← Chapters

လျင်မြန်စွာ တိုးတက်မှု

Vol. 101 Ch. 1398

လျင်မြန်စွာ တိုးတက်မှု

Vol. 101 Ch. 1398

သူမက မြင့်မြတ်ငှက်ဂိုဏ်းသို့ မလာခင် ထန်ရှု ပြောခဲ့သည်ကို အထွတ်အထိပ်အလှလေးက သတိရလိုက်သည်။ သူမက အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တုံ့ဆိုင်းပြီးနောက် လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်၏ “အလှလေးက အဖေ့ကို နှုတ်ဆက်ပါတယ်”

“အဟွတ်…”ကြယ်မျက်ရည်က မရယ်ဘဲ မနေနိုင်ပေ။

ရှက်ရွံ့သောအမူအရာတစ်ခုက အထွတ်အထိပ်အလှလေး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ သူမက တီးတိုးပြောလိုက်သည် “အဲလို နှုတ်ဆက်ဖို့ သူ ပြောခဲ့တယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြုံးလျက် သဘောကျစွာ ရယ်မောလိုက်သည် “ကောင်းတယ်။ ဒါက အရမ်းကောင်းတယ်။ ဒီအတွက် ငါ အရမ်း ကျေနပ်တယ်။ အလှလေး၊ အခုကစပြီး မင်း ငါ့ကို အဲလို ခေါ်နိုင်ပါတယ်”

ရှုက်ရွံ့မှုမှ ရုန်းထွက်နိုင်ရန်အတွက် အထွတ်အထိပ်အလှလေးက ရုတ်တရက် ပြောလိုက်သည် “စကားပြောဖို့အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာရအောင်။ ငါ့မှာ အရေးတကြီး ပြောစရာတစ်ခုရှိတယ်”

အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က စွန့်စားကာ မြင့်မြတ်ငှက်ဂိုဏ်းသို့ ဝင်လာခဲ့သည်၊ သူတို့၌ အလွန်အရေးကြီးသောကိစ္စတစ်ခုရှိသည်ကို သူက အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သဘောပေါက်သည်။ ထို့ကြောင့် သူက သူတို့နှစ်ယောက်အား မြင့်မြတ်ငှက်ဂိုဏ်း၏စည်းဝေးခန်းမသို့ ခေါ်လာပြီး ခန်းမထဲရှိ အစီအရင်ကို အသက်သွင်းကာ အပြင်ကမ္ဘာနှင့် ခွဲခြားလိုက်သည်။ ထို့နောက် သူက မေး၏ “အလှလေး၊ ရှုအာက မင်းကို လွှတ်လိုက်တာ ဘယ်လောက်တောင် အရေးကြီးလို့လဲ။ ပြီးတော့ မင်းတို့နှစ်ယောက်က ရောက်လာတာဆိုတော့ သူ့ကို ကာကွယ်ပေးမယ့်လူတွေ ရှိသေးလား”

အထွတ်အထိပ်အလှလေးက သူမ၏သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းတစ်လုံးကို ယူထုတ်ကာ အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ထံ ပေးလိုက်သည် “ရှုအာက ငါ့ကို ဒီနေရာကို လွှတ်လိုက်တာ အကြောင်းပြချက်သုံးခုရှိတယ်။ ပထမကတော့ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့က အကာအကွယ်အစီအရင်ကို အောင်မြင်စွာ ချိုးဖောက်ပြီး ရုတ်တရက် တိုက်ခိုက်လာမှာကို ငါနဲ့စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က ကာကွယ်စောင့်ကြပ်ရမယ်။ ဒုတိယအတွက်ကတော့ ဆေးလုံးနဲ့နတ်ဘုရားလက်နက်တွေ ပေးမလို့။ တတိယကတော့ ပုလင်းထဲက ပစ္စည်းကို ပေးအပ်ဖို့ပဲ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က စိတ်လှုပ်ရှားသွားသည် “မင်းတို့နှစ်ယောက်က ဒီကို ရောက်လာပြီးဆိုတော့ အခုဆိုရင် ငါတို့ဘက်မှာ အန္တိမအရှင်ငါးယောက်ရှိပြီ။ ဒါဆို သူတို့က အခုပဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်လာမယ်ဆိုရင်တောင် ဘယ်သူက အနိုင်ရမလဲဆိုတာ ပြောဖို့ ခက်လိမ့်မယ်”

