← Chapters

အလုံးစုံအံ့ဩခြင်း

Vol. 101 Ch. 1400

အလုံးစုံအံ့ဩခြင်း

Vol. 101 Ch. 1400

ကူယန်အာဘေးနားရှိ အန္တိမအရှင်အားလုံးက လုံးဝအံ့ဩတုန်လှုပ်သွားကြသည်။ အထွတ်အထိပ်အသင်္ချေမှတ်စုနှင့်အထွတ်အထိပ်မူတို့ငါးယောက်က ဘယ်သူများဖြစ်ကြသည်ကို သူတို့အားလုံးက သိကြသည်။ ဤလူများက ထန်ရှုမှ အင်ပါယာထဲသို့ လက်ခံခဲ့သည့် မြင့်မြတ်ငှက်ဂိုဏ်းမှ အားကောင်းသောသူများသာ ဖြစ်သည်ဟု သူတို့က တွေးထားခဲ့ကြသည်။ ထိုလူများက ထန်ရှုအား ဆရာသခင်အဖြစ် ခေါ်ဆိုလိမ့်မည်ကိုတော့ မယုံကြည်ခဲ့ကြပေ။

ဤလူငါးယောက်၏ဆရာသခင်က တစ်ချိန်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပင်ဖြစ်သည်၊ သို့သော် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က နတ်ဘုရားကပ်ဘေးဖြတ်ကျော်ရန် ကျရှုံးပြီးနောက် စိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့သည်။

ထန်ရှုက ဖြည်းဖြည်းချင်း ထရပ်သည်၊ ထိုငါးယောက်အား ထရန် အချက်ပြပြီးနောက် သူက ပြောလိုက်၏ “မင်းတို့ရဲ့မျက်လုံးတွေက မမှားဘူး။ မင်းတို့ရဲ့နားတွေလဲ မမှားပါ။ ငါက ဒီငါးယောက်ရဲ့ဆရာသခင်ပဲ။ ဟုတ်တယ်၊ တစ်ချိန်က ငါက မြင့်မြတ်ငှက်ဂိုဏ်းရဲ့အထွတ်အထိပ်ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အားကောင်းတဲ့အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်အဖြစ် အင်မော်တယ်ကမ္ဘာကို ကြောက်ရွံ့စေခဲ့တယ်။ ဟုတ်တယ်၊ ငါက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပဲ”

ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်လား။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်ကျန်ရှိသည့်အန္တိမအရှင်အားလုံးက တုန်လှုပ်မှုအပြည့်ဖြစ်နေတော့သည်။ သူတို့က ထန်ရှု၏သရုပ်မှန်အား အကြိမ်များစွာ သံသယရှိခဲ့သည်။ သို့သော် သူက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ကိုယ်တိုင်ဖြစ်လိမ့်မည်ဟုတော့ သူတို့က မမျှော်လင့်ထားခဲ့ပေ။

အေးစက်သောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲမှ လင်းလက်လာလျက် သူက ပြောလိုက်သည် “မင်းတို့အားလုံးက ငါ့ရဲ့သမိုင်းကို သိကြမှာပါ။ ဒါ့အပြင် ငါနဲ့ အရင်းနီးဆုံးမိတ်ဆွေနှစ်ယောက်ရှိတယ်ဆိုတာကိုလဲ မင်းတို့က သိလောက်တယ်။ တစ်ယောက်က အတွင်းတော်ဆေးဂိုဏ်းရဲ့မဟာဧကရာဇ်တန်ချင်းဖြစ်ပြီး အခြားတစ်ယောက်က ထာဝရနန်းတော်ရဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့ပဲ။ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ငါက အားအနည်းဆုံးဖြစ်နေတဲ့အချိန်မှာ ဒီနှစ်ယောက်က ငါ့ကို အလစ်တိုက်ခိုက်ခဲ့တယ်။ ငါ့ရဲ့စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကသာ အခြားကမ္ဘာတစ်ခုထဲကို မဝင်ရောက်ခဲ့ရင် ငါ့ရဲ့စိတ်ဝိညာဉ်က သေချာပေါက် ပျက်ဆီးပျောက်ကွယ်သွားမှာ သေချာတယ်။ မင်းတို့ကို ဒါကို ပြောပြဖို့ ဆုံးဖြတ်ရတဲ့အကြောင်းရင်းက ငါတို့ရဲ့လက်စားချေဖို့ နေ့ရက်က နီးကပ်လာလို့ပဲ။ လက်ရှိမှာ ငါ့ရဲ့အထွတ်အထိပ်ခွန်အားကို ပြန်မရသေးဘူး။ ဒါပေမယ့် ငါက အလယ်ဆင့်အန္တိမအရှင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်သေးတယ်။ နောက်ထပ်နှစ်ခြောက်ဆယ်ကျော်ရင် ငါက အလယ်ဆင့်အန္တိမအရှင်တွေကို အလွယ်တကူ သတ်ဖြတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်”

