← Chapters

ဖရိုဖရဲစစ်ပွဲ

Vol. 101 Ch. 1401

ဖရိုဖရဲစစ်ပွဲ

Vol. 101 Ch. 1401

“ဟာ”

ထန်ရှုက တုန်လှုပ်သွားသည်။ နှစ်အနည်းငယ်အတွင်း ဤလူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူဆယ်ယောက်ကို ဝယ်ယူနိုင်ခဲ့သည်။ သူ၏အထွတ်အထိပ်တွင်ပင် ထိုသို့ ဝယ်နိုင်လောက်သည်အထိ ထန်ရှုက မချမ်းသာခဲ့ပေ။

ထန်ရှုက အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံအား စိုက်ကြည့်ကာ မေးလိုက်သည် “ဒီလူက ဘယ်ကလဲ”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းနွေဉီးက ပြန်ဖြေသည် “ကောင်းကင်ဘုံဖီးနစ်အင်မော်တယ်ပိုင်နက်က အလွမ်းကြယ်အင်ပါယာကို မဟာထန်ကောင်းကင်ဘုံဧကရာဇ် သိတယ်မလား”

ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောသည် “လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က ကျုပ် ကြားခဲ့ပါတယ်။ အလွမ်းကြယ်အင်ပါယာလို့ခေါ်တဲ့သေးငယ်တဲ့တိုင်းပြည်တစ်ခုကို လျင်မြန်စွာ တည်ဆောက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိတယ်။ ဒါပေမယ့် ဒီတိုင်းပြည်က သေမျိုးအင်ပါယာတစ်ခုမဟုတ်ဘဲ အင်မော်တယ်ကျင့်ကြံသူတွေရဲ့အင်ပါယာတစ်ခုဖြစ်နေတာပဲ။ ဒီအင်ပါယာရဲ့အုပ်ချုပ်သူကို အလွမ်းကြယ်အရှင်လို့ ခေါ်တယ်။ သူတို့နဲ့ ပတ်သက်ပြီး ကြားဖူးပေမယ့် အများကြီးတော့ ငါ မသိဘူး”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြန်ပြောသည် “ဟုတ်တယ်။ ဒီအလွမ်းကြယ်အင်ပါယာရဲ့ပထမဆုံးဧကရီက မင်းလိုပဲ စွမ်းအားရှင်များစွာရဲ့အာရုံစိုက်မှုဖြစ်ခဲ့တယ်။ သူမက အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ကြီးမလားတဲ့လှုပ်ရှားမှုတွေကိုလဲ ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမယ့် သူမနဲ့ ပတ်သက်ပြီး အသိဆုံးက ငါပဲ ဖြစ်လိမ့်မယ်”

ထန်ရှုက အံ့အားသင့်လျက် မေးလိုက်သည် “မင်းက ဘာကို ဆိုလိုတာလဲ”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ပြန်ဖြေသည် “ဒါက ဘာကြောင့်လဲဆိုတော့ ဒီအလွမ်းကြယ်အရှင်က ငါတို့ရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်စွမ်းအားရှင်တွေကိုဝယ်ယူခဲ့တဲ့လူနဲ့ အတူတူဖြစ်လို့ပဲ။ သူတို့က စုစုပေါင်းခြောက်ဆယ်ရှိတယ်။ ဒီလူက ငါတို့ရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူတွေရဲ့တစ်ဝက်နီးပါးကို ဝယ်ယူခဲ့တယ်။ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူတွေအရဆိုရင် သူတို့က အယောက်ခြောက်ဆယ်ကို ဝယ်ယူခဲ့တယ်”

“ဘယ်လိုတောင် ချမ်းသာတာလဲ…”

