတယ်၊ လွန်ခဲ့တဲ့နှစ်တစ်သန်းလောက်က သူတို့က အစိတ်အပိုင်းတစ်ခုတည်းပဲ။ အဲတုန်းက အင်မော်တယ်ကမ္ဘာမှာ ဘယ်အဖွဲ့က အသန်မာဆုံးဆိုတာ ငါပြောဖို့ မလိုဘူးထင်တယ်။ ဒါကြောင့် အထွတ်အမြတ်နန်းတော်လေးခုရဲ့လက်ရှိသခင်က ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးလို့ ငါ ပြောရင် မင်းအတွက် မထူးဆန်းလောက်ပါဘူး”
ဇီသာနတ်ဆိုးကျိုးယောင်၏အမူအရာက ပြောင်းလဲသွားလျက် သတ်ဖြတ်ခြင်းအကြည့်တစ်ခုက သူ့မျက်နှာ၌ ထွက်ပေါ်လာသည် “ဒါဆို တကယ်ကို အဲဒီအရူးအိုကြီးပေါ့။ ငါ့ကို ပြောပါ၊ အထွတ်အမြတ်နန်းတော်လေးခုက ဘယ်နေရာမှာ ရှိတာလဲ”
မဟာဧကရာဇ်တန်ချင်းက ခေါင်းခါယမ်းလိုက်သည် “၎င်းရဲ့နေရာအတိအကျကို ငါ မဖော်ထုတ်နိုင်သေးပေမယ့် အဲဒါက အင်မော်တယ်ပိုင်နက်အတွင်းမှာ မရှိလောက်ဘူး။ မစိုးရိမ်ပါနဲ့၊ သူတို့ရဲ့နေရာအတိအကျကို ရှာတွေတာနဲ့ ငါတို့က သူတို့ကို သုတ်သင်ပစ်ကြမယ်”
ဇီသာနတ်ဆိုးကျိုးယောင်က မျက်နှာသုန်မှုန်လျက် ပြောသည် “ပြီးခဲ့တဲ့နှစ်ရာအနည်းငယ်အတွင်းမှာ အထွတ်အမြတ်နန်းတော်လေးခုကြောင့် ငါတို့တွေ အများကြီးထိခိုက်ဆုံးရှုံးခဲ့ရတယ်။ သူတို့ရဲ့နေရာအတိအကျကို အမြန်ဆုံး ရှာဖွေပြီး သုတ်သင်ပစ်ရမယ်”
မဟာဧကရာဇ်တန်ချင်းက မြင့်မြတ်ငှက်ဂိုဏ်းရှိရာ တိုက်ကြီးသို့ ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည် “အထွတ်အမြတ်နန်းတော်လေးခုတင်မကဘူး၊ မြင့်မြတ်ငှက်ဂိုဏ်းကိုလဲ ငါတို့တွေ ဖယ်ရှားပစ်ရမယ်။ ငါ ခန့်မှန်းတာ မမှားရင် မြင့်မြတ်ငှက်ဂိုဏ်းက နောက်ထပ်နှစ်တစ်ထောင်လောက်ပဲ တောင့်ခံနိုင်တော့မယ်၊ အဲအချိန်က သူတို့တွေအားလုံး ပျောက်ကွယ်သွားရမယ့်အချိန်ပဲ”
မဟာဧကရာဇ်တန်ချင်း၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်၊ ထို့နောက် သူနှင့်ဇီသာနတ်ဆိုးကျိုးယောင်တို့က မြင့်မြတ်ငှက်ဂိုဏ်း၏အကာအကွယ်အစီအရင်ရှေ့၌ ချက်ချင်း ထွက်ပေါ်လာ၏။
“ဘယ်သူလဲ”သူတို့ထံ ချဉ်းကပ်လာနေသော လူနှစ်ယောက်အား လေ့လာရင်း မဟာဧကရာဇ်တန်ချင်းက မေးလိုက်သည်။
အထွတ်အထိပ်အလှလေးက ရယ်လိုက်သည်။ တစ်ချိန်တည်းတွင် မကြာသေးခင်ကမှ အန္တိမအဆင့်ကို ရောက်ရှိထားသော စေဘယ်မိစ္ဆာကင်းမြီးကောက်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက် အထွတ်အထိပ်အလှလေးက အောက်ပါအတိုင်း ပြောလိုက်၏ “မဟာဧကရာဇ်တန်ချင်း၊ ဇီသာနတ်ဆိုးကျိုးယောင်၊ နင်တို့နှစ်ယောက်လုံး ဒီနေရာမှာ ရှိတာ ကောင်းတယ်။ ငါတို့ရဲ့ကံက အတော်လေးကောင်းတာပဲ။ နင်တို့တွေ ဒီနေရာမှာပဲ ထာဝရရှိနေဖို့ ငါ မျှော်လင့်တယ်၊ ငါတို့တွေက နင်တို့ရဲ့အင်မော်တယ်ခန္ဓာကိုယ်နဲ့အင်မော်တယ်စိတ်ဝိညာဉ်တွေကို ဖျက်ဆီးပြီးတဲ့အထိပေါ့”
အမျိုးသမီးအန္တိမအရှင်နှစ်ယောက်ထွက်ပေါ်လာသည်ကို မြင်သောအခါ မဟာဧကရာဇ်တန်ချင်းက သူ၏အင်မော်တယ်ဓားကို ထုတ်ကာ ထိုနှစ်ယောက်ထံ ဝှေ့ယမ်းလိုက်သည်။
