လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်းသွားသော ရလဒ်တစ်ခု
Vol. 101 Ch. 1407
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “မဟာထန်အင်ပါယာက နောက်ထပ်နှစ်တစ်ထောင်လောက်ထိ တိုးတက်နေအုံးမယ်ဆိုရင် သူ့ကို ကူညီဖို့အတွက် အကျဉ်းသားပြိုင်ကွင်းရဲ့လူတွေကို စေလွှတ်ဖို့ ငါက စဉ်းစားမှာပါ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့…”
အသုရာဝတ်လူအိုကြီးက သက်ပြင်းချသည် “ဒါက တကယ်ကို ကံမကောင်းတာပဲ။ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က သေဆုံးလိမ့်မယ်ဆိုတာ သံသယရှိစရာမလိုဘူး၊ သူက မြင့်မြတ်ငှက်ဂိုဏ်းကိုတောင် ဆွဲခေါ်သွားနိုင်တယ်။ အတွင်းတော်ဆေးဂိုဏ်းနဲ့မြင့်မြတ်နန်းတော်တို့က လုံလုံလောက်လောက်သန်မာပြီးသား၊ ဒါပေမယ့် တစ္ဆေဂိုဏ်းကလဲ ပါဝင်လာတယ်။ အခြားသူတွေက အရိပ်နတ်ဆိုးကျူးဝူရှိုကို မဖော်ထုတ်နိုင်ပေမမယ့် သူက အလွန်ကြောက်စရာကောင်းတဲ့လူတစ်ယောက်ဆိုတာ ငါ သိတယ်။ သူက နှိမ့်ချပြီး နေပေမယ့် မဟာဧကရာဇ်တန်ချင်းနဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့လောက် သန်မာတယ်။ တစ္ဆေဂိုဏ်းမှာလဲ အနည်းဆုံးအန္တိမအရှင်လေးယောက်ရှိပြီး အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ထက် ပိုများတယ်”
တောက်ပသောပစ္စည်းတစ်ခုက အပြင်ဘက်မှ နန်းတော်ထဲသို့ ရုတ်တရက် ပျံသန်းလာပြီး အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ၎င်းကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။ ဆက်သွယ်ရေးတံဆိပ်ထဲရှိ စာကို ဖတ်ပြီးနောက် သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။
“ဘာဖြစ်တာလဲ၊ အကျဉ်းသားပြိုင်ကွင်းသခင်”
“တစ်ခုခုကြီးကြီးမားမားဖြစ်ပျက်ခဲ့လို့လား”
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံ၏အမူအရာရှိ ပြောင်းလဲမှုကို သတိပြုမိပြီးနောက် အခြားအန္တိမအရှင်လေးယောက်က တစ်ပြိုင်နက်တည်း မေးမြန်းလိုက်သည်။
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက ခဏမျက်လုံးမှိတ်ပြီးနောက် ပြန်ဖွင့်ကာ ပြော၏ “ငါတို့က မဟာထန်အင်ပါယာကို အပြစ်ရှာဝေဖန်နေခဲ့ပေမမယ့် အခုငါရခဲ့တဲ့သတင်းက ငါ့ကို အနည်းငယ် မျက်နှာပျက်စေတယ်။ အရိပ်နတ်ဆိုးကျူးဝူရှိုက အန္တိမအရှင်ခြောက်ယောက်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်ကျော်ကို ဉီးဆောင်ပြီး မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲရဲ့ရလဒ်ကို ဘယ်သူမှ မထင်ထားဘူးလို့ ငါ လောင်းရဲတယ်”
“ဘယ်လိုအဆုံးသတ်ခဲ့လို့လဲ”
