← Chapters

နှစ်ဖက်စလုံးရှုံးနိမ့်ခြင်း

Vol. 101 Ch. 1405

နှစ်ဖက်စလုံးရှုံးနိမ့်ခြင်း

Vol. 101 Ch. 1405

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေလျက် အရိပ်နတ်ဆိုးကျူးဝူရှိုက ထန်ရှုအား လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။ သူက အောင်ပွဲရရန် လက်မအနည်းငယ်သာ လိုတော့သည်၊ သို့သော် အဆုံးသတ်တွင် ယခုလိုသနားစရာကောင်းသောရလဒ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ သူခေါ်လာသည့်အန္တိမအရှင်သုံးယောက်က ပျောက်ကွယ်သွားရုံသာမက သူ့ပင် ဤတိုက်ပွဲတွင် သေဆုံးရန် အခွင့်အလမ်းတစ်ခုရှိသည်။

“အခု အားလုံးပြီးပြီ…”

အေးစက်သောအလင်းတစ်ခုက အရိပ်နတ်ဆိုးကျူးဝူရှို၏မျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။ သူ့အင်မော်တယ်ဓားက သူ့ခန္ဓာကိုယ်မှ ပျံသန်းထွက်လာပြီး ကီလိုမီတာငါးရာအကွာ၌ ရုတ်ချဉ်း ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်တွင် လည်ပတ်နေသော ရောင်စုံတန်းများပင် သူ့အား ထွက်ပြေးခြင်းမှ မတားနိုင်ခဲ့ပေ။

“ဖောက်ခွဲစမ်း…”အရိပ်နတ်ဆိုးကျူးဝူရှိုက အော်လိုက်သည်၊ ထို့နောက် သူ့ခန္ဓာကိုယ်က ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုအားက အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲမှုလောက် မပြင်းထန်သော်လည်း ထန်ရှုက အဝေးသို့ ချက်ချင်း လွင့်ထွက်သွား၏။

ထန်ရှုက အဝေးသို့ လွင့်ထွက်နေရင်း သွေးတစ်ပွက်အန်သည်။ နောက်အခိုက်အတန့်တွင် ရွှယ်ချင်းချန်၏ပုံရိပ်က ထန်ရှု၏အနောက်၌ ထွက်ပေါ်လာပြီး သူ့အား သူမ၏ရင်ခွင်ထဲသို့ ထည့်ဖမ်းလိုက်သည်၊ ထန်ရှု၏ဆိုးဝါးလှသောခန္ဓာကိုယ်ကို ကြည့်ရင်း မျက်ရည်များက သူမ၏ပါးပြင်မှ စီးကျလာ၏။

“ဆရာသခင်…”

“အရှင်…”

အထွတ်အထိပ်အသင်္ချေမှတ်စုနှင့်အခြားအန္တိမအရှင်သုံးယောက်က အော်ခေါ်လိုက်သည်။ သူတို့က အခြားရန်သူအန္တိမအရှင်သုံးယောက်အား တိုက်ခိုက်မနေဘဲ ထန်ရှုနှင့်ရွှယ်ချင်းချန်တို့ဘေးနားသို့ ချက်ချင်း ပြေးလာ၏။

အရိပ်နတ်ဆိုးကျူးဝူရှို၏အင်မော်တယ်စိတ်ဝိညာဉ်က လွတ်မြောက်သွားပြီး အခြားအန္တိမအရှင်သုံးယောက်လည်း လွတ်မြောက်သွားသည်။ ကျန်ရှိသည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကလည်း ထွက်ပြေးသွား၏။

ရွှယ်ချင်ချန်းက ဖရိုဖရဲဟင်းလင်းပြင်တွင် သွေးတစ်ပွက်အန်ပြီးနောက် အထွတ်အထိပ်အသင်္ချေမှတ်စုထံ ထန်ရှုအား လက်လွှဲပေးလိုက်သည် “သူ့ကို ကောင်းကောင်းဂရုစိုက်ပါ”

