← Chapters

ပေးဆပ်ကာ ကယ်တင်ခဲ့သော အသက်တစ်သက်

Vol. 101 Ch. 1404

ပေးဆပ်ကာ ကယ်တင်ခဲ့သော အသက်တစ်သက်

Vol. 101 Ch. 1404

“အရှင်…”

လူအိုကြီးဆိုက်ကာမောနှင့်အခြားသူများက အားကောင်းသောရန်သူများနှင့် တိုက်ခိုက်နေရသော်လည်း သူတို့၏အာရုံက ထန်ရှုထံတွင် အချိန်ပြည့်ရှိသည်။ သူတို့က အကောင်းဆုံးတိုက်ကွက်များကို အသုံးပြုကာ ရန်သူများအား နောက်ဆုတ်ရန် ဖိအားပေးလိုက်ပြီးနောက် ထန်ရှုနှင့်ကျိူးဝူရှိုတို့ထံ ချက်ချင်း ပြေးလာ၏။

“သူတို့က အတော်လေးသစ္စာရှိတာပဲ”အေးစက်သောအလင်းတစ်ခုက အရိပ်နတ်ဆိုးကျူးဝူရှို၏မျက်လုံးများထဲ၌ လက်သွားသည်၊ သူက သူ၏အသန်မာဆုံးနတ်ဘုရားစွမ်းအားဖြစ်သည့်ဆည်းဆာအိပ်မက်ဆိုးကို အသုံးပြုကာ သူတို့ခုနှစ်ယောက်အား လွှမ်းခြုံလိုက်သည်။

“ချိုးဖြတ်စမ်း…”

“ချိုးဖြတ်စမ်း…”

“သွား…”

ရူးသွပ်သောအမူအရာများက သူတို့၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်၊ သူတို့၏အသက်နှင့် အလဲအလှယ်လုပ်လိုသောရည်ရွယ်ချက်နှင့်အတူ အရိပ်နတ်ဆိုးကျူးဝူရှိုထံ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်ကြ၏။

ဘုံး…

အနီးနားရှိ ဂြိုလ်က ပေါက်ကွဲသွားသည်၊ သို့သော် ပေါက်ကွဲအားက သူတို့အပေါ် ဘာသက်ရောက်မှုမှ မဖြစ်ပေ။ သူတို့၏တိုက်ခိုက်မှုများကလည်း အရိပ်နတ်ဆိုးကျူးဝူရှို၏အသန်မာဆုံးတိုက်ကွက်ကို အနိုင်ယူခဲ့သည်။

“သူတို့အားလုံးကို သတ်…”အရိပ်နတ်ဆိုးကျူးဝူရှိုက ဒေါသတကြီး အမိန့်ပေးလိုက်သည်၊ ထို့နောက် သူနှင့်အတူပါလာသည့် အန္တိမအရှင်ခြောက်ယောက်က လူအိုကြီးဆိုက်ကာမောတို့ထံ ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။

ပြင်းထန်သောတိုက်ပွဲက ပတ်ဝန်းကျင်ရှိ ကြယ်များကို တုန်ခါစေပြီး စွမ်းအင်အတက်အကျကြောင့် အနီးနားရှိ ဂြိုလ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။

ဤတိုက်ပွဲက ငါးရက်တိုင်တိုင်ဖြစ်ပွားခဲ့ပြီး ဤအချိန်အတွင်း ထန်ရှုနှင့်အခြားသူအားလုံးက ပြင်းထန်သောဒဏ်ရာများကို ရရှိထားကြသည်။ ရန်သူ့ဘက်တွင် အရိပ်နတ်ဆိုးကျူးဝူရှိုက ဒဏ်ရာအသေးအမွှားသာ ရထားပြီး အန္တိမအရှင်နှင်းရေခဲအတွက်လည်း အတူတူဟု ပြောနိုင်သည်။ သို့သော် အခြားအန္တိမအရှင်ငါးယောက်လုံးက ဒဏ်ရာပြင်းထန်စွာ ရရှိထားကြ၏။

“ဆည်းဆာအိပ်မက်ဆိုး၊ ဟင်းလင်းပြင်ဆုတ်ဖြဲ” လွင့်ထွက်သွားသော ထန်ရှုကို စိုက်ကြည့်ရင်း အရိပ်နတ်ဆိုးကျူးဝူရှိုက ပြင်းထန်သောသတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုစကားလုံးများကို ရေရွတ်ပြီးလျှင်ချင်း သူ၏အသန်မာဆုံးတိုက်ခိုက်မှုကို ထပ်မံဖော်ထုတ်လိုက်၏။

