စစ်ပွဲကို ကြေညာခြင်း
Vol. 101 Ch. 1406
ဟန်ချင်းဝူ၏စကားကို ကြားပြီး ထန်ရှု၏မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်လျက် ရေရွတ်လိုက်သည် “အထွတ်အထိပ်အလွမ်းကြယ်က မုရုံထျန်းဘိုလို့ မင်း ဆိုလိုတာလား”
ဟန်ချင်းဝူက ခေါင်းခါယမ်းလိုက်သည် “ကျွန်မက အထွတ်အထိပ်အလွမ်းကြယ်ပါ။ အင်မော်တယ်ကမ္ဘာရဲ့ပြန်ရောက်လာပြီးနောက် အဲဒါက ကျွန်မရဲ့နာမည်အသစ်ဖြစ်ပြီး အလွမ်းကြယ်အင်ပါယာကိုလဲ ကျွန်မကပဲ တည်ဆောက်ခဲ့တာ။ လက်ရှိ ကျွန်မတို့မှာ အန္တိမအရှင်ရှစ်ယောက်ရှိတယ်။ မကြာခင်မှာ ရှင်က လက်စားချေမှာကို ကျွန်မ သိတယ်၊ ဒါပေမယ့် ဒီလောက်စောလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့လက်ရှိခွန်အားက အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ်”
ဤသတင်းက ထန်ရှုအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အင်မော်တယ်ကမ္ဘာသို့ ဟန်ချင်းဝူရောက်ရှိလာမှုက သူ့ထက် မစောပေ၊ သို့သော် နှစ်သုံးရာအတွင်း သူမက ယခုလိုအောင်မြင်မှုတစ်ခုကို တည်ဆောက်ခဲ့သည်။ ဟန်ချင်းဝူက ဒီလောက်ကြောက်စရာကောင်းလိမ့်မည်ဟု ထန်ရှုက ဘယ်တော့မှ မထင်ထားခဲ့ပေ။
“အံ့အားသင့်စရာပဲ”ထန်ရှုက သက်ပြင်းချလိုက်သည်။
ဟန်ချင်းဝူက ပြုံးကာ ခေါင်းခါယမ်းလိုက်၏ “ငါ့ရဲ့ကံက ကောင်းတယ်လေ။ သေတော့မယ်လို့ ငါ ထင်ထားပေမယ့် ကြီးမားတဲ့ကံကောင်းမှုတစ်ခုနဲ့ တွေ့ဆုံပြီး အန္တိမအရှင်လေးယောက်ရဲ့အမွေအနှစ်နေရာတွေကို ရရှိခဲ့တယ်၊ သူတို့ရဲ့အမွေအနှစ်တွေနဲ့သူတို့ရဲ့ကြွယ်ဝမှုအားလုံးကိုရော ရရှိခဲ့တယ်”
ထန်ရှုက မှင်တက်သွားသည် “ဘယ်သူတွေလဲ”
ဟန်ချင်းဝူက ပြန်ဖြေသည် “အန္တိမအရှင်ကောင်းကင်ဘုံဝင်ရိုးစွန်း၊ ညနတ်ဆိုးအိုကြီး၊ မွန်းစတားအရှင်နောင်တမဲ့နှင့်သွေးအသုရာတို့ပဲ။ အင်မော်တယ်ကမ္ဘာမှာ တိုက်ပွဲတစ်ခုဆင်နွှဲဖို့ သဘောတူညီချက်တစ်ခု လုပ်ထားကြပေမယ့် သူတို့က နေရာလပ်အက်ကြောင်းတစ်ခုထဲကို ကျရောက်သွာခဲ့တယ်၊ သူတို့အားလုံးက အန္တိမအရှင်တွေဖြစ်ကြပေမယ့် နေရာလပ်အက်ကြောင်းက သေမင်းပင်လယ်ဆီ ဉီးတည်ခဲ့တာကြောင့် တစ်ယောက်မှ အသက်မရှင်ခဲ့ဘူး”
ထန်ရှုက သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက သူ့အား ပြောခဲ့သည်ကို သတိရလိုက်သည်။ အလွမ်းကြယ်အင်ပါယာ၏အုပ်ချုပ်သူအထွတ်အထိပ်အလွမ်းကြယ်က အကျဉ်းသားပြိုင်ကွင်းမှ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှင့်ရွှေအင်မော်တယ်အမြောက်အများဝယ်ယူခဲ့သည်ဟု သူ့အား ပြောပြခဲ့သည်။ ဒါက ဟန်ချင်းဝူက ထိုအန္တိမအရှင်လေးယောက်၏အမွေအနှစ်နန်းတော်များမှ ကြွယ်ဝမှုများကို အမှန်တကယ်ရရှိခဲ့သည်ဟု ဆိုလို၏။