အသုရာဝတ်ရုံနှင်လူအိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက အားတင်းပြုံးလိုက်သည် “အန္တိမအရှင်လောက် သန်မာတဲ့ ကြယ်ဝါးမျိုုခြင်းအင်းဆက်တစ်ကောင်နဲ့အတူ မဟာထန်ကောင်းကင်ဘုံဧကရာဇ်မှာလဲ အန္တိမအရှင်ခြောက်ယောက်ရှိတယ်။ တိုက်ပွဲစကတည်းက သူက ဒဏ်ရာအပြင်းအထန်ရခဲ့တယ်၊ သူ့ရဲ့အန္တိမအရှင်နှစ်ယောက်ကလဲ သူတို့ရဲ့စိတ်ဝိညာဉ်ကို ဖောက်ခွဲပြီး ရန်သူအန္တိမအရှင်သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်၊ ကျန်ရှိတဲ့သုံးယောက်ကိုလဲ ဒဏ်ရာရသွားစေတယ်။ အရိပ်နတ်ဆိုးကျူးဝူရှိုအတွက်ကတော့ သူက ပိုတောင် အခြေအနေဆိုးတယ်၊ သူ့အင်မော်တယ်ခန္ဓာကိုယ်ကို ဖောက်ခွဲခဲ့ပြီး အင်မော်တယ်စိတ်ဝိညာဉ်ပဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်”
“ဒီလိုအရာက ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဘုရားရေ…မဟာထန်အင်ပါယာမှာ ဒီလောက်များတဲ့အန္တိမအရှင်တွေ ဘယ်လိုလုပ်ရှိတာလဲ။ အင်မော်တယ်ကမ္ဘာရဲ့အန္တမအရှင်အရေအတွက်က တစ်ရာထက်နည်းနည်းကျော်ရုံလုံလောက်ပဲ ရှိတာ၊ ဒါပေမယ့် မဟာထန်အင်ပါယာမှာ ခြောက်ယောက်ရှိပြီး အန္တိမအဆင့်ရှိတဲ့ကြယ်ဝါးမျိုခြင်းအင်းဆက်တစ်ကောင်လဲရှိတယ်။ ဒါက အရမ်းကြောက်စရာကောင်းတဲ့အင်အားပဲ”
“သူက အင်မော်တယ်ကမ္ဘာရဲ့ထိပ်တန်းသုံးဂိုဏ်းကို တစ်ပြိုင်နက်တည်း စိန်ခေါ်ရဲတာ အံ့ဩစရာမရှိပါဘူး။ သူ့လက်အောက်မှာ ဒီလောက်များတဲ့အန္တိမအရှင်တွေ ရှိတာပဲ။ မြင့်မြတ်ငှက်ဂိုဏ်းက အန္တိမအရှင်နှစ်ယောက်ပါ ပေါင်းလိုက်ရင် သူတို့ဘက်က အန္တိမအရှင်အရေအတွက်က ရန်သူဘက်က အန္တိမအရှင်အရေအတွက်ထက် မနည်းပါဘူး”
“အရိပ်နတ်ဆိုးကျူးဝူရှိုက ဒီလိုသနားစရာကောင်းတဲ့အခြေအနေတစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါက တကယ်ကို မမျှော်လင့်ထားတာပဲ”
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက သက်ပြင်းချလိုက်သည် “ငါပြီးအောင် အရင်ပြောပါရစေအုံး။ အမည်မသိအမျိုးသမီးတစ်ယောက်က တိုက်ပွဲထဲမှာ ရုတ်တရက် ထွက်ပေါ်လာတယ်၊ သူမက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့အသက်ကို ကယ်ခဲ့တယ်။ ဒါပေမယ့် ဒီအတွက် အဲဒီအမျိုးသမီးအန္တိမအရှင်လဲ ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားတယ်”
ဤတိုက်ပွဲ၌ ဒီလောက်များသောအန္တိမအရှင်များပါဝင်လိမ့်မည်ဟု သူတို့က မမျှော်လင့်ထားသည့်အတွက် လူလေးယောက်က ပင့်သက်ရှိုက်လိုက်မိသည်။
အန္တိမအရှင်အပြစ်သန့်စင်ခြင်းဘုံက သက်ပြင်းချသည် “ထားလိုက်တော့။ အနေအထားက ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ရအောင်”
အင်မော်တယ်ကမ္ဘာရှိတစ်နေရာတွင်။
ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ရွှေရောင်အင်ပါယာပလ္လင်ပေါ်တွင် တည့်မတ်စွာ ထိုင်လျက် ဝေးကွာသောဟင်းလင်းပြင်ရှိကောင်းကင်ဘုံများများကို လေ့လာနေသည်၊ သူ့မျက်ခုံးများကမူ ရွှေရောင်သမ်းနေလျက် သူက စိတ်ထဲ၌ စိတ်သက်သာရာရစွာ သက်ပြင်းချနေမိလေသည်။