နာကျင်မှုက ထန်ရှု၏မျက်လုံးများထံ ဖြတ်သွားကာ သူက သွေးအန်လိုက်သည်။ ယခင်ကထက် သူက ဆယ်ဆနီးပါး ပိုအားနည်းသောကြောင့် သူ့ခွန်အားနှင့်အရိပ်နတ်ဆိုးကျူးဝူရှိုတို့လို နှောင်းပိုင်းအဆင့်အန္တိမအရှင်တစ်ယောက်ကြား၌ ကြီးမားသောကွာဟချက်တစ်ခုရှိသည်။ လူအိုကြီးဆိုက်ကာမောနှင့်အခြားသူများက သူ့အား ကာကွယ်ရန် အစွမ်းကုန်အားထုတ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိ အန္တိမအဆင့်ကြယ်ဝါးမျိုခြင်းအင်းဆက်၏အကူအညီကြောင့်သာ သူက ငါးရက်တိုင်တိုင် ထိန်းထားနိုင်ခြင်းဖြစ်၏။

သူတို့သာမရှိလျှင် ပြီးခဲ့သောငါးရက်အတွင်း သူက အရိပ်နတ်ဆိုးကျူးဝူရှို၏လက်ထဲ၌ သေသွားရလိမ့်မည်။

ထန်ရှုကို ကြည့်ရင်း အရိပ်နတ်ဆိုးကျူးဝူရှိုက ရူးသွပ်စွာ ပြုံးလိုက်သည်၊ သူက ဤအခွင့်အရေးကို အမိအရယူကာ ထန်ရှုအရှေ့သို့ ရုတ်ချည်း တည်နေရာရွှေ့ပြောင်းလိုက်သည်။ ထို့နောက် သူ့ဆေဘာဓားက ထန်ရှု၏ဉီးခေါင်းဆီသို့ ရိုက်ခတ်သွား၏။

“ဆည်းဆာအိပ်မက်ဆိုး”အေးစက်သောအသံတစ်ခုက အရိပ်နတ်ဆိုးကျူးဝူရှို၏နောက်မှ ပဲ့တင်ထပ်သွားပြီး နတ်ဆိုးအသုံးအဆောင်ပစ္စည်းတစ်ခုက ကြောက်စရာကောင်းသောစွမ်းအင်ပေါက်ကွဲမှုတစ်ခုနှင့်အတူ သူ၏အကာအကွယ်မဲ့သောခန္ဓာကိုယ်အား ထိုးဖောက်လာသည်။

“ထွက်သွားစမ်း…”အရိပ်နတ်ဆိုးကျူးဝူရှို၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ သူ၏ဆေဘာဓားက ထန်ရှု၏ဉီးခေါင်းသို့ ရောက်ရှိရန် တစ်လက်မသာ လိုတော့ရာမှ ဉီးတည်ဘက်ပြောင်းကာ သူ့နောက်ကျောသို့ ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဆည်းဆာအိပ်မက်ဆိုးကို အသုံးပြုကာ သူ့နောက်ရှိလူအား တိုက်ခိုက်လိုက်၏။

အရိပ်နတ်ဆိုးကျူးဝူရှိုကို တိုက်ခိုက်ခဲ့သည့်လူ၏ရင်ဘက်အား ဆိုးဝါးစွာ ထိမှန်သွားပြီး ထိုလူက ဟင်းလင်းပြင်အတွင်းသို့ လွင့်ထွက်သွား၏။

ထန်ရှု၏အကြည့်က အရိပ်နတ်ဆိုးကျူးဝူရှို၏တိုက်ခိုက်မှုမှ လွင့်ထွက်သွားသောလူထံ ကျရောက်သွားသည်။ သူက အသွင်အပြင်ကို မမြင်ရသော်လည်း ထိုလူ၏အသံကို ကြားပြီးနောက် သရုပ်မှန်ကို သိလိုက်သည်။

