ကြောက်စရာကောင်းသောအန္တိမအရှင်အရေအတွက်
Vol. 101 Ch. 1399
ထန်ရှုက နန်းတော်ထဲ၌ ရှိနေချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားသောစွမ်းအင်များနှင့် ပြည့်နေသည်။ သူ့ထံမှ ကီလိုမီတာတစ်ထောင်အကွာတွင် လှည့်ပတ်နေသော စွမ်းအင်အမျိုးမျိုးကို သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုပ်ယူလိုက်၏။
“ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က အင်မော်တယ်ကမ္ဘာရဲ့ကျင့်ကြံခြင်းနည်းစနစ်အားလုံးထက် သံသယရှိစရာမလိုအောင် သာလွန်တာပဲ။ ငါ့ရဲ့စွမ်းအားက တိုးတက်လာပေမယ့် စဉီးအဆင့်အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်နဲ့သာ ယှဉ်ပြိုင်နိုင်သေးတယ်။ ဒါပေမယ့် ငါက ကောင်းကင်ဘုံဉပဒေတွေရဲ့တည်ရှိမှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်နေပြီ”
“ကံမကောင်းစွာနဲ့ နတ်ဘုရားသွေးစက်ရဲ့သက်ရောက်မှုက အရမ်းကြီးမထိရောက်တော့ဘူး။ သို့မဟုတ်ရင် ဒီနှုန်းအတိုင်း ဆက်လေ့ကျင့်သွားမယ်ဆိုရင် နှစ်နှစ်ရာအတွင်း ငါ့ရဲ့အထွတ်အထိပ်ခွန်အားကို ပြန်ရနိုင်လိမ့်မယ်”
“အခုက လေ့ကျင့်တာကနေ အနားယူပြီး နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးကို ပြင်ဆင်ဖို့ အချိန်ပဲ”
ထန်ရှုက ထရပ်သည်။ သူက နန်းတော်အပြင်သို့ ထွက်လိုက်သောအခါ အနည်းငယ် အေးခဲသွား၏။ မဟာထန်အင်ပါယာ၏အထက်အရာရှိအားလုံးက အပြင်ဘက်၌ ရပ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် စိုးရိမ်သောအမူအရာတို့ ဖြစ်နေကြသည်။
“ဘာဖြစ်နေကြတာလဲ”
ထန်ရှုက မေးလိုက်သည်။
အိုးရန်လုလုက လျင်မြန်စွာ ရှေ့တိုးလာလျက် ပြောလိုက်သည် “ရှင်က တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီလေ၊ ပြီးတော့ ဒီနေရာက မိုင်တစ်ထောင်ပတ်လည်က အင်မော်တယ်စွမ်းအင်တွေအားလုံးကလဲ နန်းတော်ထဲကို ပြေးဝင်သွားနေကြတယ်။ ရှင့်ရဲ့ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်နေမှာကို ကျွန်မတိုက စိုးရိမ်နေကြတာ၊ ဒါကြောင့် အားလုံးက ဒီနေရာကို ရောက်လာပြီး ရှင့်ကို စောင့်နေကြတာ။ ရှင်…ရှင် အဆင်ပြေရဲ့လား”
ထန်ရှုက ရယ်ကာ ပြန်ဖြေသည် “ငါ အဆင်ပြေပါတယ်။ အရမ်းအဆင်ပြေပါတယ်။ အားလုံးပဲ၊ လုပ်စရာရှိတာတွေကို သွားပြန်လုပ်မှာပါ။ လောလောဆယ် ငါက တံခါးပိတ်မကျင့်ကြံသေးဘူး။ ငါက ဆေးလုံးအချို့ကို သန့်စင်မလို့”