“ကောင်းကင်ဘုံဧကရာဇ်၊ တိုက်ပွဲအခြေအနေက ဘယ်လိုရှိလဲ”
အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်တောင့်တင်းသန်မာသည့်လူတစ်ယောက်က မေးလိုက်သည်။
ကောင်းကင်ဘုံဧကရာဇ်ထျန်းဂျီက ရှုံ့မဲ့စွာ ပြုံးလိုက်သည် “မဟာထန်အင်ပါယာဘက်က အခက်အခဲအများကြီးမရှိဘဲ အနိုင်ရလိမ့်မယ်”
တောင့်တင်းသန်မာသောလူက မယုံကြည်နိုင်ဖြစ်လျက် မေးလိုက်သည် “အရိပ်နတ်ဆိုးကျူးဝူရှိုနဲ့အအတူ အန္တိမအရှင်ခြောက်ယောက်ရှိတယ်။ အန္တိမအရှင်ခုနှစ်ယောက်ပေါင်းထားတာတောင် မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို မဖယ်ရှားနိုင်ဘူးလား”
ကောင်းကင်ဘုံဧကရာဇ်ထျန်းဂျီက အချိန်အတော်ကြာ နှုတ်ဆိတ်သွားကာ ရေရွတ်လိုက်သည် “သူ့ရဲ့ကံကြမ္မာကို ငါ မမြင်နိုင်ဘူး။ ဒါပေမယ့် တစ်ခုတော့ ငါ ခန့်မှန်းနိုင်တယ်။ ပြင်းထန်တဲ့ဖရိုဖရဲစစ်ပွဲတစ်ခုက အင်မော်တယ်ကမ္ဘာမှာ မကြာခင် ထွက်ပေါ်လာလိမ့်မယ်”
နီဖက်စ်ချောက်နက်ထဲတွင်။
နီဖက်စ်ချောက်နက်နဝမအလွှာရှိ တစ္ဆေမျိုးနွယ်၏နတ်ဘုရားအသုံးအဆောင်ပစ္စည်းမှ ထုတ်လွှတ်သော ပုံရိပ်ယောင်ကို ကြည့်ရင်း မျက်နှာမည်းတစ္ဆေဧကရာဇ်က ရေရွတ်လိုက်သည် “ဖြစ်အံ့ဆဲဆဲစစ်ပွဲက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးလိမ့်မယ်။ ဘယ်သူပဲ အနိုင်ရရ၊ ကမ္ဘာအားလုံးက စွမ်းအားရှင်တွေက အင်မော်တယ်ကမ္ဘာကို ကျူးကျော်လိုတဲ့ရည်ရွယ်ချက်နဲ့အတူ နီဖက်စ်ချောက်နက်ကို ဖြတ်သန်းလာနိုင်တဲ့အတွက် အင်မော်တယ်ကမ္ဘာက ဖရိုဖရဲဖြစ်လိမ့်မယ်”
ခဏကြာပြီးနောက် မျက်နှာမည်းတစ္ဆေဧကရာဇ်က ဆက်သွယ်ရေးတံဆိပ်အနည်းငယ်ကို ပို့လွှတ်ပြီး ပုံရိပ်ယောင်ထဲရှိ မြင်ကွင်းအား ဆက်လေ့လာလိုက်သည်။
အင်မော်တယ်ကမ္ဘာရှိ စွမ်းအားရှင်အားလုံးက စစ်ပွဲ၏အနေအထားအား မျက်စိဒေါက်ထောင့်ကြည့်နေကြပြီး အဆုံးတွင် ဘယ်သူက အနိုင်မည်ကို ခန့်မှန်းနေကြသည်။
အချိန်က တရွေ့ရွေ့နှင့် မျက်စိတစ်မှိတ်အတွင်း ခြောက်ရက်က ကုန်ဆုံးသွားသည်။
မြင့်မြတ်ငှက်ဂိုဏ်းအပြင်ဘက်တွင် တစ္ဆေဂိုဏ်း၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဖွဲ့က ဝင်္ကပါချိုးဖျက်အဆောင်ကို ယူလာလျက် ထွက်ပေါ်လာသည်ကို မြင်သောအခါ မဟာဧကရာဇ်တန်ချင်းက စိတ်လှုပ်ရှားသွားသည်။
ဂိုဏ်းသုံးဂိုဏ်း၏ကျွမ်းကျင်သူသန်းချီက ဟင်းလင်းပြင်ထဲတွင် ရပ်ကာ ပြင်းထန်သော တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
မြင့်မြတ်ငှက်ဂိုဏ်းထဲတွင်။
မြင့်မြတ်ငှက်ဂိုဏ်း၏သန်မာလူအားလုံးက ဂိုဏ်းရှိကျွမ်းကျင်သူများ၏ကောင်းကင်ဘုံစံအိမ်များထဲသို့ ဝင်ရောက်ခဲ့သည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်အားလုံးက ပြင်းထန်သောတိုက်ပွဲအတွက် ပြင်ဆင်ထားပြီဖြစ်သည်။