“အခု ထွက်သွားတော့…”ထန်ရှုက အရူးအမူးအော်ပြောလိုက်သည်။

ထိုလူက ခဏရပ်သွားပြီး ထန်ရှုအား နက်ရှိုင်းစွာ ကြည့်ပြီးနောက် အရိပ်နတ်ဆိုးကျူးဝူရှိုထံ ချက်ချင်း ပြေးဝင်တိုက်ခိုက်သည်။ နတ်ဆိုးမီးလျှံမုန်တိုင်းတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး အနက်ရောင်မြူများက ပတ်ဝန်းကျင်မှ လိမ့်တက်လာကာ အရိပ်နတ်ဆိုးကျူးဝူရှိုအား ရုတ်ခြည်း ဝန်းရံသွား၏။

“တောက်…မင်းက ဘယ်သူလဲ၊ ဘာလို့ မင်းက ငါ့ရဲ့ဆည်းဆာအိပ်မက်ဆိုးကို အသုံးပြုနိုင်ရတာလဲ…အာ…မင်း…ကလိမ်ကကျစ်။ မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲဖို့ စီစဉ်ထားတာပဲ။ ထွက်သွားစမ်း…”

ပုံရိပ်တစ်ခုက စွန်ပျက်တစ်ခုအလား အနက်ရောင်မြူထဲမှ လွင့်ထွက်သွား၏။ သူ့ညာလက်က ပြတ်သွားပြီး ကြီးမားသောအပေါက်တစ်ခုက သူ့ရင်ဘက်ပေါ်တွင် ထွက်ပေါ်လာသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်အား ရွှေရောင်စိတ်ဝိညာဉ်ချိပ်ပိတ်တစ်ခုက ဖိနှိပ်ထားသည်။

ဝှစ်…

သူ့နှလုံးသားက အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်ရည်များက ထန်ရှု၏ပါးပြင်မှ ကျဆင်းလာသည်။ သူက ထိုပုံရိပ်နောက်၌ ချက်ချင်းထွက်ပေါ်လာပြီး သူ့ရင်ခွင်ထဲသို့ ထည့်လိုက်၏။

အဟွတ်…

ထိုလူ၏မျက်နှာဖုံးက အပိုင်းပိုင်းအစစဖြစ်နေပြီး သူ၏အနက်ရောင်ဝတ်ရုံက ဆုတ်ပြတ်သတ်နေပြီဖြစ်သည်။ ရွှယ်ချင်းချန်က သွေးအနည်းငယ်အန်လျက် ပြုံးလိုက်လေ၏။

“မင်း အရူး…”

ထန်ရှုက မူလဖရိုဖရဲစွမ်းအားကို သူမ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။ ဟန်ချင်းဝူ၏အသက်အားက လျင်မြန်စွာ လျော့ကျနေသည်ကို သူက အာရုံခံနိုင်သည်၊ သူမက နာရီအနည်းငယ်အတွင်း သေသွားမည့်ပုံရ၏။

“အဟွတ်…ဟုတ်တယ်…ငါက…ရူးနေတာ…”

ရွှယ်ချင်းချန်၏မျက်လုံးများက မျက်ရည်တို့ဖြင့် တေက်ပလာသည်၊ သို့သော် သူမ၏မျက်နှာပေါ်ရှိအပြုံးက ပိုတောင် တောက်ပသည်။ သူမက သူမ၏သွေးစွန်းနေသောလက်ကို မြှောက်ကာ ထန်ရှု၏မျက်နှာအား ညင်သာစွာ ပွတ်သပ်ပြီး အားနည်းသောအသံနှင့် ပြောလိုက်၏ “အရင်က သူ့အပေါ်မှာ ငါ အကြွေးတစ်ခုတင်ခဲ့တယ်၊ ငါ့ရဲ့ဆွေမျိုးတွေအားလုံးကလဲ သူ့လက်ထဲမှာပဲ။ အဟွတ်…အဲတုန်းက ရှင်ကို မတိုက်ခိုက်ခဲ့ရင် သူတို့အားလုံးက သေသွားရလိမ့်မယ်၊ သူ့အပေါ်မှာ ရှိတဲ့ ငါ့ရဲ့အကြွေးကိုလဲ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး”