ထိုသို့ပြောရင်း သူမက ရင်ဘက်ရှိ အပေါက်အား ဖုံးကာ အဝေးသို့ ပျံသန်းသွားသည်။

“သူမကို တားလိုက်”ရွှယ်ချင်ချန်က ထွက်သွားရန် စီစဉ်နေသည်ကို မြင်သောအခါ ထန်ရှုက အထွတ်အထိပ်အသင်္ချေမှတ်စုအား အမိန့်ပေးလိုက်သည်။

အထွတ်အထိပ်အသင်္ချေမှတ်စုက ခဏတုံ့ဆိုင်းသွားလျက် ခါးသီးစွာ ပြောလိုက်သည် “ဆရာသခင်၊ သူမက ဆရာ့ကို ကယ်ခဲ့ပေမယ့်…”

ထန်ရှုက ကြားဖြတ်ကာ ကမန်းကတန်း‌ပြောလိုက်သည် “သူမက တကယ်ကို အပြစ်ကျူးလွန်ခဲ့ပါတယ်၊ ဒါပေမယ့် သူမခံစားရတဲ့နာကျင်မှုက ငါ့ထက် ဘယ်လိုလုပ်လျော့မှာလဲ။ အသင်္ချေမှတ်စု၊ အခုတော့ အဲဒါနဲ့ ပတ်သက်ပြီး ငါ ရှင်းရှင်းလင်းလင်းတွေးခဲ့ပြီးပြီ။ ဒီနေ့မှာ သူမက ငါ့ဆီ အပြေးရောက်လာပြီး သူမရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲဖို့တောင် ဆန္ဒရှိခဲ့တယ်၊ ဒါကြောင့် မင်းအနေနဲ့ သူမကို ဆရာကတော်အဖြစ် ထပ်ခေါ်ဖို့ ဒါက လုံလောက်တယ်။ သူမကို တားပါ မဟုတ်ရင် သူမက တစ်နာရီတောင် ကျော်မှာ မဟုတ်ဘူး”

အထွတ်အထိပ်အသင်္ချေမှတ်စု၏မျက်နှာက ပြောင်းလဲသွားကာ သူက ရွှယ်ချင်ချန်နောက်သို့ ချက်ချင်း လိုက်သွားသည်။ ဆယ့်ငါးမိနစ်အတွင်း သူက ရွှယ်ချင်ချန်အရှေ့သို့ ရောက်လာကာ သူမအား တားလိုက်၏ “ဆရာကတော်၊ မင်းကို ထွက်သွားခွင့်မပြုဖို့ ဆရာက ငါ့ကို ပြောခဲ့တယ်”

“ဆရာကတော်လား”

ရွှယ်ချင်ချန်က မျက်ရည်များ စီးကျလာလျက် ရေရွတ်လိုက်သည် “သူက…ငါ့ကို တွေ့ချင်တာလား”

အထွတ်အထိပ်အသင်္ချေမှတ်စုက ပြော၏ “ခဏက ဆရာက ငါ့ကို ပြောခဲ့တယ်၊ သူ့အတွက် အင်မော်တယ်စိတ်ဝိညာဉ်ကိုတောင် ဖောက်ခွဲဖို့ ဆန္ဒရှိတဲ့အကြောင်းပြချက်က မင်းက သူ့ကို တကယ်ချစ်လို့ပဲ။ ဒါ့အပြင် အဲတုန်းက မင်းရဲ့လုပ်ရပ်တွေနောက်ကွယ်က အကြောင်းပြချက်ကို ဆရာက သဘောပေါက်ခဲ့ပြီး မင်းက သူ့ထက်တောင် ပိုနာကျင်ရမယ်လို့ ယုံကြည်တယ်”

“သူ…တကယ်ပဲ…အဲလိုပြောခဲ့တာလား။ သူ ငါ့ကို မမုန်းဘူးလား” ရွှယ်ချင်ချန်းက အသံတုန်ယင်လျက် ထပ်မေးလိုက်သည်။