ကြယ်မျက်ရည်က ခေါင်းခါယမ်းလိုက်သည် “အကိုကြီး။ ငါတို့မှာ အန္တိမအရှင်ငါးယောက်ရှိပေမယ့် ရန်သူတွေမှာ အတွင်းတော်ဆေးဂိုဏ်းသာမက အဲလူလဲ ရှိတယ်…။ သူ့ရဲ့ခွန်အားက အလွန်အားကောင်းတယ်၊ ဒါကြောင့် အန္တိမအရှင်အနည်းငယ်က ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က တည်ငြိမ်သွားကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည် “ဒါ မှန်တယ်။ အလှလေး၊ ဒီကျောက်စိမ်းပုလင်းထဲမှာ ဘာရှိတာလဲ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကျောက်စိမ်းပုလင်းအဖုံးကို ဖွင့်ရန် ပြင်သည်ကို မြင်သောအခါ အထွတ်အထိပ်အလှလေးက ကမန်းကတန်း တားလိုက်သည် “အဖေ၊ လောလောဆယ် အဖုံးကို မဖွင့်နဲ့အုံး။ ပုလင်းမှာ နတ်ဘုရားသွေးစက်တွေ ပါဝင်တယ်။ ဒါကြောင့် သွေးစက်တိုင်းက အရမ်းတန်ဖိုးကြီးတယ်။ နတ်ဘုရားသွေးစက်ကို ထုတ်တဲ့အခါ ၎င်းရဲ့အရှိန်အဝါကို ထိန်းချုပ်ထားရမယ်၊ မဟုတ်ရင် အနီးနားက တစ်ယောက်ယောက်က ဒါကို အာရုံခံမိတာနဲ့ မလိုလားအပ်တဲ့ကပ်ဘေးတွေကို သယ်ဆောင်လာလိမ့်မယ်”

“မင်း ဘာပြောတာ”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ သူက အထွတ်အထိပ်အလှလေးအား မယုံကြည်နိုင်စွာ တစ်ချက်ကြည့်လိုက်သည်။

ကြယ်မျက်ရည်က အထွတ်အထိပ်အလှလေး၏လက်မောင်းကို ရုတ်တရက် ပုတ်လျက် ထိတ်လန့်တုန်လှုပ်သောအမူအရာနှင့် မေးလိုက်၏ “အလှလေး၊ ဒီကျောက်စိမ်းပုလင်းထဲမှာ နတ်ဘုရားသွေးစက်ရှိတာလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ မှတ်မိတာ မမှားရင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းလောက်က အသင်္ချေဓားဂိုဏ်းက နတ်ဘုရားသွေးစက်အနည်းငယ်ကို ရရှိခဲ့ပြီး အင်မော်တယ်ကမ္ဘာရဲ့မရေမတွက်နိုင်လောက်တဲ့စွမ်းအားရှင်တွေရဲ့သဲကြီးမဲကြီးတိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အဲတုန်းက အန္တိမအရှင်ဒါဇင်လောက်ကတောင် သူတို့ကို တိုက်ခိုက်ခဲ့တယ်”

“ဒီတိုက်ပွဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များစွာနှင့်အတူ အနည်းဆုံး အန္တိမအရှင်ဆယ်ယောက်လောက်က ကျရှုံးခဲ့ရတယ်၊ နတ်ဘုရားသွေးစက်တစ်ရာနီးပါးကို အသက်ရှင်ကျန်ရစ်တဲ့အဖွဲ့တွေက ရရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်များစွာအတွင်း နတ်ဘုရားသွေးစက်တွေရဲ့ပမာဏက လျော့ကျလာတယ်လို့ ပြောကြတယ်၊ ဒါကြောင့် လက်ရှိမှာ နတ်ဘုရားသွေးစက်တွေ ကျန်ရှိသေးတဲ့ အဖွဲ့တွေရဲ့အရေအတွက်က လက်တစ်ချောင်းဖြင့်တောင် ရေတွက်လို့ရတယ်”