“ဘယ်အချိန်တုန်းက မင်းက အန္တိမအဆင့်ကို ချိုးဖြတ်မှာလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး မင်းရဲ့အလွမ်းကြယ်အင်ပါယာက ဒီလောက်များတဲ့စွမ်းအားရှင်တွေကို ထုတ်လုပ်နိုင်တာလဲ”ထန်ရှုက မေး၏။
ဟန်ချင်းဝူက ပြုံးလိုက်သည် “ငါ မဟုတ်ဘူး၊ မုရုံထျန်းဘိုပဲ။ မဟာဧကရာဇ်တန်ချင်းနဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က ငါတို့ရဲ့ယခင်နန်းတော်ကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကိုလဲ ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်၊ ဒါပေမယ့် သူက သူတို့လက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ အဆုံးမရှိတဲ့တိုက်ပွဲတွေက သူ့ကို အကျိုးရှိစေပြီး သူ့အတွက် အန္တိမအဆင့်ကို ချိုးဖြတ်ဖို့ တံခါးကို ဖွင့်ပေးခဲ့တယ်။ သူက နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး အန္တိမအဆင့်ကို ချိုးဖြတ်ဖို့ ခြေတစ်လှမ်းသာ လိုတော့တာကို ရှင်လဲ သိမှာပါ။ ငါက သူနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး ရှင်က အသက်ရှင်နေသေးတာကို ပြောပြခဲ့တယ်၊ ဒါပေမယ့် ရှင့်ကို ကူညီဖို့ ငါက ဂိုဏ်းတစ်ခုတည်ဆောက်ချင်တာကို သိပြီးနောက် သူက ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။ အန္တိမဆင့်ကို ချိုးဖြတ်ဖို့ နည်းလမ်းနဲ့ နတ်ဘုရားအောင်မြင်ခြင်းဆေးလုံးကို သန့်စင်နိုင်မယ့် နည်းလမ်းတို့ကိုပဲ သူက တောင်းဆိုခဲ့တယ်၊ ဒါက နှစ်နှစ်ရာနဲ့သုံးရာအတွင်းမှာ အလွမ်းကြယ်အင်ပါယာမှာ အန္တိမအရှင်တွေ ထွက်ပေါ်လာရတဲ့အကြောင်းရင်းပဲ”
အရာအားလုံးကို နားလည်ပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါက အတော်လေးထိုက်တန်တဲ့အောင်မြင်မှုတစ်ခုပဲ။ မုရုံထျန်းဘိုနဲ့ ဆက်သွယ်တဲ့ ဆက်သွယ်ရေးတံဆိပ်ကို ငါ့ကို ပေးပါ။ ငါ ချက်ချင်း ဆက်သွယ်လိုက်မယ်”
“ကောင်းပါပြီ…”
ဟန်ချင်းဝူက ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်မှ ဆက်သွယ်ရေးတံဆိပ်တစ်ခုကို ယူထုတ်လိုက်သည်။
ခဏကြာပြီးနောက် ထန်ရှုက ဆက်သွယ်ရေးတံဆိပ်ထဲတွင် စာတစ်ခုကို ချန်ကာ ပို့လိုက်သည်။
ကောင်းကင်ဘုံဖီးနစ်အင်မော်တယ်ပိုင်နက်။