အထွတ်အထိပ်အသင်္ချေမှတ်စုက ပြောသည် “ဆရာကတော်၊ ဆရာက သင့်ကို တကယ်မမုန်းပါဘူး။ ကျေးဇူးပြုပြီး ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ။ ဆရာရဲ့ဒဏ်ရာတွေက အတော်လေးဆိုးတယ်၊ ဒါကြောင့် သူ့ဘေးနားမှာ သင်ရှိနေဖို့ လိုအပ်တယ်”

“ဘာ”ရွှယ်ချင်ချန်က အလန့်တကြား အော်လျက် ထန်ရှုထံ ချက်ချင်းပြေးသွားသည်။

“ရှု…”

ထန်ရှုအရှေ့သို့ ရောက်လာပြီးနောက် ရွှယ်ချင်ချန်၏တုန်ယင်နေသောအသံက စိုးရိမ်မှုတို့နှင့် ပြည့်နေပြီး သူမ၏မျက်ရည်များက ပိုတောင် မြန်ဆန်စွာ ကျဆင်းလာ၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရွှယ်ချင်ချန်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည် “အတိတ်ကကိစ္စတွေကို လေနဲ့အတူ လွင့်မျောသွားပါစေတတော့။ မင်းက ငါထန်ရှုရဲ့ဇနီးဖြစ်နေတုန်းပါပဲ၊ ဒါက ထာဝရပါပဲ”

ရွှယ်ချင်ချန်၏မျက်လုံးများက ပျော်ရွှင်မှုတို့နှင့်အတူ လင်းလက်သွားသည်။ သူမ၏မှတ်ဉာဏ်အား ပြန်ရလာပြီးကတည်းက ထိုစကားများကို ကြားရန် အိပ်မက်မက်ခဲ့သည်။ ယခု သူမ၏အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပြီ၊ သူမက အချိန်မရွေး သေရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရွှယ်ချင်ချန်၏မျက်နှာအား ရုတ်တရက် ပွတ်သပ်လိုက်သည် “မင်းက ပြန်လည်မွေးဖွားလာခဲ့ပြီးဆိုမှတော့ ရွှယ်ချင်ချန်းမဟုတ်တော့ဘူး။ အခု မင်းက ဟန်ချင်းဝူပဲ။ မင်း ငါ့ကို ယုံကြည်လား၊ ချင်းဝူ”

ရွှယ်ချင်ချန်…ဟန်ချင်းဝူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ ယုံပါတယ်၊ ငါ့ကိုယ်ငါထက်တောင် ရှင့်ကို ပိုယုံပါတယ်”

ထန်ရှုက ပြောသည် “မင်းရဲ့ဒဏ်ရာတွေက အတော်လေးပြင်းထန်တယ်။ ငါ့မှာ အင်မော်တယ်ဆေးလုံးနဲ့ရတနာတွေအများကြီးရှိရင်တောင် မင်းရဲ့အသက်ကို မထိန်းထားနိုင်သေးဘူး။ ဒါကြောင့် ငါ မင်းကို နေရာတစ်ခုဆီ ပို့ပေးဖို့ လိုတယ်။ အဲထဲကို ဝင်ပြီးရင် မင်းက အသက်ရှင်နိုင်မလားဆိုတာ ငါ မသိပေမယ့် အနည်းဆုံးမျှော်လင့်ချက်အချို့ရှိမှာပါ”