“အလှလေး။ ရှုအာက ဒီနတ်ဘုရားသွေးစက်ကို ဘယ်နေရာက ရခဲ့တာလဲ။ ဒီပုလင်းထဲမှာ သွေးစက်တွေ ဘယ်လောက်ထိ ရှိလဲ”

အထွတ်အထိပ်အလှလေးက ပြုံးလိုက်ပြီး သူမထံ အာရုံစိုက်နေသောမျက်လုံးသုံးစုံအား တစ်ချက်ကြည့်သည်။ သူမက ရယ်လျက် ပြောလိုက်၏ “အထဲမှာ နတ်ဘုရားသွေးစက်စုစုပေါင်းအစက်တစ်သိန်းရှိတယ်”

“ဘာ”ကြယ်မျက်ရည်၏မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက ကျောက်စိမ်းပုလင်းကို အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏လက်မှ ချက်ချင်းလုယူကာ စိတ်ဝိညာဉ်အာရုံနှင့် စစ်ဆေးလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်က တုန်ယင်လျက် မကြုံစဖူးထိတ်လန့်တုန်လှုပ်သောအမူအရာတစ်ခုက သူမ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

အင်မော်တယ်ကမ္ဘာအတွင်း၌ ဒီလောက်များသောနတ်ဘုရားသွေးစက်ထွက်ပေါ်လာမည်ဟု သူမက ဘယ်တော့မှ မထင်ထားခဲ့ပေ။ ပမာဏက ကြောက်စရာကောင်းလွန်းလှပေသည်။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကျောက်စိမ်းပုလင်းကို ပြန်လုယူလိုက်သည်။ အထဲရှိ နတ်ဘုရားသွေးစက်ပမာဏကို စစ်ဆေးပြီးနောက် သူက လုံးဝမှင်တက်လုနီးပါးဖြစ်လျက် အထွတ်အထိပ်အလှလေးအား မေးလိုက်သည် “ဘယ်လိုတောင်လဲ”

အထွတ်အထိပ်အလှလေးက ရယ်လိုက်သည် “ရှုအာက နီဖက်စ်တားမြစ်ချောက်နက်ကို သွားခဲ့ပြီး အဲကနေ နတ်ဘုရားအလောင်းတစ်ခုကို ရခဲ့တယ်လေ။ နတ်ဘုရားအလောင်းမှာ အနည်းဆုံးနတ်ဘုရားသွေးစက်သန်းအနည်းငယ်ရှိတယ်။ သူက မြင့်မြတ်ငှက်ဂိုဏ်းအတွက် ဒီနတ်ဘုရားသွေးစက်တစ်သိန်းကို ပြင်ဆင်ပေးပြီး ငါ့ကို ယူလာခိုင်းခဲ့တယ်”

ထိုသို့ပြောပြီးနောက် အထွတ်အထိပ်အလှလေးက သူမ၏သိုလှောင်လက်စွပ်မှ နောက်ထပ်ပစ္စည်းတစ်ခုကို ယူထုတ်ကာ အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ထံ ပေးလိုက်၏ “အဖေ၊ ဒါက နတ်ဘုရားအရိုးအပိုင်းအစတစ်ခုပဲ။ အသုံးအဆောင်ပစ္စည်းတွေသန့်စင်တဲ့နယ်ပယ်မှာ အဖေက အတော်လေးပါရမီပါတယ်လို့ ရှုက ပြောတယ်၊ ဒါကြောင့် သူက ငါ့ကို ဒီနတ်ဘုရားအရိုးအပိုင်းအစကို ယူသွားခိုင်းပြီး အဖေ့အတွက် အသင့်တော်ဆုံးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့ ပြောခဲ့တယ်”