“ကောင်းပါပြီ…”
လူအုပ်ကြီးက အရွယ်အစားလျော့သွားကြပြီး အနည်းငယ်သာ ကျန်သည်။ သူတို့အားလုံးက ထန်ရှု၏အမျိုးသမီးများဖြစ်ကြသည်။ သူတို့က ထန်ရှုအား မမြင်ရတာ ကြာပြီလေ၊ ထို့ကြောင့် သူတို့က သူ့အား သတိရနေကြမှန်း သိသာသည်။ ထန်ရှုက သူတို့အား စိတ်ချရန် သေချာပြောပြီးမှသာ သူတို့က ထွက်သွားကြ၏။
“ဆရာသခင်”
မယုံနိုင်လောက်အောင်လှပသောကူးရင်က အဝေးမှ ပြေးလာကာ ထန်ရှုအရှေ့သို့ ရောက်လာသည်။
“မဆိုးဘူး”ထန်ရှုက ရယ်၏ “မင်းက မြေအင်မော်တယ်အဆင့်ကို ရောက်နေပြီပဲ။ ဒီလိုတိုးတက်မှုနှုန်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာတောင် အရမ်းရှားတယ်”
ကူးယင်က ရယ်ကာ ပြန်ဖြေသည် “ဆရာသခင်၊ အများဆုံး နောက်ခြောက်လအတွင်းမှာ ငါက ကောင်းကင်အင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ်”
ထန်ရှုက ပျော်ရွှင်စွာ ပြန်ဖြေသည် “မဆိုးဘူး။ လုံးဝကို မဆိုးဘူးပဲ”
ကူးယင်က ပြောသည် “ဆရာ၊ ငါ့ရဲ့လေ့ကျင့်ရေးမြန်နှုန်းက နှေးလွန်းပါတယ်။ အမယန်အာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါက ရှက်စရာကောင်းလှအောင် နှေးလွန်းတယ်။ ပြီးခဲ့တဲ့ခြောက်လက အမယန်အာက ငါ့ကို ပြောခဲ့တယ်၊ နောက်သုံးနှစ်အတွင်းမှာ သူက အန္တိမအဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ်တဲ့။ ယန်အာလဲ အန္တိမအရှင်တစ်ယောက်ဖြစ်ချင်တယ်၊ ဆရာသခင်ကို ကူညီချင်တယ်”
ထန်ရှုက ရယ်ကာ ပြန်ဖြေသည် “မင်းရဲ့ဆရာက မင်းရဲ့အကူအညီကို မလိုအပ်ပါဘူး။ မင်းက ပျော်ရွှင်စွာ ကျင့်ကြံနိုင်ပြီး ပိုသန်မာနိုင်သရွေ့ မင်းရဲ့ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်မယ့်နေ့တစ်နေ့ရှိလာပါလိမ့်မယ်။ အဲဒါက လုံလောက်ပါလိမ့်မယ်”
သူတို့က ဆက်လက်စကားပြောခဲ့သည်။
ရုတ်တရက် ကောင်းကင်က အတိဒုက္ခကပ်ဘေးတိမ်များနှင့် ပြည့်သွားပြီး မိုးကြိုးများက မြည်ဟည်းလာသည်။ ထန်ရှုက ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်ရင်း သူက အားပါးတရပြုံးလိုက်မိသည်။ ပြီးခဲ့သောနှစ်နှစ်ရာ့လေးဆယ်အတွင်း ယခုလိုမြင်ကွင်းတစ်ခုအား မြင်တွေ့ရသည်မှာ ယခုက ဆယ့်သုံးကြိမ်မြောက်ဖြစ်သည်။ တစ်စုံတစ်ယောက်က အန္တိမအဆင့်သို့ ချိုးဖြတ်နေပုံပေါ်သည်။
“အဲဒါက စီနီယာအမပဲ...”