“ငါက အထွတ်အထိပ်အလှလေးပါ။ မြင့်မြတ်ငှက်ဂိုဏ်းထဲကို ဝင်ရောက်ဖို့အတွက် မဟာအစီအရင်ကို ဖွင့်ပေးဖို့ တောင်းဆိုပါတယ်”အထွတ်အထိပ်အလှလေးက စေဘယ်မိစ္ဆာကင်းမြီးကောက်၏လက်ကို ဆုပ်ကိုင်ပြီး အလင်းတောင်ပံကို အကန့်အသတ်အထိ ထုတ်ဖော်လျက် မဟာဧကရာဇ်တန်ချင်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမက မြင့်မြတ်ငှက်ဂိုဏ်း၏အကာအကွယ်အစီအရင်ထဲသို့ ပြေးဝင်သွား၏။
ကြယ်မျက်ရည်က အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို ကြည့်ကာ ချက်ချင်း ပြောလိုက်သည် “ဂိုဏ်းချုပ်၊ သူတို့က ငါတို့ဘက်ကပဲ။ သူတို့ကို အမြန်ဆုံး ဝင်ခွင့်ပြုလိုက်ပါ”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က လုံးဝမတုံ့ဆိုင်းခဲ့ပေ။ ပြီးခဲ့သောနှစ်ရာအနည်းငယ်အတွင်း အထွတ်အထိပ်အလှလေးက သူတို့၏မြင့်မြတ်ငှက်ဂိုဏ်းအား အကြိမ်ပေါင်းများစွာ ကူညီခဲ့သည်၊ ထို့ကြောင့် သူမက လုံးဝယုံကြည်စိတ်ချလို့ရသည်။ အခြားအန္တိမအရှင်အတွက်ကတော့ သူက သူမကို မသိသော်လည်း သူမက အထွတ်အထိပ်အလှလေးနှင့်အတူ ဤနေရာသို့ လာခဲ့သည်၊ ထို့ကြောင့် ကြယ်မျက်ရည်၏စကားကို ကြားပြီးနောက် သူက စိတ်အေးသွားသည်။
ဝှစ်…ဝှစ်…
အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က အကာအကွယ်အစီအရင်ထဲ၌ ပေါ်ပေါက်လာသည့်သေးငယ်သောအက်ကြောင်းကို အာရုံခံမိပြီး အထဲသို့ လျင်မြန်စွာ ပြေးဝင်လိုက်သည်၊ ထို့နောက် သူတို့က ကြယ်စိတ်ဝိညာဉ်နှင့်ကြယ်မျက်ရည်တို့အရှေ့သို့ ချက်ချင်း ရောက်ရှိသွား၏။
“ဘယ်သူရောက်လာတာလဲ”
အန္တိမအရှင်ကြယ်ဖြာထွက်က အဝေးမှ ပြေးလာပြီး လူတိုင်း၏အရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။
“နှုတ်ဆက်ပါတယ်၊ အန္တိအရှင်ကြယ်ဖြာထွက်”အန္တိမအရှင်ကြယ်ဖြာထွက်က အလွန်စီနီယာကျသည်ကို အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သိ၏၊ ထို့ကြောင့် သူတို့က သူ့အား ချက်ချင်း နှုတ်ဆက်လိုက်သည်။
အထွတ်အထိပ်အလှလေးကို မြင်ပြီးနောက် အန္တိမအရှင်ကြယ်ဖြာထွက်က စိတ်လှုပ်ရှားလျက် သက်ပြင်းချလိုက်သည် “အထွတ်အထိပ်အလှလေး၊ မင်းရောက်လာဖို့က ငါတို့တွေ စောင့်နေတာ အတော်ကြာပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းအတွက် မင်းရဲ့အကူအညီကို ငါတို့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပါတယ်”
အထွတ်အထိပ်အလှလေးက ရိုသေလေးစားစွာ ပြန်ဖြေသည် “အန္တိမအရှင်ကြယ်ဖြာထွက်က ငါ့ကို အနေရခက်အောင် လုပ်နေတာပဲ။ အဲဒါက ငါ လုပ်သင့်တဲ့အရာပါပဲ”
ထိုသို့ပြောရင်း သူမက အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ကို ကြည့်လိုက်ပြီး သူမ၏လှပသောမျက်နှာပေါ်တွင် တုံ့ဆိုင်းသောအမူအရာတစ်ခုက ထွက်ပေါ်လာ၏။