← Chapters

ခမ်းနားကြီးကျယ်သော

Vol. 101 Ch. 1402

ခမ်းနားကြီးကျယ်သော

Vol. 101 Ch. 1402

ထန်ရှုကို မြင်သောအခါ စုလင်းယွင်က မကျေမနပ်သောလေသံနှင့် ပြောလိုက်သည် “မင်းရဲ့အင်ပါယာမှာ ဖြစ်ပျက်သမျှကို ငါ စိတ်မဝင်စားဘူး၊ ရှုအာ။ မင်းရဲ့ညီလေးကို ဖျောင်းဖျဖို့ပဲ ငါ့ကို ကူညီပေးပါ။ သူက အတော်လေးအသက်ကြီးနေပြီ၊ ဒါပေမယ့် လက်မထပ်ချင်သေးဘူးဖြစ်နေတယ်”

ထန်ရှက ရယ်ကာ ပြန်ပြောသည် “အမေ၊ သူက လက်မထပ်ချင်သေးဘူးဆိုမှတော့ သူ့ကို ထားလိုက်ပါ။ အချိန်တရင် သူက လက်ထပ်လာမှာပါ။ အမေ၊ သတင်းကောင်းတချို့ကို ကြားချင်လား”

သတင်းကောင်းတွေလား။

စုလင်းယွင်က ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူမက မုဝမ်ရင်ထံ ချက်ချင်းလျှောက်လာပြီး ကမန်းကတန်းမေး၏ “မင်းမှာ ကိုယ်ဝန်ရှိနေတာလား”

မုဝမ်ရင်က ချက်ချင်းရှက်သွေးဖြာလျက် ခေါင်းညိတ်ပြလိုက်သည်။

စုလင်းယွင်၏မျက်လုံးများက ပြူးထွက်လာကာ သူမက အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူမက ကမန်းကတန်း ထပ်မေး၏ “တကယ်ပဲလား။ ငါ…ငါက အဖွားတစ်ယောက်ဖြစ်တော့မှာပေါ့လား”

ထန်ရှု၏ချောမောခန့်ညားသောမျက်နှာက ရုတ်တရက် ခေါင်းရှုပ်သွားသည်။ မုဝမ်ရင်က ကိုယ်ဝန်ရှိနေသည်ကို သူ့အမေက တန်းခန့်မှန်းနိုင်လိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ သူမက မြေးတွေ ဘယ်လောက်တောင် လိုချင်နေတာလဲ။

ခဏကြာပြီးနောက်။

မဟာထန်အင်ပါယာရှိ အထက်အရာရှိအားလုံးက ထိုသတင်းကို လက်ခံရရှိခဲ့သည်။ ထို့နောက် သတင်းက အင်ပါယာအနှံ့ တောမီးပမာ ပျံ့နှံ့သွား၏။

ဤသတင်း၏ရလဒ်တစ်ခုအနေနှင့် အလွမ်းကြယ်အင်ပါယာသို့ သွားရန် ထန်ရှု၏အစီအစဉ်က နှောင့်နှေးသွားသည်။

အလွမ်းကြယ်ပင်လယ်၊ ရနံ့ဉယျာဉ်ကျွန်း။

နန်းးတော်တစ်ခုထဲတွင် သက်ကြီးအမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့က ကျောက်စိမ်းစာရွက်များမှ စာများကို ဖတ်နေသည်။ ရုတ်တရက် အမျိုးသမီးကြီးက ပြတင်းပေါက်တွင် ထိုင်နေသော မိန်းကလေးထံ မော့ကြည့်ကာ ပြောလိုက်၏ “ကွန်မန်ဒါ၊ ငါ့မှာ သတင်းတချို့ရှိတယ်”

မိန်းကလေးက ခေါင်းလှည့်ကာ မေး၏ “ဘာများလဲ”