ကူးယင်က ကောင်းကင်သို့ ပြေးတက်လျက် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် လေထဲတွင် လွင့်မျောနေသော ကူးယန်အာအား ထန်ရှုက ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ကာ ရယ်၏ “မင်းရဲ့စီနီယာအမက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့ပြီးသား။ သူမက အန္တိမအဆင့်ကို ခြေချဖို့ တစ်လှမ်းသာ လိုတော့တာ။ နှစ်ရာအနည်းငယ်ကျင့်ကြံပြီးနောက် သူမက သူမရဲ့အထွတ်အထိပ်ခွန်အားကို ပြန်ရရုံသာမက အန္တိမအဆင့်ပါ ချိုးဖြတ်ခဲ့နိုင်တယ်။ တကယ်ကိုပဲ၊ သူမရဲ့တိုးတက်မှုအရှိန်က တကယ်မြန်တယ်။ နတ်ဘုရားသွေးစက်ရဲ့အကူအညီနဲ့သူမရဲ့အလားအလာပါ ပေါင်းထည့်လိုက်ရင် သူမက ကောင်းကင်ဘုံအတိဒုက္ခကပ်ဘေးလေးဆယ့်ကိုးခုကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်လိမ့်မယ်။ ကြည့်ရတာ ငါတို့ရဲ့မဟာထန်အင်ပါယာမှာ အန္တိမအရှင်နောက်တစ်ယောက်ရှိလာတော့မယ့်ပုံပဲ”
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်များက ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးစုစုပေါင်းဆယ့်ခြောက်ယောက်ရှိပြီး အားလုံးက အန္တိမအဆင့်စွမ်းအားရှင်များဖြစ်ကြသည်။
သူတို့ထဲမှ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက အနည်းငယ်ရှုပ်ထွေးနေသည်။ သူက တိမ်များဆီသို့ ပြေးသွားသော ကူယန်အာကို ကြည့်ကာ ပြောလိုက်၏ “တိမ်တွေက မယုံနိုင်လောက်အောင် ထူထပ်တယ်။ အန္တိမအဆင့်ကို ချိုးဖြတ်ပြီးတဲ့အခါ သူမက ပြီးပြည့်စုံတဲ့စဉီးအန္တိမအရှင်တစ်ယောက်ဖြစ်ပေလိမ့်မယ်။ ငါ့အရှင်၊ ငါက လူအများကြီးကို မလေးစားပါဘူး။ ဒါပေမယ့် မင်းကိုတော့ လုံးဝကို လေးစားမိတယ်။ နှစ်နှစ်ရာကနေ နှစ်သုံးရာအတွင်းမှာ ငါတို့ရဲ့မဟာထန်အင်ပါယာမှာ ဒီလောက်များတဲ့အန္တိမအဆင့်တွေ ရှိနေပြီ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ငါတို့ရဲ့မဟာထန်အင်ပါယာက အသန်မာဆုံးလို့ ငါ ပြောရဲတယ်”
ထန်ရှုက ရယ်ကာ ပြန်ဖြေသည် “အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၊ မင်းရဲ့ချီးကျူးမှုကို ခံရဖို့ဆိုတာ ဘယ်လောက်တောင် ရှားလိုက်သလဲ။ ဒါပေမယ့် ဒီချီးကျူးမှုတွေက ငါ့ကို အတော်လေးစိတ်ချမ်းမြေ့စေပါတယ်။ ဟားဟားဟား”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ရယ်ကာ ပြန်ပြောသည် “အရှင့်နောက်ကို လိုက်ဖို့ ငါ ပထမဆုံး ဆုံးဖြတ်တုန်းက အရှင့်ရဲ့ရည်ရွယ်ချက်တွေက ကြီးမားလွန်းတယ်လို့ ခံစားမိတယ်။ အရှင့်ရဲ့ပန်းတိုင်တွေက မဖြစ်နိုင်ဘူးလို့ ငါ ထင်ခဲ့တယ်။ အဲတုန်းက ငါက ဘယ်လောက်တောင် အမြင်ကျဉ်းမြောင်းလိုက်သလဲ။ ဟုတ်တယ်၊ အခု ငါတို့မှာ ကြီးမားတဲ့စစ်တပ်စွမ်းအားရှိနေပြီ၊ အခုက အရှင်ပြောပြောနေတဲ့အဲဒီရန်သူတွေကို ဖျက်ဆီးဖို့ အချိန်ပဲ”