ထန်ရှုက မယုံကြည်နိုင်ဖြစ်သွားရ၏။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ဆက်ပြောသည် “တကယ်ပါပဲ၊ သူတို့က တကယ်ကို ချမ်းသာတယ်။ ဒီအလွမ်းကြယ်အရှင်က အရမ်းလဲ စွမ်းဆောင်နိုင်တယ်။ အလွမ်းကြယ်အင်ပါယာရဲ့ဧကရီဘုရင်မဖြစ်လာပြီးနောက် သူတို့ရဲ့လုပ်ဆောင်မှုတွေက အတော်လေးထူးခြားလာတယ်။ အရင်းအမြစ်တွေ၊ ကြွယ်ဝမှုတွေ အမြောက်အများနဲ့အတူ သူတို့က စစ်သားတွေကို အဆက်မပြတ်ငှားယူပြီး သူတို့ရဲ့အင်အားကို တိုးချဲ့ခဲ့တယ်။ ယနေ့ရဲ့အလွမ်းကြယ်အင်ပါယာက အဲဒီကြီးထွားမှုရဲ့ရလဒ်ပဲ။ သူတို့က ကောင်းကင်ဘုံဖီးနစ်အင်မော်တယ်ပိုင်နက်မှာပဲတည်ရှိတဲ့တိုင်းပြည်ငယ်တစ်ခုမဟုတ်တော့ဘူး။ အခုဆိုရင် အလွမ်းကြယ်အင်ပါယာက အင်မော်တယ်ပိုင်နက်ခြောက်ခုလောက်ကို သိမ်းပိုက်ထားပြီးပြီ။ သူတို့မှာ အလွမ်းကြယ်အရှင်အပါ အန္တိမအရှင်ငါးယောက်တောင် ရှိတယ်။ ကံမကောင်းစွာနဲ့…”

ထန်ရှုက ရုတ်တရက် သတိဝင်သွားသည်။ အလွမ်းကြယ်အင်ပါယာ၏တိုးချဲ့ခြင်းပုံစံက သူ၏မဟာထန်အင်ပါယာနှင့် အတော်လေးတူသည်ကို သဘောပေါက်မိသောကြောင့်ပင်။

“ဘာကံမကောင်းတာလဲ”

ထန်ရှုက မေး၏။

ထန်ရှုက သက်ပြင်းချကာ ပြန်ဖြေသည် “ကံမကောင်းစွာနဲ့ မကြာသေးခင်က ဒီအလွမ်းကြယ်အင်ပါယာက ကြီးမားတဲ့ဒုက္ခနဲ့ ရင်ဆိုင်တွေ့နေရတယ်။ သူတို့က အဆိပ်တစ်ရာဂိုဏ်းနဲ့ ပြဿနာဖြစ်ခဲ့တယ်။ အဆိပ်တစ်ရာဂိုဏ်းရဲ့လူတွေက အရမ်းရက်စက်တယ်။ သူတို့က အဆိပ်ကို သုံးပြီး အလွမ်းကြယ်အင်ပါယာရဲ့မြို့တွေကို အဆိပ်ခတ်ခဲ့တယ်၊ အဲဒါကြောင့် အလွမ်းကြယ်အင်ပါယာရဲ့မြို့သူမြို့သားသန်းရာချီက သေဆုံးသွားခဲ့ရတယ်။ ဒါရဲ့ရလဒ်တစ်ခုအနေနဲ့ လက်ရှိမှာ နှစ်ဖက်လုံးက ကြီးမားတဲ့တိုက်ပွဲတစ်ခုကို စတင်ခဲ့တယ်။ ဒီတိုက်ပွဲက ဒီနေ့အထိ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်”

“အဆိပ်တစ်ရာဂိုဏ်းလား”

ထန်ရှုက ဒေါသထွက်သွားသည်။ သူက ပြော၏ “ဒီအဆိပ်တစ်ရာဂိုဏ်းက တကယ်ကို ရက်စက်ကြမ်းကြုတ်တယ်။ သူတို့က အင်မော်တယ်ကမ္ဘာမှာ ဒီလောက်များတဲ့လူတွေကိုတောင် သတ်ဖို့ဆန္ဒရှိတယ်။ သူတို့က နတ်ဆိုးတွေနဲ့ ဘာမှမခြားဘူးပဲ”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက အသက်များနှင့် ပတ်သက်၍ အများကြီးဂရုမစိုက်ပေ၊ ထို့ကြောင့် သူက ဆက်ပြော၏ “ဒါက အသက်ရှင်ခြင်းဥပဒေသပဲ။ တစ်ခုခုကို အပြစ်တင်မယ်ဆိုရင် အလွမ်းကြယ်အင်ပါယာနဲ့အဆိပ်တစ်ရာဂိုဏ်းကြား ပဋိပက္ခကိုပဲ အပြစ်တင်ရမယ်။ ငါက…”

ရုတ်တရက်။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ဆက်သွယ်ရေးတံဆိပ်ကို လက်ခံရရှိလိုက်သည်။ ဆက်သွယ်ရေးတံဆိပ်မှ အချက်အလက်များကို ဖတ်ရှုပြီးနောက် သူ့မျက်နှာက ပျော်ရွှင်မှုတို့ဖြင့် လင်းလက်သွား၏။ ထို့နောက် သူက ပြောသည် “အဆိပ်တစ်ရာဂိုဏ်းရဲ့အဆိပ်တစ်ရာနတ်ဆိုးက အသတ်ခံလိုက်ရပြီ။ အဆိပ်တစ်ရာဂိုဏ်းက ပျက်ဆီးသွားပြီ။ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ ဒီအလွမ်းကြယ်အင်ပါယာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ”