ဟန်ချင်းဝူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ရှင့်စကားကို နားထောင်ပါ့မယ်၊ ရှင်သွားစေချင်တဲ့နေရာတိုင်းကို သွားပါ့မယ်။ ရှင်က အခု သေခိုင်းရင်တောင် တုံ့ဆိုင်းမနေစေရဘူး”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းမော့လိုက်သည်။ သူက ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏စတုတ္ထမြောက်အဆင့်ကို ဖော်ထုတ်လိုက်သည်၊ ထို့နောက် သူ့စိတ်ဝိညာဉ်အာရုံအား သူ့ဒန်တျန်အတွင်းရှိ စကြာဝဠာနှင့် သဟဇာတဖြစ်စေပြီးနောက် သူ့နတ်ဘုရားစွမ်းအားကို အသုံးပြုလိုက်၏။ ထို့နောက် ရှေးဉီးမူလဖရိုဖရဲစွမ်းအားက ဟန်ချင်းဝူကို ရစ်ပတ်ပြီး သူမအား သူ့ရင်ဘက်၌ ထွက်ပေါ်လာသည့် ဝင်ပေါက်တစ်ခုထဲသို့ ဆွဲသွင်းသွား၏။

ဒါက အပြင်ကမ္ဘာမှလူသားတစ်ယောက်အား သူ့ဒန်တျန်အတွင်းရှိစကြာဝဠာထဲသို့ ပထမဆုံးအကြိမ်သယ်ဆောင်လာခြင်းဖြစ်သည်။ အထဲသို့ သူစုပ်ယူခဲ့သည့်အခြားအရာက ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာသစ်ပင်ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် သူက လူသားတစ်ယောက်အား အထဲသို့ ခေါ်ရန် ကြိုးစားနေခဲ့သည်။ ထို့ကြောင့် ဟန်ချင်းဝူ၏စိတ်ဝိညာဉ်အား ကာကွယ်ရန်နှင့် သူမ၏အသက်အားအား ပြန်ဖြည့်ရန် သူက ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာသစ်ပင်၏ကြီးမားသောအသက်အားကို အသုံးပြုရန် လိုအပ်သည်။

အနည်းငယ်ကြာပြီးနောက် သူမက ကမ္ဘာအသစ်တစ်ခုထဲသို့ ရောက်ရှိနေသည်ကို ဟန်ချင်းဝူက ခံစားမိလိုက်သည်။ ဤကမ္ဘာ၏ဉီးတည်ဘက်တိုင်းတွင် ဂြိုလ်တန်းများရှိပြီး ထိုဂြိုလ်အားလုံးမှ အသက်အရိပ်အယောင်ကို ခံစားမိသောကြောင့် သူမအတွက် ယုံကြည်ရန် ခက်ခဲလှ၏။

“ဒီသစ်ပင်က…”

ဟန်ချင်းဝူက တုန်ယင်သွားသည်။ လှပသောရောင်စုံသစ်ပင်က အသက်အားတို့ ပြည့်ဝနေသည်ကို သူမက ခပ်ဖျော့ဖျော့ခံစားမိသည်။ သစ်ပင်မှ အစိမ်းရောင်စွမ်းအင်တစ်ခုက သူမထံ စီးဆင်းလာကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်ကို မြင်ရသည်။ နောက်အခိုက်အတန့်တွင် အစိမ်းရောင်စွမ်းအင်အမျှင်တန်းက သူမ၏အသက်အားအား မြှင့်တင်ပေးနေသည်ကို ရှင်းလင်းစွာ အာရုံံခံမိသည်။

“ဒီစကြာဝဠာအတွင်းမျာ အသက်ကို ထိန်းထားဖို့ ဖြစ်နိုင်မယ်လို့ ငါ မထင်ထားဘူး။ ချင်းဝူ၊ မင်း အခု ဘယ်လိုခံစားရလဲ”မထင်မရှားပုံရိပ်တစ်ခုက ဟန်ချင်းဝူ၏ဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ဟန်ချင်းဝူက ထန်ရှုအား စိတ်လှုပ်ရှားသောအမူအရာဖြင့် ကြည့်လိုက်သည် “အဲဒီသစ်ပင်က ထုတ်လွှတ်တဲ့ စွမ်းအင်က ငါ့ရဲ့အသက်စွမ်းအားကို ဖြည့်ပေးနေတယ်။ ဒီနေရာမှာ နေမယ်ဆိုရင် ငါက အသက်ရှင်နိုင်လိမ့်မယ်။ ရှု၊ ဒီနေရာက ဘယ်နေရာလဲ”