“နတ်ဘုရားအရိုးတစ်ခုလား”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က လက်သီးတင်းကျပ်စွာ ဆုပ်လိုက်ပြီး သူ့အသံက စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေတော့သည် “အဖိုးတန်အရင်းအမြစ်တွေ အမြောက်အများရှိရင်တောင် ငါက အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်နိုင်ရုံမျှပဲ။ ဒါပေမယ့် ဒီနတ်ဘုရားအရိုးနဲ့ဆိုရင် အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်နိုင်ဖို့က သေချာပြီး နတ်ဘုရားတစ်ဝက်အသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် သန့်စင်နိုင်လောက်တယ်။ ရှုက ငါအန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ရဲ့သားဖြစ်ဖို့ တကယ်ထိုက်တန်တယ်။ ဒီလောက်များတဲ့နတ်ဘုရားသွေးစက်တွေနဲ့ဆိုရင် မြင့်မြတ်ငှက်ဂိုဏ်းက ခွန်အားတွေ တစ်ဟုန်ထိုးတိုးတက်လာပြီး အနည်းဆုံးနှစ်ဆလောက် သန်မာလာမယ်ဆိုတာ သေချာတယ်”

အန္တိမအရှင်ကြယ်ဖြာထွက်က အချိန်အတော်ကြာ နှုတ်ဆိတ်နေသည်။ သူက စိတ်လှုပ်ရှားနေသော်လည်း စိုးရိမ်မှုအချို့ရှိလျက် မေးလိုက်၏ “အလှလေး။ မင်းတို့အန္တိမအရှင်နှစ်ယောက်က ဒီကိုလာမှတော့ ရှုအာက စွမ်းအားရှင်တစ်ယောက်ရဲ့အကာအကွယ်ရှိနေသေးရဲ့လား။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း မဟာထန်အင်ပါယာက အလွန်တိုးတက်လာတယ်၊ ဒါကြောင့် လက်ရွေးစင်စွမ်းအားအနည်းငယ်က သူတို့ကို ရန်လိုနေမှာ သေချာတယ်။ မတော်လို့များ…”

အထွတ်အထိပ်အလှလေးက ပြုံးကာ ပြောလိုက်သည် “ငါတို့နှစ်ယောက်မရှိရင်တောင် မဟာထန်အင်ပါယာမှာ အန္တိမအရှင်လေးယောက်ရှိပါတယ်၊ လူအိုကြီးဆိုက်ကာမော၊ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၊လင်းယုန်ငှက်နဲ့ အန္တိမအရှင်သန့်စင်နွေဉီးတို့ပေါ့။ လက်ရွေးစင်စွမ်းအာအချို့က မဟာထန်အင်ပါယာရဲ့ကြွယ်ဝမှုကို လိုချင်ရင်တောင် ဒီအန္တိမအရှင်လေးယောက်က ကာကွယ်နေတဲ့အတွက် စိုးရိမ်ဖို့ မလိုဘူး။ ဒါ့အပြင် ထန်ရှုရဲ့အစီအစဉ်အရ နောက်နှစ်သုံးရာအတွင်းမှာ မဟာထန်အင်ပါယာမှာ အနည်းဆုံးအန္တိမအရှင်ဆယ်ယောက်ကျော်ရှိလာလိမ့်မယ်”

ဤသည်ကို ကြားပြီးနောက် ကြယ်မျက်ရည်၊ အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်နှင့် အန္တိမအရှင်ကြယ်ဖြာထွက်တို့က စိတ်အေးသွားကြသည်။ မဟာထန်အင်ပါယာ၌ ဒီလောက်များသောအန္တိမအရှင်များ ရှိလိမ့်မည်ဟု သူတို့က ဘယ်တော့မှ မထင်ထားခဲ့ပေ။ အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကိုပါ ပေါင်းလိုက်လျှင် မဟာထန်အင်ပါယာ၌ အန္တိမအရှင်ခြောက်ယောက်ရှိပေလိမ့်မည်။

သူတို့မြင့်မြတ်ငှက်ဂိုဏ်းရှိ အန္တိမအရှင်သုံးယောက်ပါ ပေါင်းလိုက်လျှင် သူတို့ဘက်ခြမ်းရှိ အန္တိမအဆင့်စွမ်းအားရှင်များ၏အရေအတွက်က ကိုးယောက်ရှိပေလိမ့်မည်။