မဟာထန်ဧကရာဇ်က ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ဖြစ်သည်ကို သိလိုက်ရပြီးနောက် အချိန်အတော်ကြာမှ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က နောက်ဆုံးတွင် ပြောလာသည် “အင်မော်တယ်ကမ္ဘာရဲ့အကြင်နာဆုံးအမျိုးသမီးဖြစ်တဲ့အထွတ်အထိပ်အင်မော်တယ်အလှလေးက မင်းရဲ့အမျိုးသမီးဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ၊ အရှင်။ အထွတ်အထိပ်မူနဲ့ကျန်တဲ့လူတွေက မင်းကို ဒီလောက်ထိ သစ္စာရှိတာ အံ့ဩစရာမရှိဘူးပဲ။ မင်းရဲ့စွမ်းအားက ခုန်ပေါက်သလို တိုးတက်နေတာ အံ့ဩစရာမရှိဘူးပဲ။ မင်းက မြင့်မြတ်ငှက်ဂိုဏ်းကို အရင်းအမြစ်တွေ အဆက်မပြတ် ပို့ပေးနေတာ အံ့ဩစရာမရှိဘူးပဲ”

ယခု အန္တိမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် အောက်ပင်လယ်ဝေလငါးဘုရင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “မင်းက မဟာဧကရာဇ်တန်ချင်းနဲ့ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့နဲ့ အရမ်းရင်းနှီးတယ်ဆိုတာကို အင်မော်တယ်ကမ္ဘာမှာရှိတဲ့စွမ်းအားရှင်တွေအားလုံးက သိကြတယ်။ ဒါပေမယ့် မင်း ပျောက်ကွယ်သွားတဲ့အချိန်မှာ သူတို့က မြင့်မြတ်ငှက်ဂိုဏ်းကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြတယ်။ ဒီအရှက်မရှိတဲ့ခွေးနှစ်ကောင်။ ငါတို့က မင်းနောက်လိုက်ပြီး ဒီလူယုတ်မာတွေကို မြေမြှုပ်ပစ်မယ်”

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “အားလုံးပဲ။ ငါ့ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီးပြီ။ မင်းတို့က ဒါကို လျှို့ဝှက်ထားမယ်လို့ ငါ မျှော်လင့်တယ်”

“စိတ်ချပါ၊ အရှင်”

လူတိုင်းက အင်မော်တယ်ကျမ်းကျိန်ချက်တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။

နောက်ရက်များတွင်။

ကူယန်အာအပြင် အခြားအန္တိမအရှင်များက အဖွဲ့ခြောက်ဖွဲ့အဖြစ်သို့ ခွဲထားလိုက်သည်။ တစ်ဖွဲ့စီတွင် အန္တိမအရှင်နှစ်ယောက်သို့မဟုတ်သုံးယောက်ပါဝင်သည်။ တစ်ဖွဲ့စီက အနီးနားရှိ အင်မော်တယ်ပိုင်နက်ခြောက်ခုကို တိုက်ခိုက်ခဲ့သည်။ ထိုပိုင်နက်ခြောက်ခုမှ လေးခုတွင် အန္တိမအဆင့်ကျင့်ကြံသူများမရှိပေ၊ ထို့ကြောင့် နှစ်နှစ်အတွင်း ထိုပိုင်နက်လေးခုကို သိမ်းပိုက်နိုင်ခဲ့သည်။ အခြားပိုင်နက်နှစ်ခုတွင် သူတို့အား ကာကွယ်ရန် အန္တိမအဆင့်ကျင့်ကြံသူများရှိသည်။ သို့သော် မဟာထန်အင်ပါယာ၏အားကောင်းသောတိုက်ခိုက်မှုအောက်တွင် သူတို့အားလုံးက အသတ်ခံခဲ့ရ၏။