ထန်ရှုက တည်ငြိမ်စွာ ပြောသည် “အလျင်မလိုပါနဲ့။ ငါသတ်မှတ်ထားတဲ့နှစ်သုံးရာပြည့်ဖို့ နှစ်ခြောက်ဆယ်လိုသေးတယ်။ နှစ်ခြောက်ဆယ်အတွင်းမှာ ငါတို့က စစ်သားတွေကို ဆက်လက်လေ့ကျင့်ပေးရလိမ့်မယ်။ ပြီးရင် အနီးနားက အင်မော်တယ်ပိုင်နက်ခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ကြမယ်။ ဒီနည်းလမ်းနဲ့ ငါတို့က မဟာထန်အင်ပါယာရဲ့ပိုင်နက်တွေကို တည်ဆောက်နိုင်လိမ့်မယ်။ အဲအချိန်ရောက်တဲ့အခါ မင်းပြောတဲ့အဲဒီရန်သူတွေကို ငါတို့တွေ ဖယ်ရှားကြမယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ချက်ချင်း ခေါင်းညိတ်ကာ ပြောသည် “ငါက ရှေ့ပြေးတပ်ခေါင်းဆောင်လုပ်ဖို့ ဆန္ဒရှိပါတယ်။ အဲတုန်းက မင်းဆီမှာ ခစားဖို့ ငါ ဆုံးဖြတ်ခဲ့တုန်းက အဲဒီအင်မော်တယ်ပိုင်နက်ခြောက်ခုရဲ့အရှင်ခြောက်ယောက်က ငါ့ကို အကြိမ်ပေါင်းမရေမတွက်များစွာ ရယ်မောခဲ့တယ်။ အချိန်ကျလို့ မဟာထန်အင်ပါယာက သူတို့ရဲ့ပိုင်နက်ကို သိမ်းပိုက်လာတဲ့အခါ သူတို့က ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါ မြင်ချင်တယ်”
ကောင်းကင်တွင်။
ကူယန်အာက အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ကိုင်တွယ်လျက် ကောင်းကင်မှ သူမထံ ကျဆင်းလာနေသော လျှပ်စီးမိုးကြိုးများအား ဖျက်ဆီးနေသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူများအတွက် ကောင်းကင်ဘုံအတိဒုက္ခကပ်ဘေးလေးဆယ့်ကိုးခုက အလွန်အန္တရာယ်များသည်။ သူတို့က ၎င်းကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်လာပေလိမ့်မည်။ ကျရှုံးလျှင် သူတို့က ထာဝရပျောက်ကွယ်သွားရပေလိမ့်မည်။
ယခင်က။
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကျင့်ကြံသူနှစ်သောင်းထဲမှ နှစ်ဆယ်လောက်ကသာ ကောင်းကင်ဘုံကပ်ဘေးလေးဆယ့်ကိုးခုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ဒါကပင် အလွန်အမင်းအထင်ကြီးစရာကောင်းသောနှုန်းတစ်ခုဖြစ်နေပြီဖြစ်သည်။ သို့သော် မဟာထန်အင်ပါယာရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူများအတွက်ကတော့ ဒါက နတ်ဘုရားသွေး၏သက်ရောက်မှုဖြစ်သည်ကို လူတိုင်းက သိကြ၏။
နေ့တစ်ဝက်ကြာပြီးနောက် ကူးယန်အာက နောက်ဆုတ်သွားသော ကောင်းကင်ဘုံကပ်ဘေးလေးဆယ့်ကိုးခုအား ရယ်ကာ ကြည့်လိုက်သည်။ သူမ၏စွမ်းအင်က မယုံနိုင်စရာနှုန်းနှင့်အတူ မြင့်တက်လာ၏။ နာရီဝက်ကြာပြီးနောက် သူမ၏စွမ်းအင်က ယခင်ထက် အဆများစွာ ရှိလာပြီဖြစ်သည်။
ဝှစ်…