အန္တိမအရှင်ကိုးယောက်။

အင်မော်တယ်ကမ္ဘာတစ်ခုလုံးရှိ အသန်မာဆုံးဂိုဏ်းဖြစ်သော တစ္ဆေဂိုဏ်းပင်လျှင် အန္တိမအရှင်လေးယောက်သာ ရှိ၏။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ရှိုက်ပြီး လက်စားချေနိုင်ရန် မျှော်လင့်ချက်အား မြင်လာသည်။ ထို့ကြောင့် သူက နက်ရှိုင်းသောအသံနှင့်‌ ပြော၏ “ရှုအာက နောက်ထပ်နှစ်သုံးရာစောင့်ချင်နေမှတော့ အဲဒီအတောအတွင်းမှာ ငါတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေအားလုံးက ကျင့်ကြံခြင်းကို အမြန်ဆုံးတိုးတက်အောင် လုပ်ရမယ်။ ပြီးရင်တော့ နောက်နှစ်သုံးရာကျရင် ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းကို အနိုင်ကျင့်ခဲ့တဲ့ ရန်သူတွေအားလုံးကို ဖယ်ရှားသုတ်သင်ပစ်ကြမယ်”

အင်ပါယာသို့ ပြန်ရောက်သည်နှင့် ထန်ရှုက အမိန့်အချို့ ပေးပြီးနောက် တံခါးပိတ်ကျင့်ကြံလိုက်သည်။ မဟာထန်အင်ပါယာ၏အထက်အရာရှိအားလုံးကလည်း သိုသိုသိပ်သိပ်နေရန် ရွေးချယ်ခဲ့ကြပြီး အင်ပါယာတစ်ခုလုံးက ချွင်းချက်မရှိ တိတ်ဆိတ်နေပေတော့သည်။

အချိန်က ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ရာ့လေးဆယ်ကုန်ဆုံးသွားပြီဖြစ်သည်။ ဤနှစ်ပေါင်းနှစ်ရာ့လေးဆယ်အတွင်း ထန်ရှုက နတ်ဘုရားသွေးစက်ထောင်ချီကို စုပ်ယူခဲ့ပြီး မရေမတွက်နိုင်လောက်သောကျင့်ကြံခြင်းအရင်းအမြစ်များကို အသုံးပြုခဲ့သည်။ ရလဒ်တစ်ခုအနေနှင့် သူ၏ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာသည်။

အုံး…

ကြီးမားသောပြောင်းလဲမှုတစ်ခုက ထန်ရှု၏ဒန်တျန်အတွင်းရှိ စကြာဝဠာအတွင်း၌ ဖြစ်ပေါ်လာသည်။ အထဲရှိ ဂြိုလ်ဆယ်သန်းက တစ်ပြိုင်နက်တည်း တုန်ခါနေပြီး မရေမတွက်နိုင်သောအသက်ရင်းမြစ်များက ဂြိုလ်အားလုံးဆီသို့ စီးဆင်းလာသည်။ အသက်အရင်းအမြစ်ဝင်လာပြီးနောက် ဂြိုလ်အားလုံးက အသက်ရှိလာပုံရပြီး အားနည်းသောအသက်စွမ်းအားတစ်ခုကို ရရှိခဲ့သည်။

ဂြိုလ်များက တုန်ခါလာပြန်သောကြောင့် သူ့ဒန်တျန်အတွင်းရှိစကြာဝဠာတစ်ခုလုံးက မည်းမှောင်သွားသည်၊ နေရာလပ်က ပျက်ဆီးတော့မည်အတိုင်းပင်။ သို့သော် နောက်အခိုက်အတန့်တွင် အမှောင်ထုက ပျက်ဆီးသွားပြီး အလင်းက ထပ်မံထွက်ပေါ်လာသည်။ ထို့နောက် စကြာဝဠာအတွင်းရှိ နေရာလပ်က လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာ့လေးဆယ်ကထက် အရွယ်အစားအနည်းဆုံးဆယ်ဆကြီးမားလာသည်။ ထန်ရှု၏လေ့လာမှုအရ ယခု သူ့ဒန်တျန်နေရာလပ်၏အရွယ်အစားက အင်မော်တယ်ပိုင်နက်ဆယ်ခုပေါင်းစည်းထားခြင်းနှင့် ညီမျှသည်။

“ဒါက…

“ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ရဲ့စတုတ္ထအဆင့်ဖြစ်တဲ့ကြယ်စကြာဝဠာလား”