နှစ်နှစ်ကြာပြီးနောက်။

ယခု မဟာထန်အင်ပါယာလက်အောက်တွင် အင်မော်တယ်ပိုင်နက်ဆယ်ခုရှိလာပြီဖြစ်သည်။

နှစ်နှစ်ဆယ်ကြာပြီးနောက်။

မဟာထန်အင်ပါယာက သူတို့၏ပိုင်နက်အားလုံးကို အခိုင်အမာခံစစ်ပြင်ထားခဲ့ပြီး ချိုးဖောက်တိုက်ခိုက်ရန် မလွယ်ကူလှပေ။

နှစ်ငါးဆယ်ကြာပြီးနောက်။

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်၌ ကျင့်ကြံသူအရေအတွက်အမြောက်အများတိုးလာသည်။ ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့အပြင် ယခု မဟာထန်အင်ပါယာ၌ အန္တိမအရှင်ဆယ့်ရှစ်ယောက်ရှိလာပြီဖြစ်၏။ ယခု စစ်တပ်နှစ်ဆယ်လည်း ရှိပြီး တစ်ဖွဲ့စီတွင် အင်မော်တယ်စစ်သည်ငါးသန်းပါဝင်သည်။ အားလုံးပေါင်းလျှင် မဟာထန်အင်ပါယာ၏တိုက်ခိုက်ရေးစစ်တပ်များ၌ အင်မော်တယ်စစ်သည်သန်းတစ်ရာရှိသည်ဟု ဆိုလို၏။

သန်းတစ်ရာ။

ထိုလူများက တိုက်ခိုက်ရေးသီးသန့်စစ်သည်များသာ ဖြစ်ကြသည်။ မဟာအင်ပါယာတွင် အခြားအမျိုးအစားစစ်သည်များလည်း ရှိကြသည်၊ ဥပမာအားဖြင့် ကုသရေးတပ်၊ ထောက်ပံ့ပို့ဆောာင်ရေးတပ်၊ လက်နက်နှင့်ချပ်ဝတ်တပ်စသဖြင့်ရှိကြသည်။ ထိုစစ်သားအားလုံး၏အရေအတွက်အားလုံးပေါင်းက သန်းသုံးဆယ်ကျော်ရှိ၏။

ဤနှစ်ငါးဆယ်အတွင်း။

နေ့တိုင်းကျင့်ကြံခြင်းအပြင် ထန်ရှုက နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးကို အဆက်မပြတ်သန့်စင်နေခဲ့သည်။ ဤဆေးလုံးများ သန့်စင်ခြင်းအတွက် မဟာထန်အင်ပါယာ၏အရင်းအမြစ်များက ပြောင်းသလင်းခါလုနီးပါးပင်။ ကံကောင်းစွာနှင့် သိမ်းပိုက်ထားသောအင်မော်တယ်ပိုင်နက်ခြောက်ခုမှ အရင်းအမြစ် ကြွယ်ဝစွာ ရရှိထားသောကြောင့် အင်ပါယာက အရင်းအမြစ်များ မပြတ်လပ်ခဲ့ပေ။

ဤနှစ်ငါးဆယ်အတွင်း အင်မော်တယ်ကမ္ဘာရှိ စွမ်းအားရှင်အနည်းငယ်က ထန်ရှုထံ လာရောက်လည်ပတ်ခဲ့ကြသည်။ သူတို့တွင် ရည်ရွယ်ချက်နှစ်ခုသာ ရှိသည်။ ပထမတစ်ခုက သူတို့က မဟာထန်အင်ပါယာ၏အနေအထားနှင့် ပတ်သက်၍ အချက်အလက်များစုဆောင်းရန်ဖြစ်သည်။ ဒုတိယကတော့ မဟာထန်အင်ပါယာနှင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်လိုခြင်းဖြစ်သည်။

“လေးဆယ့်ခြောက်လုံးမြောက်”

ထန်ရှုက နောက်ဆုံးသန့််စင်ခဲ့သည့်နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးကို သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။ ထိုသို့ပြုလုပ်ရင်း သူ့မျက်နှာက ပျော်ရွှင်မှုတို့ဖြင့် လင်းလက်နေသည်။