အလွမ်းကြယ်အင်ပါယာ၏အင်ပါယာနန်းတော်ထဲတွင် မုရုံထျန်းဘိုက တင်ပျဉ်ခွေထိုင်လျက် တိတ်တဆိတ် ကျင့်ကြံနေသည်၊ သူ၏ပုံစံမဲ့သောအရှိန်အဝါက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထား၏။ နန်းတော်ထဲတွင် ကြီးမားသောစွမ်းအင်စုဆောင်းခြင်းအစီအရင်တစ်ခုရှိသောကြောင့် နန်းတော်၏အတွင်းပိုင်းတွင် ကြွယ်ဝသောအင်မော်တယ်စိတ်ဝိညာဉ်စွမ်းအင်တို့ တည်ရှိနေ၏။
ဝှစ်…
ဆက်သွယ်ရေးတံဆိပ်တစ်ခုက အစီအရင်၏အလွှာအားလုံးကို ဖြတ်ကာ မုရုံထျန်းဘုံအရှေ့၌ ထွက်ပေါ်လာသည်။ အထဲရှိ စာကို ဖတ်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွား၏၊ မုရုံ-ငါပဲ။ ချင်ချန်နဲ့ငါ့ကို အရိပ်နတ်ဆိုးကျူးဝူရှိုက တိုက်ခိုက်ခဲ့ပြီး သူမက ဆိုးဝါးစွာ ဒဏ်ရာရခဲ့တယ်။ လက်ရှိမှာ ငါက မဟာထန်အင်ပါယာရဲ့အင်မော်တယ်စစ်တပ်နဲ့အတူ မြင့်မြတ်ငှက်ဂိုဏ်းဆီ ထွက်သွားနေပြီး အလွမ်းကြယ်အင်ပါယာရဲ့စစ်တပ်ရဲ့စစ်ကူကို မျှော်လင့်နေတယ်”
စာကို ဖတ်ပြီးနောက် မုရုံထျန်းဘို၏နှလုံးက တုန်ယင်သွားသည်။ မည်သူ့၏အရှိန်အဝါက သူ့အတွက် အရင်းနှီးဆုံးဟု တစ်ယောက်ယောက်က မေးလျှင် သူ၏ယခင်သခင်ဖြစ်သည့်ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူ့မာစတာက အသက်ရှင်နေသေးပြီး မဟာထန်အင်ပါယာအား တည်ဆောက်ထားသည်ကို သူက သိ၏။
ထိုကြောင့် ဤစာနှင့် ပတ်သက်၍ သူက နည်းနည်းလေးပင် သံသယမရှိပေ။
သူက နန်းတော်ထဲမှ ချက်ချင်းပြေးထွက်ကာ ကြေညာလိုက်သည် “အရှင်ရဲ့အမိန့်။ အလွမ်းကြယ်အင်ပါယာရဲ့ဗိုလ်ချုပ်တွေအားလုံး၊ စစ်ထွက်ဖို့အတွက် ချက်ချင်း ပြင်ဆင်ကြပါ။ နေ့ဝက်အတွင်းမှာ ငါတို့က မြင့်မြတ်ငှက်ဂိုဏ်းဆီ ခရီးနှင်ကြမယ်”
အလွမ်းကြယ်အင်ပါယာ၏အန္တိမအရှင်များ၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များ၊ ရွှေအင်မော်တယ်များနှင့် အင်မော်တယ်စစ်သားဆယ်သန်းလုံးက စတင်လှုပ်ရှားလိုက်ကြသည်။ အန္တိမအရှင်များ၏ကြီးကြပ်မှုအောက်တွင် အင်မော်တယ်စစ်သားမြောက်များစွာက ကောင်းကင်ဘုံစံအိမ်များထဲသို့ ဝင်ရောက်သွားကြ၏။
မြင့်မြတ်ငှက်ဂိုဏ်းအပြင်ဘက်တွင်။
ကောင်းကင်တွင် ရပ်နေရင်း ဆက်သွယ်ရေးတံဆိပ်ကို ရရှိပြီးနောက် မဟာဧကရာဇ်တန်ချင်က အမူအရာပြောင်းလဲသွားသည်။ သူက နန်းတော်အပြင်ဘက်၌ ရုတ်ချည်း ထွက်ပေါ်လာကာ အော်ပြော၏ “ငါ့အမိန့်ကို နာခံကြ။ အင်မော်တယ်အဆင့်ရှိတဲ့ ဂိုဏ်းသားတွေအားလုံးကို ဒီနေရာကို လာဖို့ ဆင့်ခေါ်လိုက်ကြ။ အခုချိန်ကစပြီး အတွင်းတော်ဆေးဂိုဏ်းက စစ်ပွဲအတွက် ပြင်ဆင်ပြီး မဟာထန်အင်ပါယာနဲ့မြင့်မြတ်ငှက်ဂိုဏ်းတို့ကို သုတ်သင်ရလိမ့်မယ်”
ဝှစ်…