ထန်ရှုက တုန်လှုပ်သွားသည်။ လုံးဝမယုံကြည်နိုင်ဖြစ်လျက် သူက ပြန်ဖြေ၏ “အဆိပ်တစ်ရာဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ထည့်သွင်းစဉ်းစားရမယ့်အဖွဲ့တစ်ခုမဟုတ်ပေမယ့် သူတို့က အနည်းဆုံးအဆင့်တစ်ခုရှိတယ်။ သူတို့က အင်မော်တယ်ကမ္ဘာမှာ အမြစ်တွယ်လာတာ ကြာပြီ၊ ဒါပေမယ့် ရာစုနှစ်တစ်ခုလောက်သာ တည်ဆောက်ရသေးတဲ့ အလွမ်းကြယ်အင်ပါယာက သူတို့ကို ဖျက်ဆီးခဲ့တာလား”

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ရယ်လျက် ပြော၏ “မဟာထန်အင်ပါယာကလဲ တည်ဆောက်တာ ရာစုနှစ်တစ်ခုလောက်ပဲ ရှိတယ်။ မင်းတို့ကောင်တွေမှာလဲ အဆိပ်တစ်ရာဂိုဏ်းကို ဖျက်ဆီးဖို့ စွမ်းအားအလုံအလောက်ရှိမှာပါ၊ မဟုတ်ဘူးလား”

ထန်ရှုက မငြင်းပေ။ သူက ဂုဏ်ယူစွာ ပြန်ပြောသည် “အဆိပ်တစ်ရာဂိုဏ်းက အားကောင်းပေမယ့် သူတို့က ငါ့ရဲ့မဟာထန်အင်ပါယာနဲ့ မယှဉ်နိုင်ပါဘူး”

နေ့တစ်ဝက်ကြာပြီးနောက်။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ထွက်ခွာသွားသည်။ သို့သော် မသွားခင် သူက ထန်ရှုနှင့် အပေးအယူတစ်ခုလုပ်ခဲ့သည်။ ဤအပေးအယူတွင် အကျဉ်းသားပြိုင်ကွင်းက မဟာထန်အင်ပါယာထံ ရွှေအင်မော်တယ်သေခြင်းစစ်သည်တစ်ရာပို့ဆောင်ပေးခြင်းဖြစ်ပြီး အဖိုးအခအား နှစ်တစ်ထောင့်ပြည့်ပြီးနောက် ပေးချေရမည်ဖြစ်သည်။ အတိုးက နှစ်ရာခိုင်နှုန်းဖြစ်သည်။

အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ထွက်သွားပြီးနောက် ထန်ရှုက ကျင်းရှီကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ သူက ရွှေမျက်လုံးမဟာပင်ဂွင်နှင့်လုပက်ရူပတို့ကိုလည်း ဆင့်ခေါ်သည်။

“အရှင်၊ ဘာများအမိန့်ပေးချင်လို့လဲ”ကျင်းရှီက ထန်ရှု၏အကျင့်ကို နားလည်သည်။ ထန်ရှုက သူ့အား တိုက်ရိုက်ခေါ်ခဲ့သောကြောင့် ကိစ္စကြီးတစ်ခုလုပ်ရန် ရှိလောက်ပေသည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “ကျင်းရှီ၊ မင်းရဲ့သတင်းအချက်အလက်စုဆောင်းမှုက ဘာတိုးတက်မှုတွေရှိလဲ”

ကျင်းရှီက ပြန်ဖြေသည် “ငါတို့ရဲ့ထောက်လှမ်းရေးတွေက သိမ်းပိုက်ထားတဲ့အင်မော်တယ်ပိုင်နက်ဆယ်ခုစလုံးကို အပြည့်အဝထိန်းချုပ်ထားပြီးပြီ။ ထိုပိုင်နက်ဆယ်ခုအတွင်းမှာ ဖြစ်ပျက်သမျှ အသေးအမွှားကိစ္စတွေကိုတောင် ငါတို့က သိတယ်။ ဘယ်အရာမှ ငါတို့ရဲ့မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ဘူး။ အခြားသတင်းအနေနဲ့ဆိုရင် ငါတို့က ပတ်ဝန်းကျင်အင်မော်တယ်ပိုင်နက်ဆယ့်ရှစ်ခုမှာ ငါတို့ရဲ့သတင်းကွန်ရက်ကို စတင်ချထားပြီးပြီ။ နောက်ရာစုနှစ်တစ်ခုပြီးရင် အဲဒီအင်မော်တယ်ပိုင်နက်တွေမှာ ငါတို့ရဲ့သတင်းကွန်ရက်အပြည့်အဝကို တည်ဆောက်နိုင်လိမ့်မယ်”