ဆေးဖော်စပ်ခန်းမှ ထွက်လာပြီးနောက် ကူယန်အာက စောင့်နေသည်ကို သူက မြင်လိုက်သည်။

“ဆရာသခင်၊ ဧည့်သည်တစ်ယောက်ရှိတယ်။ သူ စောင့်နေတာ ကိုးရက်ရှိပြီ”ကူယန်အာက ပြောသည်။

ထန်ရှုက မေးလိုက်၏ “ဒီအန္တိမအရှင်က ဘယ်သူလဲ”

ကူယန်အာက ပြန်ဖြေသည် “သူ့ကိုယ်သူ အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံလို့ ပြောတယ်။ ဒါ့အပြင် သူက အတော်လေးသန်မာတယ်။ အနည်းဆုံး သူက ငါ့ထက် အများကြီးပိုသန်မာတယ်”

ထန်ရှုက ခေါင်းညိတ်ကာ‌ ပြောလိုက်၏ “ဒါဆို ငါ့ကို သူ့ဆီ ခေါ်သွားပါ”

ထန်ရှုက ဤအန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံ၏နာမည်အား တစ်ခါမှ မကြားဖူးခဲ့ပေ။ ဒါက စိတ်ဝင်စားစရာကောင်းသောအရာဖြစ်ပြီး သူက သိချင်မိသည်။ ဤအန္တိမအရှင်က ပြီးခဲ့သောထောင်စုနှစ်အတွင်း အန္တိမအဆင့်သို့ ချိုးဖြတ်ခဲ့သည်ဆိုလျှင် သူက ကူယန်အာထက် ပိုငသန်မာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤအန္တိမအဆင့်ကျင့်ကြံသူက လူအများ၏မျက်လုံးမှ ပုန်းအောင်းနေခြင်းဖြစ်တန်ရာသည်။ ဤလူကို တွေ့ပြီး သူက ဘယ်နေရာမှ လာသည်ကို ထန်ရှုက သိချင်၏။

နန်းတော်ထဲတွင်။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံကို မြင်သောအခါ ထန်ရှုက ချက်ချင်း အကဲဖြတ်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ရယ်မောလျက် ပြော၏ “ခင်ဗျားက အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံဖြစ်ရမယ်”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြုံးကာ ပြန်ဖြေသည် “ခင်ဗျားက မဟာထန်ဧကရာဇ်ဖြစ်ရမယ်”

ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောသည် “ဟုတ်ပါတယ်၊ ကျုပ်ပဲ။ ခင်ဗျားက ကျုပ်တို့ရဲ့မဟာထန်အင်ပါယာကို လာမှတော့ ခင်ဗျားကိုယ်ခင်ဗျား မိတ်ဆက်ပြီး ဘယ်နေရာက လာသလဲဆိုတာ ပြောပြသင့်တယ်မလား”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြုံးကာ ပြန်ဖြေ၏ “အကျဉ်းသားပြိုင်ကွင်း။ အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံ”

ဤသည်ကို ကြားသောအခါ ထန်ရှုက တုန်လှုပ်သွားသည်။ အကျဉ်းပြိုင်ကွင်းနှင့် ပတ်သက်၍ သူက အများကြီးသိသော်လည်း နောက်ကွယ်မှလူများနှင့်ပတ်သက်၍တော့ သူက မသိပေ။ ဤအန္တိမရှင်အပြစ်သန့်စင်ခြင်းဘုံက အကျဉ်းသားပြိုင်ကွင်းမှဟု ဆိုသောကြောင့် ထန်ရှုက သူ့ကို လစ်လျူမရှုနိုင်ပေ။

“အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံဆိုတဲ့နာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ ခင်ဗျားက တော်တော်လေးဖုံးကွယ်ထားခဲ့တာပဲ။ ကျုပ် ခန့်မှန်းတာ မှန်ရင် ခင်ဗျားက ဒီခေတ်မှာ အကျဉ်းသားပြိုင်ကွင်းကို ထိန်းချုပ်နေတဲ့ အစစ်အမှန်စွမ်းအားဖြစ်ရမယ်။ ကျုပ် ပြောတာ မှန်လား”ထန်ရှုက မေး၏။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြုံးကာ ပြန်ဖြေသည် “ဟုတ်တယ်။ ကျုပ်က ဒီခေတ်ရဲ့အကျဉ်းသားပြိုင်ကွင်းကို ထိန်းချုပ်တဲ့သူပဲ”