“ရှု၊ ရှင်က ဒီကမ္ဘာမှာ ကျွန်မအကြွေးအတင်ထားဆုံးလူပဲ။ ရှင်က ကျွန်မကို ထပ်မတွေ့ချင်ဘူးဆိုရင်တောင် ကျွန်မရဲ့အသက်က ရှင့်အတွက်ပဲ။ ရှင်က ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် ရှင့်ကို အဝေးမှ ကြည့်နေရရုံနဲ့တင် ကျွန်မအတွက် ပျော်ရွှင်ဖို့ လုံလောက်ပါတယ်။ ရှင်က တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် သူတို့ကို လက်ညှိုးထိုးပြဖို့ပဲ လိုတယ်၊ ကျွန်မက ရှင့်အတွက် သူတို့ကို သတ်ပေးမှာပါ…အဟွတ်…”

“ရှင် သိလား။ အဲနေ့ကတည်းက ဒါက ကျွန်မအတွက် အပျော်ဆုံးပဲ”

“ကျွန်မ တောင်းပန်ပါတယ်။ အဲဒီစိတ်ဝိညာဉ်ချိတ်ပိတ်ကို ရုပ်သိမ်းလိုက်ပါ”

“ရှု၊ ဒါက တစ်ယောက်ယောက်ကို ကျွန်မက ပထမဆုံးတောင်းဆိုတာပါ။ ကျေးဇူးပြုပြီး…ထွက်သွားပါတော့…”

“ထွက်သွားပါတော့…”

ထန်ရှု၏နှလုံးသားက ပေါက်ကွဲလုနီးပါးဖြစ်နေတော့သည်။ ဤအချိန်တွင် အတိတ်တွင် သူမက သူ့အား တိုက်ခိုက်ခဲ့သော်လည်း သူ့အား မချစ်သည်မှာ မဟုတ်ကြောင်း သူက သဘောပေါက်ခဲ့သည်။ အခြားတစ်ဖက်တွင် သူမက သူ့အား ချစ်လွန်းသဖြင့် သူ့ထက်ပင် ပိုဆိုးဝါးသောနာကျင်မှုအား သူမက ခံစားနေခဲ့ရသည်။

“အရင်က သူမ သေသွားခဲ့တယ်”

“ငါ့ကို တိုက်ခိုက်ပြီးနောက် သူမက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပဲ”

“သူမက ရွှယ်ချင်းချန်၊ ဒါပေမယ့် သူမက ဟန်ချင်းဝူဆိုလဲ ဟုတ်တယ်”

“သူမက ငါ့ကို အမြဲတမ်း ချစ်ခဲ့တာပဲ”

“ဒါပေမယ့် ငါက သူမကို သတ်ဖို့ အမြဲတမ်း စဉ်းစားခဲ့တယ်”

ထန်ရှု၏နှလုံးသားက နာကျင်မှုတို့နှင့် ပြည့်နေတော့သည်။ သူက ရွှယ်ချင်းချန်၏နှလုံးသားထဲရှိ နာကျင်မှုအား ဘယ်တော့မှ မစဉ်းစားမတွေးမိခဲ့ပေ။

“ထွက်သွားတော့…”

သူ့ရင်ဘက်မှ အော်သံတစ်ခုက ပဲ့တင်ထွက်လာပြီး ကြောက်စရာကောင်းသောတွန်အားတစ်ခုက သူ့အား ကီလိုမီတာတစ်ရာသို့ တွန်းထုတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ရွှယ်ချင်ချန်းက လင်းယုန်ငှက်ဘေးနား၌ ထွက်ပေါ်လာသည်။ သူ့အတွက် အန္တိမအရှင်နှင်းရေခဲ၏ရိုက်ချက်တစ်ချက်ကို ခံယူပြီးနောက် သူမက ပြောလိုက်သည် “စိတ်ဝိညာဉ်ချိတ်ပိတ်ကို ဖျက်ဆီးဖို့ ငါ့ကို ကူညီပေးပါ…”

“အား…”

ဒဏ်ရာအပြင်းအထန်ရလျက် အသက်ရှုံးဆုံးရန် တဲတဲကလေးသာ လိုတော့သည့် လူအိုကြီးဆိုက်ကာမောက ရုတ်တရက် သားရဲလို ဟိန်းဟောက်ကာ အော်ပြောလိုက်သည် “အရှင်။ လူအိုကြီးဆိုက်ကာမောက မင်းရဲ့ကျေးဇူးကို မမေ့ပါဘူး။ အခုက ငါ ပြန်ပေးဆပ်ဖို့ အချိန်ပါပဲ”