ပုံရိပ်တစ်ခုက အဝေးမှ ပြေးလာပြီး မဟာဧကရာဇ်တန်ချင်အရှေ့သို့ ရောက်ရှိလာသည်။ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏မျက်နှာပေါ်ရှိ အကြည့်ကို မြင်ပြီးနောက် သူက အနေအထားကို မေးမြန်းလိုက်သည် “ဘာဖြစ်တာလဲ"
မဟာဧကရာဇ်တန်ချင်၏အမူအရာက အနည်းငယ် ရှုပ်ထွေးသွားသည်၊ သို့သော် သတ်ဖြတ်ခြင်းဆန္ဒတို့ တောက်ပလျက် သူက ပြန်ဖြေ၏ “ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က မသေဘူး။ သူ့ရဲ့စိတ်ဝိညာဉ်အပိုင်းအစတစ်ခုက ကမ္ဘာငယ်တစ်ခုထဲကို ဝင်ရောက်သွားပြီး နှစ်ထောင်ကြာပြီးနောက် အင်မော်တယ်ကမ္ဘာကို ပြန်လာခဲ့တယ်။ မဟာထန်အင်ပါယာက သူတည်ဆောက်ထားတဲ့အင်ပါယာတစ်ခုပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အရိပ်နတ်ဆိုးကျူးဝူရှိုက အန္တိမအရှင်ခြောက်ယောက်ကို ဉီးဆောင်ပြီး မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို သတ်ဖို့ လှုပ်ရှားခဲ့တယ်၊ ဒါပေမယ့် သူက ကျရှုံးခဲ့တယ်။ မဟာထန်အင်ပါယာရဲ့စစ်သားတွေက ဒီနေရာကို လာနေကြပြီ”
ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏မျက်နှာက အမူအရာပြောင်းသွားသည်၊ ကြောက်ရွံ့မှုက သူ့မျက်လုံးများထဲ၌ လက်သွားလျက် သူက ပြော၏ “ငါတို့က သူ့ကို တစ်ကြိမ်သတ်နိုင်ခဲ့မှတော့ နှစ်ကြိမ်လဲ သတ်နိုင်ရမှာပေါ့။ သူက ပါရမီရှိတယ်ဆိုရင်တောင် နှစ်တစ်ထောင်လောက်နဲ့ အထွတ်အထိပ်အန္တိမအဆင့်ထိ ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်ဘူး။ ငါ့အမိန့်ကို နားထောင်ကြ၊ ထာဝရနန်းတော်ရဲ့တပည့်အားလုံး။ ဂိုဏ်းသားတွေအားလုံး ဒီနေရာကို ချက်ချင်း လာဖို့ ဂိုဏ်းကို သတင်းပို့လိုက်။ ငါ့ထာဝရနန်းတော်ရဲ့အင်မော်တယ်ဆယ်သန်းက သက်တမ်းနှစ်ရာအနည်းငယ်သာရှိတဲ့မဟာထန်အင်ပါယာကို မရှင်းလင်းနိုင်ဘူးဆိုတာ ငါ မယုံဘူး”
ခဏကြာပြီးနောက် ပုံရိပ်အနည်းငယ်က သူတို့နှစ်ယောက်ဆီသို့ ဉီးတည်ဘက်အမျိုးမျိုးမှ ပြေးလာကြသည်။
ဝှစ်…ဝှစ်…ဝှစ်…
စုစုပေါင်းပုံရိပ်လေးခုက မဟာဧကရာဇ်တန်ချင်းနှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့အရှေ့သို့ ရောက်ရှိလာသည်။ ဆံနီယင်ဝူဖာက သတ်ဖြတ်ခြင်းဆန္ဒတို့နှင့်အတူ ပြောလိုက်သည် “ဂိုဏ်းချုပ်ဆီကနေ စာရပြီးပြီ။ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်ကို ကူညီဖို့အတွက် တစ္ဆေဂိုဏ်းက အင်မော်တယ်စစ်သားဆယ်သန်းကို ဒီနေရာကို စေလွှတ်ထားတယ်။ အခုကစပြီး ငါတို့တစ္ဆေဂိုဏ်းရဲ့လူတွေအားလုံးက မဟာဧကရာဇ်တန်ချင်းရဲ့ဉီးဆောင်မှုနောက်ကို လိုက်လိမ့်မယ်”