အမျိုးသမီးကြီးက ပြန်ဖြေသည် “မဟာထန်အင်ပါယာရဲ့ပထမဆုံးဆက်ခံသူက ထွက်ပေါ်လာပြီလို့ သတင်းရထားတယ်။ မဟာထန်အင်ပါယာရဲ့ဧကရီတွေထဲကတစ်ယောက်ဖြစ်တဲ့မုဝမ်ရင်က ကိုယ်ဝန်ရှိတယ်ဆိုတာကို အတည်ပြုပြီးပြီ။ မကြာခင်မှာ သူမက သူတို့ရဲ့ပထမဆုံးကလေးကို မွေးထုတ်ပေးလိမ့်မယ်”

မိန်းကလေးက ရပ်သွားသည်၊ ထို့နာက် ဆက်သွယ်ရေးတံဆိပ်တစ်ခုကို ယူထုတ်လိုက်၏။ ထို့နောက် သူမက ပြန်ပြောသည် “ငါတို့ရဲ့အရှင်မက မဟာထန်အင်ပါယာမှာ သတင်းကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်။ ငါတို့က အကောင်းဆုံးအားထုတ်ခဲ့ပေမယ့် မဟာထန်အင်ပါယာရဲ့သတင်းကွန်ရက်က ငါတို့ထက် ပိုကောင်းနေတုန်းပဲ။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ငါတို့ရဲ့လူတွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်။ အခု အသုံးဝင်တဲ့သတင်းတစ်ခုကို ငါတို့တွေ ရလာပြီ”

အမျိုးသမီးအိုကြီးက ခါးသီးစွာ ပြုံးလျက် ပြန်ဖြေသည် “မဟာထန်အင်ပါယာရဲ့ဧကရာဇ်က ငါတို့ရဲ့ဧကရီနဲ့ အတော်လေးတူတယ်။ သူတို့နှစ်ယောက်လုံးက သတင်းအချက်အလက်အပေါ် အရမ်းကို အလေးထားကြတယ်”

မိန်းကလေးက ပြန်ဖြေသည် “ငါတို့ရဲ့ဧကရီမက မဟာထန်ကောင်းကင်ဘုံဧကရာဇ်နဲ့ သေချာပေါက်ကို တူတယ်။ မဟုတ်ရင် သူမက မဟာထန်အင်ပါယာအပေါ် ဒီလောက်ထိ သတိထားနေမှာ မဟုတ်ဘူး။ ဒါ့အပြင် မဟာထန်ကောင်းကင်ဘုံဧကရာဇ်အပေါ် ဒီလောက်ထိ အာရုံစိုက်နေမှာ မဟုတ်ဘူး”

အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ဘုံဖီးနစ်အင်မော်တယ်ပိုင်နက်။

မယုံနိုင်လောက်အောင် ကြီးမားသည့် နန်းတော်တစ်ခုရှိသည်။ ဤနန်းတော်၏ခေါင်းမိုးက တိမ်များကို ထိုးဖောက်လျက် အနက်ရောင်ဖြင့် ဖုံးအုပ်ထားသည်။ အစီအရင်အလွှာတစ်ရာက ဤနေရာကို လွှမ်းခြုံထားပြီး မရေမတွက်နိုင်သောအင်မော်တယ်စစ်သားများစွာက ဤနေရာကို စောင့်ကြပ်နေသည်။

“အမ်”

အနက်ရောင်တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရှိသည်။ သူမ၏လှပသောမျက်နှာက ရုတ်တရက် အံ့အားသင့်မှုတစ်ခု ဖြစ်သွား၏။ ဆက်သွယ်ရေးတံဆိပ်ကို ဆုပ်ကိုင်ပြီးနောက် သူမက အချက်အလက်ကိုပင် မဖတ်ရဲပေ။ ထို့အစား သူမက နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

“ဧကရီ”

အမှောင်လေဟုခေါ်သောလူက လေကိုးခုဘုံကျောင်းပေါ်တွင် ထိုင်နေသော အလွမ်းကြယ်အရှင်အရှေ့၌ ထွက်ပေါ်လာကာ ရိုသေလေးစားစွာ ပြောလိုက်သည် “မဟာထန်အင်ပါယာက သတင်းတွေ ရလာပါတယ်။ ဧကရီဘုရင်မ၊ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါ”