ထို့နောက် ထန်ရှုက ပြန်ဖြေသည် “ဒီနေရာက အရာအားလုံးကို ဖြေရှင်းဖို့ ငါ မင်းကို အချိန်တစ်လပေးမယ်။ ပြီးရင် မင်းက လူတွေခေါ်ပြီး အလွမ်းကြွယ်အင်ပါယာကို သွားရမယ်။ မင်းရဲ့တာဝန်က အလျင်မြန်ဆုံးအရှိန်နဲ့ သတင်းကွန်ရက်ကို တည်ဆောက်ဖို့ပဲ။ ကျင်းရှီ၊ မင်းလဲ ဒါကို သိဖို့လိုတယ်။ အလွမ်းကြယ်အင်ပါယာက အင်မော်တယ်ကျင့်ကြံသူတွေရဲ့အင်ပါယာတစ်ခုပဲ။ သူတို့ရဲ့အင်ပါယာကို ထိန်းချုပ်မှုက ငါတို့မဟာထန်အင်ပါယာထက် ဆိုးဝါးစရာအကြောင်းမရှိဘူး။ ဒါကြောင့် မင်းကို ကာကွယ်ဖို့ ရွှေမျက်လုံးမဟာပင်ဂွင်နဲ့လုပက်ရူပတို့ကိုပါ ငါ ထည့်ပေးလိုက်မယ်။ မင်းတို့က ဒီမစ်ရှင်ကို အောင်မြင်ဖို့ ငါ မျှော်လင့်တယ်”

ကျင်းရှိက ပြန်ဖြေသည် “ငါ အကောင်းဆုံးလုပ်ပါ့မယ်၊ အရှင်”

ထန်ရှုက အသေးစားကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ကာ ကျင်းရှီထံ ပေးပြီးနောက် ပြောလိုက်သည် “ဒီထဲမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အင်မော်တယ်သလင်းကျောက်တွေနဲ့ သလင်းကျောက်အဆီအနှစ်တွေရှိတယ်။ ပြီးတော့ လက်နက်အချို့လဲ ရှိတယ်။ သတင်းကွန်ရက်ကို တည်ဆောက်ဖို့ မင်းသိသမျှနည်းလမ်းအားလုံးကို အသုံးပြုဖို့ လိုအပ်လိမ့်မယ်။ ဒါတွေအားလုံးက မင်းကို ငါ ထောက်ပံ့ပေးနိုင်တာပဲ”

ကျင်းရှီက စိတ်လှုပ်ရှားစွာ ပြန်ဖြေသည် “အရှင်၊ မစိုးရိမ်ပါနဲ့။ သတင်းကွန်ရက်ကို တည်ဆောက်တဲ့ငါ့ရဲ့အတွေ့အကြုံအရ အလွမ်းကြယ်အင်ပါယာက ထိန်းချုပ်မှုတင်းကြပ်တယ်ဆိုရင် ငါက ဖြည်းဖြည်းချင်း တည်ဆောက်ရလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ထိန်းချုပ်မှုကို ဖြေလျှော့လိုက်တာနဲ့ ငါက အစွမ်းကုန်အရှိန်မြင့်တင်မယ်။ နောက်ရာစုနှစ်အတွင်းမှာ ရလဒ်တွေကို အရှင်က သေချာပေါက် မြင်ရမှာပါ”

ထန်ရှုက ခေါင်းခါယမ်းကာ ပြန်ဖြေသည် “ငါ မင်းကို နှစ်နှစ်ဆယ်အချိန်ပေးမယ်။ နှစ်နှစ်ဆယ်အတွင်းမှာ တိုးတက်မှုက ဘယ်လိုပဲရှိရှိ မင်းက အလွမ်းကြယ်အင်ပါယာက ပြန်လာရလိမ့်မယ်။ ငါတို့ရဲ့နှစ်သုံးရာအစီအစဉ်ကို ရောက်ဖို့ အချိန်အများကြီးမကျန်တော့ဘူး”