မဟာဧကရာဇ်တန်ချင်းက ဒီအတွက် အံအားသင့်ခြင်းမရှိပေ၊ သူက အနည်းငယ်စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်သည် “အရိပ်နတ်ဆိုးကျူးဝူရှိုရဲ့ဒဏ်ရာက ဘယ်လိုလဲ”
ယင်ဝူဖာက အားတင်းပြုံးလိုက်သည် “ဂိုဏ်းချုပ်ရဲ့ဒဏ်ရာတွေက မတော်လေးပြင်းထန်တယ်၊ သူက တိုက်ပွဲထဲမှာ သေလုနီးပါးပဲ။ ဒါပေမယ့် ရန်သူတွေကလဲ ပိုမကောင်းပါဘူး။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့နောက်လိုက်အန္တိမအရှင်ခြောက်ယောက်ထဲကနှစ်ယောက်က သူတို့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲခဲ့ပြီး အခြားလေးယောက်က ဒဏ်ရာအပြင်းအထန်ရထားတယ်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကတောင် ငါ့ဂိုဏ်းချုပ်ရဲ့လက်ထဲမှာ သေသွားတော့မလို့ပဲ”
ဤသည်ကို ကြားသောအခါ မဟာဧကရာဇ်တန်ချင်းက ဝမ်းသာအားရဖြစ်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဒါက တကယ်ကို ကောင်းတယ်။ မင်းရဲ့ဂိုဏ်းချုပ်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို သတ်ဖို့ ကျရှုံးခဲ့တယ်ဆိုရင်တောင် ထိုအကောင်က အချိန်တိုအတွင်းမှာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဒါက ငါတို့အတွက်လဲ သတင်းကောင်းပဲ။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ အစီအရင်ချိုးဖြတ်အဆောင်က မင်းတို့တစ္ဆေဂိုဏ်းရဲ့ကျွမ်းကျင်တွေနဲ့အတူ လာနေပြီလို့ ငါ စာရလာတယ်။ သူတို့ ရောက်ရှိတာနဲ့ မဟာထန်အင်ပါယာက မရောက်ခင် ငါတို့တွေ မြင့်မြတ်ငှက်ဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီးကြမယ်”
ယင်ဝူဖာက ရှင်းပြသည် “ဝင်္ကပါချိုးဖြတ်အဆောင်ကိ သယ်ဆောင်လာတဲ့လူက လမ်းမှာ ရောက်နေပြီး အများဆုံးခြောက်ရက်အတွင်း ဒီနေရာကို ရောက်ရှိလိမ့်မယ်။ ဒါပေမယ့် ငါ့တစ္ဆေဂိုဏ်းရဲ့ကျွမ်းကျင်သူတွေ ရောက်လာဖို့က ပိုကြာလိမ့်မယ်”
မဟာဧကရာဇ်တန်ချင်းက ပြုံးရယ်လိုက်သည် “ငါတို့အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ရဲ့ကျွမ်းကျင်သူတွေကလဲ အဲဒီခြောက်ရက်အတွင်း ရောက်လာကြဖို့များတယ်။ သူတို့က လုံလောက်တာထက် ပိုပါတယ်လေ”
အင်မော်တယ်ကမ္ဘာတွင်။
မဟာထန်အင်ပါယာက အတွင်းတော်ဆေးဂိုဏ်း၊ ထာဝရန်းတော်နှင့် တစ္ဆေဂိုဏ်းတို့ထံ စစ်ကျေညာမှုက ရက်အနည်းငယ်အတွင်း အင်မော်တယ်ကမ္ဘာ၏ထောင့်တိုင်းသို့ ပျံ့နှံ့သွား၏။
ဤသတင်းကို ကြားပြီး အင်မော်တယ်အားလုံးက အံ့ဩတုန်လှုပ်သွားကြသည်။