အုံး…

ဂြိုလ်တစ်လုံးပေါက်ကွဲမှုထက် ပိုအားကောင်းသည့် ကြောက်စရာကောင်းသောပေါက်ကွဲမှုတစ်ခုက လူအိုကြီးဆိုက်ကာမောကို ဗဟိုပြုလျက် ထွက်ပေါ်လာသည်။ ဖောက်ခွဲခြင်းမှ ထွက်ပေါ်လာသော စွမ်းအင်က ဉီးတည်ဘက်တိုင်းကို ကြောက်စရာကောင်းသောအရှိန်နှင့် ပျံ့နှံ့သွားပြီး အနီးနားရှိ အန္တိမအရှင်နှင်းရေခဲ၏ခန္ဓာကိုယ်အား ပေါက်ကွဲထွက်သွားစေ၏။ သူ့အင်မော်တယ်စိတ်ဝိညာဉ်ကသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။

“လူအိုကြီးဆိုက်ကာမော”

ထန်ရှု၏ခန္ဓာကိုယ်က အပြင်းအထန်တုန်ယင်သွားပြီး နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွား၏၊ သူ့ခန္ဓာကိုယ်စကြာဝဠာနေရာလပ်ထဲရှိ ဂြိုလ်အားလုံးက ပြင်းထန်သောအလင်းနှင့်အတူ တောက်ပသွားသည်။ ကြောက်စရာကောင်းသောစွမ်းအင် တစ်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ့အရှိန်အဝါက ချက်ချင်း မြင့်တက်လာသည်၊ သူက လင်းယုန်ငှက်နှင့်ရွှယ်ချင်းချန်တို့ထံ လျင်မြန်စွာ ပြေးသွား၏။

“စိတ်ဝိညာဉ်ချိတ်ပိတ်ကို မဖျက်ဆီးနဲ့”ထန်ရှုက လင်းယုန်ငှက်ထံ အော်ပြောလိုက်သည်။

လင်းယုန်ငှက်က ခါးသီးစွာ ပြုံးလျက် ရွှယ်ချင်းချန်အား အဝေးသို့ တွန်းထုတ်ပြီးနောက် ထန်ရှုထံ ပြန်ပြော၏ “အရှင်၊ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတည်းက ငါက နီဖက်တောအုပ်ထဲမှာ သေသွားခဲ့သင့်ပါတယ်၊ ဒါပေမယ့် ငါက အသက်ရှင်ခဲ့ပြီး မင်းရဲ့ကယ်ဆယ်ပေးမှုကြောင့် ငါ့ဇနီးနဲ့အတူ ကလေးတစ်ယောက်တောင် ရခဲ့တယ်။ ကျေးဇူးပြုပြီး ငါ့အတွက် သူတို့ကို ဂရုစိုက်ပေးပါ”

ထို့နောက် ချက်ချင်းလျှင်ပင် လင်းယုန်ငှက်က အထွတ်အထိပ်အသင်္ချေမှတ်စုထံ ပြေးသွားကာ သူ့ရင်ဘက်အား လက်သီးဖြင့် ထိုးထုတ်လိုက်သည်။ အထွတ်အထိပ်အသင်္ချေမှတ်စုက အဝေးသို့ ရောက်သွားပြီးနောက် သူက အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်၏။

သူနှင့်အထွတ်အထိပ်အသင်္ချေမှတ်စုတို့အား ဝန်းရံတိုက်ခိုက်နေသည့် အန္တိမအရှင်များက အလယ်ဆင့်အန္တိမအရှင်နှစ်ယောက်ဖြစ်ပြီး လက်ရှိတွင် သူတို့က ဒဏ်ရာအပြင်းအထန်ရထားသည်။ လင်းယုန်ငှက်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားချိန်တွင် သူတို့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏၊ သို့သော် သူတို့က အချိန်မီပြန်မဆုတ်နိုင်ဘဲ သူတို့၏ခန္ဓာကိုယ်များက ပေါက်ကွဲမှုနှင့်အတူ ပါသွားသည်။ သူတို့၏အင်မော်တယ်စိတ်ဝိညာဉ်များပင် မလွတ်မြောက်ခဲ့ပေ။

“လင်းယုန်ငှက်…”