“ကောင်းပါပြီ၊ အရှင်…”

ကျင်းရှီက ရိုသေလေးစားစွာ ပြန်ဖြေသည်။

ထို့နောက် ထန်ရှုက ကျင်းရှီအား ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်၏။

လဝက်ကြာပြီးနောက်။

ထန်ရှုက နန်းတော်ဝင်ပေါက်တွင် ရပ်ကာ အလွမ်းကြယ်အင်ပါယာသို့ ထွက်ခွာသွားသောကျင်းရှီကို ကြည့်နေလေသည်။ ထို့နောက် သူက သူက အထွတ်အထိပ်အုပ်ချုပ်သူနှင့်ပင်လယ်လမ်းဘုရင်တို့ကို လှည့်ကြည့်ကာ ပြောလိုက်၏ “အလွမ်းကြယ်အင်ပါယာနဲ့ ပတ်သက်ပြီး ငါ အရမ်းကို သိချင်တယ်။ အဲကို သွားကြစို့။ ပြီးတော့ အဲဒီအလွမ်းကြယ်အရှင်နဲ့ ပတ်သက်ပြီးတော့လဲ ငါ သိချင်တယ်။ သူမက ငါတို့ရဲ့မဟာထန်အင်ပါယာအတွက် ကြီးမားတဲ့မျက်နှာသာပေးမှုတစ်ခုကို ပြုလုပ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့တွေ သူမဆီ သွားလည်သင့်တယ်”

ပင်လယ်လမ်းဘုရင်က ခေါင်းရှုပ်သွားသည် “အလွမ်းကြွယ်အင်ပါယာက ငါတို့အတွက် ကြီးမားတဲ့မျက်နှာသာပေးမှုတစ်ခုကို ပြုလုပ်ခဲ့တာလား။ ဘယ်လိုလုပ်ပြီး ဒါကို ငါ မသိရတာလဲ”

ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွမ်းကြယ်အင်ပါယာက အဆိပ်တစ်ရာဂိုဏ်းနဲ့ စစ်ပွဲစတင်ခဲ့တယ်။ အခု သူတို့က အဆိပ်တစ်ရာဂိုဏ်းကို ဖျက်ဆီးခဲ့ပြီးပြီ။ အသင်္ချေဓားဂိုဏ်းနဲ့အတူ ဒီဂိုဏ်းနှစ်ခုစလုံးက မြင့်မြတ်ငှက်ဂိုဏ်းရဲ့ရန်သူတွေပဲ။ သူတို့က ငါတို့ရဲ့ရန်သူတွေလဲ ဟုတ်တာပေါ့။ ရန်သူတစ်ယောက်ရဲ့ရန်သူက ငါတို့ရဲ့မိတ်ဆွေပဲ”

ပင်လယ်လမ်းဘုရင်က နားလည်လိုက်သည်။ သူက ရယ်ကာ ပြော၏ “အရှင်၊ မင်းက အလွမ်းကြယ်အင်ပါယာကို လူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့မှတော့ ဘာလို့ ကျင်းရှီနဲ့အတူ မသွားတာလဲ”

ထန်ရှုက ပြန်ဖြေသည် “တစ်ယောက်က အရိပ်မှာ လမ်းလျှောက်နေရင်း တစ်ယောက်က အလင်းမှာ လမ်းလျှောက်ရမယ်။ ဒီနည်းလမ်းနဲ့မှ ဘယ်လိုအန္တရာယ်မျိုးကိုမဆို ဖြေရှင်းနိုင်လိမ့်မယ်။ လက်ရှိမှာ ငါတို့က အလွမ်းကြယ်အင်ပါယာနဲ့ ပတ်သက်ပြီး အများကြီးမသိဘူး။ ဒါ့အပြင် ငါတို့က အန္တရာယ်ဧရိယာအနည်းငယ်ကို ဖြတ်ရလိမ့်မယ်၊ ဒါကြောင့် ငါတို့က ပိုသတိကြီးကြီးထားရင် ပိုကောင်းလိမ့်မယ်”

ဝှစ်။

ပုံရိပ်တစ်ခုက ထန်ရှုနှင့်ကျန်လူများ၏အရှေ့ လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ လှပသောမုဝမ်ရင်ပင်ဖြစ်၏။ သူမက အထွတ်အထိပ်အုပ်ချုပ်သူနှင့်အခြားသုံးယောက်အား တစ်ချက်ကြည့်ပြီးနောက် အနည်းငယ်တုံ့ဆိုင်းသွားသည်၊ ထို့နောက် သူမက ပြော၏ “အကြီးအကဲတို့၊ ဒီနေရာကနေ ခဏလောက် ရှောင်ပေးလို့ရမလား။ ဧကရာဇ်နဲ့ ငါ ပြောစရာတစ်ခုရှိလို့ပါ”