“မှတ်တမ်းတွေအရ ဂြိုလ်အားလုံးက အသက်ရင်းမြစ်ကို ရရှိလာတဲ့အခါ ဒန်တျန်ထဲရှိ နေရာလပ်ကို ကြယ်စကြာဝဠာတစ်ခုအဖြစ်သာ သတ်မှတ်ကြတယ်။ ဒါပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိဖို့ အချိန်အကြာကြီး အားဖြည့်ဖို့ လိုအပ်တယ်၊ အနည်းဆုံး နှစ်သောင်းအနည်းငယ် ဒါမှမဟုတ် အများဆုံး နှစ်သိန်းအနည်းငယ် ကြာတယ်။ ငါက အချိန်ခဏလောက်ပဲ ကျင့်ကြံခဲ့တာ၊ ဒါကို ဘယ်လိုလုပ်ပြီး ကြယ်စကြာဝဠာရဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရရှိခဲ့တာလဲ”

“နတ်ဘုရားသွေးစက်နဲ့နတ်ဘုရားခြင်ဆီကြောင့်များလား”

ထန်ရှုက မျက်လုံးဖွင့်လိုက်သည်၊ နောက်အခိုက်အတန့်တွင် သူက နန်းတော်အတွင်းမှ ပျောက်ကွယ်သွားပြီး ကောင်းကင်အထက် ဆယ်ကီလိုမီတာအမြင့်၌ ထွက်ပေါ်လာသည်။ သူ့အထက်ရှိ အဆုံးမဲ့စကြာဝဠာကို လေ့လာပြီးနောက် သူ့မျက်လုံးများက ရွှေရောင်အလင်းတစ်ခု တောက်ပလာသည်။

“နတ်ဘုရားစွမ်းအား-ကောင်းကင်ဘုံပိုက်ကွန်”

ထန်ရှုက ယခုရရှိခဲ့သည့်နတ်ဘုရားစွမ်းအားကို အသုံးပြုလိုက်သည်၊ နောက်အခိုက်အတန့်တွင် သူ့မျက်လုံးရှေ့ရှိ ကမ္ဘာကြီးက သူ့အတွက် မတူတော့ပေ။ အထူးပိုက်ကွန်တစ်ခုကို ဖွဲ့စည်းပုံရသည့် ဟင်းလင်းပြင်တစ်ခုလုံးကို ဖြတ်ကာ လည်ပတ်နေသော ခမ်းနားထည်ဝါသည့်သိပ်သည်းသောရောင်စုံအလင်းတန်းမျိုးစုံကို မြင်ရသည်။ ဤကမ္ဘာကြီးက ထိုသိပ်သည်းသောရောင်စုံအလင်းတန်းများပေါ်၌ အခြေခံကာ ဒီဇိုင်းဆွဲထားသလိုပင်။

“ဒါတွေက ကောင်းကင်ဘုံဥပဒေတွေရဲ့အရိပ်အယောင်တွေဘလား”

အင်မော်တယ်ကမ္ဘာတွင် အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တုန်းက ထန်ရှုက ကောင်းကင်ဘုံဥပဒေသ၏တည်ရှိမှုအပေါ် တစ်ကြိမ်ထိတွေ့ခဲ့ဖူးသည်။ သို့သော် ထိုစဉ်အခါက သူမြင်ခဲ့သောကောင်းကင်ဘုံဥပဒေသ၏တည်ရှိမှုက မှိန်ဖျော့သောမီးခိုးရောင်အလင်းတန်းတစ်ခုသာဖြစ်ပြီး ယခုသူ့မျက်စိရှေ့ရှိ ရှင်းလင်းတောက်ပသောမြင်ကွင်းနှင့် လုံးဝမသက်ဆိုင်ပေ။

ပိုအရေကြီးဆုံးကတော့ ကမ္ဘာအတွင်းရှိ စွမ်းအင်စီးဆင်းမှုအားလုံးကို သူက အာရုံခံနိုင်သည်၊ ထို့ကြောင့် ဤအရာက တိုက်ပွဲတစ်ခုအတွင်း သူ့ခွန်အားအား အတိုင်းအတာတစ်ခုအထိ တိုးစေလိမ့်မည်။

All Chapters