အနက်ရောင်ဝတ်ရုံရှည်နှင့်အနက်ရောင်မျက်နှာဖုံးတပ်ထားသည့် ဧကရီဘုရင်မက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ ထို့နောက် သူမက ဆက်သွယ်ရေးတံဆိပ်ကို ဆုပ်ကိုင်ကာ ဖတ်လိုက်သည်။ ဖတ်ပြီးနောက် သူမ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။

“ငါ သိပြီ။ သွားလို့ရပြီ”

အမှောင်လေက တစ်စက္ကန့်လောက် ငြိမ်သက်သွားသည်။ ဧကရီဘုရင်မ၏အသံက မတည်ငြိမ်မှုအနည်းငယ်ရှိနေသည်ကို သူမက သဘောပေါက်၏။

နှစ်ရက်ကြာပြီးနောက်။

အလွမ်းကြယ်အရှင်က အင်ပါယာအမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည် “ငါက နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံမယ်။ အန္တိမအရှင်မုရုံက ငါ့ကိုယ်စား အလွမ်းကြယ်အင်ပါယာကို အုပ်ချုပ်လိမ့်မယ်။ အရေးပေါ်ကိစ္စမဟုတ်သရွေ့ ငါ့ကို မနှောင့်ယှက်ပါနဲ့”

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်က ကုန်ဆုံးသွား၏။

မဟာထန်အင်ပါယာ။

ကျယ်လောင်သောကလေးငိုသံကို ကြားလိုက်ရပြီးနောက် အလင်းများစွာက မဟာထန်အင်ပါယာ၏နန်းတော်ရှိရာသို့ ပျံသန်းလာသည်။

“မင်းသားက မွေးဖွားလာပြီ…”

ထန်ရှုက အိပ်ရာအစွန်းတွင် ရပ်ကာ သားဖြစ်သူအား ပွေ့ကိုင်ထားသည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေသည်၊ ဤမွေးဖွားလာသောကလေးနှင့် သားအဖချင်းသွေးချင်းဆက်နွယ်မှုတစ်ခုရှိသည်ဟု သူက အာရုံခံမိသည်။ သို့သော် သူ့ခံစားချက်များက အတော်လေးရှုပ်ထွေးနေသည်။ အတိတ်က အရာများက သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထဲ၌ ပုန်းကွယ်နေသေးသည်။ ထိုခံစားချက်အဟောင်းအားလုံးက သူ့စိတ်ထဲ၌ နေ့ပမာ ရှင်းလင်းနေသေး၏။ ထိုအရာက သူ့အား နာကျင်နေသေး၏။

…

“အရှင်ယောကျာ်း၊ အန္တိမအရှင်အသင်္ချေဆေးပင်က ဒီမှာပါ။ သူက ငါတို့ကို စစ်ဆေးလိမ့်မယ်။ ငါတို့နဲ့ ပတ်သက်ပြီး ဘာပြဿနာတစ်ခုမှ မရှိဖို့ မျှော်လင့်ပါတယ်”

“အရှင်ယောကျ်ား၊ ချင်းချန်က အရမ်းပျော်တယ်။ ငါတို့မှာ ဘာပြဿနာမှာ မရှိဘူးတဲ့။ ငါက ကလေးတစ်ယောက် မွေးဖွားပေးချင်တယ်”

“အရှင်ယောကျ်ား၊ ခြောက်ကြိမ်တောင် ရှိပြီ။ အန္တိမအရှင်အသင်္ချေဆေးပင် လာတာ ခြောက်ကြိမ်ရှိပြီ။ ငါတို့ရဲ့ခန္ဓာကိုယ်က ကျန်းမာနေရဲ့သားနဲ့ ဘာလို့ ငါက အရှင့်ရဲ့ကလေးကို မမွေးဖွားပေးနိုင်ရတာလဲ”

“အရှင်ယောကျ်ား၊ ငါက ယင်ဝေကို မနာလိုတယ်။ သူမရဲ့အသက်က နှစ်နှစ်ထောင်လောက်ပဲ ရှိတယ်၊ ဒါပေမမယ့် သူမမှာ ကလေးခြောက်ယောက်ရှိနေပြီ”

“အရှင်ယောကျ်ား၊ ကျွန်မက ရှင့်ရဲ့မျိုးဆက်ကို တကယ်လိုချင်နေတာ”