မဟာထန်အင်ပါယာက အင်မော်တယ်ကမ္ဘာ၏ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းအား တစ်ပြိုင်နက်တည်း စစ်ကြေညာရဲလိမ့်မည်ဟု မထင်ထားသောကြောင့် အင်မော်တယ်ကမ္ဘာရှိ အဖွဲ့အားလုံး၏အင်မော်တယ်များသာမက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များနှင့်အန္တိမအရှင်များက မဟာထန်အင်ပါယာအား အလွန်လေးစားသွားကြသည်။
ဤအရာက အင်မော်တယ်ကမ္ဘာ၏ထောင့်များတွင် ပုန်းနေသော မွန်းစတားအိုကြီးအချို့ကို ပေါ်ထွက်လာစေခဲ့ပြီး သူတို့က တိုက်ပွဲအား အာရုံစိုက်လာကြသည်။
အကျဉ်းသားပြိုင်ကွင်း၏ဌာနချုပ်တွင်။
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံနှင့်အခြားအန္တိမအဆင့်စွမ်းအားရှင်လေးယောက်က အင်မော်တယ်စိတ်ဝိညာဉ်မှန်ရှေ့တွင် စုဝေးလျက် မြင့်မြတ်ငှက်ဂိုဏ်းတစ်ဝိုက်ရှိ ကောင်ကင်အား လေ့လာစောင့်ကြည့်နေကြသည်။ သူတို့က မဟာဧကရာဇ်တန်ချင်း၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်နှင့် တစ္ဆေဂိုဏ်းမှ ယင်ဝူဖာတို့လေးယောက်အား မြင်တွေ့နေရသည်။
“ကြည့်ရတာ ငါက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို အထင်ကြီးလွန်းသွားမိပုံပဲ။ လူငယ်တစ်ယောက်အနေနဲ့ သူက မဆင်မခြင်လုပ်လွန်းတယ်။ သူ့ရဲ့မဟာထန်အင်ပါယာက နှစ်သောင်းချီတည်ရှိလာလာခဲ့တဲ့ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းနဲ့ အဆင့်အတူတူပဲလို့ သူက ယုံကြည်ထားတာလား။ မဟာထန်အင်ပါယာရဲ့ပထမဆုံးနောက်လိုက်အဖွဲ့ လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်ကမှ အကျဉ်းသားပြိုင်ကွင်းကနေ ဝယ်သွားတဲ့ သေခြင်းစစ်သည်တွေပဲ။ နှစ်အနည်းငယ်လောက်တိုးတက်လာရုံနဲ့ ဒီလိုသမိုင်းကြောင်းရှည်ရှိတဲ့ရှေးဟောင်းဂိုဏ်းတွေကို ယှဉ်ပြိုင်ဖို့ သူ့ကို ခွင့်ပြုလိမ့်မယ်လို့ သူ ထင်နေတာလား”အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ခေါင်းခါယမ်းလိုက်ပြီး အထင်သေးသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွား၏။
အသုရာဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်က တကယ်ကို မဆင်မခြင်လုပ်လွန်းတယ်။ သူက ပါရမီရှင်တစ်ယောက်ဆိုပေမမယ့် သူ့ကိုယ်သူ ဘေးဒုက္ခတွေ သယ်ဆောင်လာတာ သနားစရာပဲ။ နောက်ထပ်ပါရမီရှင်တစ်ယောက်က အင်မော်တယ်ကမ္ဘာမှာ ထွက်ပေါ်လာပြီ အသန်မာဆုံးအန္တိမအရှင်ဖြစ်လာလိမ့်မယ်လို့ ငါ ထင်ထားတာ၊ ဒါပေမယ့် ဒါက တကယ်ကို ဝမ်းနည်းစရာပဲ”