ထန်ရှု၏မျက်လုံးများက စိတ်ပျက်လက်ပျက်မှုနှင့် ပြည့်နေသည်၊ သူက ရွှယ်ချင်ချန်းအား ရင်ခွင်ထဲတွင် ဖမ်းထားလိုက်သည်။ သူ့မျက်လုံးများက သွေးနီရောင်သမ်းလာပြီး သူ့ခန္ဓာကိုယ်က အရူးအမူး ကြီးမားလာသည်။ သူ့ကြွက်သားများက ကြွတက်လာပြီး သူ့အရိုးများက ကြေမွသွားသည်၊ သူ့မရီဒျာန်များက ပေါက်ကွဲသွားသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူ့အရပ်က ဆယ်မီတာအထိ မြင့်မားလာသည်၊ ထို့နောက် ကြောက်စရာကောင်းသောရှေးဉီးမူလဖရိုဖရဲစွမ်းအားက သူ့ကြွက်သားများက အားဖြည့်ပေးပြီး သူ့အရိုးများနှင့် ပေါင်းစပ်ကာ သူ့မရီဒျာန်များက ပြန်ဆက်သွားသည်။

ဤအချိန်တွင် နတ်ဘုရားဓားက သူ့လက်ဓားထဲသို့ ပြန်ရောက်လာသောကြောင့် သူ့မျက်နှာက နတ်ဘုရားဓားနှင့် တူ၏။ သူက အရိပ်နတ်ဆိုးကျူးဝူရှိုအရှေ့၌ ချက်ချင်း ထွက်ပေါ်လာ၏။

“တောက်၊ ငါက ဒီနေရာမှာ နတ်ဆိုးပဲ”အရိပ်နတ်ဆိုးကျူးဝူရှိုက ဒေါသတကြီး အော်ပြောသည်။

အလစ်တိုက်ခိုက်ခြင်းကြောင့် ရွှယ်ချင်ချန်းက သူ့အား ဒဏ်ရာရစေခဲ့သော်လည်း သူက ထန်ရှုအား သတ်နိုင်သည်ဟု ယုံကြည်ရှိသည်။ သူ့နားတစ်ဝိုက်နေရာလပ်က ယိုယွင်းသွားပြီး စွမ်းအင်တစ်ခုက သူ့ရှေ့၌ တလဟောစုဝေးလာသည်။ ထို့နောက် ဘမ်းခနဲမြည်သံနှင့်အတူ သူ့ဓားမော့က ပေါက်ကွဲထွက်သွားကာ မီတာတစ်ထောင်လည်ပတ်နေသောဓားမော့အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျက် ထန်ရှုထံ တိုက်ခိုက်လိုက်၏။

ထန်ရှုက အန္တရာယ်အား မခံစားမိသလိုပင်၊ သူက နေရာလပ်အား နတ်ဘုရားဓားဖြင့် ဖြတ်ကာ ဝင်လာသည့်ဓားမော့အလင်းတန်းနှင့် ရင်ဆိုင်လိုက်သည်။ သူ၏လက်ရှိခွန်အားက ယခင်အထွတ်အထိပ်ခွန်အားနှင့် သိပ်မကွာတော့ပေ။ သူ့လက်ထဲရှိ နတ်ဘုရားဓားက ဓားမော့အလင်းကို ဖြတ်သွားပြီး အရိပ်နတ်ဆိုးကျူးဝူရှို၏ရင်ဘက်အား ထိုးဖောက်သွားသည်။

“နတ်ဘုရားစွမ်းအား- ကောင်းကင်ဘုံပိုက်ကွန်”

ထန်ရှုက သွေးတစ်ပွက်အန်လိုက်သည်၊ ထို့နောက် မရေမတွက်နိုင်သောရောင်စုံတန်းများနှင့် သွေးနီရောင်အလင်းတစ်ခုက ထွက်ပေါ်လာကာ သူ့ပတ်လည်ရှိ ကီလိုမီတာငါးရာအကွာအဝေးအား ဖုံးအုပ်သွားသည်။

ကမ္ဘာတစ်ခုလုံး။

အေးခဲရပ်တန့်သွားပုံရသည်။

ရောင်စုံအလင်းတန်းများ၏ဖြာထွက်မှုက ကမ္ဘာ၏ဤအစိတ်အပိုင်းအား ပုံရိပ်ယောင်အိပ်မက်တစ်ခုနှင့်တူစေပြီး ဖိနှိပ်ချုပ်ချယ်စွာ လှပသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်ကျော်က ချက်ချင်း အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရပြီး သူတို့၏သွေးများက ဤကမ္ဘာအစိတ်အပိုင်းအား အားဖြည့်ပေးလိုက်ပုံရသည်။

All Chapters