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က နန်းတော်အရှေ့တွင် ရပ်ကာ ကောင်းကင်အထက်ရှိ ဂိုဏ်းသုံးဂိုဏ်းမှ ကျွမ်းကျင်သူသန်းချီအား လေ့လာလိုက်သည်၊ သူ့နှလုံးသားက ပြင်းထန်သောတိုက်ပွဲဆန္ဒတို့နှင့်အတူ ပြည့်နှက်နေ၏။
လက်ရှိတွင် အထွတ်အထိပ်အလှလေးနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့အပါအဝင်ဆိုလျှင် မြင့်မြတ်ငှက်ဂိုဏ်း၌ အန္တိမအရှင်စုစုပေါင်းဆယ့်တစ်ယောက်ရှိသည်။
မဟာထန်အင်ပါယာ၏စစ်တပ်မပါလျှင်ပင် မြင့်မြတ်ငှက်ဂိုဏ်း၏လက်ရှိခွန်အားက ရန်သူများနှင့် ယှဉ်ပြိုင်နိုင်သည်ဟု အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ယုံကြည်ထားသည်။
“ဂိုဏ်းချုပ်၊ အပြင်ဘက်က အနေအထားကို ကြည့်ရတာ သူတို့က ငါတို့ရဲ့ဂိုဏ်းထဲမှာ တိုက်ခိုက်ချင်ပုံရတယ်”ကြယ်မျက်ရည်က ပြော၏။
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မျက်လုံးကျဉ်းမြောင်းလျက် ပြောသည် “မင်းပြောတာ မှန်တယ်။ သူတို့ရဲ့အမူအရာတွေအရ သူတို့က ငါတို့ရဲ့ဂိုဏ်းထဲမှာ တိုက်ခိုက်ဖို့ တကယ်စီစဉ်ထားပုံပဲ။ ငါတို့ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ ပစ္စည်းဒါမှမဟုတ်နည်းလမ်းအချို့ကို သူတို့က ရရှိပြီဖြစ်မယ်လို့ ငါက သံသယရှိတယ်”
ကြယ်မျက်ရည်’အမူအရာက ပြောင်းလဲသွားသည် “ငါ သိသလောက်ဆိုရင် ငါတို့ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ပစ္စည်းက တကယ်ပဲ ရှိတယ်။ ဒါပေမယ့် အဲဒါက နတ်ဆိုးကမ္ဘာကပဲ၊ ငါတို့ရဲ့အင်မော်တယ်ကမ္ဘာက မဟုတ်ဘူး”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မေး၏ “ဘယ်လိုပစ္စည်းမျိုးလဲ”
ကြယ်မျက်ရည်က ရှင်းပြသည် “နတ်ဆိုးကမ္ဘာရဲ့ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အန္တိမအရှင်နတ်ဆိုးကောင်းကင်ဘုံအသက်က နတ်ဆိုးအဆောင်တွေ ထုတ်လုပ်ရာမှာ ကျွမ်းကျင်တယ်၊ သူတို့ထဲကတစ်ခုက အစီအရင်ချိုးဖြတ်အဆောင်ပဲ။ အားကောင်းတဲ့နတ်ဘုရားအစီအရင်တွေနဲ့ လက်ရွေးစင်ဂိုဏ်းတွေရဲ့အကာအကွယ်အစီအရင်တွေကလွဲပြီး အင်မော်တယ်ကမ္ဘာရဲ့အစီအရင်တွေအားလုံးက ဝင်္ကပါချိုးဖြတ်အဆောင်ကို မရင်ဆိုင်နိုင်ဘူး။ သူတို့က အဲဒီအဆောင်ကို ရထားတယ်ဆိုရင် ငါတို့က သေချာပေါက် တိုက်ပွဲဝင်ရလိမ့်မယ်”
ဤသည်ကို ကြားပြီးနောက် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “သူတို့က ဝင်္ကပါချိုးဖြတ်အဆောင်ကို ရထားပြီဖြစ်မယ်လို့ ငါ ယုံကြည်တယ်။ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ လူတိုင်းကို ပြောလိုက်ပါ၊ ပြီးတော့ ဒီတိုက်ကြီးက ပျက်ဆီးသွားဖို့ များတယ်၊ ဒါကြောင့် စစ်ပွဲပြီးတာနဲ့ ငါတို့တွေ နေရာအသစ်တစ်ခုကို ရှာဖို့ လိုအပ်တယ်”