ထန်ရှုက ဖြေသည် “ငါ့ရဲ့ဒန်တျန်ထဲမှာ။ ဒါက ငါ့ရဲ့ဒန်တျန်ထဲမှာ တည်ဆောက်ထားတဲ့ စကြာဝဠာတစ်ခုပဲ”

ဟန်ချင်းဝူက မယုံကြည်နိုင်ဖြစ်သွားသည် “ရှင်က ဒန်တျန်ထဲမှာ ဒီလိုကမ္ဘာမျိုးကို တကယ်ပဲ တည်ဆောက်နိုင်တာလား။ ဒါက…မယုံနိုင်စရာပဲ”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “ဒီနေရာက မင်းရဲ့အသက်ကို ထိန်းသိမ်းနိုင်မှာတော့ ဒီမှာပဲ ဆက်နေ။ မင်း ငါ့ကို လိုအပ်ရင် စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ဆက်သွယ်လို့ရတယ်”

“အင်း…”

သူမ၏ဒဏ်ရာများက ပြင်းထန်လွန်းသည်ကို ဟန်ချင်းဝူက သိသည်၊ ထို့ကြောင့် သူမက သဘောတူကာ ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာပစ်ပင်ဆီသို့ ပျံသန်းလိုက်၏။

ထန်ရှုက နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းပြီးနောက် သွေးတစ်ပွက်အန်လိုက်သည်။ သူ့ဒဏ်ရာများက အတော်လေးပြင်းထန်သည်။ ဟန်ချင်းဝူအား နေရာချပေးပြီးနောက် သူက အေးစက်သောအကြည့်ဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်၊ ထို့နောက် ရှေးဉီးမူလဖရိုဖရဲစွမ်းအားအား ကီလိုမီတာတစ်သောင်းပတ်လည်သို့ လွှမ်းခြုံလိုက်၏။

“စိတ်ဝိညာဉ်၊ စုဆောင်း၊ စုဝေး”

ထန်ရှုက ထိုစကားလုံးများကို ရွတ်ဆိုလိုက်သည်၊ ထို့‌နောက် ချက်ချင်းလျှင်ပင် သက်တံရောင်ကြယ်အလင်းများက ဤကီလိုမီတာတစ်သောင်းအတွင်း၌ ထွက်ပေါ်လာသည်။ လင်းယုန်ငှက်နှင့်လူအိုကြီးဆိုက်ကာမောတို့ပိုင်ဆိုင်သည့် စိတ်ဝိညာဉ်အမှုန်အစက်ကို သူက မဖော်ထုတ်နိုင်သောကြောင့် သူက အမှုန်အစက်ငါးမျိုးကို စုစည်းကာ သက်ရောင်ရောင်အလင်းစက်လုံးများအဖြစ်သို့ ခွဲခြမ်းပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး သူ့ဘယ်လက်ထဲ၌ ချိတ်ပိတ်လိုက်သည်။

လင်းယုန်ငှက်နှင့်လူအိုကြီးဆိုက်ကာမောတို့အား ပြန်ရှင်စေရန် နည်းလမ်းတစ်ခုရှာတွေ့နိုင်မည်ဟု သူက ယုံကြည်သည်။

“သွားကြစို့”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ပြီး ခရမ်းရနံ့ဆေးတစ်လုံးကို သုံးစွဲလိုက်သည်၊ မဟာထန်အင်ပါယာ၏စစ်တပ်ဆီသို့ အပြန်လမ်းတွင် သူက နတ်ဘုရားသွေးစက်နှစ်စက်ကို အသုံးပြုကာ ဒဏ်ရာများကို ကုသ၏။ နေ့တစ်ဝက်ကြာပြီးနောက် အထွတ်အထိပ်မူနှင့်အခြားသူများက သူ့ထံ ပြေးလာနေသည်ကို မြင်လိုက်ရသည်။