“ကောင်းပါပြီ”

သူတို့သုံးယောက်က ချက်ချင်း ပျံသန်းသွားသည်။

ထန်ရှုက အနည်းငယ်ခေါင်းရှုပ်လျက် မေးလိုက်သည် “ဝမ်ရင်၊ ဘာလို့လဲ။ ဘာကိစ္စမို့လို့ မင်းက ငါနဲ့ သီးသန့်ပြောချင်ရတာလဲ”

မုဝမ်ရင်က တုံ့ဆိုင်းသွားသည်၊ ထို့နောက် သူမ၏မျက်နှာက ပန်းနီရောင်သမ်းသွား၏။ သူမက အသံနှိမ့်လျက် ပြော၏ “ငါ…ငါ ကိုယ်ဝန်ရှိနေပြီ”

“ဘာ…”

ထန်ရှုက အေးခဲသွားသည်။ သူက မယုံကြည်နိုင်ဖြစ်နေလေသည်။

ကိုယ်ဝန်ရှိတာလား။

သူက အဖေတစ်ယောက်ဖြစ်တော့မှာလား။

ထန်ရှုက ရှုက်ရွံ့နေသောမုဝမ်ရင်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူက ကျယ်လောင်စွာ ရယ်လျက် ပြော၏ “ကောင်းတယ်၊ သတင်းကောင်းပဲ။ ငါ၊ ထန်ရှုက အဖေတစ်ယောက်ဖြစ်တော့မယ်။ ဒါက အရမ်းကို ကြီးကျယ်ခမ်းနားတဲ့သတင်းပဲ။ ကလေးမရတဲ့အတွက် ငါ့ခန္ဓာကိုယ်က ပြဿနာတစ်ခုခုရှိတယ်လို့ ထင်ထားတာ။ အခုတော့ ငါ့ခန္ဓာကိုယ်က ပြဿနာရှိတာ မဟုတ်ဘဲ ငါက ကလေးရဖို့ အချိန်မတန်သေးတာပဲ။ ဝမ်ရင်၊ ကိုယ်ဝန်က ဘယ်လောက်ကြာပြီလဲ”

ထန်ရှုက မုဝမ်ရင်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်၊ သူမက ပြန်ဖြေ၏ “နှစ်လလောက်ရှိပြီ။ မကြာခင် ရှင်က ထွက်သွားတော့မယ်ဆိုတာ ကျွန်မ သိတယ်၊ ဒါကြောင့် ရှင်ထွက်သွားမယ့်နေ့ကို နောက်ဆုတ်ပေးနိုင်လား။ ကလေးမွေးတဲ့အချိန်မှာ ရှင့်ကို ရှိနေစေချင်တယ်”

ထန်ရှုက ချက်ချင်းပြန်ဖြေသည် “ပြဿနာမရှိဘူး။ မင်းက ကိုယ်ဝန်ရှိနေမှတော့ ငါထွက်သွားမယ့်နေ့ကို နောက်ဆုတ်ရမှာပေါ့။ အိုး၊ ဟုတ်တယ်။ မင်းက ကိုယ်ဝန်ရှိတာကို အမေ သိပြီလား”

မုဝမ်ရင်က ခေါင်းခါယမ်းကာ ပြန်ဖြေသည် “သူမ မသိသေးဘူး။ ရှင်က အရင်ဆုံးသိတဲ့သူပဲ”

ထန်ရှုက သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်၊ ထို့နောက် သူတို့နှစ်ယောက်က နန်းတော်မှ ပျောက်သွား၏။ သူတို့နှစ်ယောက်က ပြန်ထွက်ပေါ်လာချိန်တွင် သူတို့က သူ့အမေ၏ခြံဝင်းထဲသို့ ရောက်ရှိနေလေသည်။ ထန်ရှုက သူ့ညီလေးထန်ရှင်းနှင့်သူ့အမေစုလင်းယွင်တို့ကို ကြည့်ပြီး မုဝမ်ရင်ကိ လွှတ်လိုက်သည်။ ထို့နောက် သူက ရယ်ကာ ပြောလိုက်၏ “အမေ၊ ငါတို့ အမေ့ကို ပြောစရာရှိတယ်”

All Chapters