ကြယ်မျက်ရည်က ရှုံ့မဲ့ပြုံးလိုက်သည် “ပြင်းထန်တဲ့တိုက်ပွဲက တိုက်ကြီးကိုသာမက အင်မော်တယ်ပိုင်နက်တစ်ခုလုံးကို ဖျက်ဆီးမှာကို ငါ ကြောက်တယ်။ ဒါပေမယ့် ရှုအာက အင်မော်တယ်ပိုင်နက်ဆယ်ခုကို သိမ်းပိုက်ထားပြီးပါပြီ၊ ဒါကြောင့် ငါတို့မြင့်မြတ်ငှက်ဂိုဏ်းက သူတို့ထဲကတစ်ခုကို ရွေးချယ်လို့ရပါတယ်”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းညိတ်လိုက်သည်။
အုံး…
ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက အင်မော်တယ်အားလုံး၏နားများကို အနည်းငယ် တုန်ရီသွားစေသည်၊ ထို့နောက် သေးငယ်သောအက်ကြောင်းတစ်ခုက မြင့်မြတ်ငှက်ဂိုဏ်း၏အကာအကွယ်အစီအရင်ပေါ်တွင် ထွက်ပေါ်လာသည်။ တစ်နာရီအတွင်း အက်ကြောင်းက အစီအရင်တစ်ခုလုံးနီးပါး ကြီးမားလာပြီး လက်ရွေးစင်ဂိုဏ်းသုံးဂိုဏ်း၏ကျွမ်းကျင်သူများက မြင့်မြတ်ငှက်ဂိုဏ်းအား မြင်တွေ့လာရသည်။
“ဟားဟားဟား…”
လက်ထဲတွင် ဇီသာဗျတ်စောင်းကို ကိုင်လျက် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က မြင့်မြတ်ငှက်ဂိုဏ်း၏အင်မော်တယ်ဆယ်သန်းအား အထင်သေးစွာ ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် “မြင့်မြတ်ငှက်ဂိုဏ်းရဲ့လူတွေ၊ ငါတို့က မင်းတို့ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို ချိုးဖြတ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားကြဘူးမလား။ ဟားဟားဟား…မင်းတို့ရဲ့သေနေ့က နောက်ဆုံးတော့ ရောက်လာပြီ။ ဒီနေ့ကစပြီး မင်းတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းက မတည်ရှိတော့ဘူး”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ချက်ချင်း ပျံတက်လျက် သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြောလိုက်၏ “လက်ရှိမြင့်မြတ်ငှက်ဂိုဏ်းက အရင်ကလို မဟုတ်ဘူး။ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၊ မင်းတို့က ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းကို ဖျက်ဆီးနိုင်မှာ သေချာရဲ့လား”
ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က နှာခေါင်းရှုံ့လိုက်သည် “ဒါပေါ့။ မင်းတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းရဲ့ခွန်အားအရ အဲဒီရွံ့စရာကောင်းတဲ့အစီအရင်ကြောင့်မဟုတ်တရင် ငါတို့က မင်းတို့အားလုံးကို ဖျက်ဆီးခဲ့ပြီးတာကြာပြီ။ မင်းရဲ့ချစ်လှစွာသောသားက မသေပေမယ့် သူက အမှိုက်ဖြစ်သွားပြီး ငါတို့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ မင်းရဲ့အသက်ကို ငါ ချမ်းသာပေမယ်၊ ငါတို့က မင်းရဲ့သားရဲ့ခေါင်းကို ဘယ်လိုဖြတ်ပစ်မလဲဆိုတာ မင်းကို မြင်တွေ့စေရမယ်”
အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည် “ဟုတ်လား၊ ငါကလဲ မင်းတို့က အဲလိုလုပ်နိုင်မလားဆိုတာကို မြင်ချင်ပါတယ်”