လျှပ်စီးလို လျင်မြန်စွာနှင့် ကူးယန်အာက ထန်ရှု၏အရှေ့၌ ထွက်ပေါ်လာသည်။ ပြုံးလျက် သူမက ထန်ရှုအား ချက်ချင်း ပွေ့ဖက်ကာ ပြောလိုက်၏ “တစ်ချိန်က အန္တိမအဆင့်ကို ချိုးဖြတ်နိုင်ဖို့ ငါ အိပ်မက်မက်ခဲ့တယ်။ ဒါ့အပြင် အန္တိမအဆင့်ကို ချိုးဖြတ်ပြီးတဲ့အချိန်မှာ ငါ ပထမဆုံးမြင်ရမယ့်သူက ဆရာဖြစ်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ အခု…ငါ့ရဲ့ဆန္ဒက အမှန်တကယ်ဖြစ်လာပြီပဲ။ အန္တိမအဆင့်…ဘယ်လိုတောင် ကြီးကျယ်ခမ်းနားတဲ့ခံစားချက်တစ်ခုလဲ”
ထန်ရှုက သူမ၏နောက်ကျောကို ပုတ်ကာ ရယ်လျက် ပြော၏ “အခု မင်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့အသန်မာဆုံးကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်လာပြီ။ အချိန်လေးနည်းနည်းသာ ထပ်စောင့်ပါ၊ သုံးနှစ်ပြည့်တဲ့အခါ ငါတို့ရဲ့မဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဂျွန်းထိုးမှောက်ခုံလုပ်ပစ်မယ်”
“ဟုတ်ကဲ့ပါ”
ကူယန်အာက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက သူမအား လွှတ်ကာ အန္တိမအရှင်ဆယ့်ခုနှစ်ယောက်အား ဝေ့ကြည့်လိုက်သည်။ ထို့နောက် လေးနက်သောအမူအရာနှင့်အတူ သူက ပြော၏ “အားလုံးပဲ၊ မင်းတို့က ငါ့နောက်ကို လိုက်ပြီး ငါ့ကို သစ္စာရှိဖို့ ရွေးချယ်ခဲ့ကြတယ်၊ ငါက မင်းတို့က လစ်လျူမရှုပါဘူး။ ငါတို့က မင်မော်တယ်ကမ္ဘာအနှံ့ အကြောက်အလန့်မရှိ လမ်းလျှောက်နိုင်ပေမယ့် ငါတို့ရဲ့ရည်ရွယ်ချက်က အင်မော်တယ်ကမ္ဘာရဲ့အထွတ်အထိပ်အုပ်ချုပ်သူတွေဖြစ်ဖို့မဟုတ်ဘူး။ ငါ့ရဲ့ရည်မှန်းချက်က မင်းတို့အားလုံးကို နတ်ဘုရားကမ္ဘာကို ခေါ်သွားပြီး အဲနေရာမှာ သတ်ဖြတ်ကြဖို့ပဲ”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ရယ်လျက် ပြန်ဖြေသည် “ငါ့အရှင်၊ နတ်ဘုရားကပ်ဘေးက ကြောက်စရာကောင်းလွန်းတယ်။ အောင်မြင်မှုနှုန်းက အန္တိမအဆင့်ကျင့်ကြံသူတစ်ရာမှာ တစ်ယောက်ပဲ ရှိတယ်။ ဒီအောင်မြင်မှုနှုန်းကတောင် အထင်ကြီးစရာကောင်းနေပြီ။ ငါတို့မှာ နတ်ဘုရားသွေးစက်ရှိရင်တောင် ငါ ကြောက်တာက…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားလိုက်သည်။ “မင်းပြောတာ မှန်တယ်။ နတ်ဘုရားသွေးစက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကို အန္တိမအဆင့်ကို ချိုးဖြတ်ဖို့အတွက် နတ်ဘုရားသွေးစက်က အကျိုးရှိတယ်။ ဒါပေမယ့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ဖို့ အတွက်ဆိုရင်တော့ အခြားအရာတွေ အများကြီးလိုအပ်တယ်။ ဒီနေ့ကစပြီး ငါက နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးတွေကို သန့်စင်မယ်။ မဟာထန်အင်ပါယာက အန္တိမအရှင်တွေက နှောင်းပိုင်းအန္တိမအဆင့်ကို ရောက်တဲ့အခါ မင်းတို့အားလုံးကို နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးတစ်လုံးစီပေးမယ်။ တစ်ချိန်က