“ဆရာသခင်…”

“အရှင်…”

ထန်ရှုနှင့်အခြားသူများ၏အခြေအနေကို မြင်သောအခါ အထွတ်အထိပ်မူတို့က ထိတ်လန့်သွားလျက် ချက်ချင်း ပြေးလာကြ၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ငါတို့တွေ အရိပ်နတ်ဆိုးကျူးဝူရှိုနဲ့ တွေ့ခဲ့ပြီး သူ့လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုက ဒါကို ပြောဖို့ အချိန်မဟုတ်ဘူး။ ငါတို့တွေ မြင့်မြတ်ငှက်ဂိုဏ်းဆီ အမြန်ဆုံးသွားရမယ်”

“နားလည်ပါပြီ…”

ရက်အနည်းငယ်ကြာပြီးနောက်။

ထန်ရှုက အင်မော်တယ်ဓားပျံတစ်လက်ပေါ်တွင် ထိုင်ကာ ကျင့်ကြံနေသည်၊ ဟန်ချင်းဝူက သူ့အား ခေါ်သည်ကို အာရုံခံမိသောအခါ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက နတ်ဘုရားအာရုံအား ကိုယ်ပွားအဖြစ်သို့ ချက်ချင်း ပြောင်းကာ ဟန်ချင်းဝူအရှေ့၌ ထွက်ပေါ်လာသည်။

“ဘာဖြစ်လို့လဲ။ မင်းရဲ့ဒဏ်ရာတွေ ကုသပြီးပြီလား”

ဟန်ချင်းဝူက ပြန်ဖြေသည် “အသက်စွမ်းအားလျော့ကျတာ ရပ်သွားပြီ၊ ဒါကြောင့် ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာသစ်ပင်ကစွမ်းအင်က ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတယ်။ ဒါပေမယ့် လုံးဝပြန်ကောင်းဖို့ဆိုရင် နှစ်အနည်းငယ်ကြာလိမ့်မယ်”

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည် “ဒီနေရာမှာပဲ ဆက်ကုသနေပါ။ မင်း အပြည့်အဝပြန်ကောင်းတာနဲ့ မင်းကို အပြင်ထွက်ခွင့်ပြုမယ်။ ဒါနဲ့ ဘာလို့ ငါ့ကို ခေါ်တာလဲ”

ဟန်ချင်းဝူက မေး၏ “အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား”

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်။ မဟာထန်အင်ပါယာမှာ ကောင်းစွာလေ့ကျင်ပေးထားတဲ့စစ်တပ်တစ်ခုရှိတယ်၊ စွမ်းအားရှင်တွေလဲ များစွာရှိတယ်။ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်ရဲ့စွမ်းအားရှင်တွေအားလုံးပေါင်းရင်တောင် ငါတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး”

ဟန်ချင်းဝူက ခေါင်းညိတ်ကာ ပြောလိုက်သည် “မဟာထန်အင်ပါယာမှာ အန္တိမအရှင်ဒါဇင်ကျော်ရှိနေပြီးဆိုတာ သိတယ်။ ဒါပေမမယ့် အောင်ပွဲသေချာရဖို့ဆိုရင် တစ်ယောက်ယောက်ကို လွှတ်ပြီး ငါတို့ရဲ့ယခင်အိမ်တော်ထိန်းဖြစ်တဲ့အလွမ်းကြယ်အင်ပါယာရဲ့မုရုံထျန်းဘိုကို ဆက်သွယ်လိုက်ပါ။ ရှင့်ကို ကူညီဖို့ သူက အလွမ်းကြယ်အင်ပါယာရဲ့စစ်တပ်ကို ဉီးဆောင်လာလိမ့်မယ်”

All Chapters