“အရှင်ယောကျာ်း…”

…

ထန်ရှု၏နှလုံးသားက နာကျင်နေလေသည်။ သူ့ကလေးအား ကိုင်တွယ်နေသည့် သူ့လက်များပင် အနည်းငယ်တုန်ယင်နေလေ၏။

“ရှု၊ ငါ့ကို ကိုင်ထားပါ”

အိပ်ရာပေါ်တွင် လဲလျောင်းနေသော မုဝမ်ရင်က ထန်ရှုအား ခေါ်လိုက်သောကြောင့် သူက မှတ်ဉာဏ်များမှ နိုးထလာသည်။ အပြစ်ရှိသလိုခံစားချက်တစ်ခုက သူ့နှလုံးသားထဲ၌ မွေးဖွားသွား၏။ သူက ကလေးကို မုဝမ်ရင်ထံ ဂရုတစိုက် ကမ်းပေးလိုက်၏။

“ရှု၊ သူ့ကို နာမည်တစ်ခုပေးကြရအောင်…”

“ထန်နီယန်”

ထန်ရှုက နှစ်ကြိမ်ပင် မစဉ်းစားပေ။ ချက်ချင်း နာမည်တစ်ခု ထုတ်ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားသည်။ ထို့နောက် သူက ရုတ်တရက် ပျောက်ကွယ်သွား၏။ သူက ပြန်ထွက်ပေါ်လာချိန်တွင် သူမျက်နှာက နာကျင်မှု၊‌ ဒေါသတို့နှင့်အတူ တွန့်လိမ်နေလေသည်။

ဒါ ဟုတ်တယ်။

နာကျင်ခြင်း။ ဒေါသထွက်ခြင်း။

သို့သော် သူ့ကိုယ်သူကလွဲပြီး အခြားသူများအား ဒေါသမထွက်ပေ။

သူက အတိတ်အား မေ့ထားပြီဖြစ်သည်ဟု ထင်ထားခဲ့သည်။ သူက ထိုအမျိုးသမီးကို မေ့သွားပြီဟု ထင်ခဲ့သည်။ သို့သော် ထိုလောက် မလွယ်ကူသည်ကို ယခု သဘောပေါက်လာသည်။ ဒါက နှစ်ထောင်ချီကြာခဲ့တဲ့အချစ်တစ်ခုလေ။ ဘယ်လိုလုပ် အလွယ်တကူ မေ့နိုင်မှာလဲ။

ခဏကြာပြီးနောက်။

ထန်ရှုက နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ သူက သက်ပြင်းချလျက် ပြောလိုက်၏ “ဒီအတွက် အချိန်ပေးတာက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်”

တစ်လကြာပြီးနောက်။

မဟာထန်အင်ပါယာက ကြီးကျယ်ခမ်းနားသောပွဲတော်တစ်ခုကို ကျင်းပနေသည်။ ၎င်းက ထန်နီယန်တစ်လပြည့်သည့်အထိမ်းအမှတ်ပွဲဖြစ်သည်။ ဤနေ့အတွင်း ထန်ရှုက ထပ်မစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူက စစ်ပွဲစတင်ကြောင်း ကြေညာရပေလိမ့်မည်။

သူက သတ်ဖြတ်ချင်သည်။

သူ့သားအား ငြိမ်းချမ်းသောဘဝတစ်ခုကိုသာ ပေးချင်သည်။

ဤအမုန်းတရား၏အကျိုးဆက်ကို သူက ခံနိုင်ရည်ရှိသော်လည်း သူ့သားထံ မကျရောက်စေချင်ပေ။ ထို့ကြောင့် သူ့သားက အရွယ်မရောက်လာခင် သူ့ရန်သူအားလုံးကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းချင်သည်။

မြင့်မြတ်ငှက်ဂိုဏ်း။

ဤအချိန်တွင် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ဂိုဏ်းပလ္လင်ပေါ်တွင် ထိုင်နေသည်။ ဇနီးဖြစ်သူအထွတ်အထိပ်မြူနီ၏လက်ကို ကိုင်ရင်း သူက ပြုံးနေသည်။ သူက အဝေးသို့ ငေးကြည့်နေသည်၊ သူ့အကြည့်က နေရာလပ်ကို ဖြတ်ကာ သူ့မြေးလေးထံ ကျရောက်သွားသည့်အတိုင်းပင်။