ထန်ရှုက ခေါင်းညိတ်ကာ မေးလိုက်၏ “ဒါဆို ဘာလို့ အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ကျုပ်တို့ဆီ လာလည်ရတာလဲ”

အန္တိအရှင်အပြစ်သန့်စင်ခြင်းဘုံက တည်ငြိမ်စွာ ပြန်ဖြေသည် “ကျုပ်က တစ်စုံတစ်ခုကို အတည်ပြုချင်ရုံပါ။ ဒါကြောင့် လာခဲ့တာ။ မဟာထန်ဧကရာဇ်က ရှင်းပြနိုင်မယ်လို့ ကျုပ် မျှော်လင့်တယ်”

“ဆက်ပြောပါ”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြောသည် “မဟာထန်အင်ပါယာကို တည်ထောင်တာ နှစ်တစ်ထောင်ပတ်လည်ပဲရှိသေးတယ်။ ဒါပေမမယ့် ဒီလိုအချိန်တိုလေးအတွင်းမှာ မင်းက အင်မော်တယ်ပိုင်နက်ကိုးခုကို သိမ်းပိုက်ထားပြီးပြီ။ ဘယ်လိုတောင် အားကောင်းတဲ့စစ်တပ်တစ်ခုလဲ။ မဟာထန်ဧကရာဇ်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်ရှိသလားဆိုတာကို ငါ မေးချင်တယ်”

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါ့ရဲ့မဟာထန်အင်ပါယာက မဆင်မခြင်မကျူးကျော်ပါဘူး။ ဒါပေမယ့် ငါတို့ရဲ့ပိုင်နက်အဟောင်းတွေကိုတော့ ပြန်ယူရလိမ့်မယ်။ ဒါ့အပြင် ငါတို့အင်ပါယာရဲ့ရန်သူတွေရှိတယ်၊ ဒါကြောင့် သူတို့ကို ဖယ်ရှားရလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ပိုင်နက်က မဟာထန်အင်ပါယာရဲ့ပိုင်နက်တွေ ဖြစ်လာလိမ့်မယ်”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြုံးလျက် ပြန်ပြောသည် “မဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူးဆိုတော့။ ငါက စိတ်အေးရပါပြီ။ ငါ့ရဲ့အကျဉ်းသားပြိုင်ကွင်းက အင်မော်တယ်ကမ္ဘာမှာ ခြေကုပ်ယူလာတာ နှစ်ပေါင်းမရေမတွက်ရှိပြီ။ ဒါပေမယ့် ငါတို့ကလဲ အင်မော်တယ်ကမ္ဘာကို သိမ်းပိုက်စိုးမိုးဖို့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ ဒါကြောင့် မဟာထန်အင်ပါယာက ငါတို့အတွက် ခက်ခဲစေတဲ့ကိစ္စတွေ မလုပ်သရွေ့ ငါတို့ကလဲ မဟာထန်အင်ပါယာကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဘယ်သူက သိမှာလဲ။ အနာဂတ်မှာ ငါတို့က အတူတကွ အလုပ်လုပ်ဖို့တောင် ဖြစ်နိုင်တယ်။ ငါတို့က တစ်ယောက်ကိုတစ်ယောက် ကူညီဖို့တောင် ဖြစ်နိုင်တယ်”

ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောသည် “အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ဒီလိုစဉ်းစားထားတယ်ဆိုရင် အနာဂတ်ထိ စောင့်နေဖို့ မလိုပါဘူး။ ငါတို့တွေ အခုပဲ ပူးပေါင်းလို့ရပါတယ်”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက အံ့အားသင့်သွားသည်။ သူက မေး၏ “မဟာထန်အင်

ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည် “ငါ သိထားတာအရ အကျဉ်းသားပြိုင်ကွင်းမှာ သေခြင်းရှင်ခြင်းစစ်သည်တွေအများကြီးရှိတယ်။ မဟာထန်အင်ပါယာက စစ်သားအများကြီးလိုအပ်တယ်၊ ဒါကြောင့် ငါတို့က စုဆောင်းငှားယမ်းနေတယ်။ အကျဉ်းသားပြိုင်ကွင်းက သေခြင်းရှင်ခြင်းစစ်သည်တစ်ဖွဲ့ကို ပို့ပေးနိုင်မယ်ဆိုရင်၊ ဒါဆိုရင် ကျုပ်တို့က ခင်ဗျားတို့ကို အကြွေးခဏတင်ခွင့်ပြုပါ။ အချိန်ကျတဲ့အခါ ကျုပ်က အတိုးအနေနဲ့ တစ်ရာခိုင်နှုန်းပိုပေးပါ့မယ်။ ခင်ဗျား ဘယ်လိုထင်လဲ။ ဒါကို ကြိုက်ရဲ့လား”

အပြုံးက အန္တိမအရှင့်အပြစ်သန့်စင်ခြင်းဘုံ၏မျက်နှာမှ စတင်ပျောက်ကွယ်လာသည်။ သူက ပြော၏ “မဟာထန်အင်ပါယာက တန်ဖိုးမရှိတဲ့ပစ္စည်းတွေနဲ့ တန်ဖိုးရှိတဲ့လူတွေကို ရရှိဖို့ ကြိုးစားနေတာလား”

ထန်ရှုက ပြုံးကာ ဆက်ပြောသည် “ဒါက ကျုပ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကျုပ်နေခဲ့တဲ့ကမ္ဘာငယ်တစ်ခုမှာ ဘဏ်လို့ခေါ်တဲ့နေရာတွေရှိတယ်။ ဒါက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ပိုက်ဆံဆိုင်တွေနဲ့ တူတယ်။ ဒါပေမယ့် ဒီလိုပုံစံမျိုးပိုက်ဆံချေးငှားရတာကို ကျုပ်နှစ်သက်တယ်။ အကျဉ်းသားပြိုင်ကွင်းက သေခြင်းစစ်သည်တွေအတွက်ကတော့ သေခြင်းအပြင် သူတို့က လောင်းကစားသမားတွေရဲ့လောင်းကြေးကိုသာ အနိုင်ရစေလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမှာ သေခြင်းစစ်သည်တွေအများကြီးရှိရင် ကျုပ်တို့ဆီ တစ်ဖွဲ့ရောင်းချလို့ရနိုင်တာပဲ။ ကျုပ်…”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက လက်မြှောက်ကာ ပြုံးလျက် ပြန်ဖြေသည် “မဟာထန်ဧကရာဇ်၊ ကျုပ် နားလည်တယ်။ လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် မဟုတ်ရင် ကျုပ်က ခင်ဗျားကို ကူညီပေးလိုက်ပြီ။ ကံမကောင်းစွာနဲ့ ကျုပ်တို့မှာ သေခြင်းစစ်သည်တွေ အပိုမရှိရုံသာမက လိုတောင် လိုနေတယ်။ ဒါကြောင့် ကျုပ်လဲ မဟာထန်ဧကရာဇ်နဲ့ ဆွေးနွေးစရာရှိတယ်။ အနာဂတ်မှာ မဟာထန်အင်ပါယာက သန်မာတဲ့ရန်သူတွေကို တိုက်ခိုက်ပြီးတဲ့အခါ ဖမ်းဆီးရမိတဲ့ရန်သူတွေကို ကျုပ်တို့ဆီ ရောင်းချနိုင်ပါတယ်။ ကျုပ်တို့က သေချာပေါက် မြင့်မားတဲ့ဈေးနှုန်းတစ်ခု ပေးပါ့မယ်”

ထန်ရှုက သူ့အား ပဟေဠိဖြစ်သောအကြည့်ဖြင့် ကြည့်ကာ ပြန်ပြောသည် “လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က ဘာဖြစ်ခဲ့တာလဲ။ အကျဉ်းသာပြိုင်ကွင်းက ဘာဖြစ်ခဲ့တာလဲ။ အဲဒီမတိုင်ခင်က အကျဉ်းသားပြိုင်ကွင်းမှာ သေခြင်းစစ်သည်တွေ မကင်းမဲ့တာကို ကျုပ်က မှတ်မိပါတယ်။ ဒါ့အပြင်ကျုပ်က ခင်ဗျားတို့ဆီကနေ သေခြင်းစစ်သည်အနည်းငယ်ကိုတောင် ဝယ်ယူခဲ့တယ်”

All Chapters