ငါ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ နတ်ဘုရားကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံး နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ငါ ကူညီနိုင်လိမ့်မယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အံ့အားသင့်သောအမူအရာနှင့် ပြန်ပြောသည် “မင်းက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ဖူးတာလား။ ဒါ့အပြင် အောင်တောင် အောင်မြင်ခဲ့တာလား။ ဘယ်လိုလုပ်ပြီး…ဒါက ဖြစ်နိုင်မှာလဲ။ မင်းက နတ်ဘုရားကပ်ဘေးကို တကယ်ပဲ ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုရင် အခုချိန်မှာ နတ်ဘုရားကမ္ဘာမှာ ရှိနေရမှာ မဟုတ်လား”
ထန်ရှုက ရယ်လျက် သူ၏ရှေးဉီးမူလဖရိုဖရဲစွမ်းအားကို ထုတ်လွှတ်ကာ သူ့အရှေ့ရှိ လူဆယ့်ခုနှစ်ယောက်ကို ရစ်ပတ်ပြီး နန်းတော်ထဲသို့ ခေါ်ဆောင်လိုက်သည်။ ထို့နောက် သူက နဂါးကိုးကောင်ကျောင်းပေါ်တွင် ထိုင်ကာ ပြောလိုက်၏ “မင်းတို့အများစုက ငါ့ရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး သိချင်နေကြမယ်လို့ ငါ ယုံကြည်တယ်။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၊ ငါ ပြောတာ မှန်ရဲ့လား”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အတွေးနက်သွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေသည် “မင်းပြောတာ မှန်ပါတယ်၊ အရှင်။ မင်းရဲ့ခွန်အားက ငါ့တစ်သက်မှာ မမြင်ဖူးတဲ့အရာပဲ။ အင်မော်တယ်ကမ္ဘာမှာ ငါတို့ရဲ့ရန်သူတွေအများကြီးရှိတယ်ဆိုတယ်ဆိုတာ ငါတို့အားလုံးသိတယ်။ ဒါ့အပြင် အဲဒီရန်သူတွေအားလုံးက မြင့်မြတ်ငှက်ဂိုဏ်းရဲ့ရန်သူတွေလဲဟုတ်တယ်။ ပြီးတော့ ကြယ်မျက်ရည်က အဲဒီဂိုဏ်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အထွတ်အထိပ်အလှလေးကလဲ ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က အရမ်းကို ဂရုစိုက်တဲ့ တစ်စုံတစ်ယောက်ပဲ။ ဒါ့ကြောင့် မင်းက မြင့်မြတ်ငှက်ဂိုဏ်းရဲ့အစိတ်အပိုင်းတစ်ခုမဟုတ်ရင် သူတို့နဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုတစ်ခုရှိမယ်လို့ ငါတို့က သံသယရှိကြတယ်”
ထန်ရှုက အထွတ်အထိပ်မူ၊ အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့် အလှလေးယုတို့ကို ကြည့်လိုက်သည်၊ ထို့နောက် သူက တည်ငြိမ်စွာ ရယ်လျက် ပြန်ပြောသည် “အခု မင်းတို့တွေ သူတို့ကို ပြောပြနိုင်ပြီ။ မင်းတို့တွေ ငါ့ကို ဘယ်လို ခေါ်သင့်သလဲ”
သူတို့ငါးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့တစ်ယောက်ချင်းစီက ထန်ရှုအရှေ့၌ ချက်ချင်း ဒူးထောက်ကာ ပြောလိုက်ကြ၏ “တပည့်တို့က ဆရာသခင်ကို အရိုအသေပေးပါတယ်…”
“ဘာ…”