“အရှင်ယောကျ်ား၊ မကြာခင် စတင်တော့မှာမလား”

အထွတ်အထိပ်မြူနီက အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏အပြုံးက ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့မျက်လုံးထဲရှိ လေးလံသောအကြည့်နှင့်အတူ သူက ပြော၏ “မဟာထန်အင်ပါယာရဲ့စစ်ရေးလှုပ်ရှားမှုတွေက ပုံမှန်မဟုတ်ဘူး။ သူတို့ရဲ့စစ်သားအမြောက်အများက ပျောက်ကွယ်သွားနေတယ်။ ငါ ထင်တာ မှန်ရင် ရှုအာက ငါတို့ရဲ့မြေးလေးအတွက် ငြိမ်းချမ်းတဲ့ခေတ်တစ်ခေတ်ကို ပြင်ဆင်ပေးချင်နေတာ ဖြစ်မယ်။ အချိန်အတော်ကြာပြီ။ အခုက လက်စားချေဖို့ အချိန်ပဲ”

အထွတ်အထိပ်မြူနီက ပြန်ဖြေသည် “ငါ့ရဲ့အားနည်းမှုနဲ့ စွမ်းအားကင်းမဲ့မှုကို အမြဲတမ်း အပြစ်တင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ မတူတော့ဘူး။ ငါက အခု အန္တိမအရှင်ဖြစ်နေပြီ၊ ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းမှာလဲ အန္တိမအရှင်ရှစ်ယောက်ရှိပြီ။ အထွတ်အထိပ်အလှလေးနဲ့ပင်လယ်လမ်းဘုရင်တို့ပါ ပေါင်းလိုက်ရင် ငါတို့မှာ အန္တိမအရှင်စုစုပေါင်းဆယ်ယောက်ရှိတယ်။ ဒီနေ့မှာ စစ်ပွဲကို ကြေညာရင်တောင် ငါတို့က အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ရဲ့အဖွဲ့ဝင်တွေအားလုံးကို သတ်ဖြတ်နိုင်ပါသေးတယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းညိတ်ကာ ပြန်ပြောသည် “မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ငါတို့က ကျေနပ်ရောင့်ရဲနေလို့မရဘူး။ ငါတို့ရဲ့ခွန်အားနဲ့ဆိုရင်တောင် ရန်သူတွေအားလုံးကို ဖျက်ဆီးချင်တယ်ဆိုရင် ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ ဒါကြောင့် ငါတို့က ထန်ရှုနဲ့သူ့ရဲ့စစ်တပ်ကို စောင့်ဖို့ လိုအပ်တယ်”

“ကောင်းပါပြီ…”

အထွတ်အထိပ်မြူနီက ခေါင်းညိတ်လိုက်သည်။

မြင့်မြတ်ငှက်ဂိုဏ်း၏အပြင်ဘက်တွင်။

ကျယ်ပြောသောကောင်းကင်ရှိ ဂြိုလ်တစ်ခုပေါ်တွင် မဟာဧကရာဇ်တန်ချင်က ကျင့်ကြံနေသည်။ ရုတ်တရက် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ လျှပ်တစ်ပြက်အတွင်း သူက နန်းတော်အပြင်ဘက်သို့ ထွက်လိုက်သည်။ အဝေးမှ အနက်ဝတ်လူလေးယောက်က သူ့ထံ ပျံသန်းလာသည်ကို မြင်လိုက်၏။ သူ့အာရုံက အနက်ရောင်ဝတ်ရုံ၏ရင်ဘက်နေရာသို့ တဖြည်းဖြည်း အာရုံစိုက်သွား၏။

“တစ္ဆေဂိုဏ်း။ အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့လူတွေလား”

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က မဟာဧကရာဇ်တန်ချင်ဘေးနား၌ တိတ်တဆိတ်ထွက်ပေါ်လာကာ ပြောလိုက်သည်။

မဟာဧကရာဇ်တန်ချင်းက အေးစက်စွာ ရယ်မောလျက် ပြန်ဖြေသည် “အရိပ်နတ်ဆိုးကျူးဝူရှို့က ဉာဏ်နီဉာဏ်နက်များတဲ့လူတစ်ယောက်ပဲ။ သူက အမြဲတမ်း အကွက်ချနေတာ။ ငါတို့တွေ မြင့်မြတ်ငှက်ဂိုဏ်းကို ဝန်းရံတိုက်ခိုက်တဲ့အချိန်မှာ တစ္ဆေဂိုဏ်းရဲ့သန်မာတဲ့အင်မော်တယ်တစ်ဖွဲ့ကို သူကိုယ်တိုင် ခေါ်လာပြီး မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့က ငါတို့ထက်တောင် ပိုရက်စက်သေးတယ်။ အခု သူ့လူတွေက ဒီနေရာကို လာတာဆိုတော့ သူတို့က ဘာလိုချင်သလဲဆိုတာ ငါ မသေချာဘူး”

သူတို့က ပြောနေရင်း ထိုလူလေးယောက်က သူတို့အရှေ့သို့ ရောက်ရှိလာသည်။

“မဟာဧကရာဇ်တန်ချင်၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်”

ထိုလေးယောက်၏ခေါင်းဆောင်က ဆံနီလူကြီးတစ်ယောက်ဖြစ်ပြီး သူ့နာမည်က ယင်ဝူဖာဖြစ်သည်။ သူ့မျက်လုံးများက သူတို့နှစ်ယောက်ထံ ရိုက်ခတ်သွားပြီးနောက် သူက ပြောလိုက်၏ “ငါ့ဂိုဏ်းခေါင်းဆောင်ရဲ့အမိန့်အရ မဟာထန်အင်ပါယာမှာ အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ရှိတယ်ဆိုတာ မင်းတို့ကို ပြောပြမလို့ပါ။ ဒီအန္တိမအရှင်က မြင့်မြတ်ငှက်ဂိုဏ်းရဲ့ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ရဲ့တပည့်ပဲ။ ဒီလူက အထွတ်အထိပ်မူလို့ ခေါ်တယ်။ မြူနွေဉီးပင်လယ်ရဲ့ယခင်ပိုင်ရှင်ကလဲ အထွတ်အထိပ်မူပဲ”

ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောက်က တည်ငြိမ်စွာ ပြန်ပြောသည် “ယင်ဝူဖာ၊ မင်းက အင်မော်တယ်ကမ္ဘာရဲ့အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ပဲ။ မင်းက ဒီနေရာကို ကိုယ်တိုင်လာတာ ဒီသတင်းပြောဖို့လောက်နဲ မဖြစ်နိုင်ဘူး”

ဝူယင်ဖာက ခေါင်းညိတ်ကာ ဆက်ပြောသည် “မင်းပြောတာ မှန်တယ်။ ငါ ပြောချင်တာက မဟာထန်အင်ပါယာရဲ့ထွက်ပေါ်လာမှုက တကယ်ကို ပဟေဠိများလွန်းတာပဲ။ သူတို့ရဲ့ကြီးထွားမှုအရှိန်ကလဲ ကြောက်စရာကောင်းလောက်အောင် မြန်လွန်းတယ်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က မြင့်မြတ်ငှက်ဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိမယ်လို့ ငါတို့ရဲ့ဂိုဏ်းချုပ်က ထင်တယ်။ ယနေ့မှာ မဟာထန်အင်ပါယာက ၎င်းရဲ့စစ်သားတွေကို စတင်စုစည်းနေပြီ။ ရက်မနည်းငယ်အတွင်းမှာ သူတို့စစ်တပ်ရဲ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်က လေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။ ဒါကြောင့် ဒီနေရာမှာ တစ်ခုခုဖြစ်ပျက်မှာကို ဂိုဏ်းခေါင်းဆောင်က စိုးရိမ်တဲ့အတွက် ငါတို့ကို စစ်ကူလွှတ်လိုက်တာပဲ”

All Chapters